အခန်း(၁)
တစ်ခါက ရှမ်းစော်ဘွားတစ်ယောက် ဟာ မိသားစု နှင့်အတူ အထက်မြန်မာပြည် နေပြည်တောိသို့ မြို့စားမင်းက လာရောက်လည်ပတ်ရန် ဖိတ်ကြားစာရသည့်အတွက် နေပြည်တော်သို့ထွက်လာခဲ့ကြသည်။ နေပြည်တော် ရောက်တော့ စော်ဘွားမိသားစု ကို အထူးဧည့်ခံတာပေါ့ ၊ အဲ့ဒီမှာ မြို့စားမင်းက “အသင် စော်ဘွား .. အုန်းသီးဆိုတာ သိလား ၊ စားဖူးလား” လို့မေးလိုက်သည် ။ စော်ဘွားကလည်း အုန်းသီးဆိုတာ ဘယ်လိုပါလိမ့်လို့စဉ်းစားလိုက်သည် ။ သူမကြားဖူးပေ ၊ စားလည်း မစားဖူးပေ ၊ ဒါကြောင့် “မြို့စားမင်းကြီးဘုရား ကျွန်တော်မျိုး အုန်းသီးဆိုတာ ကြားလည်းမကြားဖူး ၊ စားလည်းမစားဖူးပါဘုရား” လို့ပြန်လျှောက်တင်လိုက်သည်။ အဲ့သည်မှာ မြို့စားမင်းက “အိမ်း . . ကောင်းပြီ ဒါဆို အုန်းသီး ဆိုတာကို စော်ဘွားကြီးအား ပွဲတော် တည်ခိုင်းမယ် . .ကဲ စားတော်ကဲကြီး အုန်းသီးပွဲ ကို အမြန်ဆုံး ဆပ်စမ်းဟေ့” ဆိုပြီးခိုင်းလိုက်သည်။ သိပ်မကြာခင်မှာ စားတော်ကဲ ရောက်လာပြီး အုန်းသီးပွဲ ကိုလာချပေးသည်။ မြို့စားမင်းလည်း စော်ဘွားကို အုန်းသီးကိုပွဲတော် တည်ခိုင်းလိုက်သည်။
“အားပါး . . .တော်တော် ကောင်းတာပဲ ၊ ဒီလိုအသီးမျိုး တောင်ပေါ်ဒေသမှာ မရှိဘူးဟေ့” လို့ စားရင်းနဲ့ အာပေါင်းရင်းသန်နဲ့ပြောလိုက်သည်။ မြို့စားမင်းကလည်း “ကောင်းပြီး စော်ဘွားကြီး ၊ သင်အပြန် လမ်းမှာစားဖို့ လှည်းနှစ်စီး နဲ့ အပြည့်ထည့်ပေးလိုက်မယ်” လို့ပြောလိုက်သည်။ စားသောက်ပြီး မြို့စားမင်းက သူ၏ ခြံဝန်းထဲ ကို နှံနှံ စပ်စပ် လိုက်လံပြသသည်။ ဆင်ထိန်း သည့် နေရာသို့ အရောက်တွင် စော်ဘွား၏ မိဘနှစ်ပါးလုံးသည် ဆင်ကိုမြင်၍ အံသြမှင်သက် ကုန်သည်။ သူတို့ တစ်သက်နှင့်တစ်ကိုယ် ဆင်ကိုကြားယုံသာကြားဖူးသည်။ မမြင်ဖူးပေ ။ ဒါကြောင့် မြို့စားမင်းကြီးအား စော်ဘွား၏ မိဘနှစ်ပါးက“အသင် မြို့စားမင်း ၊ ကျွနိုပ် ဆင်တွေအား အရမ်းသဘောကျမိသည် . . ဒါကြောင့် ကျွနု်ပ်အား အိမ်အပြန်လက်ဆောင်အဖြစ် ဆင်တစ်ကောင်လောက် လက်ဆောင်ပေးပါ” လို့ပြောလိုက်သည်။ မြို့စားမင်း လည်း ဆင်ကိုလက်ဆောင်တောင်း သည့်အတွက် အနည်းငယ် စိတ်ညစ်သွားသည်။ သူ့မှာလည်း ခိုင်းဆင် မရှိ တိုက်ဆင်တွေပဲရှိသည်။ အရေးအကြောင်းဆို ဒီကောင်တွေကို ထုတ်သုံးရသည်။ မြို့စားမင်းလည်း အနည်းငယ်စဉ်းစားလိုက်ပြီး . . “ကောင်းပြီ . . အိမ်အပြန်လက်ဆောင်အဖြစ် အကျွန်ုပ် ဆင်ဥ ကိုလက်ဆောင်ပေးလိုက်မည်” လို့ပြောလိုက်သည်။ မြို့စားမင်း စကားကို ကြားကြားချင်း စော်ဘွား မိဘ နှစ်ပါးလုံးအရမ်းဝမ်းသာသွားကြသည်။ မြို့စားမင်းသည် လုံးဝန်းနေတဲ့ အုန်းသီး အလတ်စား နှစ်လုံးကို ဆေးဖြူသုပ်ပြီး စော်ဘွားကြီးမိဘနှစ်ပါးအား အိမ်ပြန်လက်ဆောင်အဖြစ်ထည့်ပေးလိုက်သည်။
အခန်း(၂)
သူတို့ ပြန်လာတာ ခရီးအတော်ပင် ပေါက်နေပြီ ။ စော်ဘွား နှင့် သူ့မိဘ လည်း တော်တော်ပင်ပန်း နေကြပြီ ။
“ကဲ . . ဒီ အရိပ်အောက်မှာခဏလောက်နားကြရအောင်” လို့စော်ဘွားက ပြောလိုက်သည်။ အားလုံးလည်း စော်ဘွားကြီး စကားအတိုင်း အရိပ်အောင် ဝင်ထိုင်တဲ့သူကထိုင် မြင်းတွေ ရေတိုက်သူကတိုက်နှင့် အလုပ်ရှုပ်နေကြသည်။ စော်ဘွားလည်း သူ့လူတွေကိုကြည့်ပြီး အုန်းသီး ကိုသတိရသွားသည်။ အဲ့ဒါနဲ့ . . သူ့စားတော်ကဲ ကြီးကိုခေါ် ပြီး အုန်းသီး စားဖို့ အုန်းသီးခွဲခိုင်း လိုက်သည်။ သိပ်မကြာပါ စားတော်ကဲ ကြီး အုန်းသီး ပွဲကိုလာချပေးသည်။ စော်ဘွားကြီး အုန်းသီးတွေ ကိုတစ်ချက်ကြည့်လိုက်သည်။ နောက် တွေးလိုက်သည် … အုန်းသီးအသားတွေက ဘာလို့ အညိုရောင်ဖြစ်နေတာပါလိမ့် ၊ ငါဟိုမှာ ပွဲတော်တည်ခဲ့တုန်းက အဖြူရောင်ပါလို့ တစ်ယောက်တည်းရေရွတ်လိုက်သည်။ နောက် စော်ဘွားကြီး တစ်ခုလောက် ကောက်ဝါးကြည့်လိုက်သည် ။ “ထွီး . . ဖနု်ခါးနေတာပဲ” ဆိုပြီးထွေးထုတ်လိုက်သည်။
“တောက် . . မြို့စားမင်း ငါတို့ကိုလိမ်ပြီး မကောင်းတာတွေ ပေးလိုက်ပြီထင်တယ်” လို့တွေးလိုက်သည်။ “ကဲ . . ကဲ အားလုံး ခရီးဆက်ကြမယ် . . ဟို မြင်းလှည်း နှစ်စီးပေါ် က အုန်းသီးတွေ ပစ်ခဲ့လိုက်တော့” . . လို့ပြောပြီး ဆက်ထွက်ခဲ့သည်။
မြင်းလှည်းတန်း ဖြတ်သွားရာ ဘေးမှာ တော့ အုန်းသီးခွံ မဟုတ်ပဲ အုန်းသီးဆံ အနည်းငယ်ခန့် ကို သေသပ်စွာခွာပြီး ပစ်ထားခဲ့သည်။ ရှမ်းတွေသည် ယခင်က အသီးစားရာတွင် အစေ့ ကိုလွှတ်ပစ်ပြီး ဘေးက အသားကိုသာ စားသည် စိုက်ပျိုုးကြသည် ။ အုန်းသီးတော့ ဒီလိုမဟုတ် ဘေးကအကာကို ခွာပြီး အထဲက အစေ့ကိုခွဲပြီးစားရသည်ကို မြို့စားမင်းကလည်း မပြောပြလိုက်ပေ။ ဒါကြောင့် စော်ဘွားစားသော အုန်းသီးမှာ ဖန်ခါးနေရခြင်းဖြစ်သည်။
အခန်း (၃)
မြို့စားမင်း မိဘတွေသည် ဆင်ဥ ရလိုက်၍ တော်တော်လေးကို ပျော်နေကြသည်။ အိမ်ပြန်ရောက်သည် နှင့် ဆင်ဥ ကို သေချာစွာ အနွေးဓါတ်ကောင်းကောင်း ပေးပြီ အကောင်ပေါက်အောင် စောင့်နေကြသည် ။ ရက်အတော်ကြာတဲ့အထိ ဆင်ဥ မှာ မပေါက်ပဲ ရှိနေသေးသည်။ ဒါကြောင့် အဘွားအိုသည် တွေးလိုက်ပြီ . . “အင် . . ကြည့် ရတာ ကြက်မ တွေ သူတို့ကြက်ဥကို အကောင်ပေါက်အောင် ဝပ်သလို . . ဒိဆင်ဥကိုလည်း ဝပ်ပေးမှ ရမယ်ထင်တယ်လို့တွေးလိုက်သည်။ ဒါကြောင့် အဘွားအိုသည် အဘိုး နှင့် တိုင်ပင်ပြီး ဥပေါက် အောင် တစ်ယောက် ခလှည့် ဝပ်ကြသည် ။ ဒီလိုနဲ့ ဝပ်လာတာ တစ်လ လောက်ကြာတဲ့ အထိ ဥ ကအကောင်မပေါက်လာသေးပေ ။ ကြာတော့ သူတို့ နှစ်ယောက်လုံး စိတ်ပျက်လာကြ ပြီး ဒီတစ်ပတ်လောက် မှ အကောင်မပေါက်ရင် လက်လျှော့လိုက်ဖို့ ဆုံးဖြတိလိုက်ကြသည်။
ဒီလိုနဲ့ တစ်ပတ် မပြည့်ခင် ၂ ရက် လောက် အလိုမှာ အဘိုးအို ဝပ်နေတုန်း အဘွားက “နေစမ်း . . မှန်း ကျုပ်စမ်းကြည့်မယ် ရှင်ဝပ်နေတုန်း အကောင်ပေါက်လာပြီးလားလို့သိရအောင် ဆိုပြီး အဘွားအိုသည် အဖိုးအို၏ ပုဆိုးအောက်ထဲ လက်နှိုက်ပြီး စမ်းလိုက်သည်။ အဘွားအို မျက်စိနှစ်လုံး လုံး ပြူးတက်သွားသည် ။
“အဘိုးရေ . . ဥလေးပေါက်လာပြီတော့ . . ကျုပ် နှာမောင်းလေး စမ်းမိနေပြီတော့်” ဆိုပြီး ဆင်လေး အမြန်ထွက် နိုင်အောင် အားကုန်ဆွဲပါတော့သည်။ ပထမတော့ အဖိုးလည်း အံသြမှင်သက်သွားပြီ . . နောက် .. ပါးစပ်ကလည်း
“ဟဲ့ . . အဲ့ဒါ .. ငါ့ဟာ . . င့ါဟာ” ဆိုပြီးထအော်တော့သည်။ အဘွားကြီးကလည်း စိတ်ထဲမှာ ဆင် အကောင်ပေါက်လာတာ အဖိုးဝပ်လို့ ပေါက်တာ အဖိုးက သူဝပ်လို့ သူ့ဆင်လို့ ပြောတယ်ထင်ပြီး၊ မပေးချင်စော နဲ့ “မဟုတ်ဘူး . . ရှင့်ဟာမဟုတ်ဘူး” ဆိုပြီး ဆွဲပါတော့သည်။ အဘိုးကလည်း “မဟုတ်ဘူး . . ငါ့ဟာ . . ငါ့ဟာ” လို့ပြောနေတုန် းအဘွားကြီး ဆွဲတဲ့အရှိန်ကြောင့် ဖင်ထိုင်လျက်ကျသွားပြီး တန်းလန်းကြီး ဖြစ်နေသည်။ အဘွားအိုကတော့ နှာမောင်းကိုသေချာကိုင်ပြီး “ရှင့်ဟာမဟုတ်ဘူး . . မဟုတ်ဘူး” ဆိုပြီး ဆွဲနေတုန်းသာ . . ။
တစ်ချန်ကကျွန်တော်
.jpg)
No comments:
Post a Comment