Monday, August 19, 2024

~ အချစ်ကြီးသည် ~ (18+)

 



TG 4320 လေယာဉ်ကြီး သည် ဖြေညင်းစွာဖြင့် ကျွနု်ပ်၏ မိခင် မြန်မာပြည်မြေပေါ်သို့ ဖြေးညင်းစွာ သက်ဆင်းလာချေပြီ ။ လေယာဉ်ပေါ်က ဆင်းဆင်းချင်း ကျွန်တော် တောင့်တနေသော ၊ ဆာလောင်မွတ်သိပ်နေသော ၊ မြေရနံ သင်းနေသော အမိမြေ၏ ရင်ငွေ့ နံကလေးအား အားရပါးရရှုရှိုက်ပစ်လိုက်သည် ။ နောက် ကျွန်ပ်၏ မျက်လုံးရှေ့တည့်တည့်တွင် လှပစွာ မွန်းမံ ပြင်ဆင်ထားသည့် ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ် သည် ခန့်ငြားထည်ဝါ စွာဖြင့်ပြုံးပြီး ကြိုဆိုနေသရောင်ရောင် ။ Customs ထွက်ထွက်ချင်းတွေ့လိုက်ရသည်က ဝမ်းသာအားရနှင့် လာကြိုနေသည့် အမေ့မျက်နှာအား တွေ့လိုက်ရသည် ။ အမေ့မျက်နှာ သုံးနှစ်အတွင်း တော်တော်အိုစာသွားသည် ။


`သား .. လူလေး .ငဘုန်း ..´ ဆိုပြီးအမေကျွန်ပ်အား ဖက်လည်းသကင်း ခရီးဦးကြိုလိုက်သည် ။ ကျွန်တော် လည်း အမေ့ကို အလိုက်တင့်လေး ပြန်လည်ပွေ့ဖက်ထားပြီး .. ။

`လွမ်းလိုက်တာ .. အမေရယ် ´ လို့ တီးတိုးလေးကပ်ပြောလိုက်သည်။

အမေသည် ဝမ်းသာလွန်းလို့ထင်သည် မျက်လုံးအိမ်တွင် မျက်ရည်ကြည်တို့ဖြင့် ပြည့်နှက်နေသည် ။ နောက် .. စိတ်ထဲတွင် သူမများရောက်နေမလား ဆိုသောအတွေးဖြင့် ကျွန်တော် လေဆိပ်အတွင်းသို့ မျက်လုံးဖြင့် တချက်ဝှေ့ ပြီးသေချာလိုက်ကြည့်မိသည်။ သူနှင့်တူ သော အရိပ်အရောင်မျှပင် မတွေ့ ။ သူဆိုသည်မှာ ကျွန်တော် ရုရှား တွင် ကျောင်းသွားတတ်နေသော အခါ Online ပေါ်တွင် ၂ နှစ်ကျော် မျှကြိုက်နေသော ချစ်သူ ။ Online ချစ်သူပေါ့ ။ သူလာမကြိုဘူးလို့ တော့ပြောထားသည် ။ ဒါပေမယ့် ကျွန်တော်မျှော်နေ မိသည်မှာ အဆန်းတော့မဟုတ်ပေ ။ ချစ်သည်ကို ၊ တွေ့ချင်သည်ကို ။


လေဆိပ်အထွက် အိမ်ပြန်လမ်းတလျှောက် အမေရဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားရင်း တိုးတက် ပြောင်းလဲနေသော ရန်ကုန်မြို့ ၏အလှ များကို တအံ တသြဖြင့် ကျွန်တော် ငေးကြည့်ရင်း တွေးရင်း ဖြင့်လိုက်လာခဲ့သည် ။ ကိုယ့်အိမ်ရှေ့ ရောက်တော့မှသာ ကျွန်တော်အတွေး စတို့ကိုဖြတ်လိုက်သည် ။ နောက် ကားပေါ်က ဆင်းဆင်းချင်း ဦးလေး ၊ အဒေါ် လူစုံ တက်စုံနှင့် ကျွန်တော် မမြင်ဘူးသော လူများလည်း ကျွန်တော့်အား ခရီးဦးကြို ပြုကြသည် ။ ကျွန်တော် လည် းအား လုံးကို ပြန်လည်နှုတ်ဆက်ပြီး ကျွန်တော့် အတွက်ပြင်ဆင် ပေးထားသော ကျွန်တော့် ၏ အခန်းဟောင်းသို့ ဝင်ပြီး လှဲချပစ်လိုက်သည် ။ နောက် ရေမိုးချိုးပြီး ၊ ကျွန်တော့်၏ ချစ်သူ ဘရဏီ ထံသို့ ကျွန်တော် ရောက်နေပြီး ဖြစ်ကြောင်းကို သတော်ဦးတင်ဖို့ ဖုန်းဆက်လိုက်သည် ။


` ဟဲလို .. ဘရဏီလား ´ ..

` ဟုတ်ကဲ့ ရှင့် .. ဘရဏီပါ ´ …

` ဘယ်သူလို့ထင်လည်း .. မှန်းကြည့်စမ်း ´

` ကျွန်မ . ခန့်မှန်းတာတွေ ဝါသနာမပါဘူးရှင့် .. ပြောချင်ပြောမပြောချင်နေ .. ´

` ဟမ် .. ကျွန်တော် ရုတ်တရပ်ကြောင်သွားသည် .. ဘရဏီ ကိုပါ .. ကိုဘုန်းလေ ´

` မသိဘူး .. ဘယ်က ကိုဘုန်း လည်း .. မသိဘူး .. အကြောင်လာရိုက်မနေနဲ့ .. ရိုးနေပြီ ´

` ဟာ .. ဘရဏီ မနောက် နဲ့ကွာ အကို အခုမှ ပြန်ရောက်တာ စိတ်မကောင်း အောင်မလုပ်ပါနဲ့ ´

` ဘယ်က .. အကိုလည်း မသိလို့ မသိဘူးပြောနေတဲ့ ဟာကို ´

` ဟုတ်လား .. ဒါဆိုဖုန်းမှားနေလား မသိဘူး .. ဆောရီးနော် .. ´လို့ပြောလိုက်တော့ …

` ဟိတ် .. ဖုန်းမချလိုက်နဲ့ အုံး .. ကိုက လည်း ဘရဏီ နောက်နေတဲ့ ဟာကို .. ဘရဏီ အသံတောင် မမှတ်မိတော့ ဘူးလား ´

` ဟာ .. ဘရဏီ တော်တော်နောက်တယ်ကွာ .. အကို အခုပဲ ပြန်ရောက်တာ အဲ့ဒါ ရောက်ရောက်ခြင်းဖုန်းဆက်လိုက်တာ .. ´

` ကျေးဇူးတင်ပါတယ်ရှင် .. အခုလို ဘရဏီ ကို ဂရုစိုက်တဲ့ အတွက် ´ သူပြောတဲ့ စကားလေးကြောင့် ကျွန်တော်ပြုံးလိုက်မိသည် ။

` ဘရဏီ .. ကို ဒီနေ့ ဘရဏီ ကိုတွေ့ချင်တယ်ကွာ ´ အဲ့ဒါ တွေ့လိုရမလား ။

` ကိုရယ် .. ဒီနေ့ တော့ နားလိုက်ပါ ..အိမ်က လူတွေအတွက် အချိန်လေးပေးလိုက်ပါဦး ´

မနက်ဖြန်မှ တွေ့ကြတာပေါ့နော် ။

` အင်း .. ကောင်းပြီ လေ .. ဒါဆိုမနက်ဖြန် ဘယ်မှာ တွေ့ ကြမှာလည်း ´

` အင်း .. ညကြမှ ပြောမယ်လေ … ညကြရင်ဖုန်းပြန်ဆက်လိုက်လေ .နော် ´

`အင်း .. ပြီးရော ဒါဆိုလည်း .. ဘရဏီ .. ကိုယ့်ကို ချစ်တယ်မလား .. ´

` ဟာ .. ကိုကလည်း .. အခုဈေးထဲမှာ ဘေးမှာလူတွေအများကြီးနဲ့ .. ရှက်စရာကြီး . ´

` ဟာ .. မရဘူးကွာ .. ပြော .. ချစ်တယ်မလား ´

` အင် .. အင် .. ရပြီမလား . ဒီလောက်ဆို ´

` မရဘူး .. ပါးစပ်က ချစ်တယ်လို့ပြောမှ ´

` ဟာ .. ကိုကလည်း . .အင်း . ချစ်တယ် .. အရမ်းချစ်တယ် .. ကျေနပ်တော့ .ဒါပဲနော် ´ ဆိုပြီး သူ့ဘက်က ဖုန်းပိတ်လိုက်သည် ။ ငဘုန်း.. ပျော်သွားသည် ။ နောက် မနက်ဖြန်တွေ့ရမည့် အရေးကို အတွေး စများနှင့် ရွက်လွင့်နေမိသည် ။

ည တစ်ညလုံးနီးပါး သူနှင့် ဖုန်းပြောဖြစ်သည် ။ နောက် မနက်ဖြန်ညနေ ၆ နာရီတွင် သူမနှင့် ကျွန်တော် ကန်တော်ကြီး ထဲက အမှတ်တရ ရှမ်းခေါက်ဆွဲ ဆိုင်တွင် ချိန်းလိုက်သည် ။

