လီလီရေ ...
ညက အင်္ဂါကြယ် တစ်လုံး
ကြွေကျခဲ့ပေါ့။
ကြယ်တွေ ကြည့်ရင်း
ကို့ အလွမ်းတွေပါ
ကြွေခ ခဲ့တယ်။
ကြယ် တစ်ပွင့်ကြွေတိုင်း
လီလီ ပန်းတွေပွင့်မယ်ဆိုရင်
ကြယ်ကြွေကောက်သူ ဟာ
ကိုပဲ ဖြစ်စေ ။
ဒီလိုပဲ ...
လွမ်းခြင်း လွမ်းရင်း
ကိုယ် လွမ်းနေတာ
ကိုယ် ပြန်ချစ် တဲ့
ဒီ အခိုက်အတန့်
လွမ်းပဲ လွမ်းနေချင်တော့တယ် ။
#တစ်ချိန်ကကျွန်တော်
.jpeg)
No comments:
Post a Comment