အခန်း(၁)
တစ်ခါက ရွာတစ်ရွာမှာ စိတ်မနှံတဲ့ ရုပ်ဆိုးဆိုးလူပျိုကြီး တစ်ယောက်ရှိသည် ။ သူအခုလို စိတ်မနှံ ဖြစ်နေရခြင်းအကြောင်းက သူ လူပျိုပေါက် အရွယ်တုန်းက ရှားရှားပါးပါး ကောင်မလေး တစ်ယောက် နဲ့တော်တော် ကြိုက်ခဲ့သည် ။တစ်နေ့ကြတော့ အဲ့ဒီ ကောင်မလေး ဟာ သူ့ထက်သာတဲ့ လူနဲ့ ခိုးရာလိုက်ပြေးသွားသည်။ သူဟာ အဲ့ဒီ ဒဏ်တွေကို မခံနိုင်ပဲ ကောင်မလေး ခရီးထွက်သွားတယ်ပဲ သူ့စိတ်ထဲမှာ ထင်ပြီး မှတ်ထားလိုက်ပြီး သူနဲ့ ရွယ်တူတဲ့ အမျိုးသမီး တိုင်းကို လိုက်ပြီး သူ့ကောင်မလေး နာမည်လိုက်ခေါ်တတ်သည် ၊ နှာဘူးကြ ဖွန်ကြောင်တတ်သည်။ အဲ နောက်ပြီး သူက စိတ်မနှံပေမဲ့ လည်း လောင်းကစားကိုတော့ ခုန်မင်သည် ။ လောင်းကစား ကစားနည်းမျိုးစုံကိုလည်း ကစားတတ်သည် ။ သူဟာ စကားပြောတဲ့အခါမှာ လည်း လောင်းတဲ့စကားမပါရင်မပြောတတ်ဘူး ။ အယ် . . လောင်းလို့ရှိရင် သူကလက်ဖက်ရည် အလွန်ကြိုက်သူဖြစ်တဲ့ အတွက် လောင်းရင် လက်ဖက်ရည် ကြေးပဲလောင်းသည် ။ အဲ့ဒါကြောင့် သူ့ကိုတစ်ရွာလုံးက ကိုလောင်းတီး လို့ခေါ်ကြသည် ။ တစ်နေ့ သူ့ရွာထဲက လူတွေ နဲ့ မြို့ထဲကို လိုက်လာသည် ။ ရွာကလူတွေက သူ့ကို စိတ်သိပ်မမှန်တဲ့အတွက် ခေါ်တော့ မခေါ်ချင်ကြဘူး ။ ဒါပေမဲ့ သူ့ကို သနားတဲ့အတွက် နောက်ပြီး သူပါလာရင် လျှောက်နောက် လျှောက်ခိုင်းလို့ ရတဲ့အတွက် ခေါ်ခဲ့လိုက်သည်။ အဲ့လိုနဲ့ မြို့ထဲရောက်တော့ . . ဘုရားနဲ့ နီးတဲ့ လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှာ ထိုင်ကြပြီး လက်ဖက်ရည်သောက်ကြသည် ။ မြို့ထဲက ဆိုင်တွေက လက်ဖက်ရည်ဆိုင် က လက်ဖက်ရည် ခွက်ဟာ အလွန်သေးတာကြောင့် ကိုလောင်းတီး ဟာ တစ်ခွက်ထဲ နဲ့ မဝဘူးဖြစ်နေသည် ။ အဲ့ဒါကို သိတဲ့ သူတို့ထဲ က ကိုသာအေးဆိုတဲ့တစ်ယောက်က သူ့ကို စ ချင်တာနဲ့ . .
“ ဗျို့ . . ကိုလောင်းတီး . .ခင်ဗျာ လက်ဖက်ရည်မဝသေးဘူးမလား” လို့ မေးလိုက်သည်။ အဲ့လိုလည်းပြောလိုက်ရော ကိုလောင်တီး ခင်ဗျာ ပြာပြာသလဲ “ဟုတ်တယ် . .ကျူပ် မ၀ သေးဘူးဗျ . .ကျူပ်ကို ထပ်တိုက်စမ်းပါဗျာ . .နော့် . .” လို့ ပြန်ဖြေလိုက်သည် ။ ဒီတော့ ကိုသာအေး က . .
“အေး .. မင်းသောက်ချင်ရင် .. ငါခိုင်းသာတစ်ခုလုပ်ပေး . .လုပ်ပေးရင် .. မင်းကို ခွက်ကြီးကြီးနဲ့ တစ်ခွက်ထပ်တိုက်မယ် . . ဟုတ်ပြီလား” လို့ သာအေး က ပြုံးပြုံးစစ ဖြင့်ပြောလိုက်သည်။
“ဟုတ် . . ကျူပ်လုပ်ပေးမယ် .. ဘာလုပ်ပေးရမလည်းပြော”
“ဟိုမှာ တွေ့လား . . ဘုရားဝန်းထဲမှာ အပြာရောင်အင်္ကျီဝတ်ထားတဲ့ ပြန်ထွက်လာတဲ့ အဖွားကြီးကို တွေ့လား” ဆိုပြီး လက်ညှိုးထိုးပြလိုက်သည်။
“ဟုတ်တွေ့တယ်”
“အေး . . မင်းအဲ့ဒီ အဖွာကြီး ကိုသွားပြီး ရည်းစား စကားသွားပြောချေ . . အဲ့ဒါဆို မင်းကို ခွက်ကြီးကြီး နဲ့တိုက်မယ်” . . ကိုလောင်းတီး အဖွားကြီး ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
“ခင်ဗျာ . . တစ်ကယ် ပြောတာနော် . .ဒါဆို ကျူပ်သွားပြောပြီး ဆိုပြီး ငှောက်ခနဲ ထသွားလိုက်သည်။
အခန်း(၂)
အဖွားကြီးသည် အသက် အရွယ်အားဖြင့် ၇၀ လောက်ရှိပြီထင် ။ အပြာရောင် ဝမ်းဆက်ဖြင့် ဆံထုံးထုံးထားသည် ။ သူမ အမွှေးတိုင် ထုပ်လား ဖယောင်းတိုင်ထုပ် လားမသိ ကိုင်ပြီး တရားမှတ်ပြီး ဖြေးဖြေးခြင်း ဂိတ်ပေါက်သို့ ပြန်ထွက်လာနေသည့် ပုံပေါက်နေသည်။
အဲ့ဒီအချိန်မှာ . . .
“ မ မ .. မ မ “ ဆိုပြီးနောက် ကလှမ်းခေါ်သံကိုကြားလိုက်ရသည် ။ သူမ နောက်လှည့်ကြည့်လိုက်သည် ။ အသက်အရွယ်အားဖြင့် ၄၀လောက် ရှိပြီထင်ရသော လူကြီး တစ်ယောက် သူ့ဆီကို ပါးစပ် က ‘မ မ’ လို့ ခေါ်ပြီး လာနေသည် ။ အဖွားကြီးဟာ စဉ်းစားသွားသည် . .ငါ့မှာလည်း မောင်နှမ သားချင်း က သိပ်ရှိတာ မဟုတ်ဘူး . .သူ့ လိုပေးတီး ပေစုပ် လည်း ငါ့ အမျိုးထဲမှာမရှိဘူးလို့ ကိုလောင်းတီး သူမ ဆီ လာနေတာကို ကြည့်ပြီးတွေးလိုက်သည် ။ ကိုလောင်းတီးအနားရောက်တော့ . .
“မ မ .. ဟူးမော လိုက်တာ . . မနည်းဘူးခေါ်လိုက်ရတယ် . .မ မ ကို . . မ မ ကို ကျွန်တော်ပြောစရာရှိလို့ဗျ .. မ ကသိပ်လှတယ်ဗျာ .. အဲ့ဒါ ကျွန်တော် မ ကိုချစ်တယ် . .အဲ့ဒါကြောင့်လိုက်ပြောတာ ။ မ မ က အရမ်းချစ်ဖို့ကောင်းတယ်” လို့အသံ သေးအသံ ကြောင်နဲ့ အော်ပြီး . . ပြောလိုက်သည်။ အဖွားကြီး ပထမ ရုတ်တရပ်ကြောင်သွားသည် . .နောက် သူ့အသက်အရွယ်ကို အဲ့လိုစကားမျိုးပြောခံရတဲ့အတွက် အရမ်းရှက်သွားပြီ .. ရှက်ရှက်နဲ့ ပြန်ဖြေလိုက်ပုံက . . ။
“ အို . . ဘာတွေလာပြောနေတာလည်း . . ကျွန်မ မှာ ယောကျ်ားရှိတယ်ရှင့် . . ရှင့်ကို ကျွန်မ မချစ်ဘူးဆိုပြီး မျက်နှာတစ်ခုလုံး နီပြီး ခေါင်းလေးကို ငိုက်စိုက် ငိုက်စိုက် လုပ်ပြီး အပျိုဖြန်း လေးတစ်ယောက်လို အပြင်ကို ပြေးထွက်သွားသည် ။ အဲ့လိုလည်း ပြေးထွက်သွားရော ကိုလောင်းတီး ခင်ဗျာ အဖွားကြီးပြေးထွက်သွားပုံ ကိုကြည့်ပြီး အနောက်ကနေပြီး . . “အမေငှီး . .ပြေးထွက်သွားလိုက်တဲ့ပုံလေးများ . .လှုပ်စိလှုပ်စိ နဲ့ ဟင်းးးးးးးး . . ဆိုပြီး သက်ပြင်းရှည်ကြီး ကိုချလျက် . . အနီးအနားက လူတွေကတော့ သူတို့အဖြစ်အပျက်ကို ပြုံးစစ ဖြင့်စူးစူး စိုက်စိုက် စိတ်ဝင်စားနေကြသည် ။ ကိုလောင်တီး ခင်မျာ မှာတော့ တိုက်ပွဲ အောင်မြင်သော သူရဲကောင်းတစ်ယောက် နယ် . . ရင်ကော့ ဖင်ကော့ ကာ ဘုရားအပြင်ဘက် လက်ဖက်ရည်ဆိုင်သို့ လက်ဖက်ရည် ခွက်ကြီးကြီး တစ်ခွက်ကိုမြင်ယောက်လျက် . . . . ။
အခန်း(၃)
ကိုလောင်းတီး သည် ယခုဆိုရင် ရွာသာကြီးစိတ်ကျမ်းမာရေး ဆေးရုံမှာ ၅လလောက် ဆေးကုသခံယူပြီးနောက် အခြေအနေ တော်တော် ကောင်းမွန်လျက်ရှိသည်။ မကြာခဏ ကောင်းမလေး ချောချောလေးတွေ မြင်ပြီး စိတ်ထ တတ်တာကလွဲလို့ အားလုံးပုံမှန် အနေအထားတိုင်းပင်။ တစ်နေ့တော့ ကိုလောင်းတီး နဲ့ ဆွေမျိုးနီးစပ်တော်သူ ဆိုပြီး ရှမ်းပြည် ၊ ရှမ်းရွာက ဧည့်သည်တစ်ယောက်ရောက်လာသည်။ ဧည့်သည်ရောက်လာတော့ ကိုလောင်းတီးလည်း ဘုရားတွေ ဘာတွေလိုက်ပို့ ရတော့သည်လေ။ ဘုရားဆောင်းတန်း တစ်နေရာရောက်တော့ မုန့်လက်ဆောင်း ရောင်းနေတဲ့ အထမ်းသည် ကိုတွေ့လို့ ၊ ဧည့်သည်က မုန့်လက်ဆောင်းသောက်ချင်တယ်လို့ဆိုပြီး မုန့်လက်ဆောင်းဆိုင်ထဲကို ဝင်ထိုင်လိုက်ကြသည်။
“မုန့်လက်ဆောင်း နှစ်ခွက်” ဆိုပြီး ဧည့်သည်က လှမ်းမှာလိုက်သည်။ ကိုလောင်းတီး လည်းလှမ်းမှာလိုက်သည်ကို ဘာမှမပြောပဲ မုန့်လက်ဆောင်းသည်ကြီးမုန့်လက်ဆောင်း ခွက်ထဲသို့ထည့်နေသည်ကို သေချာလိုက်ကြည့်နေသည်။ ဖြစ်ချင်တော့ … မုန့်လက်ဆောင်းသည်ကြီး ရုတ်တရပ် နှာချီ လိုက်သည်။ အဲ့ဒီမှာ နှပ်ချီးဖတ် တစ်ချို့ ခွက်တစ်ခွက်ထဲသို့ ဝင်သွားသည်။ မုန့်လက်ဆောင်းသည်ကြီး လည်းထိုအရာကိုမသိလိုက်ပေ။ ဧည့်သည်လည်း ကိုလောင်းတီးကို လှည့်ပြီး စကားလှမ်းပြော လိုက်သည့် အတွက်သူလည်းမသိလိုက်ပေ။ ကိုလောင်းတီးမြင်သည် ။ ဒါပေမယ့် သူကြောင်ပြီး ဒီအတိုင်းကြည့်နေသည်။
“ရော့ … အကိုတို့ မုန့်လက်ဆောင်းရပြီ” ဆိုပြီး ခွက်ကိုလှမ်းပေးလိုက်သည်။ ဧည့်သည်က ဘာမှမသိ လှမ်းယူလိုက်ပြီး ကိုလောင်းတီးကို လှမ်းပေးလိုက်သည်။ ကိုလောင်းတီး လည်း ကောက်ကိုင်လိုက်ပြီး ချက်ချင်းပြန်ချလိုက်သည်။
“ဟင်း … မကြိုက်ဘူးလားဗျ” လို့ဧည့်သည်က လှမ်းမေးလိုက်သည်။ ကိုလောင်းတီးက "မဟုတ်ပါဘူး မသောက်ချင်လို့ပါ ။ အကို ပဲ နှစ်ခွက်လုံးသောက် လိုက်တော့" လို့ပြောလိုက်သည်။ ဧည့်သည်လည်း ဘာမှ ပြောမနေတော့ပဲ နှစ်ခွက်လုံးကို သောက်လိုက်တော့သည်။
ဘုရားဝင်းထဲ ကပြန်ထွက်တော့ … ကိုလောင်းတီးက “ဗျို့ … ကိုအိုက်စော သောက်လို့ကောင်းလားဗျ ဆိုပြီးမေးလိုက်သည်။ ဧည့်သည်လည်း “ဟာ . . တော်တော်ကောင်းတယ်ဗျ ကိုလောင်းတီးရ” ဆိုပြီးလျှာသပ်ပြီးတော့တောင် ပြောလိုက်သေးသည်။ ကိုလောင်းတီးလည်း အဲ့ဒီခါကျမှ သူမြင်တဲ့ ဟာတွေကို ဧည့်သည်အားပြောပြလိုက်သည်။ ဧည့်သည်လည်းကြားကြားခြင်း ပါးစပ်ထဲ လက်ထည့်ကာထိုးအန်တော့သည်။ နောက် ကိုလောင်းတီးကို “ခင်ဗျာ … ဗျာ မြင်ရဲ့သားနဲ့ဘာလို့မပြောတုန်းဗျ” လို့လှမ်းမေးလိုက်သည်။ ဒီတော့ ကိုလောင်းတီးက “အော် . .ခင်ဗျာ ကလည်း ကျူပ်က သူများစားနေ သောက်နေတုန်း အစားအသောက် ပျက်သွားမှာစိုးလို့ မပြောတာပါဗျာ၊လူမှုရေးစိတ်ဓါတ်အပြည့်နဲ့ပါဗျာ ခင်ဗျာကလည်း” . . နောက်ပြီး “ခင်ဗျာ သောက်နေ စားနေတဲ့ မုန့်လက်ဆောင်းဖတ် ကိုကြည့်ပြီး ကျူပ်အိမ်နောက်တွင်း ထဲကဟို လှုပ်လှုပ် နဲ့ကောင်တွေကို တောင်သွားပြီး ပြေးမြင်လိုက်သေးတယ်ဗျ” ဆိုပြီးထပ်ပြော လိုက်သည်။ ဧည့်သည်လည်း နှာခေါင်းတစ်ချက် ရှုံလိုက်ပြီး ခင်ဗျာဗျာ တော်တော်ညစ်ပတ်တဲ့ လူလို့လှမ်းပြောလိုက်သည်။
အခန်း(၄)
ဧည့်သည်လည်း နေရာတော်တော်များများကို လည်လို့ဝသွားတော့ ရှမ်းပြည်ကိုပြန်တော့မယ်ဆိုပြီး ကိုလောင်းတီးကို ပါအလည် တစ်ခါတည်း လိုက်ဖို့ခေါ်ခဲ့သည်။ ဒီလိုနဲ့ ကိုလောင်းတီးလည်း ရှမ်းပြည်ကို အလည်အပတ်လိုက်ခဲ့တော့သည်။ ကိုအိုက်စော တို့ရွာမရောက်ဖို့ ရွာနှစ်ရွာလောက်အလိုမှာ နှစ်ယောက်သား ဗိုက်ဆာတာနဲ့ ထမင်းဆိုင်ကို ဝင်ထိုင်လိုက်ကြသည်။
“ကဲကဲ .. အကိုတို့ ကြွပါ” ဆိုပြီး အသံချိုချိုဝဲ၀ဲ နဲ့ဖိတ်ခေါ်သံကိုကြားလိုက်ရသည်။ ကိုလောင်းတီးလည်း အသံလာရာကို လှမ်းကြည့်လိုက်သည်။ ဆိုင်ပိုင်ရှင်လားတော့မသိပါ … ရှမ်းမို့လို့လား မသိ ရုပ်ကချောသည်လို့ ပြောလို့ရသည် ။အသားဖြူဖြူ အရပ်ရှည်ရှည် အသက်က ၃၅ နီးပါးလောက်ရှိမင်ထင်။ ပြီးတော့ စတိုင်က အပျိုကြီး စတိုင်နဲ့လေ။
“အကို တို့ … ဘာသုံးဆောင်မလည်းရှင့်” လို့အနားနားလာပြီးမေးလိုက်သည်။ ကိုလောင်းတီးကလည်း ခပ်သွက်သွက်ပဲ ဘာရလည်းဗျ ဆိုပြီးချက်ချင်းပြန်ပြောလိုက်သည်။
ဒီမှာ “မူ (အမဲသားဟင်း) ရတယ်" ။ စကားမဆုံးခင်မှာပဲ ကိုလောင်းတီးက “အိုး ဘာမှ မူမနေနဲ့ … ရှက်စရာမလိုဘူးပြော … အကိုတို့ကသဘောကောင်းပါတယ်”ဆိုပြီး လှမ်းပြောလိုက်သည်။ ကိုလောင်းတီး စကားကြောင့် ရုတ်တရပ်ကြောင်သွားပြီး ကိုလောင်းတီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နောက်ပြန်ပြောလို့ မကောင်းလို့ထင်သည်။ နောက်ဟင်းတစ်မျိုးကို ဆက်ပြောလိုက်သည်။
“ပါ(ငါးဟင်း) ရတယ်” လို့ပြောပြီး နောက်တစ်ခွန်းမဟ ခင်မှာပဲ ကိုလောင်းတီးက “အိုး.. ပါလို့်ရတဲ့ဟာတွေ မစားဘူး … စားချင်နင်ပဲစား" လို့ ထပ်ပြောလိုက်သည် ။ ကိုလောင်းတီး စကားကြောင့် ဆိုင်ရှင်အပျိုကြီးသည် ကိုလောင်းတီး ကိုမျက်စောင်းကြီးထိုးပြီး ကြည့်လိုက်သည်။ နောက် အံကိုကြိတ်ကာ ဘာမှပြန်မပြောနေပဲ နောက်ဟင်းတစ်မျိုးအားဆက်ပြောလိုက်သည်။
“နို့ကိန် (ကြက်သားဟင်း) ရတယ်” လို့ပြောလိုက်သည် ။ ကိုလောင်းတီး ရုတ်တရပ် မျက်ခုံး နှစ်ဖက်လုံး မြင့်တက်သွားပြီး လျှင်မြန်စွာဖြင့် လက်အစုံ လေပေါ်မြှောက်လျက် အပျိုကြီးဆို သူ၏ ရင်ညွှန့်ဆီသို့ တန်းတန်းမတ်မတ် ကြီးဝင်သွားသည်။ အခြေအနေ က မည်သို့ဖြစ်ကုန်သည်မသိ . .
“ဗျစ် . . ဗျစ် . . ဟောတော့ . . ဖြန်း . . ဖြန်း . . ဝုန်း” အသံကြီး နဲ့အတူ ကိုလောင်းတီး ခန္ဓာကိုယ် မြေပေါ်သို့ လှဲကြသွားတော့သည်။
~ ပြီးပါပြီ ~
တစ်ချိန်က ကျွန်တော်

No comments:
Post a Comment