Wednesday, August 21, 2024

~ ဒီလိုပါပဲ ညီမလေးရယ် ~




စကား ပြောနေရင်း မပြောမဆို ထွက်သွားခြင်းက ယဥ်​ကျေးမှုဆိုရင် ၊ ဒီယဥ်ကျေးမှုကို ကောင်းတဲ့ အမှုအကျင့်လို့ မှတ်ယူလိုက်မည်။ တစ်ချိန်မှာ ခွဲခွာခဲ့ရင် နှုတ်ဆက် စရာမလိုသည့် အလေ့အကျင့်လေး တစ်ခုအဖြစ်ပေါ့။ နှုတ်ဆက်ခြင်းမရှိသည်က နက်ဖြန်များစွာအတွက် သူမ နှင့် ပြန်ဆုံလေ မလားဆိုသည့် မျှော်လင့်ချက်များစွာ ရှင်သန်သည်လေ။ 


ထို့အပြင် သူမ နှင့် စကားပြောသည့် အခါ အဓိပ္ပာယ်များစွာရှိသည့် Emoji တခု ကို တစ်ယောက်နှင့်တစ်ယောက် ကြိမ်ဖန်များစွာပို့ ဖြစ်ကြသည်။ သူမ ဘာအဓိပ္ပာယ် နှင့် ပို့သည် ကျွန်တော် မသိ သလို ၊ ကျွန်တော်ပို့ သော ထို၄င်း Emoji သည်လည်း သူမ စိတ်ထဲရှိသလိုပဲ တွေးပါလိမ့်မည်။ ဟုတ်တော့ ဟုတ်နေကြပြီ လေ ထမင်းစားကြမယ် ပြောသည်ကို အိမ်သာတက်ချင် သွားတက်နော် ဆိုသည့် မှားယွင်းသည့် နားလည်မှုလွဲသည့် ပုံနယ်။ တစ်ချိန်ချိန် မှာတော့ ထပ်တူကျသော တူညီသည့် ဘာသာပြန်မှု များနှင့် ကျွန်တော် နှင့် သူမသည် ထို၄င်း Emoji အား ဘာသာပြန်နိုင်မည်ထင်ပါသည်။ 


သူမသည် စကားပြောလျှင်  'ဟဲဟဲ' ... 'ဖြစ်တတ်ပါတယ်' ... 'ဒီလိုပါပဲ' .. 'ကိုကြီး သိလား' ဆိုသည့် အသုံးနှုန်းများသည် သူမ ၏ ကိုယ်ပိုင်အမှတ်တံဆိပ်ပင်။ တစ်ချိန် လောကပင်လယ်မှာ တစ်စုံတစ်ယောက်က သူမ သုံးနှုန်းခဲ့သည့် စကားလုံးတွေသုံးနှုန်းခဲ့လျင် ဧကန်မုချ ပထမဦးဆုံး ညီမလေး ကိုမြင်ယောင်မိမှာ အသေအချာပင်။ သို့ပေမယ့် ထိုအသုံးအနှုန်းများကို ကျွန်တော် စိတ်စွဲနေသည်ဆိုခဲ့သော် ... 


'ဟဲဟဲ .. ညီမလေး သိလား .. တစ်ခါတလေ .. ဒီလိုပါပဲ .. ဖြစ်တတ်ပါတယ်လေ' ... ။ 


တစ်ချိန်ကကျွန်တော်

No comments: