Tuesday, August 20, 2024

~ စိတ်ရောင်စုံ ~




အရေးကြီးသည့်နေ့စွဲတွေ၊ မွေးနေ့တွေ၊ အမှတ်တရနေ့စွဲတွေ၊ ရည်းစားဟောင်းတွေ၏ အမှတ်တရနေ့တွေကအစ တကူးတက မမှတ်ထားပေမယ့် မှတ်မိနေခြင်းကို မိမိကိုယ်ကို ကျေနပ်ခဲ့ပါသည် ။ သို့ပေမယ့် နာကျဥ်းစရာ စိတ်နာစရာ ဖြစ်ရပ်နေ့မျိုးကို မှတ်မိနေခြင်းကလည်း ငရဲ ကျနေသလိုပင်။

ပစ္စုပ္ပန်မှာ နေထိုင်နေသော်လည်း နာကျင်စရာတွေက ပစ္စုပ္ပန်ကို လိုက်လာခဲ့သည်လား မသိ။ အတိတ်က ပုံပြင်တစ်ပုဒ်ဆိုလျှင် ဒီပုံပြင်က ဇာတ်လိုက်ကော ဗီလိန်ကော ကျွန်တော်သည်ပင်။ ဒါကြောင့် စိတ်ပုံရိပ်က အနှေးပြကွက်လို နာကျင်စရာတွေ ၊ ချစ်ခြင်းတွေကော အနှေးပြကွက်လို ဟိုတစ်ကွက်ဒီတစ်ကွက် စိတ်ရောင်တွေ စုံလို့ ။


တစ်ချိန်ကကျွန်တော်

No comments: