စကားလုံးတွေက လမ်းလျှောက်တတ်သည် (သို့) အချိန်ကြာလာသည်နှင့်အမျှ အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲတတ်ကြသည်။ Right Person လို့အချိန်နှစ်ကာလ ကြာရှည်စွာသတ်မှတ်ထားကြပေမယ့် အဆုံးမှာ Wrong Person လို့ သမုတ်ကြသည်။ စကားလုံးတွေက Commitment မရှိတာလား ကျွန်တော် မသိပါ။
ကျွန်တော် နှင့် ပက်သက်သည့် မည်သူမဆို ဆိုးဆ်ိုးကောင်းကောင်း ကျွန်တော်လက်ခဲ့သည် သူတို့တွေက ကျွန်တော့်ရဲ့ Right Person သာဖြစ်ခဲ့သည်။
စကားလုံးတွေ နဲ့ ချစ်ခြင်းရဲ့ လေးနက်ခြင်း အပေါ် ကျွန်တော် Commitment ထားသည်။ အစ မှာ သူတို့ ပျော်ကြပါသည်။ ကျွန်တော့်ရဲ့ သစ္စာနဲ့ ချစ်ခြင်းတွေက လျော့ပါးသွားခြင်း ပျောက်ကွယ်သွားခြင်း မရှိပါ။
အဆုံးမှာ ချစ်ခြင်းသစ္စာ ခိုင်မြဲပါလျက် ကျွန်တော်သည် Wrong Person အဖြစ်နှင့်သာ။ ဒါကြောင့် Right Person သည် တစ်ဘက်လူ၏ ပျော်ရွင်မှုကို ဖန်တိးပေးနေသ၍ သင်သည် Right Person သာ ဖြစ်၏ ။ ဒါကြောင့် ကျွန်တော်သည် Wrong Person သာဖြစ်၍ Women Always Right ဆိုသလို သင်တို့သည် အမြဲ Right Person များသာ။
#တစ်ချိန်ကကျွန်တော်#

No comments:
Post a Comment