ငဘုန်း ချိန်းထားသည်ထက် ၁ နာရီမျှစော ရောက်နေသည် ။ နေဝင်ချိန်မို့လား မသိအရာရာ ဟာစာဖွဲ့နွဲ့ လို့ မမှီအောင် လှပနေသည်။ ကန်ရေပြင်မှ တိုက်လိုက်သော လေညင်းကို ခံစားရင်း ချစ်သူလာရာလမ်းသို့ မျှော်နေမိသည် ။ စိတ်ထဲမှာ လည်း သူမ ပို့ ပေးနေသော ဓါတ်ပုံ ထဲနှင့် ပုံ နှင့် အပြင်မှာတူပါ့မလား ၊ လာများလာပါ့မလား လို့ တွေးကလည်းပူမိသည် ။ ဒါပေမယ့် .. သူမ သူ့ကိုချစ်သည်ဆိုသည် မှာ အကြွင်းမဲ့ ယုံကြည်သည် ။ အချိန်သည်လည်း တရွေ့ရွေ့နှင့် ၆ နာရီထိုးဖို့ ၁၅ မိနစ်သာလိုပါတော့သည် ။

ဂျင်းစကတ် ၊ အကျီၤအနီ ရောင်နှင့်ကောင်မလေးတစ်ယောက် အမှတ်တရ ဆိုင်သို့ ဘက်သို့ ဦးတည်ပြီးလာနေတာကိုတွေ့လိုက်ရသည် ။ သူသေချာလိုက်ကြည့်မိသည် ၊ နောက် စိတ်ထဲမှာ ဒါ `ဘ.ဘ .. ဘရဏီ´ ပဲလို့ ရေရွတ်မိခြင်းနှင့်အတူ .. ရင်ထဲမှာ ဘင်ခရာ တီးဝိုင်း အဖွဲ့တစ်ရာ လောက်ဝင်ဆော်နေသလား အောက်မေ့ရသည် ။ သူမ ကျွန်တော့် ကိုမြင်သွားသည်ထင်သည် ၊ ကျွန်တော်ရှိရာသို့ ပြုံးပြီး ကျော့ကျော့မော့မော့ လေးလျှောက်လာသည် ။ ထိုသို့ ကျွန်တော့်ဆီကိုကြည့်ပြီး လျှောက်လှမ်းလာသည်ကို ကြည့်ပြီး ………


` နိမ့်တုန် မြင့်တုန် တင်ပါးဆုံ

ဘုန်းဘုန်း နှလုံးခုန် ..

ကြွကြွရွရွ အပျိုမှ

ဘုန်းဘုန်းစိတ်ထဲပွ ..

ဘရဏီကျွန်တော်ကိုကြည့်

ဘုန်းဘုန်းစိတ်ထဲ ပွစိစိ ပွစိစိ …… ။


လို့ဆိုပြီး ကဗျာရွတ်လိုက်မိသည် ။ ဟုတ်ပါသည် .. ကျွန်တော့် ကဗျာထဲကလိုပဲ ဘရဏီ လှမ်းလာပုံလေများသည် သကောင့်သား တို့ မှုန်ယိုမည်ဆိုလည်း ယိုလောက်သည် ။ လှုပ်ခနဲ ၊ လှုပ်ခနဲ နှင့် တင်းပါးဆုံများ ကို ကားစွင့်ကာ ဝင့်၀၀့် ထွားထွား အကြည့်စူးစူးဖြင့် ကြွကြွရွရွ ရှေ့သို့ပင်ရောက်လာသည် ။ 


`ဟိတ် .. ရောက်နေရတာကြာပြီလား .. ´

`အင်း .. ၄၅ မိနစ်လောက်ရှိသွားပြီ .. ´

`ဟွန်း .. အဲ့လောက်အစောကြီး .. ဘရဏီ နဲ့ ချိန်းထားတာက ၆ နာရီမှ ´

`ပြော .. အစောကြီးလာပြီး . ကောင်မလေးတွေလာငန်းနေတာမလား ´ လို့မျက်စောင်းလှလှလေးထိုးပြီးပြောလိုက်သည် ။

`ဟာ .. မဟုတ်ပါဘူး ကွာ .. ဒီကကောင်မလေးတွေ ဘရဏီလောက် တစ်ယောက်မှ မချောဘူး ´ . ကျွန်တော် သေချာပြောရဲပါတယ် .. ။

`ဟမ် .. မငန်းပါဘူး လည်းပြောတယ် ဘရဏီ လောက်လဲတစ်ယောက်မှ မချောဘူးလို့လည်းပြောတယ် .. ကိုဘုန်း ရယ် ကြည့်ပြီး လိမ်စမ်းပါဦး ´

`ဟိဟိ .. ဟုတ်သားပဲ . .ကျွန်တော်က ရိုးတယ်ဗျ .. မလိမ်တတ်ဘူး .. ချစ်ပဲချစ်တတ်တာ ´

`ဘရဏီ .. ချစ်တယ်မလားဟင် .. ´

`အမယ်ဒါမျိုးကြတော့ လည်တယ် .. မချစ်ပါဘူး ရှင့်ကို .. ´

`ဟာ .. ဘရဏီ အဲ့လိုကြီးမလုပ်နဲ့ကွာ .. ချစ်တယ်မလားလို့ ´

`အော် .. ခက်တယ် ကိုဘုန်းရယ် .. မချစ်ပါဘူးလို့ပြောနေတဲ့ဟာကို ´

`ဟာ .. ဘရဏီ မနောက်နဲ့ကွာ ´ လို့ပြောတဲ့ပုံက ခွေးချီး တတ်နင်းမိလို့ ဖြစ်နေတဲ့ မျက်နှာပုံ နှင့်အလွန်တူသည် ။

`ကဲပါ .. ကဲပါ .. အရင်ဆုံးပြင်လိုက်ဦးရှင့်ရုပ်ကြီးကို .. ဒီကစနေတဲ့ဟာကို .ရှင်ကလည်း ´

`ကဲ .. ဒါဆိုပြောလေ . ချစ်တယ်မလားလို့ ´

`အင်း .. အင်း .. ´

`ဟာ .. မရဘူး ချစ်တယ်လို့ပြောမှ ´ ဆိုပြီးပါးစပ်ကလည်းပြော လက်ကလည်းမြန်သလား မမေးနဲ့ ဘရဏီ လက်ကို ဖမ်းကိုင်ထားလိုက်သည် ။

ဘရဏီ ရုပ်တရတ် အငိုက်ခံလိုက်ရ၍ ကြောင်သွားသည် ။

`ကိုဘုန်း .. လွှတ်ကွာ လူတွေနဲ့ ´

`ဟင့်အင်း . မလွှတ်ဘူး .. ချစ်တယ်လို့ပြောမှ .. ´

`အင်း ချစ်တယ် . ချစ်တယ် … လွှတ်တော့ ´ ကိုဘုန်း လက်ကိုပြန်လွတ်ပေးလိုက်သည် ။

နောက် သူနဲ့ ညစား စာရင်း ကျွန်တော်ဟိုမှာ ကျောင်းတတ်ခဲ့တဲ့ အတွေ့အကြုံတွေ ဘရဏီ ကိုဘယ်လောက် ချစ်တယ်ဆိုတဲ့ အကြောင်းကို စာရင်းပြောရင်း ၊ ဘရဏီ ကလည်း စားရင်း ပြုံးရင်း ၊ မျက်စောင်းလှလှလေးတွေထိုးရင်း နဲ့ အချိန် တွေဘယ်လောက်ကြာမှန်း မသိ ကြာသွားသည် ။ ဘရဏီ လည်း ထိုင်ရတာညောင်း၍ထင် သည် ဖင်ဂဏ မငြိမ်ဖြစ်နေသည် .. နောက်သူမနေနိုင်၍လား မသိ `ကိုဘုန်း ကန်တော်ကြီးထဲ လမ်းလျှောက်ရအောင်ကွာတဲ့ ´

ဒီမှာ ထိုင်ရတာညောင်းလာပြီ .. ´

`အိုကေ လေး .. ဒါဆိုလည်း ´ ကျွန်တော်လည်း ငွေရှင်းပြီး သူမနှင့် နှစ်ယောက်တည်း ကန်တော်ကြီး၏ ညဘက် ဖျော့တော့ တော့ အလင်းရောင်လေးကို အားပြုပြီးစကားလေးတပြောပြောနှင့် လျှောက်လာကာ တစ်နေရာအရောက်တွင် ဘရဏီ ဒေါက်ဖိနပ် ဒေါက်ပြုတ်သွားကာ ခြေခေါက်သွားသည် ။ ငဘုန်း လည်းအလိုက်သင့်လေး ဖက်ထားပြီး နီးစပ်ရာခုံသို့ တွဲခေါ်လာသည်။ ထိုသို့တွဲခေါ်လာ စဉ် သူမ ဆီမှ ရေမွှေးနံ သင်းသင်းလေးနှင့် သူမကိုယ့်ငွေ့ နွေးနွေးလေးသည် ကျွန်တော့်ရင်ထဲ တတိယကမ္ဘာစစ် ကြီးဖြစ်ပွားနေသလား အောက့်မေ့ရသည် ။ ထိုင်ခုံပေါ်ရောက်သည်နှင့် ကျွန်တော်လည်း သူမဒေါက်ဖိနပ်ကို ချွပ်ပြီး ရှေးဦး သူနာပြုနည်းဖြင့် အစွမ်းကုန်ပြုစုလိုက်သည် ။

` ဘရဏီ .. သက်သာလား ´

`အင်း .. နည်းနည်းတော့ နာနေသေးတယ် ´ လို့ငြီးပြီးဖြေလိုက်သည် ။

“ခဏနေရင်တော့ ကောင်းသွားမှာပါ .. နောက် နာရီဝက်လောက်နားပြီးပြန်ကြတာပေါ့”

အင်း .. ဆိုပြီး ဘရဏီ နှင့်ကျွန်တော် အကြည့်ချင်းဆုံသွားသည် ။ သူမရဲ့ မျက်လုံးတွေ သိပ်လှသည် ။ နောက် .. တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်ကြည့်မိသည် ။ နောက် သစ်ပင်ထက်မှ ညငှက်လေးများ ပျံသန်းသွားကြသည် ။ သူတို့လေးတွေ ရှက်လို့ထင်ပါသည် ။

နောက် အသိစိတ်တွေက ဝက်သိုးတစ်ကောင်လိုပင် .. သူမနှင့် အချိန်ဘယ်လောက်ကြာသည်

အထိ ချစ်ခြင်းဖွဲ့သီကုံးနေသည်ကို မသိပေ ။ လက်တွေသည်လည်းစိတ်၏ စေညွန်ရာမဟုတ်ပဲ ၊ သဘာဝတရားက မွေးကတည်းက သင်ပြထားသလိုပင် … အထိအတွေ့ က တစ်နေရာသို့ အရောက်တွင် .. ငဘုန်း၏ မျက်နှာတွင်အံသြခြင်း ၊ ကြေကွဲခြင်း ၊ တွေဝေခြင်း ၊ ထိတ်လန်ခြင်း နှင့်အတူ မှေးစင်းနေတဲ့မျက်လုံးတွေ အစွမ်းကုန်

ပြူးထွက်ကုန်သည် ။ ငဘုန်း မယုံကြည်နိုင်ခြင်းများစွာဖြင့် ဘရဏီ အားကြည့်လိုက်သည် ။ ဘရဏီ ကပြုံးစစ မျက်နှာပေးနှင့်အတူ ………

` ကိုကိုဘုန်း .. မီးတို့ ဒီည ဒီမှာပဲ ပျော်ကြရအောင်နော် .. ´ ဆိုပြီး ပျစ်ချွဲချွဲ အမူအရာနှင့်အတူ ငဘုန်းလက်ထဲမှာတော့ ပျော့စိစိ အရာတစ်ခုကို ကိုင်ထားဆဲပင် ……….. ။


အချိန်ကာလ (၆) လခန့် ကြာပြီးသည့်နောက် .... 


မြူတွေ ရစ်ဝိုင်းနေသည်။ မှိုင်းညို့ညို့ တောင်တန်းများ ဘေးမှ တစ်ဘက် တစ်ချက်စီကာရံထားသည် ။ တစ်ချက်တစ်ချက် တိုက်ခိုက်လိုက်သည့် လေအေးက အနွေးထည်ထူထူ ၂ ထည်ထပ်ဝတ် ထားသည်တောင် အသားထဲ စိမ့်ဝင်သွားသည် ။ ဒါတောင်ကြီး ဆောင်းတွင်း မနက်ခင်း အေးချမ်းမှုလေးပါ။ သူကော်ဖီ သောက်ရင်း သူ၏ ပထမဦးဆုံး အချစ်ဦးဇတ်လမ်းအဖြစ်အပျက် ကိုပြန်လည်တွေးရင်း စမြုံပြန်နေမိသည်။ အဲ့ဒီ ဇတ်လမ်းကြောင့်ပင် သူအလွန်ရှက်၍ အထက်မှ ချပေးသည့် တာဝန်ကို မငြန်းဆန် အံမတု အခု တာဝန်ကြရာ ရှမ်းပြည်နယ် တောင်ကြီးမြို့ သို့ ရောက်နေသည် မှာ ၅လ တောင်ပြည့်တော့မည်။


“ ဟိတ် . . ကိုဘုန်း ဘာတွေတွေးနေတာလည်း” ဆိုပြီး အနောက်က တစ်ယောက်ယောက်က သူ့ပုခုံးကို လှမ်းပုပ်လိုက်သည်။

“အောင်မလေးဗျ” . . ဆိုပြီး ငဘုန်းကြောက်လန့်တကြားထခုန်လိုက်သည်။ နောက် . .အနောက်ကို လှမ်းကြည့်လိုက်သည်။

“ဟူး . . ဘယ်သူများလည်းလို့ကွာ . . လန့်သွားတာပဲ . . နန်းငယ် တော်တော် နောက်တယ်ကွာ”

“ခစ် . ခစ် . ခစ် . . ကိုဘုန်းတို့များ ယောကျ်ားရင့်မာကြီးဖြစ်ပြီး ကြောက်တတ်လိုက်တာ လွန်ရော ခစ် . ခစ် . ခစ်” ဆိုပြီးသဘောကျကာ နန်းငယ် တစ်ယောက် အူမြူးနေသည်။ 


နန်းငယ် အူမြူနေတဲ့ပုံ ကိုကြည့်ပြီး ကိုဘုန်းသဘော အကျကြီးကျနေပါသည်။ နန်းငယ်သည် တောင်ကြီးမြို့ မြို့မဈေး နားတွင် စားသောက်ဆိုင်ကြီး တစ်ဆိုင်ဖွင့်ထားသည်။ သူမ ဆိုင်တွင် မနက်ခင်းပိုင်းတွင် လဘ္လရည် နှင့် ရှမ်းအစားအစာ အကုန်ရပြီး ညပိုင်းတွင် အရက်နှင့် ၊ ဘီယာ စသည်တို့ကို ရောင်းချသည် ။ သူမ တွင် မိဘ နှစ်ပါးလုံး မရှိကြတော့ပေ ။ နောက် သူမ သည် လိမ္မော်ခြံများစွာကိုလည်း မိဘတွေဆီမှ အမွေဆက်ခံ ပိုင်ဆိုင်ထားသည်။ ငဘုန်း နန်းငယ် ကို စတင်တွေ့စဉ်တုန်း က သူ တောင်ကြီးရောက်ပြီး ၁လလောက်အကြာမှာ နန်းငယ် တို့ဆိုင်တွင် ရှမ်းခေါက်ဆွဲသွားစားရင်း မျက်မှန်းတန်း မိရာမှ မေတ္တာ သက်ဝင်ကာ နောက်ပိုင်း မနက်တိုင်း သွားသွားကြူကာ ၃ လလောက်အကြာမှ နန်းငယ် ၏ အချစ်ကို သူ့ဂုဏ်အားကိုး တစ်ဝက်ပါဝင်စွာဖြင့် ရခဲ့သည်။ ချစ်သူဖြစ်ပြီးသည့်နောက်ပိုင်း နန်းငယ်သည် သူ့အား အလွန်ပင်ချစ်သည် ။ ထိုအတွက်ကြောင့် သူတော်တော်ပင်ကျေနပ်သည် ။ သူအတွေးတွေဖြင့် ဘယ်လောက်ကြာကြာ ပြုံးပြီးတွေးနေသည်မသိ . . .


“ကိုဘုန်း . .ကိုဘုန်း . . ဘာဖြစ်နေတာလည်း . . နန်းကို ပြုံးပြီးစိုက်ကြည့်နေတာ ၅ မိနစ်လောက်ရှိနေ ပြီ” နန်းငယ် အဲ့လိုလည်းပြောလိုက်ရော ငဘုန်း သတိပြန်ဝင်လာသည်။

“အော် . . အင်း . .ဘာမှမဟုတ်ပါဘူးကွာ . . နန်းကို အူမြူးနေတာကိုကြည့်ပြီး . . ကိုဘုန်း နန်းငယ် ကို စချစ်တုန်းက အကြောင်းတွေကို ပြန်တွေးမိသွားလို့ပါ”

“ဟွန့် . . ဖြစ်ရမယ် . . ကိုဘုန်းကတော့ . . ဒီကတော့ လန့်သွားတာပဲ . .နန်းကို ကြောင်တောင်တောင်ကြီး ပြုံးပြီးကြည့်နေတော့”

“ဟ . . ဟ ဖြစ်ရမယ် . . နန်း . .ကိုယ့်ကို ချစ်လား”

“ဟင် . . ဘာမှလည်းမဆိုင်ဘူး”

“ဟာ . .နန်းမနောက်နဲ့ကွာ . .ချစ်တယ်မလားလို့”

“အင်း . .ထင်တာပဲ” ဆိုပြီး နန်းငယ် ပြုံးစိစိဖြင့် ဖြေလိုက်သည်။ ဒီလိုဖြေပုံလေးကို အသည်းယားလို့ထင်သည် . . ငဘုန်းသည် လက်မြန်စွာဖြင့် နန်းငယ်အား သိုင်းဖက်လိုက်ပြီး . .

“ထင်ဦးကွာ . . ထင်ဦးကွာ” ဆိုပြီး အနမ်းမိုးနှစ်ချက်လောက် နန်းငယ် ပါးပေါ်သို့ ဆင့်ကျသွားသည်။ နန်းငယ် ပါးကလေး ရဲခနဲ နီတက်လာသည်။ 

နောက် . . ‘သွား’ ဆိုပြီး ငဘုန်းကို တွန်းထုတ်လိုက်သည်။

"ကိုဘုန်း . .တော်တော် ဆိုးတယ်ကွာ” ဆိုပြီးမျက်နှာလေးကို အောက်ချလျက် ရှက်သွေးဖြာနေလေသည်။ ငဘုန်း သည် နန်းငယ် ရှက်သွေးဖြာနေပုံကို ကြည့်ပြီး ပါးစမ် နားရွက်ချိတ်ကာ အစွမ်းကုန် ပြုံးကာသဘောကျနေသည်။


“ကဲ .. ကဲ ရှက်မနေနဲ့တော့ . .အချိန်ရှိတုန်း သွားကြရအောင်” ဆိုပြီး နန်းငယ် ၏ ပုခုံးကို သိုင်းဖက်ကာ ဆွဲထူလိုက်သည်။ ဒီနေ့သည် နန်းငယ် တောင်ကြီးမှာ ရှိတဲ့ လည်ပတ်စရာကောင်းတဲ့ နေရာတွေရယ် . .ဘုရားတွေရယ်အပြင် အင်းလေးကန် ဖောင်တော်ဦး ဘုရားပါ လိုက်ပို့မယ်ဆို ပြီးချိန်းထားကြတာဖြစ်သည်။ သူတို့ ပထမဦးဆုံးတောင်ပေါ်က ရုရှားကန်ကို သွားလည်ကြသည်။ နောက် စူငှာမူနိ ၊ တောင်ချွန်း ၊ ကြိုးတံတား စသည့် တောင်ကြီး၏ အထင်ကရ နေရာတွေအားလုံးကိုလျှောက်လည်ကြသည်။ ချစ်သူနှင့် နှစ်ယောက် တည်းအတူ လျှောက်လည်ရသည့်အရသာမျိုးသည် ဟင်းမျိုးပေါင်း တစ်ထောင်နှင့် အခြွေအရံ မောင်းမတော်ပေါင်း တစ်ထောင် နှင့် ပွဲတော် တည်ပြီး တူနေရသည့် အရသာမျိုးနှင့် တူလှသည်။ ချစ်သူနှင့် တစ်နေ့တာ အတူနေ၇သည့် တစ်နေ့တာ အချိန်သည် အလွန်ပင်တိုတောင်း လှသည်ဟုထင်သည်။ သူတို့အခု အင်းလေး က ပြန်ထွက်လာသည်ပင် ည ၇ နာရီတောင် ကျော်နေပြီ ။ နှစ်ယောက် စလုံး၏ စိတ်ထဲတွင်တော့ စောစော ဝင်သွားသော နေလုံးကြီးနှင့် တရွှေ့ရွှေ့ သွားနေသော နာရီလက်တံလေးများကို မုန်းမိ နေမှာ ဧကန်မလွှဲပင်ဖြစ်သည်။


“နန်း . . မခွဲချင်တော့ဘူးကွာ” တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ငဘုန်း၏ စကားသံဖြင့် ဖြိုခွင်းလိုက်သည်။

“နန်း . . လည်းအတူတူ ပါ ပဲ ကိုဘုန်း ရယ်. . ကိုဘုန်း နဲ့အတူတူ နေချင်ပြီ . .ချစ်ခဲ့တာ သိပ်မကြာသေးပေမဲ့ . .နန်းငယ် စိတ်ထဲမှာတော့ ၃ နှစ် ၃ မိုးလောက် ရှိနေပြီထင်တယ် ကိုဘုန်းရယ်” . .

“ အော် . .နန်း ရယ်” . . ဆိုပြီး နန်းငယ် ၏ ခန္ဓာကိုယ်သေးသေးလေးအား ရင်ခွင်ထဲသို့ ဆွဲသွားလိုက်ပြီး နဖူး ပြင်လေးအား ကြင်နာယုယ စွာဖြင့်နန်းလိုက်သည် ။ နောက် နန်းငယ်၏ မေးစေ့ကိုအသာအယာလေး ကိုင်လိုက်သည်။ နန်းငယ် သည် အလိုက်သိစွာဖြင့် သူမ၏ မျက်နှာလေးကို မော့ပြီး ငဘုန်း၏ မျက်နှာလေးအားပြန်လည် ငေးကြည့်လိုက်သည်။ နားထဲမှာ လေတိုးသံ သဲ့သဲ့ကြားနေရသည်။ နှစ်ဦးသားအာရုံတွေသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်အားပေ ။ ကောင်းကင်ပေါ်မှာ ကြယ်လေးများ ဆော့ကစားနေပြီး လမင်းကြီး ကတော့ ပြုံးပြီးကြည့်နေသည်။



“ ဟေ့ကောင် . . ငဘုန်း လိုက်ခဲ့ကွာ မင်းကလည်း ဒီသူငယ်ချင်းတွေနဲ့ ပဲသွားမယ့်ဟာကို” . . ကိုအောင် က ငဘုန်းကို လှမ်းငှောက်ပြီး ပြောလိုက်သည်။

“ ငါ . . မလိုက်ချင်ဘူးကွာ . . ညနေ ငါ့ကောင်မလေးနဲ့ တွေ့ရအုန်းမယ်ကွ” .

“မင်း . . ကလည်းကွာ သူငယ်ချင်းတွေ လည်းမတွေ့ရတာကြာပြီ . . ဒီနေ့တစ်နေ့ထဲ တွေ့ရမယ့်ဟာကို လိုက်ခဲ့စမ်းပါကွာ . . မင်း ကောင်မလေးကို ဒီနေ့မလာတော့ ဘူးလို့ တစ်ယောက်ယောက် နဲ့မှာထားပြီးပြောခိုင်းလိုက် ဟုတ်ပြီလား”

ငဘုန်းတွေေ၀ သွားသည် ။ ဟုတ်သည် ဒီကောင်တွေ နဲ့လည်း မတွေ့ရတာ အတော်ကြာပြီ ပြီးတော့ ဒီကောင်တွေ နဲ့ တွေ့လျှင် အရမ်းလည်းပျော်စရာကောင်းသည်။ ကြာပါတယ်ကွာ . . ငါ ငအောင်တို့နဲ့ပဲလိုက်သွားတော့မယ် လို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်သည်။ နန်းငယ်ကို နောက်နေ့ကြမှ ပဲ တောင်းပန်တော့မယ်။

“အေးကွာ . . ငါလိုက်ခဲ့မယ်” ငဘုန်း အဲ့လိုလည်းပြောလိုက်ရော . . ငအောင်ပျော်သွားပြီး . .

“အေး . . အဲ့လိုလုပ်စမ်းပါကွာ . . ဟိုကျရင် မင်းပျော်ရမှာပါ . . ငါတို့ ဟိုမှာ ကဲ ဖို့ အားလုံးပြင်ဆင်ထားတယ်” . . လို့ပြောပြီး ပြုံးစစဖြင့် ငဘုန်း ကျောကို တစ်ချက်ပုပ်လိုက်သည်။ ငအောင် တို့ စီစဉ်ထားသည်ဆိုသည်မှာ ကလောဟိုတယ် တွင် သူငယ်ချင်းတွေ ဆုံကြပြီး ဟိုမှာ ကဲကြဖို့ပင်ဖြစ်သည်။



ငဘုန်းတော်တော် ပင် မူးနေလေပြီ . . လျှာလေး . .အားလေး ဖြင့် စကားပြော သံပင် မမှန်ချင်တော့ ။

“ ဟေ့ကောင်တွေ . . ငါတော်ပြီကွာ . . သွားအိပ်တော့မယ် . . ငါ့အခန်းလိုက်ပို့ပေး” လို့ ငဘုန်း ကသူ့ သူငယ်ချင်းများ ကိုလှမ်းပြောလိုက်သည်။ ငဘုန်း အဲ့လိုလည်းပြောလိုက်ရော သူ့သူငယ်ချင်းတွေ က ပြုံးစစဖြင့်

“မင်း သွားအိပ်ချင်လည်း အိပ်တော့ လေ ဒါပေမယ့် . . မင်းအိပ်နိုင်ဦးမယ် မထင်ဘူး” . . မင်းအတွက် ငါတို့ တစ်ခုစီစဉ်ပေးထားသေးတယ် . . မင်းအခန်းထဲမှာစောင့်နေတယ်” လို့ ငအောင် ကလှမ်းပြောလိုက်သည်။

“ဘာလည်းကွ . . ဘာကိုစီစဉ်ထားတာလည်း . . မင်းတို့ အဲ့ဒီအကျင့်တွေ မပျောက်သေးဘူးလားကွဟေ” လို့ ပြန်အော်လိုက်သည်။

“ဟား . . ဟား . . ဟား .. ကဲ သွားမှာသာသွားပါကွာ . . မင်း အစမ်းလေ့ကျင့်တယ်လို့သဘောထားလိုက် ဟုတ်ပြီလား” လို့ဆိုပြီး ငအောင်ပဲ သူ့ကိုတွဲလိုက်သည်။ ငဘုန်း စိတ်ထဲမှာတော့ အေး ဟုတ်သား . .အစမ်းလေ့ကျင့်တာ . .အေ့ . .ဟုတ်တယ် ငါ အစမ်းလေ့လာရမယ်ဆိုပြီး ယိုင်တိုင်တိုင်နဲ့ ငအောင် တွဲတဲ့နောက်ပါသွားလေသည်။



အခန်းထဲတွင် မီးလေး မှိန်မှိန်လေး ထွန်းထားသည်။ အရာရာသည် ဝိုးတိုးဝါးတား ဘာမှကို သဲသဲ ကွဲကွဲ မမြင်ရပေ။ ငဘုန်း အားရုံစိုက်လျက် ကုတင် ပေါ်သို့ လှမ်းကြည့်လိုက်သည် ။ ကုတင်ပေါ်တွင် လူတစ်ယောက်လှဲ နေသည်လား ဒါမှ မဟုတ် ဖတ်ခေါင်းအုံး ပဲလားမသိ။ ငဘုန်း ဖြေးဖြေးချင်း ကုတင် နားသို့ တိုးကပ်သွားသည်။

“ခစ် . . ခစ် . . ခစ်” ဆိုပြီး ရယ်သံလွင်လွင်လေးကိုကြားလိုက်ရသည်။ ငဘုန်းပြုံးလိုက်သည် နောက် ကုတင်ဘေးတွင်ကပ်ထိုင်လိုက်ပြီး ဆွဲပွေ့လိုက်သည်။ နောက် သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ နောက် သူ ဘာမှ ဆက်လက် မလုပ်ရှားခင်မှာ ပင် ငဘုန်း ၏ နှုတ်ခမ်း စိုကနဲဖြစ်သွားသည်။ အထိ ၊ အတွေ့ ၊ အနမ်းတွေ က ရင်ဖို ဖို့ကောင်းသည်။ အခန်း ထဲက ပစ္စည်း တစ်ချို့ စည်းချက်ဝါးချက် ညီညီ ကခုန်နေကြသည်။ နောက် အခန်းထဲက မီးမှိန်မှိန်လေး သည် လည်း မကြာခင်ပဲ ဆိတ်သုန်းသွားသည်။



မျက်နှာပေါ် ကျလာသည့် နေရောင်ခြည်ကြောင့် ငဘုန်း နိုးလာသည်။ နိုးနိုးလာခြင်း ငဘုန်း စိတ်ထဲတွင် နန်းငယ် အားတွေ့ချင်သည့် စိတ်တအား ပြင်းပြနေသည်။ ငဘုန်း အိပ်ရာပေါ်က ဆင်းလိုက်သည်။ နောက် ဘေး ကရေချိုးခန်းထဲဝင်ပြီး အိမ်သာခွက်ထဲသို့ ကော့ပန်းလိုက်သေးသည် ။နောက် မျက်နှာသစ်ပြီး မနေ့ ည က အဖြစ်အပျက် တွေကို ပြန်တွေးကြည့်လိုက်သည်။ နောက်သူ ချက်ချင်းပဲ အပြင်သို့ ပြန်ထွက်ပြီး ကုတင်ပေါ်ကိုလှမ်းကြည့်လိုက်သည် ။ သူလန့်သွားသည် . . ကုတင်ပေါ် တွင် ဝတ်လက်စလစ် ဖြင့် သူ့ကိုကျောပေးပြီး ကောင်မလေးတစ်ယောက် အိပ်နေသည်။

သူ တဒင်္ဂမျှ ငြိမ်သွားပြီး ကောင်မလေး၏ အလှတရားပေါ်တွင် မှင်သက်သွားသည်။ သူဘယ်လောက်ကြာအောင် မင်တင်ပြီး ကြည့်နေသည်မသိ ။ ကောင်မလေး ကိုယ်လှုပ်ရှားလာပြီး ဒီဘက်ကို လှည့်လိုက်သည်။ နောက် မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြီးပွင့်လာသည်။

ငဘုန်း ပါးစပ်အဟောင်းသားဖြစ်သွားသည် ။ နောက် နှုတ်ခမ်း တွေ တစ်စက်စက် တုန်ပြီး နှုတ်ဖျားမှ စကာလုံးတစ်ချို့ အန်ကြလာသည်။

“နန်း . .နန်း . .နန်းငယ် . . မင်း . . မင်း . .မင်းဘာလို့ ဒီကိုရောက်နေတာလည်း” လို့ အထစ်ထစ်အငေါ့ငေါ့ဖြင့် မျက်လုံးကြီးပြူးလျက် မေးလိုက်သည်။

နန်းငယ် သည် ပထမတော့ အိပ်ချင်မူးတူးဖြင့် ကြောင်နေသေးသည်။ နောက် ကိုဘုန်း အသံလည်းကြားရော မျက်လုံးပွင့်လာပြီး ဆံစတွေတောင် တူတူငါငါအပြိုင်ထောင်ကုန်ကြသည်။

“ဟင် . . ကိုဘုန်း . . ရှင် . . ရှင် ဒီကိုဘယ်လိုရောက်နေတာလည်း” လို့ ငဘုန်းအား ရွှန်းရွှန်း စားစားပြူးပြူးကြီး ကြည့်ပြီးပြောလိုက်သည်။ ငဘုန်း ကြက်သေသေသွားသည် သူ့ စိတ်ထဲမှာ သူနှင့် နန်းငယ် တစ်ညလုံးပျော်ပါးခဲ့သည်ဟု လုံးဝမထင်ထားခဲ့ပေ . . ။ နောက် နန်းငယ် . . သူ ဘာလို့ ဒီကိုရောက်နေတာလည်း . . ဘာလို့ အဲ့လို သူနှင့် အိပ်ခဲ့တာလည်း . . ဒါမှမဟုတ် နန်းငယ် ဟာ . .နန်းငယ် ဟာ . . သူ ဘာမှ ဆက်မတွေးချင်တော့ပေ . . ။ စိတ်ရှိရှိ နဲ့ နန်းငယ် အား အော်ပြောလိုက်သည်။


“နန်းငယ် . . မင်း မင်း . .အဲ့လိုအလုပ်လည်း လုပ်စားနေတာလား . . .နန်းငယ် ပြောအုံးလေ” . .ရုတ်တရပ် ငဘုန်း ၏ အမေးကြောင့် နန်းငယ် တစ်ကိုယ်လုံး တုန်တက်သွားသည်။

“မဟုတ်ဘူး . . ကိုဘုန်း . .မဟုတ်ဘူး” ဆိုပြီးလက်ကိုကာလျက် မျက်လုံးအိမ်ထဲက မျက်ရည်ကြည်လေးတွေ ဆူဖြိုးလာသာည်။

“ဘာမဟုတ်တာလည်း . . မင်းမဟုတ်တာလုပ်မစားရင် . .မင်းကို ဒီလိုတွေ့ရမှာတောင်မဟုတ်ဘူး . . မင်းကွာ ဒီလောက် ချမ်းသာနေတာတောင် . . ဒီလိုအလုပ်မျိုးလုပ်သေးတယ် . . မင်းတကယ် အောက်တန်းကျတဲ့ မိန်းမပဲ” . . ငဘုန်း ပြောလည်းပြော မျက်ရည်တွေလည်း ပါးပြင်ပေါ်သို့ တစ်ပေါက်ပြီးတစ်ပေါက် စီးကျလာသည်။

“မဟုတ်ပါဘူး . .ကိုဘုန်းရယ် . .အဲ့လိုမဟုတ်ပါဘူး” ဆိုပြီး နန်းငယ် တစ်ယောက်လည်းငိုသံ နှင့် အကြောက်အကန်ကို ငြင်းနေလေသည်။

“အေး . . ဒါဆို . . မင်း . .အဲ့လိုမဟုတ်ဘူးဆိုရင် . . ဘာလည်းပြော .. ဘာလည်းပြောကွာ”

“ကျွန်မ . . ကျွန်မလေ . . ဝါသနာ ပါလို့်ပါ”

“ဘာ . . ဝါသနာ . . ဝါသနာအရ” .. ငဘုန်း ပြောလည်းပြော အံသြမှင်တက်လျက် နောက် မျက်ဖြူကြီးစိုက်လျက်. . . ။


အချိန် (၂) နှစ်ခန့် ကြာပြီးနောက် ... 



“ဘော် ……. ဘော်”

ရထား ဥသြဆွဲသံကြောင့် သူလန့်နိုးလာသည်။ ရထားပြတင်းပေါက်မှ ဘယ်ဘူတာ ရောက်ပြီဆိုသောအကြည့်ဖြင့် ခေါင်းလေးပြူပြီ အပြင်ကိုကြည့်လိုက်သည်။ “ဟာ … ရန်ကုန်တောင် ရောက်ပြီ … ငါတော်တော် အိပ်မောကြသွားတာပဲ” လို့တွေးလိုက်မိသည်။ သူအိတ်တွေကို ခုံအောက်နှင့် ရထားတန်းပေါ်တွင် ထားထားသည်များကို လှမ်းယူလိုက်ပြီး ရထားပေါ်မှဆင်းလိုက်သည်။ နောက် ရန်ကုန်လေ ကိုတ၀ ကြီးရှုလိုက်သည်။ သူ နှခေါင်းရှုံသွားသည် ။ နှာခေါင်းထဲ၌ အေးမြသောလေအေးလေး အစား ပျင်းရှသော ငါးခြောက်နံတို့ သာရှုမိ၏။ သူနည်းနည်းစိတ်ညစ်သွားသည်။ နောက် ထွက်ပေါက်ကိုရှာပြီး အိတ်ဆွဲ၍ ထွက်ဖို့အပြင် သူ့နား ဖြတ်သွားကြသည့် လူများသည် သူ့ကိုကြည့် ပြီးပြုံးစစ လုပ်သွားကြသည်။ သူကိုယ့်ဘာသာကို မလုံမလဲဖြစ်သွားသည်။ နောက်အိတ်ထဲက မှန်ထုတ်ပြီ ကိုယ့်မျက်နှာကို ကြည့်လိုက်မိသည်။ အားးးးးးးး … သူရှက်သွားသည်။ သူညက အိပ်မောကြပြီး သွားရေတွေ အရမ်းထွက်ပြီး လည်ပင်း နားလောက်အထိ အာပုပ်ရေ အဖြူတန်းကြီးကိုတွေ့လိုက်ရခြင်င်းပင်။ ဒါေကြောင့် သူရှေ့က အဒေါ်ကြီး နှစ်ယောက်ကလည်း သူကို့ ပြုံးစစ လုပ်သွားသည်ကို။

သူအလျင်အမြန်ပဲ အားပုပ်ရေတွေကိုသုပ်ပြီး။ ခပ်သုပ်သုပ်ထွက်၍တွေ့ရာ Taxi ကားပေါ်ဈေးတောင်မဆစ်တက်ထိုင်လိုက်သည်။


“အကိုရေ … ဘောက်ထော်ကို မောင်းဗျို့” ကားသမားလည်း ခေါင်းတစ်ချက်ညိတ်ပြီး ချက်ချင်းမောင်းထွက်သွားသည်။ ထိုသူမှာ အချစ်အတွက် ၂ ခါကံခေခဲ့သော ငဘုန်း ပင်ဖြစ်သည်။


“အမေ .. အမေ” ငဘုန်း ခြံပေါက်ဝကနေပြီး လှမ်းအော်လိုက်သည်။

အသံကြား၍လား မသိ အိမ်ဖော်မလေးနှင့် အဒေါ်ကြီး တစ်ယောက် ပြေးထွက်လာသည်။ ထိုအဒေါ်ကြီးသည် ဘယ်သူလည်းဆိုသော အကြည့်ဖြင့် အရင်ကြည့်လိုက်ပြီး “ဟယ် … ငါ့သား လူလေး … ငဘုန်း” ဆိုပြီး ခြံတံခါးဖွင့်လိုက်သည်နှင့် ပွေ့ဖက်လိုက်သည်။ ငဘုန်းလည်း သူ့ အမေကိုပြန်လည်၍ ထွေးပွေ့ထားလိုက်သည်။

“သားရယ် … အမေတို့ကိုတောင် ပြန်လာမယ်ဆိုတာတောင်အကြောင်းမကြားဘူး … ဖုန်းလေးဆက်လိုက်တာမဟုတ်ဘူး လာကြိုမှာပေါ့”

“အော် … အမေရယ် … သားက အမေ့ကို ရုပ်တစ်ရပ်ကြီးအံသြ စေချင်လို့ပါ … အခု အမေ အံသြသွားပြီမလား” အမေသည် ပျော်လွန်း၍သဘောကြပြီး ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။ အမေ အရမ်းပျော်မည်ဆိုလျင်လည်း ပျော်စရာပင်။ သူ အိမ်မပြန်သည်မှာပင် ၂ နှစ်နီးပါး ရှိေနေပြီကိုး။


ငဘုန်းသည် ရထားသည့် ခွင့် ၂ ပတ်ကို ရန်ကုန် မှာရှိသည့် လည်ပတ်စရာရှိ သမျှနေရာအားလုံးကိုနှံအောင် လည်ပစ်လိုက်သည်။ ငဘုန်းသည် အင်းယားကန်ကို မျက်နှာမူ ပြီးတွေတွေကြီးထိုင်နေမိသည် ။ သူတစ်ခုခုတွေးနေသည်။ သေချာသည်က ငဘုန်းသည် ချစ်ခြင်းကို မယုံကြည်တော့ပေ။ သူမိန်းကလေးတွေကိုကိုစိတ်နာသည်။ ဒါကြောင့် စိတ်နာရင်း လွမ်းဆွတ်ရင်း ငဘုန်း သူ့အဖြစ်အပျက်တွေကို ပြန်တွေးတိုင်း ကိုယ့်ကိုကိုယ် ရင်နာလို့မဆုံး နောင်တ ရလို့မဆုံးပေ။ သူ့လောက်ကံဆိုးမည့် သူလည်း ဒီကမ္ဘာမှာရှိမယ်လို့တောင် မထင်ပေ။ သူအတွေးစတို့ဖြတ်လိုက်သည်။ ကန်ဘောင်ပေါ်မှာ ကောင်မလေးတစ်ချို့ တိုနှံနှံ အရောင်သွေးစုံစွာဖြင့် ဝတ်ဆင်ထားကြသည်။

လေပြေတစ်ချို့ ညင်သာစွာ တိုက်ခတ်သွားသည်။ သူလိုက်ကြည့်မိသည် ၊ နောက်ပြုံးမိသည်။ စိတ်ထဲမှာတော့ “အော် … ဒီတဏှာကြော ကမပြတ်သေးပါလားနော်” လို့တွေးလိုက်မိသည်။



ငဘုန်းနှင့် သူ့အမေ တော်တော်ဝမ်းသာနေသည်။ ငဘုန်း တာဝန် နယ်မှာပဲ ထပ်ပြီးကျမည်ထင်တာ ၊ အခု ရန်ကုန်မှာဆို၍ အပျော်ကြီးကို ပျော်နေပါသည်။ 

ထိုအချိန်တွင် ………

“ကြီးမေရေ … ကြီးမေ” ဆိုသောအသံ နှင့် အတူ ကောင်မလေး တစ်ယောက် ချိုင့်တစ်ချိုင့် ဆွဲပြီးအိမ်ထဲသို့ဝင်လာသည်။ ငဘုန်း ထိုကောင်မလေးအား သေချာစွာကြည့်လိုက်မိသည် ။ ထိုကောင်မလေးသည်လည်း ငဘုန်းအားပြန်လည်၍ ပြူးပြီၤးကြည့်နေသည်။ နောက် တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးပြီး ….


“နင် … နင် … နင် ငဘုန်း မဟုတ်လား”

“နင် … နင် ပိန်တာရိုးမ ဟုတ်တယ်မလား” ဆိုပြီး ငဘုန်းပြောလိုက်မိသည်။ ပိန်တာရိုးမလို့သာ ပြောရသည် အခု ဝလို့ဖြိုးလို့ တော်တော် လေးကို စိုစိုပြေပြေနဲ့ အရမ်းကို ဂျွမ်းပြန်လှနေပါသည်။

“အေး … ဟုတ်တယ် … နင်က ဒေါ်ရိုစီဘုန်း ရဲ့ သားလား”

“ဟုတ်တယ် … နင်က ငါ့အမေနဲ့ ဘယ်လိုသိတုန်း” ငဘုန်း ပြန်မေးလိုက်သည်။

“ငါက … ဟိုဘက်ခြံကဟ … ကြီးမေနဲ့ သိတာတော့သိပ်မကြာသေးဘူး… ငါတို့ ဒီပြောင်းလာမှသိတာ”

“အော် ……...ဒါနဲ့ နင့်လက်ထဲချိုင့်က ဘာကြီးတုန်း”

“အော် … အေး လာရင်းကိစ္စတောင်မေ့နေပြီ … ဒီနေ့ ငါတို့အိမ်က နန်းကြီးသုပ် လုပ်စားလို့ အဲ့ဒါ ကြီးမေစားရ အောင်လာပို့တာ”

“ဟာ မိုက်ဒလယ်ကွာ … ငါက နန်းကြီးသုပ်ဆိုအရမ်းကြိုက်တာကွ … ပေးငါ့ကို” လို့ငဘုန်းက ချိုင့်ကိုလှမ်းဆွဲလိုက်သည်။ ပိန်တာရိုးမကလည်း လျင်သည် လျှင်မြန်စွာပဲ ချိုင့်ကိုအနောက်ကိုဝှက်လိုက်သည်။

“ဟဲ .. အဲ့ဒါ နင်စားဖို့ မဟုတ်ဘူး … ကြီးမေစားဖို့” ငဘုန်းသည် ပိန်တာရိုးမ၏ လျင်မြန်မှုကြောင့် အနည်းငယ်ကြောင်သွားသည်။ နောက်သူခံလိုက်ရသည့်အတွက်ကြောင့် စိတ်ထဲမှာ အောင့်သက်သက်ဖြစ်သွားသည်။ ပိန်တာရိုးမ ကတော့ သူမ အနိုင်ရလိုက်သည့်အတွက် “ခစ် ခစ် ခစ်” ဆိုပြီး ရီနေလေသည်။ သူမ၏ ရီ်သံလွင်လွင်လေးရယ် နောက်အမူအယာလေးကို ငဘုန်းသေချာစွာလိုက်ကြည့်နေမိသည်။ နောက်စိတ်ထဲမှာတော့ပြုံးလိုက်မိသည်။ ငဘုန်း၏ အမေကတော့သူတို့ နှစ်ယောက်၏ အမူအယာကိုပြုံးရင်း ကြည့်နေပြီးခေါင်းတညိတ်ညိတ် လုပ်နေသည်။ အမှန် ပိန်တာရိုးမ၏ နာမည်အရင်းမှာ ချယ်ရီ ဖြစ်သည်။ ချယ်ရီ နှင့် ငဘုန်း နဲ့ က ၅ တန်းကတည်းကနေ ၁၀ တန်းအထိ တစ်တန်းတည်း တစ်ခန်းတည်း အတူတူပင်ဖြစ်သည်။ ကျောင်းမှာ သူငယ်ချင်းအရင်းကြီးလိုမပေါင်းခဲ့ပေမယ့် သူငယ်ချင်းလို့ တော့ပြော လို့ရသည်။


၅ လခန့်ကြာပြီးနောက် ……………


နှစ်ယောက်သား ကန်ရေပြင်ကို ကျောပေးပြီး အတွေးကိုယ်စီနဲ့ ငိုင်နေကြသည်။ ဆောင်းလေ အေးအေးလေးဝှေ့ခနဲ ဝှေ့ခနဲ ခတ်ချက်လေး နှင့်အတူ ချယ်ရီ၏ ဆံနွယ်လေးများ တလွင့်လွင့်နှင့် အမည်မသိသောခေါင်းလျှော်ရည် အနံတစ်မျိုးလည်းသင်းပျံလို့နေသည်။ ငဘုန်း ချယ်ရီ မျက်နှာအား ခိုးကြည့်လိုက်သည်။ အားပါးးးးး … တော်တော်လေးကို ရင်ဖိုဖို့ကောင်းပါသည်။ ပန်းနုရောင်သန်းနေသော ပါးမို့မို့လေး ရယ် ဝင်းဝါနေသော လည်းတိုင်ရှင်းရှင်းလေးရယ် နောက်ဖြူဝင်းပေါ်လွင်နေသော ရင်သားပေါ်က အလွှာဆိုင်လေးတွေရယ်။ ငဘုန်း၏ စိတ်များ မည်မျှလှုပ်ရှားသွားသည်မသိပေ။


“ချယ်ရီ … ကို မင်းကိုချစ်တယ်” မုသားလား ၊ ရင်ထဲကစကားလား ဒါမှမဟုတ် သူမ၏ အလှကြောင့်ထွက်ပေါ်လာသည့် တဏှာစိတ်နဲ့ အချစ်လားတော့မသိပါ။ ငဘုန်းပါးစပ်ထဲက လွှတ်ခနဲ တော့ ချစ်စကားလေးထွက်သွားသည်။

“ရှင်” ချယ်ရီရုတ်တရပ်ကြောင်သွားပြီး လန့်သွားသည်။

“ဟုတ်တယ် … ချယ်ရီ ကို မင်းကိုအရမ်းချစ်တယ်” ချယ်ရီ မထင်မှတ်ထား၍လားမသိ အနည်းငယ်မျှ ဆွံအသွားသည်။ နောက် မျက်နှာကို တစ်ဖတ်လွဲလိုက်ပြီး ပြုံးလိုက်မိသည်။ အမှန်တော့ သူမ ငဘုန်းအပေါ် မေတ္တာသက်ဝင်မိသည်မှာ ကျောင်းကတည်းကဖြစ်သည်။ အခြေအနေ မပေး၍ ဝေးကွာခဲ့ကြတော့လည်း ယခု ကံကြမ္မာက မျက်နာသာပေးလာပြန်တော့ ကိုဘုန်း နဲ့ပြန်စတွေ့ကတည်းက သူအပျော်ကြီးပျော်ခဲ့ ၇သည်လေ။ အခု ကိုဘုန်းဆီက သူအကြားချင်ဆုံး စကားများကြားရပြီ။ သူမ ဘယ်လောက်ပျော်နေမလား စဉ်းစားကြည့်ပါ။


“ဟာ … ကိုဘုန်းကလည်းဘာတွေလာပြောနေမှန်းမသိဘူး … ဆိုးတယ်ကွာ” ချယ်ရီ စကားတောင် မဆုံးခင် ငဘုန်း ချယ်ရီရဲ့ လက်မောင်း သားလေးကို အသာအယာဆွဲကိုင်လိုက်ပြီး ရင်ခွင်ထဲ ချယ်ရီ ခေါင်းလေးအား အပ်နှင်းစေလိုက်သည်။ ချယ်ရီ မှင်သက်ပြီး ခဏတာကြောင် သွားသည်။ သူမ ရုန်းထွက်ဖို့လည်းမကြိုးစားမိပါ။ ကိုဘုန်း၏ ရေမွှေးနံ ကြောင့်လား ၊ သူ၏ ကြင်နာမှု အချစ်ကြောင့်ပဲလား မသိ ကိုဘုန်း၏ ရင်ခွင်ထဲတွင်သာ သူမမှေးစက်ချင်နေသည်။ ဒါကြောင့် သူမ မလှုပ်မယှက် ကိုဘုန်း၏ရင်ခွင်ထဲတွင်သာ အသာလေးမှေးစက်ထားလိုက်သည်။

“ချယ်ရီ … ကိုယ့်ကို ချစ်တယ်မလားဟင်” ငဘုန်း သူမ၏ နားနား ကပ်၍အသာလေးမေးလိုက်သည်။ ချယ်ရီသည် ကိုဘုန်း၏ ခါးလေးကို ညင်သာစွာ ဖက်လိုက်ပြီး “ကိုဘုန်းရယ် … လူတစ်ယောက်လုံးတောင် ရင်ခွင်ထဲရောက်နေပြီ … မေးစရာလိုသေးလို့လား … ရှင်ရယ်”

ငဘုန်း ချယ်ရီ မေးစေ့လေးအား အသာလေးဆွဲမလိုက်သည်။ သူတို့နှစ်ဦး တစ်ယောက်မျက်လုံး တစ်ယောက်ကြင်နာစွာ ကြည့်နေမိသည်။ နောက်အကြည့်က တစ်ယောက် နှာတံတစ်ယောက် ၊ ပြီးတော့ တစ်ဦးရဲ့တစ်ဦး နှုတ်ခမ်းဆီ၊ နောက်အသိစိတ်ကလေးတွေ ခဏတစ်ဖြုတ် မီးပျက်သွားသည်ထင် ၊ နှုတ်ခမ်းဖျား နှစ်ခုလုံး နွေးကတည်းဖြစ်သွားသည်။ မီးပြန်လာပြီထင်သည်။

“ကိုဘုန်း … အရမ်းဆိုးတယ်ကွာ” ချယ်ရီ၏ ညုသံလွင်လွင်လေး ငဘုန်း နှာခေါင်းထိပ်နား ဝဲပျံသွားသည်။

သစ်ကိုင်းပေါ်မှာ ငှက်မောင်နှံ ကြင်နာချစ်စကားလေးများ သီကျူးနေကြသည်။ ရေပြင်မှာတော့ ငါးမြွေထိုး နှစ်ကောင် ဘာလုပ်နေမှန်းမသိပေ။ ကုန်းပေါ်မှာ တော့ချစ်လက်စချစ်သူ နှစ်ဦးပလူးနေကြသည်။ အနီးအနားမှာတော့ အတွဲချောင်းသူများ သွားရည် တမျှမျှဖြင့် အလုအယှက် ချောင်းနေကြသည်လေ။



၁ နှစ်ခန့် ကြာသောအခါ ….


Summit Parkview Hotel … “အစိမ်းရောင်ခန်းမ”

မင်္ဂလာပွဲသည် အားလုံး အစိမ်းရောင်တွေဖြင့် မွန်းမံထားသည်။ ထိုင်ခုံ အစွပ် ၊ ခန်းဆီး ၊လိုက်ကာက အစ အားလုံးအစိမ်းရောင်တွေမှ အစိမ်းရောင်တွေချည်းပင်။ မင်္ဂလာချိန်သတ်မှတ်ထားသော အချိန်မရောက်ခင်ပင်။မင်္ဂလာခန်းမတစ်ခုလုံး ဧည့်သည်တွေဖြင့် ပြည့်နေလေပြီ။ နှစ်ဦးနှစ်ဘက်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းဂုဏ်အင်အား ဓနအင်အားတောင့်တင်းမှု ကြောင့်လားမသိ ၊ သတို့သမီးနှင့် သတို့သား၏ လိုက်ဖက် မှုကြောင့်လားမသိ။ မင်္ဂလာပွဲသည် ကြွရွနေသည်။ မင်္ဂလာအချိန်စတင်ပါပြီ ။ မင်္ဂလာ သတို့သမီး နှင့် သတို့သားတို့ ဝင်ပေါက်မှ ဖြည်းဖြည်း ချင်း လှမ်းဝင်လာပါသည်။ သတို့သမီးသည် အစိမ်းရောင် ဂါဝန်ပွပွကြီးအား ဆင်မြန်းထားပြီး ခေါင်းမှာလည်း အစိမ်းရောင် သစ်ခွပန်းအား ပန်ထားသေးသည်။ သတို့သားမှာလည်း တစ်ခါမှမကြုံဘူးသော အစိမ်းရောင်ဖဲသား စတိုင်ပန် ကို အစိမ်းရောင်ဖဲသား Coat နှင့် တွဲဖက်ပြီး ဝတ်ထားသည်။ ဖိနပ်လည်းကြည့် shoes ကိုအပေါ်ကနေပြီ းအစိမ်းရောင် ကတ္တီပါသားနှင့် ထပ်အုပ်ပြီးချူပ်ထားသည်။ ဒီလိုအားလုံး အစိမ်းရောင်တွေ ဖြစ်နေရခြင်းမှာ ချယ်ရီ၏ အကြံညဏ်ပင်ဖြစ်သည်။ ချယ်ရီသည် အစိမ်းရောင်ကို အလွန်ပင်ကြိုက်နှစ်သက်သည်။ ဒါကြောင့် ရူးပေါပေါ ဖြစ်လင့်ကစား သူများနှင့်မတူ အမြင်လည်းထူးအောင် ၊ ပြောစမက်လည်း တွင်အောင် သူကြိုက်နှစ်သက်သည့် အရောင်လည်း သုံးရအောင် စီစဉ်ထားခြင်းဇြစ်သည်။ ချယ်ရီထင်ထားသည့်အတိုင်းပင် ဧည့်သည်များ ပါးစပ်ဖျားမျာ ပြောစမှတ်တော့ တွင်သွားခဲ့သည်။ ဤသည်မှာ စာဖတ်သူတို့၏ စိတ်မှာတွေးထား ၊ ထင်ထားသကဲ့သို့ပင် ……. ။



Summit Parkview Hotel … “Bachelor Night”


ဖွင့်ထားသည့် Air Con ကြောင့်အခန်းသည် အေးမြနေသည်။ နောက်အခန်းတွင်း မင်္ဂလာမောင်နှံအတွက် သီးသန့်ပြင်ဆင်ပေးထားသော အခန်း၏ အဖွဲ့အနွဲ့တွေကြောင့် တော်တော်လေးကို ရင်ဖိုဖို့ကောင်းသည်။ ထူးခြားသည်မှာ အခန်းသည်လည်း အစိမ်းရောင်တွေနှင့် ပင်ဖြစ်သည်။ ချယ်ရီ စီစဉ်တုန်းက မင်္ဂလာဦးအခန်းကို အစိမ်းရောင်တွေချည်းသုံးဖို့မပါဝင်ပေ။ Hotel မန်နေဂျာကို လုပ်မြဲအတိုင်းလုပ်ဖို့သာ မှာကြားထားခဲ့သည်။ အခုလို စီစဉ်ထားမှုကြောင့် ဟိုတယ် မန်နေဂျာကို၏ လပ်(ခ်)မြင်မှုကိုတော့ချျီးကျူးမိပါသည်။ ငဘုန်း၏ အတွေးစတို့ မဆုံးခင်မှာ သတို့သမီးလာပို့သည်ထင်သည်။ ငဘုန်းပျော်သွားသည်။ ငဘုန်းတံခါးသွားဖွင့်လိုက်သည်။ သတို့သမီးသည် ပဝါ အုပ်ထားပြီး ရှက်၍လားကြောက်၍လားမသိ ခေါင်းလေးငုံထားသည်။ သတို့သမီးရဲ့ အနောက်မှာတော့ အုံလိုက်ကျင်းလိုက် ခဲဖိုးတောင်းမည့် သူတို့ သူငယ်ချင်းအုပ်စုပင်။ ငဘုန်းစိတ်မရှည်ပါ ။ ဒါကြောင့် ခေါင်းအုပ်အောက်တွင်ထား ထားသော ပိုက်ဆံအိတ်ထဲမှ လက်နှစ်ဆုပ်စာ ယူ၍ကျဲ လိုက်သည်။ ၁၅ သိန်းလောက်တော့ရှိမည်ထင်။ 

ယခု အခန်းထဲတွင် သူတို့ နှစ်ဦးတည်းသာရှိတော့သည်။ သတို့သမီးသည် ကုတင်ဘေးတွေ ဇာပဝါ အုပ်၍ထိုင်နေတုန်းပင်။ ငဘုန်း သတို့သမီးနားကပ်၍ ပဝါကိုအသာအယာဆွဲမ လိုက်သည်။ သတို့သမီး၏ မျုက်နှာလှလှလေး ပေါ်လာသည်။ နောက် သူမ၏ပါးမှ အရောင် တစ်လက်လက် ဖြတ်ပြေးသွားသည်။ အရမ်းလှပါဘိ သတို့သမီးရယ် လို့ငဘုန်းစိတ်ထဲမှာ တွေးလိုက်သည်။ သတို့သမီးသည် ရှက်လို့ထင်သည်။ ခေါင်းကိုသာတွင်တွင်ကြီးငုံထားသည်။ ငဘုန်းသည် သတို့သမီး၏ ပုခုံးကို ကိုင်ပြီး ဘေးတွင်ဝင်ထိုင်လိုက်သည်။ နောက် မေးစေ့ကိုညင်သာစွာကိုင်လိုက်သည်။ သတို့သမီးသည် အလိုက်သင့်လေးပဲ ငဘုန်း၏ မျက်နှာအား မော်ကြည့်လိုက်သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံမိသွားသည် ။ သေချာသည်က နှစ်ဦးလုံး ရင်တွေခုန်နေမိမှာ အမှန်ပင်။ ပတ်ဝန်းကျင်တစ်ခုလုံး နည်းနည်းစိုစွတ်သလိုခံစားမိလာသည်။ ဟုတ်မည် အနမ်းမိုးတွေကြောင့် ဖြစ်မည်။ မိုးတွေသိပ်သည်း လာပြီထင် မိုးရေတွေကြား လူနှစ်ယောက် လူးလွန့်နေကြသည်။ မိုးရေကြောင့် မွေ့ယာသည်လည်း လှိုင်းအနည်းငယ်ထနေလေပြီ။ အခန်းထဲက မီးရောင်သည်လည်း ဖြေးဖြေးချင်းမှိန်လာသည်။ သိပ်မကြာလိုက်ပါ … အသံတစ်သံ …


“ဟာ … ငါ့ဟာ .. ငါ့ဟာ .. မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး” လုံးဝမဖြစ်နိုင်ဘူး ဟိုတစ်နေ့ကလေးတင် အကောင်းကြီးရှိသေးတယ်။ ငဘုန်း တစ်ယောက် ချွေးသံ တစ်လုံးလုံးဖြင့်ခေါင်းကိုသာတွင်တွင်ကြီးခါနေပြီး ပါးစပ်ကလည်း ထပ်ခါတလည်းလည်း “ငါ့ဟာ .. ငါ့ဟာ” လို့သာ တွင်တွင် ကြီးပြောနေသည်။ ချယ်ရီသည် ပထမတော့ ကြောင်ပြီးကြည့်နေသေးသည်။ နောက် အသိလေးပြန်ဝင်လာကာ …

“ရှင် .. ရှင် ယောကျ်ားမဟုတ်ဘူး .. ယောကျာ်းမဟုတ်ဘူး … အခြောက်ကြီး .. အခြောက်ကြီး” ဆိုပြီးချယ်ရီရဲ့အသံ။ သူမအသံ တုန်နေလေပြီ။ ငဘုန်းတစ်ယောက်သည်လည်း သွေးပျက်နေပြီ။ “မဟုတ်ဘူး … ငါ အခြောက်မဟုတ်ဘူး .. မဟုတ်ဘူး .. သွားပြီး သေပြီထင်တယ် … ငါ့ဟာ သေပြီထင်တယ်” လို့သာဆက်ပြောပြီး ခေါင်းကိုသာ တွင်တွင်ခါပြီး မျက်လုံးအိမ်မှာလည်း မျက်ရည်တွေ အပြည့်နှင့် အနမ်းမိုးမှသည် အဆွေးမိုးလား ၊ တောင့်တခြင်းမိုးလား ၊ ဘာမိုးလည်းတော့မသိတော့ပေ။ သေချာသည်က Bachelor Night ကတော့ဖြင့် သွားရှာပြီလေ။


~ ပြီးပါပြီ ~


တစ်ချန်ကကျွန်တော်

No comments: