ပစ္စည်းမဲ့ ခြင်း ဒုက္ခ
အပေါင်းအသင်းမဲ့ ခြင်း ဒုက္ခ
ချစ်သော သူ နှင့် ဝေးရခြင်း ဒုက္ခ
ဒါတွေ တစုတည်း ရှိလို့
ကို့ နာမည် ... ဒုက္ခ ။
ဒီကောင် က..
ချစ်သော သူ လည်း ဒုက္ခပေးတယ်
မချစ်သော သူ လည်း ဒုက္ခပေးတယ်
ပက်သက် မိသူ တိုင်း ဒုက္ခပေးတဲ့
ဒုက္ခ ကောင် ။
ဒီ ဒုက္ခ ကောင်ကြီး
ကျွတ်တန်း ဝင်သင့်ပြီ
တရား ရသင့်ပြီ
ဒုက္ခ ကနေ သုခ ပြောင်းသင့်ပြီ ။
သုခ ...
ဒုက္ခ ကို ကူပါ ။
သုခ ...
ဒုက္ခ ကို ချစ်ပါ ။
ဒုက္ခ နဲ့ သုခ ပေါင်းရင်
ဒုက္ခ သုခ ဖြစ်တာ မဟုတ်ဘူး
ဒုက္ခ က သုခ ကို ချစ်ရင်
ကောင်းခြင်း သုခ ဖြစ်တယ်။
သုခ က ဒုက္ခ ကို ပြန်ချစ်ရင်
ကောင်းခြင်း သုခ ချမ်းသာ ဖြစ်တယ်။
အို .. သုခ
ကောင်းခြင်း သုခ ချမ်းသာ
ရချင်လိုက်တာ ။
#တစ်ချိန်ကကျွန်တော်

No comments:
Post a Comment