နင့် ကြောင့် ငါအဆင်ပြေသွားတယ် ။
နင် ကူညီလို့ ငါအောင်မြင်တာ ။ နင် ရပ်တည်ပေးလို့ ငါ ဒီလောက်ထိလုပ်နိုင်တာ ။ နင် မရှိရင် ငါ တစ်ယောက်တည်း ဘယ်လိုဖြတ်ကျော်ရမလည်း မသိဘူး ။ နင် ချစ်ပေးလို့ ငါ့ဘဝ လုံခြုံတာ။ နင် မလုပ်ပေးရင် ငါ သေဖို့ပဲရှိတယ် ။ နင့် ကြောင့် ငါ့ ဆန္ဒလေး ပြည့်ဝ သွားပြီ ။ နင် ရှိ နေလို့ ငါ နေပျော် နေတာ ။
သူတို့တွေ သုံးခဲ့သည့် "နင်" ဆိုသည့် နာမ်စား က ကျွန်တော်ပင်ဖြစ်သည်။ ကျွန်တော့် ကြောင့် အဆင်ပြေ ပျော်ရွင်ကြပြီး အောင်မြင်သွားသည်ကို မြင်ရတာဝမ်းသာပါသည်။ ကျွန်တော် သူတို့ကိုကြည့်ပြီး ပျော်ရွင်ရသည်၊ အားကျရသည်။ သူတို့မှာ အခက်အခဲ ရှိတိုင်း လိုအပ်တိုင်း "နင်" ဆိုသည့် ကျွန်တော်ရှိသည်လေ ။ ဒီ နာမ်စားက ကျွန်တော့် အပိုင်ပေါ့ ။
ဒါကြောင့် ကျွန်တော်အတွက် ကျွန်တော်သည်ပင် ရှိသည်။ ကျွန်တော်လဲပြိုကြသည့်အချိန် ၊ ကျွန်တော် အကူအညီလိုသည့်အချိန် ၊ ကျွန်တော် ချစ်ခြင်းမေတ္တာတွေ လိုအပ်ချိန် ကျွန်တော့်အတွက် ဘယ် နာမ်စားက ကျွန်တော့်နား ရောက်လာမလည်း ။ ကျွန်တော်လည်း "နင်" တစ်ယောက်လောက် ရှိချင်တာပေါ့ ။ "နင်" ဆိုတဲ့ ကောင်ကို ယုံကြည်အားကိုး ချင်တာပေါ့ ။ အချိန်တွေကလည်း တနှစ်ပြီး တစ်နှစ် ကုန်မြန်လိုက်တာ ။ "နင်" ဘယ်များရောက်နေလည်းကွယ် ။

No comments:
Post a Comment