Thursday, August 29, 2024

~ ကိုယ်ပိုင်အမှတ် ယောဘော ၁၀၇/၂၄ ~





ဒီနေ့က ကျွန်တော်၏ ရာထူးတိုး ပွဲ ။ ကင်ပွန်းတပ်ပွဲလို့ ပြောချင်လည်းရသည် ။ တစ်နည်းဆိုရသော် ချောင်ထိုးသည်ပေါ့လေ။ ထို့ကြောင့် ကျွန်တော့်အား ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ အား 'ကိုကို၁၀၇' မှ 'ဦးကိုကို၁၀၇' သို့ပြောင်းလဲခေါ်ဆိုကြပါ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော် ချစ်သော သူမ၏စိတ်အလိုကျ အမှုထမ်းမည့် သစ္စာ စောင့်သိတာဝန်ကျေသော 'ဦးကိုကို၁၀၇' တစ်ဖြစ်ပေါ့။ 


သူမသည် ကျွန်တော့်အား ငဲ့ညှာပါသည်။ ယောကျ်ားများမရှိသည့် အချောအလှစုံရာ မိန်းမလှကျွန်းသို့ စေလွတ်သည်လေ။ ကျွန်တော် ဘယ်နေနိုင်ပါ့မလည်းဗျာ။  ကျွန်တော် 'ဦးကိုကို၁၀၇' ၏ တစ်ဦးတည်းသော အင်္ဂါနံလေး (သို့) တစ်ဦးတည်းသော က္ကတ္ထိယ ဖြစ်နေသည့်အတွက် သူမဆီသို့ အပြေးပဲပြန်လာခဲ့သည်။    သူမ၏ နှလုံးသား တံခါးဝ သို့အရောက် စာတမ်းလေး တခု ချိတ်ဆွဲထားလေ၏။ လူသစ်များ ဦးစားပေးရန် နှင့် လူဟောင်းများ ပြန်တန်စီးရန် ။ ခြွင်းချက် ဆိုပြီး ကွင်းစပိတ်လေးမှာ အနီရောင်စာလုံးကြီးနဲ့ ကျွန်တော်၏ ကိုယ်ပိုင်အမှတ် နှင့်'ဦးကိုကို၁၀၇' နာမည်ကို ရေးထွင်းထားပြီး နာမည် အဆုံးမှာ "မပါ" ဆိုသည့် စာလုံးပင်။


"လူသစ်များဦးစားပေးရန် နှင့် လူဟောင်းများ ပြန်တန်းစီရန်" 


ခြွင်းချက် ။  ကိုယ်ပိုင်အမှတ် ၁၀၇/၂၄  (သို့) ဦးကိုကို၁၀၇ (မပါ) ။


** မိတ်ဆွေ .. သနားသွားကြပြီလား ? .. ကျွန်တော့်ကို မသနားနဲ့တော့ ။ **


ဒီနေ့က ကျွန်တော်၏ရာထူးတိုးပွဲ။ ကင်ပွန်းတပ်ပွဲလို့ ပြောချင်လည်းရသည်။ တစ်နည်းဆိုရသော သူမ၏ အနက်ရှိုင်းဆုံးသော နှလုံးသားထဲမှာ ချောင်ထိုးသိမ်းထားလိုက်သည်ပင်။ ထို့ကြောင့် ကျွန်တော့်အား ကိုယ်ပိုင်အမှတ် ၁၀၇/၂၄ အား 'ကိုကို၁၀၇' မှ 'ယောဘော ၁၀၇' သို့ပြောင်းလဲခေါ်ဆိုကြပါ။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော် ချစ်သော သူမ၏စိတ်အလိုကျ အလိုလိုက်စွာ အမှုထမ်းမည့် သစ္စာ စောင့်သိတာဝန်ကျေသော 'ယောဘော ၁၀၇' တစ်ဖြစ်ပေါ့။ 


သူမသည် ကျွန်တော့်အား အရမ်းချစ်ပါသည်။ မိခင်ချစ်တပ်ရင်းမှ ယောကျ်ားများမရှိသည့် အချောအလှစုံရာ မိန်းမလှကျွန်းသို့  ကျွန်တော့်အားစေလွတ် တာဝန်ထမ်း ခိုင်းသည်လေ။ ကျွန်တော် ဘယ်နေနိုင်ပါ့မလည်းဗျာ။  ကျွန်တော် 'ယောဘော ၁၀၇' ၏ တစ်ဦးတည်းသော အင်္ဂါနံလေး (သို့) တစ်ဦးတည်းသော က္ကတ္ထိယ ဖြစ်နေသည့်အတွက် သူမဆီသို့ အပြေးပဲပြန်လာခဲ့သည်။    သူမ၏ နှလုံးသား တံခါးဝ သို့အရောက် စာတမ်းလေး တခု ချိတ်ဆွဲထားလေ၏။ 'နှလုံးသား တံခါးထာ၀ရပိတ်ထား၏' ။ ခြွင်းချက် ဆိုပြီး ကွင်းစပိတ်လေးမှာ အနီရောင်စာလုံးကြီးနဲ့ ကျွန်တော်၏ ကိုယ်ပိုင်အမှတ် နှင့်'ယောဘော ၁၀၇' နာမည်ကို ရေးထွင်းထားပြီး နာမည် အဆုံးမှာ "သဘောရှိ" ဆိုသည့် စာလုံးပင်။


"နှလုံးသားတံခါး ထာ၀ရပိတ်ထား၏" 


ခြွင်းချက် ။  ကိုယ်ပိုင်အမှတ် ၁၀၇/၂၄  (သို့)ယောဘော ၁၀၇  (သဘောရှိ) ။


 

တစ်ချိန်ကကျွန်တော်


No comments: