ကောင်မလေးတစ်ယောက်နှင့် ကျွန်တော် ဘာမှမဆိုင် ညာမဆိုင် တည့်တည့်ကြီး တမင်တကာ ဆုံမိပါ၏။ ဤသည်မှာ ဝတ္တုတစ်ပုဒ်၏ ဇတ်လမ်းအစ ဖြစ်သွားပြီး အဆုံးလည်းဖြစ်သွားပါသည်။ ဆိုလ်ိုသည်မှာ ဝတ္တုမှာ အစကတည်းက ဇတ်လမ်းသည် ဇတ်ကွက်မရှိ သရုပ်ဆောင်မရှိနှင့် ဆုံးသွားသောကြောင့်ပင်ဖြစ်သည်။ ထိုကြောင့် ဇတ်ကွက်မရှိ၍ သရုပ်ဆောင်ရှိရန်မလိုအပ်ခြင်းဖြစ်သည်။ သို့ပေမယ့် ဘဝရှိသည် ခံစားမှုရှိသည် ခံစားမှုကို ပေးသော စိတ်ရှိသည် လူရှိသည်။ ထိုလူသည် ကျွန်တော်ဖြစ်ပြီး ဇတ်လမ်းသည် ကျွန်တော်၏ စိတ်ပင်ဖြစ်၏ ဖန်တီးမှုသည် သူမ၏ မထိတထိ အနမ်းလို့ဆိုပါရစေ။
သူမသည် ကိုရီယားလို ၊ ဂျပန်လို ၊ တရုတ်လို ၊ နီဂရိုးလို … မိန်းမတစ်ယောက် အတိုင်းလှပါသည်။ အလှဆိုသည်မှာ ကြည့်သူ၏ မျက်လုံးတွင်ပင်ရှိ၏ ။ ထိုစကားကို ကျွန်တော်အခုပင်ငြင်းလိုက်ပါသည်။ ကျွန်တော်အခု ပြောနေတဲ့ သူမ (သို့) မိန်းမတစ်ယောက်၏ အလှဆိုသည်မှာ ဤစာကို ဖတ်နေသူများထံတွင်သာရှိပါသည်။ ထိုကြောင့် ကျွန်တော့် ဇတ်ကောင် (သို့) သူမ အလှအား အကောင်းဆုံးဖြစ် အောင်မွန်းမံပေးကြပါ။ ကျွန်တော် သူမ ကို ကျွန်တော်၏ မျက်စိထဲမှာကော ၊ ကျွန်တော်၏ စာသားထဲမှာကော အလှပဆုံး ဖြစ်စေချင်လို့ပင်။ အလှပဆုံး မွန်းမံဖို့ ငြင်းဆန်မည်ဆိုလျင်လည်း သင်၏ သဘောအတိုင်းပင်။
မိန်းမတို့၏ အကောင်းဆုံး အပိုင်နိုင်ဆုံး ဘာသာရပ်မှာ မာယာ ပင်ဖြစ်သည်လို့ ကဗျာဆရာ တော်တော်များများ ဆိုကြပေလိမ့်မည်။ ထိုအခြင်းအရာကိုလည်း ကျွန်တော် ထပ်မံငြင်းလိုက်ပါသည်။ သူမသည် မာယာဆိုသော ပညာရပ်ကို သင်ကြာဖူးသေးခြင်းမရှိသော သိုးမလေးတစ်ကောင်သာ ဖြစ်သည်။ မိတ်ဆွေတို့ ထိုအရာသည် မာယာ တစ်မျိုးဟု အတင်းငြင်းမည်ဆိုလျင် ကျွန်ုပ်ပြိုင်ငြင်းနေမည်မဟုတ်ပေ။ အငြင်းအခုန်စကား များကြောင့် သူမ မာယာဆိုသော အတတ်ပညာကို တီးခေါက်မိသွားမှာ စိုးသောကြောင့်ပင်။
မိန်းမတို့၏ အကောင်းဆုံး ဆွဲဆောင်မှုအကောင်းဆုံး အရာတစ်ခုမှာ အသံပင်ဖြစ်သည်။ ကျွန်တော်ပြောခြင်း မဟုတ်ပါ။ ရှိတ်စပီးယား ကလေးလေးဘဝက ပြောထားခြင်းဖြစ်သည်။ မြန်မာတို့သည် ကလေးစကားအား အမှန်လို့ ယူစတတ်ကြသည်။ ထိုကြောင့် ရှိတ်စပီးယားစကား အား အမှန်လို့ယူစလိုက်ကြပါ။ မယူစချင်ပါက မျက်လုံးမှိတ်ပြီး ကျွန်တော့်အား အားနာသောအားဖြင့် ယုံကြည်ပေးလိုက်ကြပါ။ ကျွန်တော်အားလုံးကို ဂါဝရပြုပါသည်။ သူမ၏ အသံသည် တရုတ်သံလိုလို၊ ဂျပန်သံလိုလို၊ အင်္ဂလိပ်အသံလို၊ ရှမ်းသံလိုလို …. ဘာသံလိုလို ညာသံလိုလိုနှင့် မိန်းမတစ်ယောက်၏ အသံပင်ဖြစ်လို့နေ၏။ ဒါကိုက အရမ်းစိတ်ဝင်စားဖို့ ကောင်းသည်ပင်မဟုတ်လား။ ထိုအသံများကိုပင် ဆန့်ကျင်ဖက်လိင် နှစ်ခု၏ ပေါင်းစည်းခြင်း သင်္ကေသာပင်ဖြစ်သည်။ မိတ်ဆွေ ငြင်းဖို့ ထပ်မကြိုးစားပါနှင့်။ ထိုအသံများနှင့်ပင် သူမ ကျွန်တော့်အား ကောင်းကောင်းမွန်မွန် ဧည့်ခံပြီး အိမ်အပြန်လက်ဆောင်ထည့်ပေးလိုက်သည်။ အခု ထိုလက်ဆောင်ကို ကျွနုပ် တယုတယ ဖွင့်ကြည့်နေခြင်းပင်ဖြစ်သည်။ မိတ်ဆွေ ကျွန်တော်ရလိုက်သော လက်ဆောင်အား မြင်ပါ၏လော။ မမြင်လျင်လည်း မမြင်မြင်အောင်ကြည့်လိုက်ပါ။ ဖြေးဖြေးဖွင့်ကြည့်ပါ ပစ္စည်းသည်အရမ်းတန်ဖိုးရှိသည်။ ထိုကြောင့် သတိကွဲတတ်သည်။
ဤတွင် အအေးဓါတ်လေး စိုစွတ်ခြင်း မစွတ်ခြင်း၊ သူမ၏အလှ သူမ၏အသံ၊ သူမ၏ အနမ်းငွေ့ငွေ့လေးနှင့် ဆောင်းမဖြစ်တဖြစ်ခြင်းနှင့် ဝတ္တုဟု ခေါ်ဆိုထိုက် မထိုက်အပေါ် ၊ ခံစားမူရှိ မရှိ စာဖတ်သူတို့ရဲ့ ဝေဖန်ခြင်း မဝေဖန်ခြင်း၊ တို့အား အရေးတယူပြုလျက် …. မိတ်ဆွေဤနေရာတွင် ဇတ်လမ်းပြီး၏။ ဤသည်ကား မြန်မာကား များ၏ ဇတ်သိမ်းခန်းပင်ဖြစ်သည်။ ဒါကြောင့် မိတ်တွေတို့ ဝေး လို့အော်ပြီး ၊ ခုန်ချင်တဲ့သူခုန်၊ ဖက်ချင်တဲ့သူဖတ်နေပြီး လက်ခုပ်တီး ချင်သူများက တီးနေလိုက်ပါ။ ဘာကြောင့်ဆိုသော သင်တို့သည်လည်း ကျွန်တော့်၏ စာဖတ်ဇတ်ကောင်များဖြစ်နေသောကြောင့်ပင်။
#တစ်ချိန်ကကျွန်တော်
.jpeg)
No comments:
Post a Comment