Tuesday, August 20, 2024

~ ကျွန်တော် ရေးခဲ့ဖူး သောပေါက်ကရ ကဗျာ များ (၁) ~

 



ကျွန်တော် တိုတိုထွာထွာများ စတင်ရေးခဲ့သည် ကာလသည် ၁၉၉၈ ဝန်းကျင်ဖြစ်မည်။ ၈ တန်းအရွယ်မှ စ၍ ဟိုခြစ်သည် ခြစ် နှင့် ဘာမှန်း မသိသော ကဗျာ ပေါင်းစုံများကို ရေးသားခဲ့သည်။ ထိုကာလက ကဗျာ ရေးနိုင်သည့် ကောင်က အကောင်ပင် ။ ကဗျာ ၁ ပုဒ် စမူဆာ (၃) ခုနှင့် လဲစားခဲ့သည့်ကာလ အခိုက်အတန့်များပင်။ ဖတ်လိုက်ရသည့် ကဗျာစာအုပ်များ နှင့် ခိုးချခဲ့ဖူးသော ဆရာမင်းလူ ၊ မောင်လှမျိုး (ချင်းချောင်းခြံ) အစ နာမည်ကြီး ကဗျာဆရာ စာရေးဆရာ တို့၏ ကဗျာများကို ဖြတ်ကပ်ညှပ်လုပ်ပြီး ဆရာကြီးလုပ်ပြီး စမူဆာ (၃) ခုနှင့် ရောင်းခဲ့သည့် ကျွန်တော် ပင်။ ဆရာဖေမြင့် နှလုံးသား အဟာရ စာစုများကို အလွတ်ကျက်၊ တီထွင်ဖန်တီးမှုများ ဆိုပြီး စာအုပ်များထဲမှ တီထွင်မှု နှင့် တီထွင်သူများ ကိုဖတ် မှတ် ပြီးလျှင် ဒေါင် ဆိုင်မှာ အာကျယ်ခဲ့ကြသည့်အချိန်။ ဝိဇ္ဖာ ၊ ဘိုဘို နှင့် တွတ်ပီက ကျွန်တော် ကြိုက်နှစ်သက်သော ရုပ်ပြများ ဖြစ်ခဲ့ပြီး။ သိုင်း၀တ္တု မြောက်များစွာ ဖတ်ခဲ့ခြင်းသည် ကျွန်တော်၏ စာပေ အပေါ် စိတ်ဝင်စားမှု အစပင်ဖြစ်သည်။ ထိုသိုင်း ၀တ္တုများထဲမှ အကြိုက်ဆုံး စာကြောင်းမှာ "မည်သို့ မည်ပုံလုပ်လိုက်သည် မသိ" ဟုသော စာစုပင်။ ယခု ကျွန်တော်၏ မည်သို့မည်ပုံ ရေးခဲ့သည် မသိသော ပေါက်ကရကဗျာများအား အဓိပ္ပာယ်ဖွင့်ဆို ကြည့်ချင်သည်။ 


~  သေချင်း ဆိုးကောင် ~ 


ပျော်ရွင်မှုတဲ့ …

ဒီကောင်က ကျွန်တော် အိပ်နေတုန်း

ထထ ယောင်တဲ့ကောင် … ။


ဒီကောင်က

ကျွန်တော် အိပ်နေတုန်း

ပေတရာ လမ်းထွက် ညည့်ငှက်မယ်နဲ့

ပျော်တဲ့ကောင် … ။

Night Club သွား

သောက်စားပျော်ယစ်

ကခုန်နေတဲ့ ကောင်… ။


ဒီကောင်က အသိတွေ့ရင်

ခပ်တည်တည်နဲ့ တရားဓမ္မာ

ရှာဖွေနေသလိုလို

လောကီကို စိတ်ကုန်နေသလိုလို

ခါးကြားထဲ ဘီယာ ပုလင်းနဲ့

ကြောင်ချီးလိုမျိုး ပျော့ပျော့လေး

အနံပြင်းတဲ့ကောင် … ။


ဒီကောင်ပေါ့ … အဲ့ဒီကောင်ပေါ့

ငါ့အိပ်မက်တွေ

ဈေးပေါပေါ နဲ့ ရောင်းစား

ဦးနှောက် ဆဲလ်တွေ ဖျက်ဆီးနေတဲ့ကောင်

မျက်တွင်းဟောက်ပက်နဲ့ ငါ့အချိန်တွေ

ခိုးစားနေတဲ့ကောင်။

ကြက်သတုန်း ကောင် … သေချင်းဆိုးကောင် ။

မြွေပွေးကိုက်ကောင် … ။


မိမိပေးထားသော ကဗျာခေါင်းစဉ်က "သေချင်းဆိုးကောင်" ။ ခေါင်းစဉ်ဖတ်လိုက် ယုံနဲ့ ကျွန်တော် ဘယ်လောက်တောင် နာကျည်းချက်တွေ နဲ့များ ရေးခဲ့ပါလိမ့်ဟု တွေးမိသည်။ ပေးစရာရှားလို့ "သေချင်းဆိုးကောင်" တဲ့ကျောချမ်းစရာ နာမည်ပင်။ 


ပျော်ရွင်မှုတဲ့ …

ဒီကောင်က ကျွန်တော် အိပ်နေတုန်း

ထထ ယောင်တဲ့ကောင် … ။


အိပ်နေတုန်းချိန် ကျွန်တော်၏ ပျော်ရွင်ခြင်းတွေက ထယောင်ခဲ့သည်ပေါ့လေ။ မအိပ်တဲ့ အချိန်က ပျော်ရွင်မှုတွေ ဆိတ်သုန်း နေခဲ့သလား။ ကျွန်တော်က လက်တောက်လောက် အရွယ်ကတည်းက ပျော်ရွင်မှုတွေက ပျောက်ဆုံးခဲ့လေသလား။ ပျော်ရွင်မှုက ညဘက်အိပ်မှသာ ထယောင်သည်တဲ့။ သနားစရာ ကျွန်တော်ပါလေ။ 


ဒီကောင်က

ကျွန်တော် အိပ်နေတုန်း

ပေတရာ လမ်းထွက် ညည့်ငှက်မယ်နဲ့

ပျော်တဲ့ကောင် … ။

Night Club သွား

သောက်စားပျော်ယစ်

ကခုန်နေတဲ့ ကောင်… ။


ဒီအပိုဒ်က ကျွန်တော်က တကယ့် အလာကြီးပင်။ ကျွန်တော်၏ ပျော်ရွင်ခြင်းဆိုသည့်ကောင်က အိပ်နေတုန်း ခိုးထွက်ပြီး ညည့်ငှက်မယ် နဲ့ တောင်သွားပျော်သည်တဲ့။ ဒါမျိုးကျတော့ ကျွန်တော့်ကိုပင် မနိုး။ ပျော်ရွင်ခြင်းတွေက တော်တော် သစ္စာမရှိခဲ့သည်လေ။ သူတော့ အိပ်နေတုန်းခိုးပျော်ပြီး ကျွန်တော်က ဘာဖြစ်ဖြစ် ပျော်စရာမလိုဘူးဆိုသည့် သဘောအလား။ "အမယ် .. ဒီကောင်က ညည့်ငှက်မယ် နဲ့တောင် ပျော်ပါးပီး မ၀ သေးဘူး night club သွားပြီး သောက်စား ပျော်ပါးလိုက်သေးသည်" ။ တယ် .. ဟန်ကျခဲ့သည် ငါပါပဲလေ။ ကျွန်တော်တောင် ကဗျာထဲက ပျော်ရွင်ခြင်းဆိုသည့် ကောင်ကိုအားကျပါဘိ။ ဒီကောင် အဲ့လိုတွေ ညညထွက်ပြီး ပျော်ပါး သောက်စား ကဲနေတော့ ပျော်ရွင်ခြင်းတွေက တစ်နေကုန်အိပ်မောကျနေတာဖြစ်မည်။ ဒါကြောင့် ကဗျာထဲက ကျွန်တော်က စိတ်တိုနေခြင်းဖြစ်မည်။


ဒီကောင်က အသိတွေ့ရင်

ခပ်တည်တည်နဲ့ တရားဓမ္မာ

ရှာဖွေနေသလိုလို

လောကီကို စိတ်ကုန်နေသလိုလို

ခါးကြားထဲ ဘီယာ ပုလင်းနဲ့

ကြောင်ချီးလိုမျိုး ပျော့ပျော့လေး

အနံပြင်းတဲ့ကောင် … ။


ဒီပျော်ရွင်ခြင်းကောင်က ခေသူတော့မဟုတ်ပေ။ ၁ ညလုံး ပျော်ပါးသောက်စား နှင့် အသိတွေ့ရင် တော့ ဘုရား နဲ့ တရား နဲ့ဆိုပါတကား။ တော်တော်လည်း တတ်နိုင်သည့် "သေချင်းဆိုးကောင်" ။  တော်တော်မျက်နာများတဲ့ မာယာ နဲ့ ပျော်ရွင်ခြင်းပါတကား။ လောကီကို စိတ်ကုန်ချင် ဟန်ဆောင်ပြီး နောက်ကွယ်မှာ ဘီယာ ပုလင်းနဲ့ ကြောင်ချီးလို ပျော့ပျော့လေးနဲ့ အနံပြင်းတဲ့ကောင် ။ ထွီး .. အော့ နှစ်လုံးနာစရာ ရွံစရာ ကောင်းသည့် ကောင်ပင်။ 


ဒီကောင်ပေါ့ … အဲ့ဒီကောင်ပေါ့

ငါ့အိပ်မက်တွေ

ဈေးပေါပေါ နဲ့ ရောင်းစား

ဦးနှောက် ဆဲလ်တွေ ဖျက်ဆီးနေတဲ့ကောင်

မျက်တွင်းဟောက်ပက်နဲ့ ငါ့အချိန်တွေ

ခိုးစားနေတဲ့ကောင်။

ကြက်သတုန်း ကောင် … သေချင်းဆိုးကောင် ။

မြွေပွေးကိုက်ကောင် … ။


အိမ်မက်တွေတောင် စျေးပေါပေါ နှင့် ရောင်းစားခဲ့သည်တဲ့။ ဒီကောင် အိမ်မက်တွေ ခိုးရောင်းခဲ့လို ကျွန်တော် မျှော်လင့်ခြင်းတွေ အိမ်ယာမဲ့ ဖြစ်ကုန်ခြင်းဖြစ်မည်။ နောက်ပြီး မျက်ကွင်းဟောက်ပက် ဖြစ်ချေမှာပေါ့ ၁ ညလုံး ပျော်ပါး မူးယစ်သောက်စားနေမှတော့ဖြင့်။ ကြက်သတုန်းကောင် .. သေချင်းဆိုးကောင် .. မြွေပွေးကိုက်ကောင် .. ဒီထက်တောင် ပိုဆဲသင့် သေးသည်။ ကာလနာ .. မြွေပွေးကိုက် .. ဖေတရာ မောင်တစ်ကျိတ် .. တပ်ရင်း အစိတ် .. အလီလီဘာဘာ  နှင့် ခိုးသား ၅၀၀ နဲ့ ဖင်ပြတ်သေမယ့် ကောင် ။ ဒီကောင်က ငါယိုးမ ကောင် ၊ ဖေယိုးမ ကောင် ။ 


တစ်ချိန်ကကျွန်တော် 


No comments: