“ခွမ်း … ဒလုံ … ဂွမ်း”
ဖန်ခွက် နှင့် ပန်ကန်ပြား အချို့ ကြမ်းပြင်ပေါ်မှာ မွစာကြဲကုန်သည်။ ကျွန်တော့်ကို ကြည့်၍မထိသထိ ပြုံးနေသော သူမ ၊ အသက်ရှုသံခပ်ပြင်းပြင်းနှင့် နီရဲပြီးဒေါသထွက်နေသော ကျွန်တော်၏မျက်နှာ ၊ အခန်းထောင့်မှာ ကြောက်လွန်းလို့ တုန်ပြီးကြည့်နေသော သမီးငယ် ။
“ငါ … လုံးဝလက်မခံနိုင်ဘူး … မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ကွာ … မ ကို စုံကန်ပြီ ထွက်သွားတဲ့ ယောကျာ်းတစ်ယောက် နောက် ၁၀နှစ်လောက်ကွဲကွာနေတဲ့သူ … မ ထပ်မမိုက်ချင်စမ်းပါနဲ့ … အခုလက်ရှိအနေအထားရ မ ကို မောင် သူ့လောက်ပြည့်စုံအောင် မထားနိုင်ပေမယ့် … စိတ်ချမ်းသာအောင်တော့ ထားနိုင်ပါတယ် … မ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင် သိတယ် … အေး မောင်လည်း မ ကိုဘယ်လောက်ချစ်တယ်ဆိုတာ မ တွေးကြည့်ပါ ကိုယ်ချင်းစာပေးပါ” ကျွန်တာ်၏ တောင်းပန်တိုးလျှိုသော စကားသံတွေသည် သူမ၏ ခနဲ့ပြုံး၏ နောက်ကွယ်တွင် ကွယ်ပျောက်ကုန်တော့သည်။
“ဒီမယ် … မောင် လောကမှာ လူတိုင်း ချစ်ဦးသူနဲ့ ဝေးကွာချင်မှာ ကွေကွင်းချင်မှာ မဟုတ်ဘူး ၊ သူနဲ့ မ သဘောထားခြင်းမတိုက်ဆိုင် လို့လမ်းခွဲခဲ့တာလည်း မဟုတ်ဘူး ၊ ကံကြမ္မာက မျက်နှာသာမပေးလို့သာ ဝေးကွာခဲ့တာပါ … ပထမ တစ်ကြိမ်မှာ အကြောင်းမလှ လို့ဝေးကွာခဲ့ပေမယ့် … အခုတစ်ကြိမ်မှာတော့ သူနဲ့ ပြန်နီးစပ်ချင်တယ်မောင်ရယ် … မ သူနဲ့အတူ မက်ခဲ့ တဲ့ အိမ်မက် တွေကို ပြန်တည်ဆောက်ချင်တယ် … အခုထက်ထိသူလည်း မ အပေါ်စိတ်မကုန်သေးသလို မလည်း အခုထက်ထိ မျှော်လင့်နေတုန်းပဲ အခု မရဲ့ မျှော်လင့်ချက်တွေပြည့်တော့မယ် … မောင်ရယ် ခွင့်ပြုပေးပါနော် … မ သူလာခေါ်တုန်းလိုက်သွားချင်တယ် … မောင် … မောင် ခွင့်ပြုပေးပါနော်” သူမ၏ခနဲ့ အပြုံးများ ပျောက်ကွယ်သွားပြီး သူမ ရင်ထဲ စို့နင့်သွားလို့သည်ထင် သူမငိုချလိုက်သည် ။ ကျွန်တော်၏ ရင်ဘက်ကို အပ်၍ “ခွင့်ပြုပေးပါ .. မောင်ရယ်” ဆိုပြီး ထပ်ခါထပ်ခါ တောင်းပန်းနေသည်။ ကျွန်တော် မဖြစ်နိုင်ဟုယူဆထားသည်များ အခုလက်ရှိမှာ ဖြစ်လာခဲ့သည်။ အဲ့ဒီတုန်းက 'မ' ပြောဖူးပါသည်။ သူမ၏ ချစ်ဦးသူ ပြန်လာခေါ်ရင် လိုက်သွားမယ်ဆိုသည့်စကား ။ ရင်တွေ တဆတ်ဆတ် နာလာသည်။ မျက်လုံးတွေဝေးဝါးလာသည်။ နားတွေအူလာသည် ။ ဘာသံမျှ ၊ ဘာမှ ကောင်းစွာ မမြင်နိုင် မကြားနိုင်တော့ပေ။ နောက်ဆုံး အားရှိသ၍ ညစ်၍ ပြောလိုက်မိသည် ။
“မရယ် ခွဲမသွားပါနဲ့ .. နော်” ဘာမှကိုမသိတော့ပါ ။ ကျွန်တော်မျက်နှာမှာ မျက်ရည်စတွေဖြင့် ခန္ဓာကိုယ်ကြီးက သူမအပေါ်သို့ မှီလျက် ကျနေမည်ထင်။ ကျွန်တော့မျက်လုံး အိမ်ထဲမှာ သူမ ၊ သမီး နှင့် ကျွန်တော်မဟုတ်သည့် သူ တို့ကျောခိုင်းသွားနေကြသည်။ ကျွန်တော် လှမ်းပြောလိုက်သည် “မရေ … တစ်နှစ်တစ်ခါလောက် မောင့်ကိုပြန်ကြည့် ပါနော်” သူမ ကြားနိုင်မည်မထင်။ ကျွန်တော့် အနားမှာလည်း တစ်ချို့တစ်ချို့ သောသူတွေလည်း သူမ ကို လှမ်းမှာနေကြသည်။ သိပ်မကြာပါ သူတို့ ကျွန်တော်တို့အနားက ဖြည်းဖြည်းခြင်း ဝေးဝါးလျက် ပျောက်ကွယ်ကုန်ကြသည်။ ထိုအချိန်သည် ကျွန်တော့် အပေါ်မှာ အမိုးမရှိပါ နွေခေါင်ခေါင် ပူနေလေပြီ ။
တစ်ချိန်ကကျွန်တော်
.jpeg)
No comments:
Post a Comment