Thursday, August 15, 2024

~ ကျွန်တော် ၏ လီလီ ~

လီလီဟာ သန့်စင်ခြင်း နှင့် အပြစ်ကင်းခြင်းဟု အဓိပ္ပာယ်သတ်မှတ်လျှင် ဒါသည် သူမ ပင်ဖြစ်သည်။ ၃ စက္ကန့်လောက်မျှ ရိပ်ခနဲတွေလိုက်ရသည်ကိုပင် လီလီသည် ကျွန်တော်၏ စိတ်နှလုံးသားကို အပြစ်ကင်း စင်ကြယ်စွာဖြင့် ပန်းရိုင်းတစ်ပွင့်လို ဆွဲဆောင်သွားခဲ့သည်။ ပန်းအရိုင်း တစ်ပွင့်ကို ပြုစုပျိုးထောင်ဖို့ထက် သူရှိတဲ့နေရာမှာပဲ ​အခြေချ ထိုင်ကြည့် ဂရုစိုက်ခြင်းက ပန်းရိုင်းတစ်ပွင့်ရဲ့ အလှ နှင့် တန်ဖိုးကို ပိုနားလည်လိမ့်မည်။ ဒါကြောင့် လီလီ ပွင့်သည့် နေရာ ၊ လီလီ ရှိသည့်နေရာ ကျွန်တော် ဂရုတစိုက်ဖြင့် လီလီ မသိအောင် ငေးကြည့် ခံစားခြင်းကလည်း ကျွန်တော်၏ မျိုသိပ်စွာချစ်ရသည့် ချစ်ခြင်း၏ ရသ တစ်ခုပင်ဖြစ်သည်။ 

တစ်နေ့တော့ တစ်ပွင့်တည်းရှိနေသည့် သူမဘေးမှာ ကမ္ဘာကြီး၏ ဂီတသံစဥ်တွေကို အတူတူခံစားရင်း ဖြတ်သန်းနေရခြင်း ခဏတာအချိန်က အိုးမင်းမှုကို စားသုံးသွားသလို ၊ ထိုတဒင်္ဂ အချိန်လေးကို တစ်သက်သာမျှ ရပ်တန့်ထားချင်မိသည်။ "လီလီရေ ... လီလီပန်းတွေ ရှက်သွေးဖြာသည့်အခါ အနီရောင် လီလီ ပန်းအဖြစ်သို့ ပြောင်းလဲသွားကြတယ်တဲ့" ။ အနီရောင်လီလီပန်း ဆိုသည်မှာ အချစ်စိတ်နိုးကြားခြင်းဟု အဓိပွာယ်ရသည်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဂရုစိုက်ခြင်းကို သိမြင်သည့်အခါ ၊ ကျွန်တော့်ရဲ့ ချစ်ခြင်းတွေကို ခံစားမိသည့်အခါ ကျွန်တော် မခူးပဲ အလှထိုင်ကြည့်နေယုံမျှဖြင့် ကျွန်တော်၏ လီလီပန်းလေး အနီရောင်သန်းမည့် အချိန်ကို စောင့်မျှော်နေရဥိးမည်။ 

ထိုနေ့သည် ပန်းများစွာပွင့်သည့်နေ့ဖြစ်ချင်ဖြစ်မည်၊ လေမုန်းတိုင်းတွေ တိုက်သည့်နေ့ ဖြစ်ချင်ဖြစ်မည်၊ ဓါတ်ပုံ မှန်ဘောင်တွေ နှင့် ပန်းအိုတွေ ကျကွဲသည့် ငလျင်လှုပ်သည့် နေ့ဖြစ်ချင်လည်း ဖြစ်မည်ပင်။ သေချာသည်က ထိုနေ့သည် အဲ့နေ့ပင် ဧကန်မုချပင် ဖြစ်လိမ့်မည်။ 

 #တစ်ချိန်ကကျွန်တော်

No comments: