Master Key တစ်ချောင်းလို ဖြစ်အောင်ကြိုးစားဆိုသည့် စကား ကြားဖူးကြမှာပါ။ ယောကျ်ားလေး တော်တော်များများက Master Key ဖြစ်ချင်ကြသည်လေ။ ကျွန်တော်လည်း ငယ်တုန်းက ဖြစ်ချင်ခဲ့သည်ပေါ့။ အသက်အရွယိတခု ရောကိလာသည့်အခါမှ Master Key က ယောကျ်ားမှာတင်မဟုတ် မိန်းကလေးတွေမှာလည်း ရှိသည်ကို တွေ့ရှိလာခဲ့ရသည်။ ထို့ကြောင့် ယောကျ်ားလေး မှာလည်း သော့အိမ် ရှိသည်ကိုလည်း လက်ခံရပေမည်။
သော့အိမ်ဆိုသည့်တိုင်း သူသည် Bottom မဟုတ်ချေ။ သော့အိမ်သည် သစ္စာရှိခြင်း ခိုင်မြဲခြင်း မဖောက်ပြန်ခြင်းဟု အဓိပ္ပာယ်သက်မှတ်လျှင် သော့တံသည် သော့အိမ်အတွက် တစ်ဥိးတည်းသော ပိုင်ဆိုင်သူ ဖြစ်လိမ့်မည်။
ထိုကြောင့် Master Key ဆိုသည့် အဓိပ္ပာယ်အား ထပ်မံရှင်းပြစရာလိုမည် မဟုတ်ပေ။ ကျွန်တော်သည် သော့တံ တစ်ချောင်းမဟုတ် သော့အိမ်သာဖြစ်လိမ့်မည်။
ကျွန်တော်နှင့် ကြုံဆုံခဲ့သည့် သူမသာ Master Key ဖြစ်ပေလိမ့်မည်။ ကျွန်တော်၏ နှလုံးသား ၊ စိတ်ဝိညာဥ် ၊ ချစ်ခြင်း အရာအားလုံး တစ်ထစ်ခြင်း သူမ ဖွင့်လှပ်သွားခဲ့ပေသည်။ တစ်ဥိးတစ်ယောက်တည်းအတွက် ရည်ရွယ်ခြင်း မဟုတ်သည့် Master Key ဆိုသည့်ဆောင်ပုဒ်ကို ထမ်းဆောင်လျက် သူမ ကတော့ သော့အိမ်နဲ့တူသော ဗိုင်းကောင်းကျောက်ဖိ အမျိုးသားတို့အား ထပ်မံရှာဖွေ စမ်းသပ်လျက်။
ကျွန်တော်ကတော့ သံချေးကိုက်စားနေပြီဖြစ်သော သော့အိမ် တစ်ခုအဖြစ်သာ ၊ ကျွန်တော်၏ သော့တံ ဘယ်နေရာများ (သို့) ဘယ်သော့ အိမ်မှာများ ကျိုးကျန်နေရစ်လည်း မသိပေ။ ကျွန်တော့်ထံ ထပ်မံလာဖွင့်မည့် သော့တံများကို စောင့်မျှော်ရင်း နှလုံးအိမ်ကလည်း သံချေး ကိုက်စွာဖြင့်လေ။ မိတ်ဆွေ သင်သာ သော့တံ တစ်ချောင်းဖြစ်မယ်ဆိုလျှင် ကျွန်တော်ရှိပါသည်။ သို့ပေမယ့် Key ကိုက်မှသာ အဆင်ပြေမည်။
#တစ်ချိန်ကကျွန်တော်

No comments:
Post a Comment