Thursday, August 15, 2024

~ ပိုးဖလံ တစ်ကာင်၏ မှတ်တမ်း ~

လီလီ သည် ပိုးဖလံ လေးတစ်ကောင် လို့ ဆိုကြပါဆို့ ကျွန်တော်သည် မီးတောက်အို တစ်ခုသာဖြစ်လိမ့်မည်။ အသက်အရွယ်အရ မီးလောင်ရာ လေပင့်သူများနှင့် ဆုံခဲ့ပြီးသလို ကောက်ရိုးလို လူသားများ နှင့်လည်း ကြုံခဲ့ရပြီးဖြစ်သည်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပြဿနာများစွာ နဲ့ ဖြတ်သန်းခဲ့ရသလို မီးစာကုန် ဆီခမ်း အခြေအနေအချိန်ခါ သို့ ကျွန်တော်သည် ဆီခိုးမှိုင်းများစွာ ပေကျန်လျက်ဖြင့် ခရမ်းရောင် မီးတောက်အသွင် ငြိမ်သက်စွာ တောက်လောင် နေရသည်။ 

ချစ်ရပါသော လီလီ ။ 
မီး သို့မည်သည် ပိုးဖလံ ရှိရာသို့ လာရောက်တွေ့ဆုံနိုင်ခြင်း မရှိပါ။ မီး အိုကြီး အနေဖြင့် ပိုးဖလံ သတိထားမိရေး အလင်းရောင် ပြပြသာ ထိန်းလင်း ပြရသည်။ မီး သည် အဖိုလ်ဓါတ် ဆိုလျှင် ပိုးဖလံ ၏ မျက်လုံးတစ်စုံသည် အမ ဓါတ်ဖြစ်လိမ့်မယ်။ မီး ၏ အပူဓါတ်သည် ဖိုလ်သံ ဟု ဆိုလျှင် ပိုးဖလံ၏ နှလုံးသားတစ်စုံသည် မ အသံ ဖြစ်မည်။ 

ချစ်ရပါသော လီလီ ။ 
မီးတောက်အိုကြီး၏ အလင်းရောင်ကို စူးစမ်းပါ ၊ အနွေးဓါတ်ကိုခံစားပါ ။ စိတ်တွေထပ်တူကြသည့်အခါ ချစ်ခြင်းတွေယုံကြည်သွားကာမှ မီးတောက်အိုကြီး ရင်ခွင်သို့ သက်ဆင်းပါလေ။ ကျွန်တော်က ကိုင်တွယ်ထိတွေ့ခွင့် မရှိ ငေးကြည့် မျှော်လင့်နေရသူ သက်သက်ပါ။ မီးတောက်ကြီးဘေးမှာ ပျော်ပါ ၊ ကစားပါ ။ ရွယ်တူ ပိုးဖလံများနှင့် ကခုန်ကြည့်ပါ ။ နောက်ဆုံးမှ မိးတောက်အိုကြီး ရင်ခွင်မှာ ခိုနားပါလေ ။ ပိုးဖလံ အတွက် မီး ဆိုသည်က သုခ နိဗ္ဗာန်ဘုံ ဖြစ်သည်။ "လမ်းထိပ်မုန့်ဟင်းခါ ဆိုင်ကနေ နိဗ္ဗာန်ကို မင်းနဲ့ အတူတူသွားစရာမလိုပါဘူး လီလီ" ။ အတွေးထဲမှာ ကျွန်တော်ရှိသည်ကို ယုံကြည်ယုံမျှဖြင့် နိဗ္ဗာန်ကို မြင်နိုင်စွမ်းပါသည်။ 

ချစ်ရပါသော လီလီ။ 
လီလီ က အင်္ဂါဂြိုလ်ပေါ်က ဆင်းသက်လာသည့် နတ်သမီး တစ်ပါးဆိုလျှင် ။ ကျွန်တော်က နတ်သမိးရှေ့မှာ လည်စင်းပေးထားတဲ့ ရေမြွေသာသာ နဂါးတစ်ကောင်သာဖြစ်သည်။ . 

#တစ်ချိန်ကကျွန်တော်

No comments: