Monday, September 30, 2024

~ သန်ရာ တန်ရာ ~




 ဟာသ ဆိုပေမယ့် 

တကယ် ပျော်စရာဟာသ မဟုတ်ခဲ့ပါဘူး 

ဝိပါက သဘောအရ

တစ်ဘက်စွန်း မကျတကျ 

ကြေကွဲခြင်းရသတွေ ကျကွဲခဲ့ရ။ 


တော်ဝင်အမွေအနှစ်တဲ့ 

ကလီယိုပက်ထရာလို 

မောင်နှမချင်း ပြန်ယူခံရတဲ့ ခွေးဇာတ် ကိုခေါ်တာလား။ 


ကြိုးနှစ်ချောင်းရဲ့ တစ်ဘက်စွန်းထိပ်က 

ဘယ်ဘက်က အစလည်း 

ဘယ်ဘက်က အဆုံးလည်း 

သောက်ရူးဆိုတော့ သောက်ရူးတွေးပဲ တွေးတယ် 

သန်ရာ တန်ရာ အားကိုးတဲ့ ခောတ်

လဗြွတ်ပဲသန်တော့ လဗြွတ်ပဲ အားကိုးတယ်... ။ 


သန်ရာ သန်ရာ တွေး 

တန်ရာ တန်ရာ တွေး 

ချောင်းပေါက် မြောင်းပေါက် မြစ်ပေါက် ကဆုန်ပေါက်

ငါ့မြင်း ငါစိုင်း ရောက်ချင်တဲ့နေရာရောက် 

နေ လ ကမ္ဘာ အစဉ်ကျအောင် 

ကြိုးနဲ့ ချည်ခဲ့တာ 'ငါ' ။ 


တစ်ချိန်ကကျွန်တော်


~ အချစ်ငှက်ပုံပြင် ~




 


ခရီးထွက်ရတော့မည်ဆိုတော့ ကျွန်တော်ပျော်နေပါသည်။ ချစ်တဲ့သူနှင့်လည်း တွေ့ရမည်ဖြစ်သလို အဆစ်သဘောဖြင့် ပင်လယ်ကိုသွားချင်နေသည့် ကျွန်တော့် စိတ်ကူးသည်လည်းပြည့်ပြီလေ။ ကားက မနက် (၈) နာရီမှထွက်မည်ကို နိုးနေသည်က ည ၂ ခွဲကတည်းကပင်။ ဒါကြောင့် ကျွန်တော် ဘယ်လောက်စိတ်တွေ တက်ကြွပြီး စိတ်တွေလှုပ်ရှားနေသည်ကို မိမိကိုယ်ကို အတိုင်းသားမြင်နေရသည်။ မနက် (၄) နာရီထိုးကတည်းက ခရီးသွားဖို့ ဖင်တကြွကြွ ဖြစ်လို့နေပေသည်။ ဘတ်စ်ကား စီးမည်လို့ တွေးထားသည့်အတွက်ကြောင့် မနက် ၅ နာရိကျော်ကျော်လောက်ထွက်ရင် ကားဂိတ်ကို မှီသည်လေ။ သို့ပေမယ့် (၄) နာရီလောက် ကားဂိတ်သွားထိုင်စောင့်နေလျှင် အမည်းဝမ်းဆက် ဝတ်ထားသည့်အတွက်ကြောင့် ကျွဲနှင့်တူနေသည့်အပြင် ပါလာသည့် အဝတ်အိတ်၊ လတ်တော့အိတ် နှင့် ကြွတ်ကြွတ်အိတ် အားလုံးသည်းလည်း အမည်း ပင်။ ဒါကြောင့် အလင်းရောင်မရှိသေးသည့် မနက် (၄) နာရီမှာ ကျွန်တော့်အား ကိုရွှေခွေး တွေသည်  ကျွဲကြီးမဟုတ်ရင်တောင် သူခိုးဟု ထင်မှတ်မှားမိအသေချာပင်။ ထို့ကြောင့်အပီ အပြင် ကိုက်နိုင်သည် မဟုတ်ပေလား။ 


မနက် (၅) နာရီထိုးပြီ။ ပျော်လိုက်တာဗျာ ရှင်လူထွက် ပျော်သလိုကို ပျော်ခြင်းပင်။ အနီးအနားက ကြက်တွန်သံကလည်း သိပ်ကိုနားဝင်ချိုသည်။ ခါတိုင်းအမှုမဲ့အမှတ်မဲ့ ရှိသည့် ကိုရွှေကြက်ဖတွန်သည့် အသံက လွန်စွာကျက်သရေရှိသည့်အပြင် ဗီသိုဗင်တေးသွားထက်တောင် နားထောင်လို့ ကောင်းလွန်းလှသည်။ အိတ်ကိုယူ ကားဂိတ်ကို ထွက်သည့် လမ်းတလျှောက် မိုက်ဂိုက်နဲ့ ပေစောင်းစောင်းကြည့်နေကြသည့် ကိုရွှေခွေးများကိုလည်း ကျွန်တော် ပလိန်းကြီးလိုက်ပြုံးပြနေခြင်းကြောင့် ကိုရွှေခွေးတို့များ အမြီးလေးနှံတန့်တန့်လုပ်ပြီး "ဒီလူ ဂေါက်များနေလား" လို့တောင် ပြောနေမိမည်ထင်သည်။ ဟုတ်တော့လည်း ဟုတ်သည်လေ သူတို့ခင်ဗျာ ဟောင်ပဲဟောင်ရမလို ပြေးပြီးပဲ လျှက်ပေးရတော့မလို နှင့် ဇဝေဇဝါ ရှိုးသည့် ခွေးရှိုး ရှိုုးကြသည်ပေါ့ဗျာ။ ဘတ်စ်ကားမှတ်တိုင်ရောက် မှတ်တိုင်က ကားစောင့်နေသည့် ပျိုပျီု အိုအို ကုလားကြီးတွေလည်း ချစ်စရာအလွန်ကောင်းဗျာ၊ ကားပေါ်ရောက် ကားဒရိုင်ဘာကလည်း ချောသန့်နေရော ။ ကားသွားတော့ တိုက်သည့် လေနုနုအေးအေးလေးကလည်း ပပ၀တီဘေးမှာထိုင်ပြီး ယပ်ခပ်ပေးနေသလို ၊ ထိတွေ့လိုက်သည့် အရာရာတိုင်း မြင်လိုက်ရသည့် အရာရာတိုင်း ကြားလိုက်ရသည့် မည်သည့် အသံမဆို သိပ်ကို သာယာလှပနေတာပေါ့။ ဒါတွေက ချစ်ခြင်းရဲ့ တန်ခိုးတွေပေါ့ဗျာ။ 


အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေ လေအိတ်ကားကြီးစီး မြင်နေကြရှုခင်း သွားနေကြလမ်းဖြစ်ပေမယ့် ဘေးပတ်ဝန်းကျင်ရှုခင်းတွေက အားလုံးအသစ်သစ်လိုပါပဲ။ စိမ်းလန်းလို့ အေးမြလို့ စိတ်ချမ်းသာစရာကောင်းပါ၏။ စစ်တောင်းမြစ်ကို ဖြတ်တဲ့အခါ စစ်တောင်း ငါးသလောက်က စားကောင်းတယ်ဆိုပြီး ဘာမဆိုင်ညာမဆိုင် တွေးမိပြီး ရင်ခုန်ရတာပါပဲ။ သံလွင်မြစ်ကိုဖြတ်တဲ့အခါ စိုင်းထီဆိုင်၏ သံလွင်ချောင်းခြား သီချင်းလေးကို ညည်းမိရင်း ရင်ခုန်ရတာပါပဲ။ ကားက မော်လမြိုင်အဝေးပြေးကားဝန်းကို ရောက်တဲ့အခါ သူမက "မုဒုံကျော်လာရင် ဘေးပတ်ဝန်းကျင်ကို သေချာကြည့်ခဲ့နော် .. ငြိမ်း အကြိုက်ဆုံးရှုခင်းတွေပဲ ကိုကို" လို့ပြောသည်။ သူမအကြိုက်ဆုံးရှုခင်းတွေကို ကျွန်တော်မျက်စိထဲမြင်ယောင်ကြည့်မိသည်။ တောင်တန်းတွေရဲ့ဘေးမှာ အုပ်မှိုင်းမှိုင်းတောအိပ်တွေများလား ဒါမှမဟုတ် တောင်ချွန်းတောင်စွယ်တွေ ထိုးထိုးထောင်ထောင်ထွက်နေသည့် ရှုခင်းများဖြစ်နေမလားလို့ တွေးမိရင်း သူမအကြိုက်ဆုံးရှုခင်းဆိုသည်ကိုကြည့်ဖို့ ကားကိုမော်လမြိုင်ကနေ အမြန်ထွက်ဖို့ ဆုတောင်းနေမိတာပေါ့။ မုဒုံကိုကျော် ဘေးပတ်ဝန်းကျင်ကိုတောက်လျှောက်ကြည့်လာသည့်အခါ ကျွန်တော်တွေးထားသည်နှင့် တက်တက်စင်အောင် လွဲခဲ့ပါသည်။ စိမ်းပြာညီညာနေသည့် ရာဘာတောအုပ်များကို မြင်တွေ့လိုက်ရခြင်းကြောင့်ဖြစ်မည်။ မျက်စိတစ်ဆုံး လမ်း၏ ဘယ်ကော ညာကော အုပ်မှိုင်းနေသည့် ညီညီညာညာ ရာဘာတောအုပ်လေးက စိတ်ကိုအေးချမ်းမှုပေးနိုင်သည့်အပြင် ချစ်စရာကော လွမ်းမောစရာကို ပေးသည့် အငွေ့အသက်များစွာ ခံစားမိသည်လေ။ 


ကျွန်တော်က "ငြိမ်းရယ် .. အကိုက ရာဘာတောအုပ်တွေကို မြင်ရမယ်လို့ မထင်ခဲ့ဘူး" လို့ပြောပြသည့်အခါ သူမက ခပ်ဖွဖွရယ်လျက် "အကိုရယ် ... ဘယ်လောက်စိတ်အေးချမ်းမှုကောင်းလိုက်သလည်း .. ငြိမ်းက အဲ့မြင်ကွင်းကို မြင်ရတာသဘောကျတယ် ရာဘာတောအုပ်ကြားမှာပဲ အမြဲနေချင်တယ်" သူမနေချင်သလို ကျွန်တော်လည်း ရာဘာတောအုပ်ကြီးအလယ်မှာ ကျွန်တော်တို့ ၂ ယောက်၏ သစ်လုံးခြေတံခြေအိမ်လေးနှင့် ပျော်ရွင်နေသည့်မြင်ကွင်းကို မြင်ယောင် တွေးမိလျက် ပြုံးလိုက်မိပါသည်။  


အငြိမ်းကို ကျွန်တော်တွေ့နေရပါပြီ။ မျက်နှာမှာ Mask ကိုအုပ်လျက်။ ကျွန်တော် သတိထားမိသလောက် တစ်မြို့လုံးမည်သူမျှ Mask တပ်ထားသည်ကိုမတွေ့။ ထူးထူးခြားခြားသူမ တပ်ထားတော့ အားလုံးကအထူးအဆန်းလို ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည်လေ။ သူမကတော့ ဂရုမစိုက်အား သူ့အတွေးနှင့်တူ ရှုပ်နေပုံရသည်။ ကျွန်တော်ဖုန်းဆက်လိုက်ပါသည်။ ဖုန်းကိုအိတ်ထဲမှ ပြူးပြဲရှာ၍ ကိုင်လိုက်ပါသည်။ ကျွန်တော်လမ်းတစ်ဘက်တွင်ရှိကြောင်းပြောလိုက်၏။ ကျွန်တော့်ကို ကျော်၍  တောင်ကြည့်မြောက်ကြည့် ဟန်ဆောင်ကြည့်လျက် ကျွန်တော့်ကိုကျောပေးကာ ညာဘက်လက်ကို လေပေါ်မြှောက် လက်ထောင်ပြလိုက်ပြီး "ကျွန်တော် .. စျေးထဲအရင်ပတ်လိုက်ဦးမယ်နော်" ဆို၍ စျေးထဲသို့ ကုတ်ကုတ်ဖြင့် ဝင်သွားသည်။ အိုက်တင်ကတော့ တကယ့် အကယ်ဒမီရှော့ပင်။ ထို့နောက် ကျွန်တော်နှင့် သူမ စတ်စဲကမ်းခြေကို သုံးဘီးငှားပြီးသွားကြပါသည်။ သုံးဘီပေါ်အရောက် ကျွန်တော်သူမ လက်ကို လှမ်းကိုင်တော့ ရှက်သည်လေ။ ထူးခြားချက်က သူမ ကျွန်တော်၏ မျက်နှာကို လုံး၀သေချာမကြည့်ပဲ Mask ကြီးတပ်ထားမြဲဖြင့် ဦးခေါင်းကို ကျွန်တော်၏ ဆန့်ကျင်ဘက်သို့သာလှည့်ထားခြင်းကိုက ခေါင်းကြီးလည်ပြီး ပြုတ်ထွက်သွားမည်ကို စိုးရိမ်မိပါသည်။ ရှက်နေသည့် အငြိမ်းက လွန်စွာချစ်စရာကောင်းသည်လေ။ 


စတ်စဲ ကမ်းခြေရောက်တော့ နည်းနည်းတော့ သူမရင်းနှီးစပြုလာပြီလေ။ မျက်နှာချင်း မဆိုင်ရဲသေးပေမယ့် တစ်ချက်ချက်တော့ ကျွန်တော့်အားခိုးခိုးကြည့်သည်။ ကမ်းခြေမှာလမ်းဆင်းလျှောက်တော့ သူမက ကျွန်တော်၏အကျ်ီစကိုကိုင်သည်။ တစ်ချက်ချက် လက်မောင်းလေးကိုလည်း တွဲထားလိုက်သေးသည်။ အကြာကြီးတော့ မဟုတ်ပေမယ့် ကျွန်တော် သဘောကျပါသည်။ လက်ဖမိုးခြင်းထိမိသည့် အခါ ပုခုံးခြင်းထိမိသည့်အခါ ကျွန်တော်၏ လက်မောင်းလေးကို ကိုင်လိုက်သည့်အခါ ကျွန်တော့်အား သူမ ခိုးခိုးကြည့်သည့်အခါ သန့်ရှင်းလက်ဆတ်သည့်လေကိုရှုရှိုက်ရင်း ဝါကျဉ်ကျဉ်ပင်လေကြီးနှင့်အတူ ရှိနေခြင်းကိုက ကမ္ဘာဦးအစ မီးကိုရှာဖွေတွေ့ရှိသည့် ကျောက်ခေတ်လူသားများ မီးကို ကိုးကွယ်သလို ကျွန်တော်လည်း ထိုအခိုက်အတန့်ကို ကိုးကွယ်ထားမိ၏။ ကမ္ဘာမှာ ချစ်ဖူးသူတိုင်း ချစ်ကြသူတိုင်း ကြုံဖူးကြသည့် ဒီအခိုက်အတန့်က အလှပဆုံးနှင့် ရိုမန့်အဖြစ်ဆုံး အခိုက်အတန့်မဟုတ်ပေဘူးလား။ အရမ်းဖြူစင်သည့် အချစ်ငှက် နှစ်ကောင် ဆုံကြသည့်အခိုက်အတန့်လို့ ခေါ်တွင်လျင် ပိုမှန်မည်။ 


"ပင်လယ်လေမရှုရတာကြာပြီ .. ရှုလို့ကောင်းလိုက်တာ" လို့ကျွန်တော် ပြောလိုက်သည်။ 

"ဟင် .. အကိုကလည်း .. ဒီပင်လယ်လေ အနံ့က စေးကပ်ကပ် နဲ့ ငြိမ်းတော့ မကြိုက်ပါဘူး" ဟု သူမပြန်ဖြေသည်။ ကျွန်တော် သေချာထပ်ရှုကြည့်လိုက်သည်။ ဟုတ်တော့လည်းဟုတ်သည် ပင်လယ်လေက စေးကပ်ကပ်အနံ့ကို ခံစားမိသည်။ ခါတိုင်း ပင်လယ်ရောက်တိုင်း သတိမထားမိပေမယ့် သူမ ပြောလိုက်မှ သတိထားမိသည် စေးကပ်ကပ်အနံ့မျိုး။ ဒါကို ယခင်က နှာခေါင်း မယဉ်တော့ လက်ဆတ်သည့်လေ လို့ကျွန်တော်ထင်ခဲ့မိခြင်းဖြစ်မည်။ ပင်လယ်လေက တကယ်ကိုစေးကပ်ကပ်အနံ့ကြီးပါပဲဗျာ။ 



သူမ၏ ခေါင်းလေးကျွန်တော့်ရင်ခွင်ထဲသို့ အပ်ထားသည်လေ။ လက်နှစ်ဖက်ကလည်း ခါးကိုသိုင်းဖက်ထားသေးသည်။ ကျွန်တော်လည်း အလိုက်သင့်လေး ပြန်ဖက်ထားလိုက်ပါသည်။ ပြင်သစ်အနမ်းဆိုတာမျိုး သူမသေချာမခံစားဖူးဘူးဟု သူမ ကျွန်တော့်အားပြောဖူးသည်။ ရင်ခွင်ထဲမျက်နှာအပ်ထားသည့် သူမ၏မျက်နှာအား မေးစေ့လေးကိုကိုင်ပြီး ကျွန်တော်ဆွဲယူလိုက်သည်။ ကျွန်တော် နမ်းတော့မည်ဆိုတာကို သိလို့ထင်သည် ကျွန်တော့်မျက်လုံးအားတစ်ချက်ကြည့်ပြီး ရင်ခွင်ထဲသို့ ခေါင်းကိုထပ်မံ အပ်နှင်းထားလိုက်သည်။ 


"ကိုကို .. နှုတ်ခမ်းလေး နမ်းပရစေ" ကျွန်တော်၏ စကားကြောင့် သူမကိုယ်လေး တစ်ချက်လှုပ်သွားပြီ "ငြိမ်း .. မနမ်းတတ်ဘူး အကို"လို့ပြန်ပြောသည်။ 

"မနမ်းတတ်လည်း .. ငြိမ်ငြိမ်လေးသာနေနော်" လို့ကျွန်တော်ပြောတော့ သူမ "မနေတတ်ဘူး အကို" တဲ့။ ကျွန်တော်ထပ်မံ သူမ မေးလေးကို ဆွဲယူလိုက်ပါသည်။ ဒီတစ်ကြိမ်တော့ သူမ၏ မျက်နှာ ကျွန်တော့်ရင်ခွင်ထဲသို့ တိုးဝင်ဖို့ မကြိုးစားတော့ပါလေ။ 

ကျွန်တော် ခပ်ဖွဖွ သူမ၏ အောက်နှုတ်ခမ်းလေးကို နမ်းလိုက်ပါသည်။ ထို့နောက် အပေါ်နှုတ်ခမ်းလေးပါ ထပ်နမ်းလိုက်သည်။ 

"ရင်ခုန်တယ် .. အကို" တဲ့ ။ အချစ်ငှက်လေး နှစ်ကောင် အနမ်းခြင်းဖလှယ်ကြသည်လေ။ 


ကမ္ဘာမှာ အရသာအရှိဆုံး ထမင်းဝိုင်းသည် ချစ်သောသူနှင့် (သို့) ချစ်သော မိသားစု နှင့်အတူ စားသုံးသည့် ထမင်းဝိုင်းပင်ဖြစ်လိမ့်မည်။ ကျွန်တော့်အတွက် သူမကိုယ်တိုင်ချက်လာသည့် ကြက်ဖက်ကဖောင်း နှင် ကြက်ကြော်သည် ကျွန်တော်စားဖူးခဲ့သမျှ အစားအသောက်များထဲတွင် အကောင်းဆုံးပင်ဖြစ်၏။ ကျွန်တော် မြှိန်ရည်ယှက်ရည် စားပါသည်။ သူမကတော့ ပြုံးပြုံးကြီးကြည့်လျက်။ သူမ၏ အပြုံးသည်လွန်စွာလှပါသည်။ သွားလေးပေါ်အောင် ပြုံးခြင်း၊ ရယ်ခြင်းက သူမ၏ အခန်းနားဆုံးသော သူမကိုယ်ပိုင် အလှတရားပင်။ ထိုအပြုံးလေးအောက်တွင်ပင် ကျွန်တော်ကဲသို့ အခြားသူများလည်း ကျရှုံးခဲ့သည်ထင်ပါသည်။ သို့ပေမယ့် ကျရှုံးသည့်သူများထဲတွင် ကျွန်တော်က အောင်နိုင်သူပါ။ သူမ၏ အပြုံးကို အနီးကပ်ကြည့်ခွင့်ရသည်။ ထိတွေ့ခွင့် ရသည်။ နမ်းရှိုက်ခွင့်ရသည့် အောင်နိုင်သူတစ်ယောက်ပါ။ တိုက်ပွဲတိုင်း အောင်နိုင်သည့် နပိုလီယန် နှင့် စစ်ဘီလူးကြီး ဟစ်တလာ တို့လို ချစ်မိလို့ အချစ်မှာ ကျရှုံးခြင်းထက် ချစ်ခြင်းကိုပြန်လည်ရရှိခြင်း အောင်နိုင်သူမျိုးလိုပင်။ 


"ငြိမ်း မျက်လုံးတွေက စွမ်းအားရှိတယ် .. ငြိမ်းအကြည့်ကို ဘယ်သူမှ ခံနိုင်လောက်မယ်မထင်ဘူး .. မျက်လုံးအသေကြီးနဲ့ စိုက်ကြည့်ရင် ကြောက်ဖို့ကောင်းတယ်" လို့ ကျွန်တော် ပြောသည့်အခါ။ "ဟုတ်လောက်မယ်" ဟုပြောသည်။ တစ်ခါ ရွာက တရားပွဲတစ်ခုမှာ ဘုန်းကြီးက ဇာတ်တော်အကြောင်း ဟောပြောနေသည်မှာ အဆုံးမသတ်နိုင်သေးပဲ ၂ ခါလောက်ပြန်ပြန်ပတ်နေတာကို စိတ်မရှည်လို့ ဘုန်းကြီးကို အကြာကြီးစိုက်ကြည့်နေမိကြောင်းကို ပြောပြသည်။ ဘုန်းကြီးက သူအကြာကြီးစိုက်ကြည့်နေတာကို သတိထားမိသည်။ ထို့နောက် လန့်သွားလို့ထင်တယ် တရားပွဲကို အမြန်အဆုံးသတ်လိုက်ကြောင်း ကျွန်တော့်ကိုပြောပြသည်။ သူမပြောတာကို နားထောင်ပြီး ကျွန်တော်တို့ နှစ်ယောက် ပေါ့ပေါ့ပါးပါး ရယ်မောမိကြသည်။ အချစ်ငှက်လေး နှစ်ကောင် ရယ်မောကြခြင်း ပင်ဖြစ်သည်။ 


"အကို့ကို ချစ်တယ် .. ဒါပေမယ့် နီးနီကပ်ကပ် မနေချင်ဘူး" သူမစကားကြောင့် ကျွန်တော်အံ့အားသင့်သွားပါသည်။ "အကို ပြန်သွားတဲ့အခါ .. ပြတ်ကြရအောင်နော်" လို့ သူမ ဆက်ပြောသည်။ ချစ်တယ်လို့ ကျွန်တော့်ကို ပြောသည့်နေ့က တစ်ဆက်တည်း ပြတ်ကြမယ်လို့ ပြောခဲ့သလို ကျွန်တော်တို့၏ ပထမဆုံးတွေ့ကြသည့် အချိန်မှာလည်း "နီးနီးကပ်ကပ် မနေချင်ဘူး ပြန်သွားတဲ့အခါ ပြတ်ကြရအောင်" လို့ထပ်ပြောသည်က ကျွန်တော်၏ အရူးမလေးပင်။ "ဒါဆို .. မပြန်တော့ဘူး ဒီမှာပဲ နေတော့မယ်"ဟု ကျွန်တော်ပြောသည့်အခါ သူမကသွားလေးတွေပေါ်အောင်ပြုံးပြီး "ချစ်လိုက်တာ .. ကိုကိုရယ်" လို့တိုးတိုးလေးကပ်ပြောသည်။ ကျွန်တော်သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါသည်။ သူမ၏ နားရွက်နုနုလေးအား ကျွန်တော် နမ်းလိုက်သည်။ ထို့နောက် တစ်ယောက်နှုတ်ခမ်းကို တစ်ယောက် အငမ်းမရနမ်းကြသည်။ တစ်ယောက်ကိုတစ်ယောက် လွန်စွာပူးပူးကပ်ကပ်ဖြင့် ပတ်ဝန်းကျင်လည်းမသိပါ ဘာမျှမကြားပါ ဘာပြင်ပ ပရောဂမှ အရေးမစိုက်အားတော့ပါ။ အချစ်ငှက် နှစ်ကောင် ချစ်တေးခြင်းတွေ သံပြိုင်သီဆိုနေကြခြင်းဖြစ်လိမ့်မည်။ 


ကျွန်တော်၏ အပြန်ခရီးသည် အရာရာလွမ်းမောစွာဖြင့်ပေါ့။ စီးရမည့် ဘတ်စ်ကားကိုမြင်သည့်အခါ လွမ်းနေရတာပဲ။ ယာဉ်မောင်းကို မြင်တွေ့သည့်အခါလည်း ငြိုးငြိုးငယ်ငယ်နှင့် သူလည်း လွမ်းနေတာပဲထင်သည်။ ပင်လယ်ကြီးကို တစ်ချက်ကြည့် ပင်လယ်ကြီးလည်း လွမ်းသွားလို့ထင်ပါရဲ့ လှိုင်းရိုက်သံတွေက ငိုသံတွေပါပေါက်လို့နေသည်။ ရာဘာပင်တောအုပ်ကြီးကလည်း ငိုက်စိုက်ကြလို့ စိမ်းညို့ညို့အသွင်ကနေ မှိုင်းညို့ညို့အသွင်ပြောင်းပြီး လွမ်းနေကြခြင်းဖြစ်မည်။ သံလွင်မြစ် နှင့် စစ်တောင်းမြစ်ကြီးကလည်း ကျွန်တော့်ကိုလွမ်းနေမည်ဖြစ်ကြောင်း နှုတ်ဆက်ကြသေးသည်။ ကားပေါ်ပါ ခရီးသည်တွေအားလုံးမျက်နှာတွေမှာလည်း အလွမ်းရိပ်တွေဝေလို့။ စစ်ဆေးရေးဂိတ်က ကိုရွှေစစ်သား ရဲကြီးတွေလည်း အငိုမျက်လုံး အလွမ်းမျက်နှာတွေဖြင့် သူတို့လည်း လွမ်းနေကြသည်လေ။ ကျွန်တော် မြင်လိုက်သည့်အရာတိုင်း ကြားလိုက်သည့်အသံတိုင်း ထိလိုက်သည့် အရာတိုင်း လွမ်းခြင်းတွေဖြစ်သွားကြသည်။ အခုဆို အချစ်ငှက် နှစ်ကောင်လည်းလွမ်းနေမှာပေါ့လေ။ 


"ပြန်လည်ဆုံဆည်းကြမယ် အချစ်ရယ် .. မျှော်လင့်ချက် အသည်းနှလုံးလေးကိုခွဲကာပြချင်တယ် ... ပြန်လည်ဆုံဆည်းကြမယ်ကွယ် .. ဒို့ရဲ့အချစ်ကို မိုးပွင့်လေးတွေသိပါတယ်" တိုက်တိုက်ဆိုင်ဆိုင် စန္ဒယားလှထွဋ်၏ ပြန်လည်ဆုံဆည်းကြမယ် အချစ်ရယ် သိချင်းသံကလည်း လွင့်ပြန်လို့လာသည်။ အော်လွမ်းခြင်းတွေတောင် ဇာတ်ပို့တေးနဲ့ပါလား ။ မကြာခင်ရက်ပိုင်းတော့ ပြန်ဆုံကြတာပေါ့ အချစ်ရယ် ။ 


တစ်ချိန်ကကျွန်တော်

Friday, September 27, 2024

~ ကျွန်တော်၏ ညိုစိမ့် မှတ်စု ~


 


တစ်ချိန်က ကျွန်တော့်မှာ သိပ်လှသည့် ယမင်းရုပ်လေးတစ်ရုပ်ပိုင်ဆိုင်ခဲ့ဖူးပါသည်။ အသားမဖြူမညို ပါးချိုင့်၂ဖက် နှင့် လှသည် လို့ပြောရင်ပိုမှန်မည်။ သွက်လက်ထက်မြတ်သည့်အပြင် စကားလည်းကြွယ်တော့ တော်ယုံသူတွေ သူ့ကို မစ ရဲပေ။ ဘုရားတရား လွန်စွာလုပ်သော်လည်း စိတ်ပုပ်လာသည့်အခါ ဘုရားမေ့ တရားမေ့ နှင့် ဒါက သူမပင်ဖြစ်သည်။ သင်ယူလိုစိတ်ပြင်းပြချင်း ၊ ကြိုးစားခြင်း ၊ မော်ကြွားတတ်ခြင်း ၊ ရက်ရောခြင်း ၊ အလုပ်ကြိုးစားခြင်း၊ အလှဂုဏ်နှင့် ပညာဂုဏ် လည်းမောက် တတ်သေးသည်။ ဒါကြောင့် ကျွန်တော်၏ရင်းနီးသော မိတ်ဆွေ အနည်းငယ်သည် သူ့ပုံစံကို မကြိုက်သော်လည်း ကျွန်တော့်ကို အားနာသောဖြင့် တည့်အောင် ပေါင်းပေးရခြင်းမှာလည်း ကျွန်တော်၏ မိတ်ဆွေများကို လွန်စွာကျေးဇူးတင်မိပါသည်။ ကျွန်တော် နှင့် သူမ ခရီးစဉ်ပေါင်း ၆၀ နီးပါး တူတူထွက်ဖူးသည်။ ထိုခရီးစဉ်တွေထဲမှာ ပင်လယ်ခရီးစဉ်တော်တော်များများလည်း သွားဖူးခဲ့သည်။ 


မော်ဒိုက် ၊ ‌မူနဲ့ (ဗီယမ်နမ်) ၊ ဘာလီ ၊ ပတ္တရား ၊ ကော့စမွေ ၊ ဟာလောင်းဘေ ၊ ငပလီ ၊ ငွေဆောင် ၊ ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံ စသည့် ကမ်း‌ခြေတွေကို သူမ နဲ့ အတူတူ သွားခဲ့ကြသည်။ ဒီ ကမ်းခြေခရီးစဉ်တွေ က သူမ နဲ့ ကျွန်တော် ပင်လယ်ကို ကြိုက်ကြတယ်လို့ ပြောလို့ရသည်ပေါ့။  ပယ်လယ်အငွေ့အသက်က ချစ်ခြင်းတွေကို ပိုခိုင်မြဲ စေ သတဲ့။ ထိုစာသားများသည် တစ်ချိန်မှာ မှားယွင်းသွားကြောင်း ကျွန်တော် သိသွားခဲ့သည်လေ။ 


မော်ဒိုက်လေဆိပ် Immigaration ကအထွက် Hotel မှ လာကြိုသည့် Pick Up Area သို့အရောက်တွင် သူမအံ့ဩစွာဖြင့် "လေဆိပ် မှာ လှေမကြုံ ဆိုသည့် စကားမှားသွားပြီနော်တဲ့" ။ သူမ ကလေးလေးတစ်ယောက်လို ပျော်ရွင်နေပုံကိုကြည့်ပြီး ကျွန်တော် ပိတိဖြစ်ရပါသည်။ စိမ်းပြာရေပြင်ကြီး မှာ ကူးခေတ်နေသည့် ငါးလိပ်ကြောက်၊ နီမို နှင့် ပင်လယ်လိပ်ကြီး အချို့ကို အတိုင်းသား မြင်နေရသည်လေ။ လေဆိပ်တွင် တွေ့ရသော Speed Boat ဆိုဒ်စုံ နှင့် Sea Plane တို့သည်လည်း မော်ဒိုက်လေဆိပ်၏ တမူထူးခြားသော စွဲဆောင်မှုပင်ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မော်ဒီဗီယန်းတွေ၏ ရပ်ဂေးသိချင်းတွေနားထောင်ကြသည်။ သူတို့နှင့် အတူတူ သိချင်းတွေဆိုကြသည်။ မော်ဒီဗီယန်းကျွန်းအကည ပါတီတွေမှာ သူတို့ နှင့် ဝင်ကကြသည်။ ခရုကမာ  အပြေးပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီးဆုတောင် ရလိုက်သေးသည်။ အင်ဒီးယားသမုဒ္ဒရာအလယ်ကြီးမှာ စနော်ကလင်း လုပ်ကြသည်။ ကျွန်းတွေပတ်ကြည့်ကြသည်။ သန္ဆာကျောက်တန်းတွေကိုကြည့်ပြီး နီမို ငါးလေးတွေလိုက်ကြည့်သည်။ ညနေဖက် ငါးမန်းပေါက်လေးတွေ အများကြီး အစာကျွေးတာကို အသည်းတယားယားနဲ့ ကြည့်ကြသည်။ ညဘက် ငါးဖမ်း ထွက်ကြသည်။ ညလယ် အရောက်မှာ ကမ်းခြေနားကပ်လာသည့် မီးလင်းငါးလေးတွေ သွားကြည့်သည်။ သမုဒ္ဒရာကြီးအလယ်မှာ ရှင်းလင်းနေသည့် ကောင်းကင်ကြီးကို သဲဖြူဖြူနုနုပေါ် အိပ်စက်ရင်း ကြယ်တွေကို ရေတွက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကျစ်ကျစ်ပါအောင် ဖက်ထားကြသည်။ တစ်ယောက်ကိုတစ်ယောက် အငမ်းမရ နမ်းခဲ့ကြသည်။ ပျော်စရာ ခဏတာ နိဗ္ဗာန် ပေါ့သို့ အလည်တစ်ခေါက် သွားသည့်အလားပင်။ 


"ချစ်လေး .. အရမ်းပျော်တယ် သိလား ကိုကို" သူမ၏ ထိုအပြောလေးနှင့်ပင် ကျွန်တော်ကျေနပ်ခဲ့သည်ပင်။ 


မှတ်မှတ်ရရ သူမ၏ မွေးနေ့မှာ ဗီယမ်နမ်တောင်ပိုင်း ဟိချီမင်းကနေ ၂ နာရီခွဲလောက်သွားရသည့် မူနဲ့ကမ်းခြေကို သွားဖြစ်ကြသည်။ ဗီယမ်နမ်၏ ကန္တရလို့ခေါ်တွင်ရမည့် White Sand Dunes တွင် သဲချောစီးသည် ၊ လမ်းလျှောက်သည် ၊ AVT စီးကြသည်။ အဘူဒါဘီ ရောက်နေကဲ့သို့သော အလားတူ ကန္တာရ အတွေ့အကြုံကောင်းပင်။ ထူးထူးခြားခြားမှတ်မှတ်ရရဆိုလျှင် ကျွန်တော်တို့ မီးကျောင်းသား နှင့် လိပ်သားကို စားခဲ့ကြသည်လေ။ ဗီယမ်နမ် အမေရိကန် စစ်ပွဲမှာ ဗီယမ်နမ်တို့၏ ပျောက်ကြားစနစ်ဖြင့် အမေရိကန်တွေကို တိုက်ထုတ်ခဲ့သည့် နည်းလမ်းများ နှင့် ဟိုချီမင်း၏ အမျှော်အမြင်ရှိမှုနှင့် ခေါင်းဆောင်မှုပိုင်းပြတ်သားမှုများနှင့် ပြည်သူတွေလိုက်နာမှုမှတ်တမ်းတွေပိုမိုသိခဲ့ရသလို ပြတိုက်တွေလည်း သွားခဲ့ကြသေးသည်။ ဗီယမ်နမ်၏ ဘာသာတရားပေါ်ကိုးကွယ်သည့် ပုံစံသစ်ကိုလည်း လေ့လာခဲ့ကြသည်ပေါ့။ 



"ကိုကို .. ချစ်လေး မွေးနေ့တွေထဲမှာ ဒီခရီးစဉ်က အထူးခြားဆုံးလက်ဆောင်ပဲ .. ကျေးဇူးပါကိုကို" ကျွန်တော်  သူမ၏ နဖူးကို ဖွဖွလေးနမ်းခဲ့ပါသည်။ 


ဘာလီအမှတ်တရတွေတော့ ဆန်းသည်။ သူမ မျောက်ကိုက်ခံရသည့်အပြင် သူမကြိုက်သည့် ဖိနပ်လေးအား မျောက်ယူသွားခြင်းကြောင့်ပင်။ အုလွန်ဝန်တုဘုရားကျောင်းမှာ မျောက်တွေက အလွန်ဆိုးသည်လေ။ မျောက်တွေနှင့်ပက်သက်ပြီး သတိပေးချက် ဆိုင်းဘုတ် အများအပြားလည်း နေရာအနှံ ချိတ်ထားသည်။ ဒီလိုချိတ်ထားသည့်ကြားထဲမှာမှ သူမ ဖိနပ်ကို မျောက်လုသွား၍ ဖိနပ်ပြန်လု ရာမှ မျောက်ကိုက်ခံရခြင်းဖြစ်သည်။ ဖိနပ်လည်း ပြန်မရသလို မျောက်ကိုက်ခံလိုက်ရသည်က အဆစ်ထပ်နာသည်ပေါ့။ ထိုညနေခင်း တခုလုံး ငိုမဲ့မဲ့ နှင့် နှုတ်ခမ်းကြီးစူ နေသည့်သူမ၏ မျက်နှာပုံစံလေးကို ကျွန်တော် အခုထိမြင်ယောင်မိနေပါသေးသည်။ "ပင်ကူ ကိုက်ခံရတော့ ပင့်ကူလူသား .. လင်းနို့ကိုက်ခံရတော့ လင်းနို့လူသား .. ချစ်လေးက မျောက်ကိုက်ခံရတော့ မျောက်မကြီးဖြစ်မှာ .. ‌ပျော်ရမှာလေ" လို့ ကျွန်တော်ပြောလိုက်တော့ စူနေသည့်နှုတ်ခမ်းက နောက်ထပ် တစ်တောင်လိုက်ထပ်စူထွက်လာသလိုပင်။ "မျောက်မကြီးဖြစ်သွားရင် .. ကို့ကို့ ဖင်ကိုပဲ အသားကုန်လိုက်ကိုက်မှာ .. ပုဆိုးဆွဲချွတ်မှာ .. ဘောင်းဘီဆွဲချွတ်မှာ .. ဂါးဂါး" ဆိုပြီး မျောက်လိုလက်နှစ်ဖက် နှင့် သွားစေ့ပြီး ပါးစပ်က ဖြဲထားလိုက်သေးသည်။ "တူတယ်တော့် .. တူတယ်" လို့ ကျွန်တော် ပြန်စတော့ မျက်ရည်စလေးတွေကျလို့ ငိုသည်လေ။ ထိုနေ့ညက ဂျင်ဘာရန်းကမ်းခြေမှာ ကလတ်စီကလ် ပရိုင်းဗီတ်တီးဝိုင်းလေးနှင့် အတူ ညစာကို ရိုမန်တစ်ဆန်ဆန် သုံးဆောင်ခဲ့ကြသည်။ ကျွန်တော်တို့တွေ ဘာလီ၏ အထင်ကရ တနာလော့ဘုရားကျောင်းသွားကြသည်။ မျက်စိတစ်ဆုံးလှသည့် လှေကားထစ်စိုက်ခင်းတွေ သွားကြည့်သည်။ ရှားပါး သရက်သီးဖြူ သွားစားကြသည်။ Black Sand ကမ်းခြေမှာ သဲမည်းမည်းတွေထဲ ခြေချောင်းလေးတွေ မြုပ်ပြီး ကစားကြသည်။ ပင်လယ်ထဲမှာ လင်းပိုင်တွေ အုပ်လိုက်ရေကူးနေတာကို သွားကြည့်ကြသည်။ ဘာလီ၏ နာမည်ကျော် ဘာဘီဂူးလင်းလို့ခေါ်သည့် ဝက်ပေါက်လေးကင်ကို စားကြသည်။ ညဘက်တွေဆို Jazz Bar မှာထိုင် ဝိုင်ခွက်ကိုယ်စီနဲ့ Jazz တွေးသွားကို နားဆင်ကြသည်။ အရာရာက ပျော်စရာအပြည့်နဲ့ ပျော်ခဲ့ရသည်ပေါ့ဗျာ။ 


ဒီလိုပဲပေါ့ဗျာ .. ပတ္တရား ၊ ကော့စမွေ ၊ ဟာလောင်း နဲ့ ပြည်တွင်း ကမ်းခြေတွေမှာလည်း အမှတ်တရများစွာဖြင့်ပေါ့။ အားတိုင်းအကြိမ်ကြိမ်ခရီးသွားရခြင်းကို နှစ်သက်ခဲ့သူမို့ ထွက်တဲ့ခရီးတိုင်းနီးပါး သူမ တူတူ လိုက်ပေးခဲ့သည်ကို ကျေးဇူးတင်ပါတယ်လို့ပဲ ပြောချင်ပါသည်။ ရှင်သန်ရာ ဘ၀ခရီးတူတူ ဆက်မလျောက်ဖြစ်ခဲ့ပေမယ့် အတူတူရှိခဲ့သည့်အချိန်တွေကိုတော့ နောင်တကင်းကင်းနဲ့ အမှတ်တရတွေဖန်တီးခွင့်ရခဲ့သည်ပေါ့။ နောင်သံသရာမှာ သူမနှင့်ဆုံခွင့်ရမည့် အခွင့်အရေးများရှိရင် ယူမလားလို့ မေးရင် .. "ကျွန်တာ် သူမ နှင့် ထပ်မံ မဆုံချင်တော့ပါဘူး" လို့တော့ ပြောပရစေ။ ကျွန်တော် လူတွေအများကြီးနဲ့ မဆုံချင်ပါဘူး ။ တကယ် ကိုယ်နဲ့ သေတဲ့ထိ လက်တွဲပေးမည့် သူကိုပဲ စတွေ့ကတည်းကနေ မီးခိုငွေ့တွေ ဖြစ်သည်အထိ တစ်ယောက်တည်းသာ ဆုံချင်ပါသည်။ ဒီသံသရာမှာ ကွဲခဲ့ရသည့် မည်သူ တစ်ယောက်မဆို ကျွန်တော် နော်သံသရာမှာ ထပ်မံ မဆုံချင်တော့ပါ။ ကျွန်တော့်ကြောင့် ပျော်ခဲ့ဖူးသလို ကျွန်တော့်ကြောင့် ဝမ်းနည်းခဲ့ရရင် ဝဋ်ကြွေးတွေ ဒီဘ၀ဒီမျှ နှစ်ဦးနှစ်ဘက်ကြေပါစေကြောင်း ကုသိုလ်ပြုတိုင်း တောင်းဆုပြုခြင်းဖြင့် နောင်သံသရာမှာ နင်လည်းလွတ်မြောက်သလို ငါလည်းလွတ်မြောက်ပါစေပေါ့။ 


တစ်ချိန်ကျွန်တော် 


Thursday, September 26, 2024

~ ဒဏ် ~





 လှိုင်းက ရိုက် 

နေက ပူ

လေက တိုက်

ငါက ပင်လယ်ထဲက 

အမှိုက် ။

မျက်ကန်းလို ကမ်းကမမြင်

လှိုင်းကြီးလှိုင်းငယ် 

ဆင့်ဆင့် ရိုက်

ဘယ်အချိန် ရပ် မှာလည်း 

ဘယ်အချိန် နား မှာလည်း 

ဘယ်အချိန် မြုပ် မှာလည်း 

ဘယ်အချိန် ဝဋ် က လွတ်မှာလည်း 

တစ်နေ့ တော့ 

တစ်နေ့နေ့ ပေါ့ 

တစ်ရက်တစ်လေ တော့ 

တစ်ရက်တစ်လေ ပေါ့ 

ရက်ပိုင်း ပေါ့ 

လပိုင်း ပေါ့ 

နှစ်ပိုင်း ပေါ့ 

ကမ္ဘာပျက်တဲ့ ထိ ပေါ့ 

ဆွေး .. မြှေ့ .. သေ ။ 


တစ်ချိန်က ကျွန်တော် 


Saturday, September 21, 2024

~ နေရီငြိမ်း သေဆုံးခြင်း ~




နေရီငြိမ်း သေဆုံးသွားပါပြီ။ ဟုတ်တယ် .. ကျွန်တော်ရဲ့ နေရီငြိမ်း တကယ်ကိုပင် သေဆုံးသွားခဲ့ပါပြီ။ ကျွန်‌တော် နှင့် စကားတွေ အကြာကြီးပြောခဲ့သော နေရီငြိမ်း၊ သဘောတွေ ကျကြောင်း ကြိုက်ကြောင်းတွေ တ၀ ကြီးပြောခဲ့ကြသည့် နေ့တွေ ရက်တွေ အားလုံး သေဆုံးသွားပါပြီ။ မတည်မြဲတဲ့ နိယာမ သဘောတရားကို လက်ခံပေမယ့် အစကတည်းက မရှိခဲ့တဲ့သူကို မတည်မြဲခြင်းလို့ ခေါင်းစဉ်တပ်လို့ မရဘူးမဟုတ်လား။ ကျွန်တော် စိတ်ကူးယဉ် အိမ်မက်တွေ တောက်လျှောက် မက်နေခဲ့တာပဲဖြစ်မည်။ 


"ခင်ဗျာကြီးကို များကြီးချစ်တယ် ... ခင်ဗျာကြီး မပြောင်းလဲရဘူးနော်" 

"ပြောင်းလဲရအောင် .. ကိုကို က ရာသီဥတု မဟုတ်ဘူးလို့" ကျွန်တော် ပြောခဲ့ပါသည်။ ယခုတော့ ကျွန်တော်က ရာသီဥတု ပေါင်းစုံရဲ့ဒဏ်ကို ခံနေရသည့် မြေဇာပင် လေးတစ်ပင်သာ ဖြစ်သည်။ ချစ်ခြင်း နဲ့ပက်သက်သည့် အမှတ်တရတွေ ပြောပါဆိုလျှင် ၇ရှိခဲ့သည့် စိတ်ဒဏ်ရာတွေကိုပြ ပြီး "ဒါ .. ကျွန်တော်ရဲ့ ချစ်ခြင်း၏ အမှတ်တရတွေပေါ့ဗျာ" လို့ ကျွန်တော်ရဲရဲဝံ့ဝံ့ ပြောပြချင်ပါသည်။ 


"နေရီငြိမ်း .. ခင်ဗျာက ကျွန်တော်ထက် လိမ်တာ ပိုတော်ပါတယ်" လို့ ကျွန်တော် ပြောတဲ့အခါ။ 

"ရှင်က .. ကျွန်မထင်တာထက် ပို အ တာပါ" တုန်လှုပ်ခြင်းမရှိ ခပ်အေးအေး ဖြေနေသည့် နေရီငြိမ်း ပုံစံကိုကြည့်ပြီး ကျွန်တော်ငြိမ်သက်နေရယုံသာ။ ယုံကြည်မှု တည်ဆောက်နေတဲ့ကာလလို့ ကျွန်တော် ထင်ခဲ့ပေမယ့် အစကတည်းက ယုံကြည်မှုက  သေဆုံးနေခဲ့ခြင်းဖြစ်ခဲ့တာကို ကျွန်တော်လိုက်ရှာနေမိခြင်းသာ ဖြစ်ခဲ့ပါသည်။ ချစ်ခြင်းတွေနဲ့ ပက်သက်လာတိုင်း ကျွန်တော် ရိုးသားမြဲ ရိုးသားခဲ့ပါသည်။ သို့ပေမယ့် ရိုးသားခြင်းတွေက ကျွန်တော်နဲ့ မထိုက်တန်လို့ပဲဖြစ်မည်။ ဒါမှမဟုတ် ရိုးသားခြင်းတွေကလည်း ယုံကြည်မှုအတိုင်း အစကတည်းက သေဆုံးနေခဲ့ခြင်းပင်ဖြစ်လိမ့်မည်။ 


တစ်ယောက်ကဆုံးရှုံးသွားရင် တစ်ယောက်က အကျိုးမြတ် ရတယ် နေရီငြိမ်း ။ ကျွန်တော် နေရီငြိမ်းကို ဆုံးရှုံးသွားတာ ကျွန်တော့်အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ရခဲ့ပါတယ်။ 


"နေရီငြိမ်း ... ကျွန်တော့်ကို ဆုံးရှုံးသွားတာ ခင်ဗျာအတွက် ဘာတွေများ အကျိုးရှိသွားလည်း"

 နေရီငြိမ်း မဖြေပါနဲ့ ကျွန်တော်ပဲ ဖြေပေးလိုက်ပ၇စေ။ 

"လှည့်စားလိုက်ရခြင်းအောင်မြင်သွားသည့်အတွက် .. ကျေနပ်ပျော်ရွင်မှုတော့ ခဏတာရမှာပါ .. ဟုတ်တယ်မလား ဗျ" နေရီငြိမ်း ဘာမှတုန့်ပြန့်ခြင်း မရှိပါ။ ငြိမ်လျက်ပဲနားထောင်မြဲပေါ့။  


ပြသာနာတစ်ခုခုများရှိလာခဲ့ရင် ။ နေရီငြိမ်းပြဿနာ .. ကျွန်တော့်ပြဿနာ မဟုတ် ဘူး .. ငါတို့ ၂ ယောက်လုံး၏ပြဿနာပါလို့ ကျွန်တော်ပြောခဲ့ဖူးပါသည်။ ယခုတော့ ကျွန်တော့်ပြဿနာက ကျွန်တော်၏ပြဿနာပင်။ နှစ်ယောက်လုံး ပြဿနာလို့ပြောလို့ မ၇တော့တဲ့ နေရီငြိမ်းက သေဆုံးသွားခဲ့ပါပြီ။ ကျွန်တော်ချစ်ခဲ့သည့် နေရီငြိမ်းက တကယ်မရှိခဲ့ပါဘူး ။ ကျွန်တော်က တကယ်ရှိခဲ့သည်ထင်ခဲ့တာပါ။ ကျွန်တော် နှင့် နေရီငြိမ်း တော်တော်များများ တူသည့်အရာတွေ ရှိသည်လို့ ကျွန်တော် ထင်ခဲ့ခြင်းက ကျွန်တော်၏ ထင်မြင်ယူဆချက်တွေသာဖြစ်ခဲ့သည်ပေါ့။ အစကတည်း ဘာမှမရှိခဲ့သည့် လူတစ်ယောက်ကို သောက်ရမ်းတွေ ချစ်ခဲ့ရခြင်းက ကျွန်တော်သည် Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) တစ်ယောက် ဖြစ်လို့ပင်ဖြစ်မည်။   


သံတရာတကွေ့ကွေ့မှာ ခင်ဗျာတို့ စိတ်ကျမ်းမာရေးဆေးရုံကို အလှူလာပေးခဲ့သည်ရှိသော် .. အခန်းထောင့် တစ်နေရာမှာ မျက်နှာကြက်ကို ကြည့်ပြီး "နေရီငြိမ်းရေ .. နေရီငြိမ်း" လို့အော်ခေါ်နေသည့် လူတစ်ယောက်ကိုတွေ့လျှင် နေရီငြိမ်း မရှိတော့ကြောင်း သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြပေးကြပါဗျာ။ 


တစ်ချိန်ကကျွန်တော်


Friday, September 20, 2024

~ အနမ်း ရာဇဝင် ~




ဒီကစားပွဲက ကျွန်တော်ရှုံးခဲ့ပြီပေါ့လေ။ လိပ်နင်ဂျာမလေးက မခိုးတရို့အပြုံးနဲ့ ပြုံးလျက်သဘောကျလျက်ရှိသည်။ အခုတော့ သူမ ခိုင်းတာ ကျွန်တော် လုပ်ပေးရတော့မည်။ 


"နမ်း ရမယ် .. ဦးကို" ကျွန်တော်၏ မျက်လုံးကို စူးရဲစွာသေချာကြည့်လျက် နှုတ်ခမ်းလေးတစ်ချက်မဲ့ယုံမျှမဲ့ပြီး "နင် .. တော့ သေပြီသာမှတ်" ဆိုသည့် အကြည့်မျိုး။ 

"ဗျာ ..." 

"ဟုတ်တယ် ဦးကို .. ကျွန်မရဲ့ မဲ့ရှိတဲ့နေရာ အားလုံးကို နမ်းပေးရမယ်" ကျွန်တော် မလှုပ်မယှက် ကြက်သေသေလျက်ပင်။ သူမ ကျွန်တော်၏ မျက်နှာနားသို့ ပို၍နီးကပ်စွာတိုးလာလျက် ကျွန်တော်၏ နှုတ်ခမ်းကို ဖြေညင်းစွာ နမ်းလိုက်ပါသည်။ စိုစွတ်နွေးထွေးသော အနမ်းတစ်ခုကြောင့် ကျွန်တော်၏ နှုတ်ခမ်းများရှက်သွားပုံရသည်။ 


"မဲ့ ရှိတဲ့နေရာ အားလုံးနော် ဦးကို ... မဲ့ရှိတဲ့နေရာ ပြပေးမယ် .. သေချာကြည့်" လို့ ကျွန်တော့်အား ဖြေးဖြေးတိုးတိုးလေးပြောလျက် ကျွန်တော်၏ ရင်ဘက်ကို ဆတ်ခနဲ တွန်းထုတ်လိုက်သည်။ ကျွန်တော် ဟန်ချက်ပျက်ပြီး ပက်လက်အနေအထားသို့ လှန်ကျသွားသည်။ 


လိပ်နင်ဂျာမလေးသည် ဖုန်းကို ကောက်ယူလျက် Bluetooth Speaker နှင့် ချိတ်လိုက်သည်ထင်သည်။ The Weekend ၏ Earned it သိချင်းသံ ခပ်မိုက်မိုက်လေး ထွက်လာသည်။ စည်းချက်နှင့် အညီ သူမ၏ ဝတ်ထားသည့် ဆွယ်တာလေးကို ပခုံးလေးတစ်ချက်တွန့် ကျွန်တော့်ကို ခပ်မိုက်မိုက်ကြည့် တစ်လှမ်းခြင်း ဖြေးဖြေးလှမ်းလျက် လှပစွာချွတ်၍လာနေသည်။ သေးသွယ်ကျစ်လစ်နေသော သူမ၏ ဗိုက်သားလှလှလေးကနေ သူမ၏ မို့အိလှပနေသောရင်သား တစ်ဝက်လောက်အရောက်မှ ခန္တာကိုယ်တစ်ဖက်လှည့်ပြီး ကျွန်တော့်ကို ကျောပေးလိုက်သည်။ သူမ၏ ကောက်ကြောင်းတွေ နှင့် ရှိုက်ဖိုလ်အလှတရားတွေကြားမှာ ကျွန်တော်မျက်တောင် မခက်ပဲ စိုက်ကြည့်နေမိသည်။ 


သူမ မီးခလုတ်ဆီသို့ သွားပြီး အခန်းမီးရောင် လျော့ချလိုက်သည်။ မီးအဝါရောင်က သူမ၏ ခေါင်းပေါ်မှ ထိုးကျလျက် ။ မီးအဖြူကလည်း သူမ၏ မျက်နှာချင်းဆိုင်မှ ဖြာခွဲထွက်လာသည်။ သူမပေါ်ကျနေသည့် မိးအရောင်နှင့် ရင်ဖိုလွန်းစွာကောင်းသည့် သိချင်းသံ နှင့်အတူ ကျွန်တော့်ကို ကျောပေးလျက်အနေအထားဖြင့်ပင် သူမ၏ ဆွယ်တာကို ဆွဲချွတ်လိုက်တော့သည်။ ပြီးနောက် သူမ၏ ဂုတ်ပေါ်ဝဲကျနေသည့် ဆံပင်လေးကို သိမ်းလျက် ခေါင်းစီးကြိုးဖြင့် စည်းလိုက်သည်။ ဖြူဥနေသည့် သူမ၏ ကျောပြင်၊ ကျော့ရှင်းနေသည့် သူမ၏လည်တံဖြူဖြူရှင်းရှင်းလေး၊ သူမ၏အလှတရားကို သပ်ရပ်စွာထိန်းသိမ်းပေးထားသည့် ဇာဘရာအမည်းရောင်၊ တင်သားတစ်ဝက်လောက်ထိလျောကျနေသည့် သူမ၏ဘောင်းဘီတိုတိုလေး ၊ ပြောမှတ်စရာ မရှိအောင်လှလွန်းသည့် သူမ၏ တင်သားကျစ်ကျစ်ဝိုင်းဝိုင်းအလှတရားတွေ၊ ပေါင်တံဆင်းဆင်းလေးနှင့်အတူ လိုက်လျောညီထွေစွာ လှပနေသည့် သူမ၏ ခြေသလုံးသားများ ၊ ခြေဖမိုး ဖောင်းဖောင်းမှာ လှပစွာစီခြယ်ထားသည့် ခြေသည်းပေါ်က ကဗျာတွေကလည်း လှလိုက်သည်ပေါ့။ ဆံပင်စည်းလိုက်တော့ ပိုနီတေး ဆံပင်ပုံစံ ဖြစ်သွားသည်လေ။ သူမ ခန္ဒာကိုယ်ကို ဘေးတစ်စောင်းလှည့်လျက် မျက်နှာလေးကိုဘေးတိုက် အနေထားသို့ပြောင်းလိုက်သည်။ လက်တစ်ဘက်က နဂိုလျောကျနေသည့် ဘောင်းဘီတိုတို အစွန်းထိပ်လေးကို ကိုင်လျက် သီချင်းစည်းချက်သံ နှင့် အညီ ဆွဲချလိုက် တင်လိုက် ကစားနေ၏။ ထို့နောက် ညာဘက်ခြေထောက်လေးကို အနည်းငယ်ကြွလိုက်ယုံနှင့် ဘောင်းဘီတိုတိုလေးသည် အလိုက်သိစွာ သူမ၏ လက်တွင်းသို့ ကြည်ဖြူစွာလိုက်ပါသွားသည်။ သူမ ခပ်ထေ့ထေ့ တစ်ချက်ထပ်ပြုံးလိုက်ပြီး ဘောင်းဘီတိုတိုလေးကို လက်ထဲတွင်မြှောက်လျက် တစ်ချက်ဝှေ့ပြီး ကစားလိုက်သည်။ 


"လှလိုက်တာဗျာ ... ဆွဲဆောင်မှုရှိလွန်းပါဘိ" ကျွန်တော်စိတ်ထဲမှာ တစ်ကိုယ်တည်းရေရွတ်လျက် သူမသည် ကျွန်တော်၏ မျက်စိရှေ့တွင် ရမ္မာက်ပြင်းပြင်း ပန်းချီကားတစ်ချက်လိုပင်ဖြစ်လို့နေ၏။    


သူမ ကျွန်တော့်ဘက်ကို ပြန်လှည့်လာသည် ။ တူးပိစ် အမည်းလေးနှင့် လွန်စွာမိုက်သည်လေ။ သူမ ဘယ်ဘက်လက်ကို ခါးပေါ် ထောက်လျက် ကျွန်တော့်ဆီသို့ Cat Walk ဟန်ချက်ညီညီလျှောက်၍လာနေသည်။ ကျွန်တော်၏ သွေးသားဆန္ဒများ နှင့် နှလုံးသွေးများ ဆူပွက်နေပြီထင်သည်။  သူမ အနားသို့ရောက်လာပြီး ကားနေသည့် ပေါင်အနေထားကို ကျွန်တော့်၏ ခြေထောက် ၂ ချောင်းကို ဒူးကနေစုလိုက်ပြီးကျွန်တော်၏ ပေါင်ကိုသူမ၏ ပေါင်တံဖြူဖြူလေးနှင့် ညှပ်ထားပြီး ထိုင်ချလိုက်သည်။ အထိအတွေ့နှင့် သူမဆီ မှကိုယ်သင်းရနံ့အပြင် ကျွန်တော်၏ မျက်လုံးရှေ့တည့်တည့်မှာရှိနေသော ရှိုက်ဖိုကြီးငယ်၏ အလှတရားကို မြင်နေရခြင်းများက အကြောပေါင်းတစ်ထောင်ရုန်းကန်တက်ကြွလို့ လာပါ၏။ ထို့ကြောင့် ကျွန်တော်မျက်လုံးကို မှိတ်ထားလိုက်ပြီး ခေါင်းကိုငုံထားလိုက်ပါသည်။ 


ကျွန်တော်၏မေးစေ့ကို ဆွဲမသလိုခံစားလိုက်ရသည်။ ကျွန်တော်၏ ပါးပြင်နှင့် နှုတ်ခမ်းတစ်ဝိုက် အေးခနဲ ဖြစ်သွားသည်။ ကျွန်တော် မျက်လုံးဖွင့်မကြည့်သေးပါ။ သူမ ၏ အသက်ရှုသံ (ဒါမှမဟုတ်) ကျွန်တော်၏ နှုတ်ခမ်းတစ်ဝိုက် သူမ လေမှုတ်လိုက်သည်ထင်သည်။ 


"မျက်လုံးဖွင့်ပါ ကိုကို .. ပြီးတော့ ငြိမ်ငြိမ်လေးပဲနေ .. ခလေးက မဲ့ ရှိတဲ့နေရာတွေကို ကိုကို နှုတ်ခမ်းနားကပ်ပေးမယ် .. ကိုကို အလိုက်သင့်လေး ပဲ နမ်းလိုက်ပါ" ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်ပါသည်။ ဖွင့်လိုက်သည်နှင့် မြင်ရသည်က သူမ၏ မို့မောက်နေသော ဘယ်ဘက်ရင်သားပေါ်က မဲ့လေး တစ်လုံးပင်ဖြစ်သည်။ သူမ ကျွန်တော်၏ မေးစေ့ကိုကိုင်ပြီး သူမ နှင့် မျက်နှာချင်းဆိုင် အနေထားသို့ ထပ်မံ ဆွဲယူလိုက်သည်။ သူမ ၏ နဖူး ၊ ဘယ်ဘက်ပါး ၊ နှာတံဘေး ၊ မေစေ့ အောက်နား ၊ အောက်နှုတ်ခမ်းထူထူလေးနားမှာ ရှိနေသည့် မဲ့ လေး မြင်လိုက်ရသည်။ 


"နှဖူးက မဲ့လေးက စပြီး နမ်းပါ .. ကိုကို" သူမ၏ နဖူး နားက မဲ့လေးရှိရာကို ကျွန်တော်၏ နှုတ်ခမ်းဖျားဆီသို့ ရောက်ရှိလာပါသည်။ ကျွန်တော် ဖွဖွလေး နမ်းလိုက်ပါသည်။ ထို့နောက်ဘယ်ဘက်ပါး ၊ နှာတံဘေး နှင့် မေးစေ့ အောက်နားက မဲ့လေးတွေကို နမ်းလိုက်ပါသည်။  နှုတ်ခမ်းက မဲ့လေးကို ကျွန်တော် နမ်းတော့မည် ဆဲဆဲ ... "နှုတ်ခမ်းက မဲ့လေးက နောက်ဆုံးမှ နမ်းပါ .. ကိုကို" သူမ နားထင်က ဆံစတွေကို လက်နဲ့ သပ်လိုက်ပြီး ကျွန်တော့်ကို ပြောလိုက်သည်။ ကျွန်တော် လိုက်ကြည့်နေမိပါသည်။ သူမ၏ နားအောက်နားက မဲ့လေးတစ်လုံးတွေ့လိုက်ရသည်။ ထို့နောက် လည်တံ ရှင်းရှင်းလေးမှာ မြင်လိုက်ရသည်က မဲ့လေး ၂ လေး။ ထို့နောက် သူမ၏ နားရွက်လှလှလေးကျွန်တော့် နှုတ်ခမ်းနားရောက်လာပြန်သည်။ ကျွန်တော် ဖိပြီး နမ်းမိလိုက်သည်ထင် ။ သူမ၏ လက်ဖဝါးနုနုလေးက ကျွန်တော်၏ ရင်ဘတ်ကို ဆွဲညှစ်လိုက်ပြီး 'ဟင်အင်း' ဆိုသည့် ညည်းသံ တစ်ချက်ထွက်လာသည်။ ထို့နောက် သူမ၏လည်တံ ပေါ်က မဲ့လေး ၂ လုံးဆီသို့ ကျွန်တော် ဆက်တိုက်ဆိုသလို ဖိနမ်းလိုက်သည်။ သူမ၏ လက်နှစ်ဖက်လုံး ကျွန်တော်၏ရင်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားဆဲ။ 


သူမ ရုတ်တရပ် ဆုတ်ကိုင်ထားသည့် ကျွန်တော်၏ ရင်ဘက်ကို လွတ်လိုက်ပါသည်။ ပြီးနောက် သူမ၏ လက်တွေသည် သူမ၏ ကျောနောက်သို့ ကဗျာဆန်စွာရွှေ့လျားသွားသည်။ ပခုံးထက်မှ ကြိုးလေးတစ်ချောင်း ဘက်ဘက်လက်မောင်းသို့ လျောကျသွားသည်။ ညာဘက်လက်မောင်းမှ ကြိုးလေးလည်း အားကျလို့ထင်သည် ထပ်မံ ညာဘက်လက်မောင်းမှ လျောကျသွားသည်။ ကျွန်တော်၏ မျက်စိရှေ့တွင် အတိုင်းသား ကာရံညီစွာလှပနေသည့် လမင်းကြီး ၂ စင်း။ လပြည့်နေ့မို့ ထင်သည် လမင်းကြီး ၂ စင်းက ထိန်လင်းပြည့်၀လို့နေ၏ ။ သို့ပေမယ့် ထိုလမင်းကြီး ၂ စင်းတွင် ဆန်ဖွတ်သည့် အဖိုးအို နှင့် ယုန်ကို ကျွန်တော် ရှာမတွေ့ပေ။ လမင်းဖြူဖြူ ၂ စင်းလုံးတွင် အပြစ်လို့ပြောလို့ရမယ်ဆိုရင် ဖြူသည့်နေရာမှာထင်းနေသည့် မဲ့လေး တစ်လုံးစီရှိနေခြင်းပင်။ ၎င်း လမင်း ၂ စင်းက ကျွန်တော်၏ နှုတ်ခမ်းနားထိ လွန်စွာ နီးကပ်လာပြန်ပါသည်။ ကျွန်တော် ညင်သာစွာ ထိုမဲ့လေး ၂ လုံးအား သေချာယူငင် စားသုံးကြည့်ပါသည်။ လမင်းကြီး ၂ စင်းမှ မကြိုက်၍ ထင်သည် ပိုပြီး တင်းမာဝိုင်းစက်၍ အပြိုင်ထွန်းလင်း နေကြသည်။ သူမသည်လည်း ရှိုက်ညည်းသံ အချို့ထွက်လာပြီး သူမ၏ လက်ချောင်းများသည် ကျွန်တော်၏ ဆံပင်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသည်။  


"နှုတ်ခမ်းကို နမ်းတော့ .. ကိုကို"  သူမထံမှ တောင်းဆိုမှုတစ်ချို့ ကျွန်တော်ကြားလိုက်ရပါသည်။ ကျွန်တော် တုန့်ဆိုင်းမနေပဲ သူမ၏ခါးသေးသေးလေးကို လက် နှစ် ဖက်ဖြင့်ဆွဲပွေ့ လိုက်သည်။ သူမ နှင့် ကျွန်တော် နှာခေါင်းချင်းထိသွားသည့်အခြေအနေ။ မျက်လုံးချင်း ခဏတော့ ကြည့်မိသည်ထင်သည်။ ပြီးနောက် ကျွန်တော်တို့ နှစ် ယောက်၏ မျက်လုံးများသည် တစ်ယောက်၏ တစ်ယောက် နှုတ်ခမ်းဆီသို့ ။ ကျွန်တော်သူမ၏ အောက်နှုတ်ခမ်းလေးကို နမ်းလိုက်ပါသည်။ နူးညံအိစက်သော အထိအတွေ့ ။ ချိုမြိန်ခြင်းအရသာနှင့်အတူ ကျွန်တော်၏ စိတ် နှင့် အကြောပေါင်းတစ်ထောင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ထင်သည်။ ကျွန်တော်တို့ ၂ ယောက် တစ်ရှိုက်မက်မက် နှင့် နမ်းကြသည်။ ရင်ခြင်းအပ်နှင်း၍ လက်များသည်လည်း နှစ်ပါးသွားကနေသလို ထိလိုက်၊ ခွာလိုက်၊ ကပ်လိုက် နှင့် တစ်ယောက်ကို တစ်ယောက်ရစ်ပတ် ကြသည်။ မျက်လုံးတွေ မှိတ်ထားကြသည် ။ ရှိုက်သံညည်းသံများက သံပြိုင်၊ နတ်ပြည်ရောက်သလို၊ ငရဲပြည်ရောက်သလို၊ အိပ်ပျော်သွားသလိုဖြင့် ကျွန်တော် နှင့် သူမ၏ စိတ်တို့သည် မြင်းဇောင်းက လွတ်ပေးလိုက်သည့် မြင်းရိုင်းများနယ်၊ ကျယ်လောင်စွာ သံပြိုင် မြည်းဟီးလိုက်ကြပါသည်။ 


" ဟီးးးး " 


စေးကပ်သော အထိအတွေ့နှင့် နှာခေါင်းထဲသို့ ပုံမှန် မဟုတ်သော အနံ့ တခုဝင်ရောက်လာပါသည်။ ကျွန်တော် လက် နှင့် စမ်းလိုက်သည်။ ကျွန်တော်၏ ဖက်ခေါင်းအုံးတွင် စိုစွတ်နေ၏။ ထို့အပြင် ကျွန်တော်၏ ပုဆိုးတို့တွင်လည်း စိုစွတ်နေပြန်၏ ။ 


"သေစမ်း .. Wet Dream ဟ" 



တစ်ချိန်ကကျွန်တော်

 


~ အဖြူထည် ~




 ရိုးရိုးရှင်းရှင်း ဘ၀ ပေးမှ မဟုတ်တာ 

ရိုးရိုးဆင်းဆင်း နဲ့ မကြုံတာ မဆန်းပါဘူး

ရိုးရိုးသားသား ဖြစ်ဖို့ ကြိုးစားလည်း 

မရိုးမသားက နဖားကြိုး ထိုးထားဆဲ။

ကျွန်တော်က .. 

ကံစီမံရာ က နေရတဲ့ 

လူယုတ်မာ တစ်ယောက်ပါ။ 

 

တစ်ချိန်ကကျွန်တော် 

Wednesday, September 18, 2024

~ ပျော်ဝင်ခြင်း ည ~






 နေရီငြိမ်း နဲ့ ကျွန်တော် 

ခရု ခွံထဲ ပြိုင်ဝင်တိုးမိတဲ့ ည ။ 

လမင်းကို မြိန်ယှက်စွာ စားသုံးတဲ့ 

ဝံပုလွေ ၂ ကောင်၏ သမိုင်းသစ်ပွဲ  

မျော်လည်းမျော် ... သွားရည်လည်း တမျှမျှ  

အမျှဝေရင်တောင် မကျွတ်မယ့် 

ကာလ အမှား တစ်ခုမှာ 

ငါတို့က နိဗ္ဗာန်မှာ ပျော်နေခဲ့တာ။  


စုပ်တသပ်သပ်မဟုတ် .. တရှိုက်မက်မက် 

ကိုယ့်ဖျာကို ခင်း ခဲ့ ..

ပွဲ က သူလည်း ငါတို့ပဲ .. 

ပွဲ ကြည့်သူလည်း ငါတို့ပဲ .. 

ကိုယ့်ဇာတ်ကို ရေးကြပြီး ... 

ငါတို့ ၂ ယောက် အကယ်ဒမီရတဲ့ ည ။ 

ငါတို့ ...  

တစ်ယောက်ကို တစ်ယောက် .. တင်းတင်းဖက် 

ငို ခဲ့ကြ .. ပြုံးခဲ့ကြ .. ပျော်ခဲ့ကြ

အရေခွံခြင်း ဖလှယ်ခဲ့ကြ။ 


ရနံ့တွေက စိတ်စေရာ ဆို

အဲ့ကျော့ကွင်းထဲ ဂျွန်းထိုးဆင်းတဲ့  

မြွေ ၂ ကောင် .. ခုန်ပေါက် က ကြ   

တစ်ယောက်ကို တစ်ယောက်ရစ်ပတ်

အောင်လံထူခဲ့

အဲ့ည .. မိုးကြိုး ၃ ချက်ပစ်တယ် 

ထန်းရွက်နဲ့ ကာလည်း 

သေခဲ့တာပါပဲ ။ 



တစ်ချိန်ကကျွန်တော်


Monday, September 16, 2024

~ ကျွန်တော် ကြောက်နေပါတယ် ~





ကျွန်တော်က ... 

ကန်ရေပြင်အောက်မှာ ငြိမ်သက်နေတဲ့ 

'ခဲ' တစ်လုံးလေးပဲဖြစ်ချင်ပါတယ်။ 

‌နေ နဲ့ လေ ကို 

ကျွန်တော် ကြောက်တယ်။ 



ကျွန်တော်ကြောက်နေပါတယ်။ စိတ်မလုံခြုံတဲ့ ခံစားမှုမျိုး ၊ ငါလည်းနာကျင်သလို မင်းလည်း နာကျင်ပါစေဆိုသည့် လစ်လျူရှုမှုမျိုးတွေ ခံစားနေရတာကို ကြောက်ပါတယ်။ တစ်ယောက်တည်း ရှိနေရတာထက် ၂ ယောက်ဖြစ်လာတာကို ကြောက်ပါတယ်။ ၂ ယောက်ကနေပေါင်းပြီး တစ်ယောက်တည်းဖြစ်သွားခြင်းမျိုး ကျွန်တော်လိုလားပါတယ်။ ကျွန်တော် နာကျင်ရမှာ ကြောက်ပါတယ် ။ ကျွန်တော် ကျန်ခဲ့မှာလည်း ကြောက်ပါတယ်။ ကျွန်တော် သေဆုံးခြင်းကိုလည်း ကြောက်ပါတယ်။ အပြစ်တင်ခံရမှာကိုလည်း ကြောက်ပါတယ်။ အပြစ်လုပ်မိမှာလည်း ကြောက်ပါတယ်။ လှုပ်လှုပ်ရှားရှားနေရတာကိုလည်း ကြောက်ပါတယ်။ ငြိမ်ငြိမ်လေး နေရတာကိုလည်း ကြောက်လာပါတယ်။  အသံတိတ်ခြောက်လန့်ခြင်းတွေကို ကြောက်ပါတယ်။ လင်းထိန်နေတာကိုလည်း ကြောက်ပါတယ်။ စကားတွေအများကြီး ပြောရမှာ ကြောက်ပါတယ်။ စကားတွေ မပြောလိုက်ရမှာကိုလည်းကြောက်ပါတယ်။ 


ကျွန်တော် ဂရုစိုက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ... ပြန်မျှော်လင့်မိတဲ့စိတ်ကို ကြောက်ပါတယ်။ 

ကျွန်တော် သစ္စာရှိပေးနိုင်ပါတယ်။ ဒါပေမယ့် ... ဖောက်ပြန်ခံရမှာကို ကြောက်ပါတယ် ။  

ကျွန်တော် ချစ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် ... အချစ်မခံရမှာကိုလည်း ကြောက်ပါတယ်။


ကျွန်တော် အရမ်း ကြောက်နေပါတယ် ။ လက်ရှိ ဖြစ်တည်နေမှုတွေကို ကြောက်ပါတယ်။ ကျွန်တော်ရှင်သန်နေရတာကိုလည်း ကြောက်ပါတယ်။ ဒီလိုပဲ .. အချိန်တွေ တရွေ့ရွေ့နဲ့ နောက်ဆုံးထွက်သက်ထိ ကျွန်တော် ကြောက်နေရဦးမယ်ထင်ပါတယ် .. ။


တစ်ချိန်ကကျွန်တော်


Sunday, September 15, 2024

~ Cuckold ထရောမာများ ~





 "ဟောင့် ... ကိုကို " 

"ကိုကိုရေးထားတဲ့ Cuckold ခံစားချက်ထဲကလို .. ကို့ရဲ့ ပါတနာ ဖောက်ပြန်နေတာကို ထိုင်ကြည့်နေရတာကို ကြိုက်တာလား" အရင်းအဖျားမရှိသော ရုတ်တရပ်မေးလိုက်သည့် နေရီငြိမ်း၏ မေးခွန်းကြောင့် ကျွန်တော် ကြောင်သွားပါသည်။ 

"အဲ့လိုလည်းမဟုတ်ဘူးလေ .. ငြိမ်း ။ ကိုကို ပြောချင်တာက အကြိမ်ကြိမ် ဖောက်ပြန်ခြင်းခံရတဲ့လူတစ်ယောက်က Cuckold ဆိုတဲ့ ထရောမာ ရလာတာကို ပြောချင်တာပါ .. ဘယ်အချိန်မှာများ ကိုနဲ့အနီးဆုံး မှာရှိတဲ့သူက ဖောက်ပြန်သွားမလည်း ဆိုတဲ့ စိုးရိမ်စိတ် ဖြစ်တဲ့ ထရောမာမျိုးပါ" ကျွန်တော်၏ အဖြေကို နေရီငြိမ်း တစ်ချက်စဉ်းစားလိုက်ပုံရသည်။ 

"အော် .. ငြိမ်းက မသိပါဘူး .. ကိုကို က ကို့ပါတနာ ဖောက်ပြန်တာကို ဘေးကနေ ထိုင်ကြည့်နေရတာကို ကြိုက်တယ်ထင်လို့ မေးကြည့်တာပါ" 

ကျွန်တော် တစ်ချက်ပြုံးလိုက်ပါသည်။ 

"ငြိမ်းရဲ့ .. Cuckold မှာ အဆင့် (၃) ခုရှိတယ်ဆိုရင် .. ကိုကို ခံစားရတဲ့ ထရောမာက level (1) အဆင့်မှာပဲရှိတာပါ ။ အပျော့စား အဆင့်လို့ ပြောရင်လည်း ရတာပေါ့" ကျွန်တော်၏ အဖြေကို နေရီငြိမ်း ခေါင်းလေးငြိမ့်လျက် နားထောင်ယုံသာ။ 


ထိုနေ့ညက ကျွန်‌တော် အိမ်မက် မက်ပါသည်။ အိမ်မက်မက်ခြင်းက ကျွန်တော့်အတွက် အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခုပင်။ ထို့ကြောင့် ရှားရှားပါးပါး မက်သော အိမ်မက်ကို ကျွန်တော် အမှတ်ရနေမိ၏။ အိမ်မက်ထဲတွင် နေရီငြိမ်းသည် ကျွန်တော့်အား သူမဘ၀ အတွက်စိတ်ကူးယဉ်ထားခြင်းဖြစ်‌သော ဆန္ဒတစ်ခုအား တောင်းဆိုပါသည်။ 


ထိုအိမ်မက်သည် ၎င်းသို့ပင် ... 


"ကိုကို .. အကယ်၍များ ငြိမ်း နဲ့ ကိုကို ယူဖြစ်သွားရင် .. ငြိမ်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို တောင်းဆိုစရာရှိတယ် ... လုပ်ပေးနိုင်မလား" ဘာတောင်းဆိုမည်မှန်း မသိသော သူမ၏ဆန္ဒတစ်ခုအတွက် ကျွန်တော် ချက်ချင်းတော့ ခေါင်းမငြိမ့်ဖြစ်ပေ။ 

"သည်းတုန်က .. ဘာဆန္ဒတွေများ တောင်းဆိုစရာရှိလည်း .. ပြောပြလေ .. ပြောပြမှ ကိုကို က လုပ်ပေးနိုင် / မလုပ်ပေးနိုင် ပြောလို့ရမှာပေါ့" ကျွန်တော်၏ အဖြေကို နေရီငြိမ်း တခိခိ နဲ့သဘောကျလျက်။ 

"ဘာမှ တော့ အရမ်းကြီး မခက်ခဲပါဘူး ကိုကိုရယ် .. ကိုကို တခြားမိန်းမ တစ်ယောက်နဲ့ အတူတူ Have Sex လုပ်နေတာကို ထိုင်ကြည့်ချင်ယုံပါ .. အဲ့လို ဖြစ်နေတဲ့အချိန် ကိုကို့ ရဲ့မျက်နှာဘယ်လို ဖြစ်နေမလည်းဆိုတာကို မြင်ချင်တာ" 

"ဗုဒ္ဓေါ .. ဘုရားရေ" နေရီငြိမ်း၏ ဆန္ဒကိုကြားလိုက်ရပြီး ကျွန်တော့်မှာ ဘုရားသာ တမိတော့သည်။ 

"အဲ့ဒါတော့ .. ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးကွယ် .. အဲ့ဆန္ဒက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး" ကျွန်တော်၏ အဖြေကို နေရီငြိမ်း တစ်ယောက် နှုတ်ခမ်းကြီးဆူလျက်။ 

"ကိုကို ကလည်းကွာ .. ငြိမ်းကို မချစ်ဘူးလား .. ချစ်ရင် ဒီဆန္ဒလေးတော့ လိုက်လျောပေးနိုင်ရမှာပေ့ါ" 

"ငြိမ်းရယ် .. ဒါကြီးကတော့ နည်းနည်းများတယ်ကွာ .. ကိုကို မလုပ်ပေးနိုင်တာသေချာတယ် .. အခြား ဆန္ဒလေးများ ပြောင်းစဉ်းစားကြည့်ပါဦးဗျာ" 

"ကိုကို့ကို မချစ်တော့ဘူး .. မချစ်တော့ဘူး .. မချစ်တော့ဘူး" ဆိုပြီး နေရီငြိမ်းတစ်ယောက် ကျွန်တော့်အား ပြောဆိုလျက် အိမ်မက်က လန့်နိုးခဲ့ရသည်။ 


ကျွန်တော်၏ အိမ်မက်အကြောင်းကို နေရီငြိမ်းအား ပြန်ပြောပြမိခဲ့ပါ၏။ နေရီငြိမ်းကတော့ရယ်လျက် ခပ်တည်တည်ဖြင့်  "ဒါလေးတောင် .. ကိုကို မလုပ်ပေးနိုင်ဘူးလား .. ငြိမ်းကို တကယ်ချစ်ရင် ဒါလေးတော့ လုပ်ပေးနိုင်ရမှာပေါ့ .. ဘာမှ နစ်နာ သွားတဲ့ကိစ္စမှ မဟုတ်တာ"

"မဟုတ်ဘူးလေ .. ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ.. ဘယ်လိုစိတ်နဲ့ ငြိမ်းရယ် .. ဘယ်လိုသွားပြီး အဲ့လိုကြီး နေလို့ရမလည်း" ကျွန်တော် ၏ အဖြေကို နေရီငြိမ်းသည် ရယ်နေလျက်သာ ကျွန်တော့်အား သဘောကျစွာ ကြည့်နေခြင်းဖြစ်သည်။ ကျွန်တော်၏ အတွေးထဲမှာဖြင့် နေရီငြိမ်းသည် ကျွန်တော့်ကဲသို့ Cuckold ထရောမာ များရနေသလား ။ နေရီငြိမ်းရနေသည့် ထရောမာ သည် နောက်ဆုံးအဆင့် အပြင်းဆုံး အဆင့်သို့ရောက်နေလား တွေးတောလျက်ဖြင့်  ကျွန်တော်တို့ ၂ယောက်၏ ချစ်ခြင်းသည် Cuckold Relationship ပုံစံသို့ ပြောင်းလဲသက်ဆင်းသွားမည်ကိုလည်း စိုးရိမ်မိသည်။ 


(Cuckold Relationship ဆိုသည်မှာ ဥပမာဆိုကြပါစို့ .. ကျွန်တော် နှင့် ငြိမ်း အချိန်အတိုင်းအတာ တစ်ခုဖြတ်သန်းပြီးချိန်မှာ ငြိမ်းသည် အခြားသဘောကျသည့် တစ်ယောက်ရှိလာခဲ့လျှင် သူမပျော်ရွင်ဖို့အတွက် သူမ သဘောကျသော အမျိုးသားနှင့် ခဏတာပျော်ရွင်မှုအတွက် ခွင့်ပြုပေးသော ဆက်ဆံရေးကိုဆိုလိုပါသည်။ သို့ပေမယ့် ငြိမ်းသည် ကျွန်တော်၏ အပေါ်ချစ်မြဲချစ်လျက် ကျွန်တော်သည်လည်း ငြိမ်းအပေါ် ချစ်မြဲချစ်လျက် တည်မြဲသော စိတ်အခြေအနေနှင့် လက်ခံမှုပေးနိုင်သော နားလည်းခြင်းမျိုးလည်းရှိသည့် ဆက်ဆံရေးမျိုးပင်ဖြစ်သည်။ ပြောင်းပြန်ဆိုရသော .. ကျွန်တော်သည် အခြားသဘောကျသော အမျိုးသမီးတစ်ဦးကို တွေ့လျှင် နေရီငြိမ်းသည်လည်း ကျွန်တော်၏ ခဏာသာ စိတ်ပျော်ရွင်မှုအတွက် ကြည်ဖြူခွင့်လွှတ်ပေးနိုင်သည့် ဆက်ဆံရေးပုံဆံမျိုသာ ဖြစ်သည်။)  


ကဲ .. ခင်ဗျာတို့လည်း ခုလို သောက်ဆန်းကြီးဖြစ်သော Cuckold Relationship ပုံစံကို သဘောမကျဘူးလို့တော့ ထင်ပါသည် .. ။ ကျွန်တော်လည်း သဘောမကျပါ .. ဖြစ်သွားနိုင်သည်ကိုတော့ ကြောက်ပါသည်လေ။ 


"နေရီငြိမ်းရေ .. ကျွန်တော် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေးပဲ ချစ်ပရစေဗျာ"



တစ်ချိန်ကကျွန်တော် 


Saturday, September 14, 2024

~ ဘောင်ထဲက လူ ~






 ဒီအခန်းဒေါင့်လေး က 

ကျွန်တော့် အတွက် နိဗ္ဗာန်ပဲလေ

ခပ်ပြုံးပြုံး နာရီ တစ်လုံး နဲ့ 

ကျွန်တော် အတူတူနေတယ်။ 


စကားလုံးရေ အကန့်အသတ်ရှိတဲ့ 

လူသား တစ်ယောက်ဆိုတော့ 

သတ်မှတ်ချက်တွေ ကုန်သွားတဲ့အခါ 

အရာအားလုံးတိတ်ဆိတ် ပေါ့။ 


ပျော်ရွင်ခြင်း ဆိုတဲ့ကောင်လည်း

နာရီ အကန့်အသတ်နဲ့ပါပဲ  

သို့ပေမယ့် 

ပျော်ခွင့်ရတုန်းလေ ကျွန်တော် 

ပျော်ခဲ့ပါတယ်။

 

ခုံစိမ်းစိမ်းလေးရယ် .  

နာရီလေးတစ်လုံးရယ် ..

ဖက်ခေါင်းအုံးလေးရယ် ...

ကျွန်တော်ရယ် ....

အရင်လိုပဲ .. ချစ်ချစ်ခင်ခင်ပေါ့။


တစ်ချိန်ကကျွန်တော်  

Friday, September 13, 2024

~ နေရီငြိမ်း ပြန်ရောက်ပါပြီ ~




နေရီငြိမ်းကို ရှာတွေ့ပါပြီဗျာ။ လိုက်ရှာပေးကြသည့်သူများအား ကျေးဇူးအထူးတင်ရှိပါသည်။ ဝမ်းနည်းနေသော ၊ ဒွိဟဖြစ်နေသော ၊ ဒဏ်ရာအသစ်များ နှင့် သူမ ကျွန်တော့်ရင်သို့ အပ်နှင်းပြန်လာခဲ့ပါပြီ။ 


"မပြတ်ချင်ဘူး ..ဒါပေမယ့် တွဲလည်း မတွဲချင်ဘူး .. ကိုကို" ရှိုက်သံမက်မက် နှင့် ကျွန်တော့်ရင်ခွင်ထဲ ငိုနေသည့် နေရီငြိမ်း။ 

"လူတွေက မမိုက်ဘူး ကိုကို .. ကိုကို လည်း မမိုက်ဘူး" နေရီငြိမ်း သူ့၀တီ အတိုင်း မကျေနပ်ချက်များ ပွင့်အံ့ချလာသည်ပေါ့။ ဒီလို ပွင့်အံ့ချလာသည်ကို ကျွန်တော်လက်ခံပါသည်။ ရင်ထဲမှာ ချစ်ခြင်းနှင့် ပက်သက်သည့် သက်ဆိုင်သူများထံမှ ရခဲ့သည့် ရေမရောသည့် ထရောမာ စစ်စစ်တွေပင်။ 


"ကိုကို .. ပြတ်ပေးလို့ရလား" ကျွန်တော့်အား သူမ ထပ်မံမေးခွန်းထုတ်လိုက်ပါသည်။ နေရီငြိမ်း ခံစားနေရသည့် လွန်ဆွဲနေသည့် စိတ်လွန်အတ္တများ ကျွန်တော်နားလည်ပါသည်။ 

"ကိုကို မပြတ်ပေးနိုင်ဘူး သည်းတုန်" 

"အင်း .. ပြီးရော .. ငြိမ်းကို ချစ်လား "

"အများကြီး .. ချစ်တာပေါ့ ငြိမ်းရယ်" နေရီငြိမ်းမျက်နှာပေါ်မှာ အပြုံးတစ်ပွင့်မြင်လိုက်ရပါသည်။ "အဆင်ပြေသွားမှာပါ" လို့လည်း တိုးတိုးလေး ကျွန်တော့်အား ကပ်ပြောလိုက်သေးသည်။ 


အမှန်ပြောကြေး ကစားဝိုင်းမှာ နေရီငြိမ်းမှ ချစ်သူ နှင့်အတူ ပုဂံသွားချင်ကြောင်း နှင့် Ice Ski လုပ်ဖူးချင်ကြောင်းပြောဖူးသည်။ ပုံဂံသွားသည့်အခါတွင်လည်း နာမည်ကြီးဘုရားများအား သွားရောက်ဖူးမျှော်ခြင်းမဟုတ်ပဲ လူသိပ်မသိသေးသည့် နေရာများအား သွားချင်သည်တဲ့။ နေရီငြိမ်း နှင့် အတူကျွန်တော် ခရီးထွက်ချင်ပါသည်။ ပုဂံမှာ လူသိနည်းသေးသော ထန်းကျောက်ပတ်လည် စိုက်ပြီး အကာအရံလုပ်ထားသည့် ဒဂ်ါးစေ့ရေကန်တွေ ၊ မြေနဲကြီးရွာအနီးက ပုဂံငလျှင်လုပ်ခဲ့တုန်းက ပေါ်လာခဲ့သည့် ၁ မိုင်လောက်ရှည်သည့် မြေနီပြတ်ရွှေ့ ကြော လျောစောက်ကြီးတွေ၊ သဘာ၀ သဲချောင်းအလှတရားတွေ၊ နှစ်၂၀၀ သက်တန်းရှိ မန်းကျီးပင်ကြီးတွေ၊ သဲချောင်းတစ်လျောက်ကနေ ပုပ္ပားဆီကို သွားလို့ရသည့် လွန်စွာမှလှသည့် ရှုခင်းတွေရှိသည့်နေရာတွေ၊ သရဲခြောက်သည်လို့ နာမည်ကျော်ကြားသည့် ဘုရားငုတ်တိုတွေ ဆီသွားမည်။ ထို့နောက် မန္တလေး နန်းတွင်းထဲအထိ လမ်းပေါက်တယ်လို့ပြောကြတဲ့ မြေအောက်လှိုင်းခေါင်းတွေကို ကြည့်ပြီး ယုတ္တိဆန်စွာ ရယ်ကြမယ်လေ။ 


Ice Ski လုပ်ချင်သည့် နေရီငြိမ်း၏ Wish List အတွက် ကပ်ချ်မီရား သို့သွားကြမည်။ ရေခဲမြစ်တွေ၊ ရေခဲတောင်တွေ ကိုလေ့လာကြမည်။ နှင်းလျှောစီးကြမည်။ 

ပါကစ်စတန် နှင့် အင်ဒီယား ၂ ခြမ်းကွဲသွားသည့်အကြောင်း ၊ ဆစ်လူမျိုးများ၏ သမိုင်းကြောင်းတွေ၊ စစ်ပွဲတွေ နှင့် အမုန်းတရားအကြောင်း၊ အမှန်တရားအကြောင်းပြပြီး အာဏာလွန်ဆွဲနေကြသည့် လူတွေအကြောင်းတွေကို ကပ်ချိမီးရား ၏ အလှတရားကိုခံစား ဝိုင်အတူတူ သောက်ပြီး ထိုင်ပွားမည် ပြီးလျှင် ကဗျာတွေရေးကြမည် ဝင်းမြင့်၏ကဗျာ၊ ဆိုဖီ၏ကဗျာတွေရွှတ်ကြမည်။ အေးချမ်းလွန်းသည့် အခိုက်အတန့်မှာ တစ်ယောက်နှင့် တစ်ယောက်ပူးကပ်ပြီး ချစ်ခြင်းနံရံတွေ တည်ဆောက်မည်။ နေရီငြိမ်း၏ နှုတ်ခမ်းပါးပါးလေးအား တစ်ရှိုက်မက်မက် ကျွန်တော်ငတ်မွတ်စွာဖြင့် နမ်းရှိုက်မည်။ 


နေရီငြိမ်းကို နောက်ဆုံးကျွန်တော် ပြန်ရှာတွေ့ခဲ့ပါပြီ။ သို့ပေမယ့် နေရီငြိမ်းကကော ကျွန်တော့်ကိုပြန်ရှာဖွေခဲ့လား၊ ဒါမှမဟုတ် နေရီငြိမ်းသည် မိမိကိုယ်ကို ကော ပြန်ရှာတွေ့နိုင်ခဲ့သလား ကျွန်တော် သေချာမသိပေ။ နေရီငြိမ်းသည် ကျွန်တော့်ကို တကယ်ချစ်သလားဆိုသည်ကိုလည်း ကျွန်တော်သေချာမသိပေ။ နေရီငြိမ်းသည် လွယ်လွယ်ကူကူ မချစ်နိုင်သော ခပ်ရိုင်းရိုင်း လီလီပန်းတစ်ပွင့်လေ။ သို့ပေမယ့် ကျွန်တာ်သည် နေရီငြိမ်းကိုတော့ အင်မတန်ချစ်ပါသည်။ ကျွန်တော်တို့ ၂ ယောက်က အသံလေးကြားဖူးယုံမျှ၊ တစ်ယောက်နောက်ကြောင်း တစ်ယောက်ဘာမျှသေချာမသိပဲ နှလုံးသားချင်းနီးသော ခံစားချက်တွေဖြင့် ချစ်ကြသည် လက်ခံကြသည်။ ပြီးမှသာ တစ်ယောက်အကြောင်းတစ်ယောက် နားထောင် နောက်ဆုံး တစ်ယောက်ကိုတစ်ယောက် သဘောကျကြောင်း ကြိုက်ကြောင်းတွေ တစ်၀ကြီးပြောပြီးနောက် တစ်ယောက်၏ရူပကာကို တစ်ယောက်မြင်ဖူးခဲ့ကြသည်။ ဒါတွေက ဘာအရောင်မှ မပါသည့် ကျွန်တော်တို့ ၂ ယောက်၏ ချစ်ခြင်းအစပင်ဖြစ်သည်။


** ဟစ်ပီရဲ့ ပန်းပွင့်များသို့ **

နေ့စေ့လစေ့ ချင်ခြင်းတပ်မက်မှုဟာ တွန့်လိမ်ကွေ့ကောက်

မျိုသိပ်နေခြင်းများအတွက် သွားကြိတ်သံတွေက တကျီကျီ

အငွေ့တထောင်းထောင်း မွဲခြောက်ခြောက်နဲ့ ခုတ်မောင်းဖို့

ငါဟာ  လာခဲ့တယ် ။

ဘယ်ပန်းတွေများ ပွင့်နေသလဲ

ဘယ်ပန်းတွေများ လွင့်နေသလဲ...ဒါမှမဟုတ်

ဘယ်ပန်းပွင့်တွေများ ကြွေနေသလဲ

ကရုဏသန့်သန့်ရဖို့ အပူတပြင်းဝန်ဆောင်မှုတွေ ဒီအရပ်မှာ ရှိလား

နားမလည်တဲ့ လူရာဝင်ရုံ  အဝတ်အထည်တွေ ရောင်းသလား

အလှူခံထားတဲ့ အောင်မြင်မှုတွေ လျော့စျေးရနိုင်သလား

မြင်းကောင်ရေ နည်းနည်းနဲ့ ဖြည့်တင်းထားတဲ့ရိက္ခာထုတ်လေး 

ငါပိုက်လို့ထားပါတယ်။ ကောင်းကင်အောက်က ညနေလှလှလေးမှာ

အလှမွေးငါးတွေ​‌တော့မကြည့်ပါရစေနဲ့ကွယ်

ဆံနွယ်တွေဝေ့ တဲ့ 

သစ်ခက်ကိုင်းလေးပဲ

ရနံ့သင်းသင်းလေးတော့ မျှော်လင့်ပါရစေ ။ ။


(နေရီငြိမ်း)



တစ်ချိန်ကကျွန်တော်

Thursday, September 12, 2024

~ နေရီငြိမ်း ပျောက်ဆုံးခြင်း ~


 


နေရီငြိမ်းကို ရှာပေးကြပါဗျာ ။ နေရီငြိမ်းသည် အရပ်က ၅'၅" ၊ အသားမဖြူမညို၊ ဆံပင်ခွေခွေကောက်ကောက် နှင့် ခါးလည်လောက်အရှည်ရှိသည်။ ထူးခြားချက်က လခြမ်းကွေးသဖွယ်မျက်ခုံးရှိပြီး၊ ဘိုဆန်သည့် မျက်နှာပေါက်မျိုးပေါ့။ ဒီလောက်ဆို ရလောက်ပြီထင်သည်။ အသေးစိတ် ပြောလျှင် ခင်ဗျာတို့ ကျွန်တော်၏ နေရီငြိမ်း ပေါ်ကြွေဆင်းသွားသည်မျိုး ကျွန်တော် မကြိုက်ပါ။ နေရီငြိမ်း ပျောက်နေသည် ရှာပေးကြပါဦးဗျာ။ 


ကျွန်တော် နှင့် နေရီငြိမ်းသည် တိုက်ဆိုင်မှုတွေ အများကြီးရှိသည့်  လူ ၂ ယောက်ဆို ပိုမှန်မည်။ မွေးလ တူ၊ ရာသီခွင်တူ၊ မွေးရက်လည်း ၁ ရက်ပဲခြားသည်၊  နာမည်ကလည်းဆင်တူသည့်အပြင် ဘယ်ဘယ်မျက်လုံးအောက်မှာ မဲ့လေး ရှိနေခြင်းအစ တူသည်။ ဒါ့အပြင် အကျင့်စရိုက် နှင့် ဝါသနာကလည်း ထပ်တူကျသေးသည်ဗျ။ မတူသည့် အချက်က အသက်အရွယ်မတူညီခြင်းနှင့် ကျား/မ ကွဲပြားခြင်းပါပဲ။ ဒါကြောင့်ပင် သူမ နှင့် ကျွန်တော်သည် အနီးကပ်ဆုံး တူတူရှိဖြစ်သွားကြသည်ပေါ့လေ။ 


နေရီငြိမ်းသည် ကလေးဆန်သည်လို့လည်း ပြောမရသလို လူကြီးဆန်သည်လို့ပြောရင်လည်းမရပေ။ အသက်အရွယ်ကလည်း လူကြီးမကျ ကလေးမကျ အရွယ်ဆိုပေမယ့် သူမ၏ အတွေးအခေါ်စဉ်းစားတွေးခေါ်မှုတွေက အသက်အရွယ်နှင့်မလိုက်ပေ။ စကားထဲမှာ ရင့်ကျက်မှုတွေပါသည်။ ရဲရင့်မှုတွေပါသည်။ ဘ၀၏ ဒဿန တွေပါသည်။ လူတွေပေါ် သောက်ဂရုမစိုက်တတ်သည့် အသုံးအနှုန်းလေးတွေပါတတ်သေးသည်။ အကျောမခံ မဟုတ်မခံ၊ ဖောရှောလာရိုက်ရင် ရိုက်တဲ့သူ လွှင့်သွားအောင် တုန့်ပြန်တတ်သည်က သူမ၏ ပုံစံပင်။ 


နေရီငြိမ်းသည် ကဗျာတွေကို ချစ်သည်၊ စာပေတွေကိုမြတ်နိုးသည်၊ အသက်အရွယ်နှင့်မလိုက် သူမဖတ်ရှုထားသည့်စာအုပ်တွေသည် ကျွန်တော် ၃ သက်လောက် ဖတ်ယူရမည်ထင်သည်။ ကဗျာတွေ ရေးသည် ၊ စာတွေရေးသည်။ သို့ပေမယ့် သူ့ကဗျာ သူ့စာတွေကို အများသူငှာထံသို့ ဝေမျှရခြင်းမှာ တွန့်တို၏။ ကျွန်တော်သည်ပင် သူမ၏ ကဗျာ အနည်းငယ်သာဖတ်ဖူးသည် ။ သူမ၏ ကဗျာ စာတွေဖတ်အပြီး ကျွန်တော်ရေးနေသည့် ကဗျာ စာ တွေသည် သူမနှင့်နှိုင်းယှဉ်လျင် မူကြိုသာသာ အဆင့်သာရှိတော့သည်လေ။ 


နေရီငြိမ်း နှင့် ကျွန်တော် ကဗျာတွေ တူတူရွတ်ကြသည် ။ စာတွေ တူတူဖတ်ကြသည်။ တစ်ယောက်၏ တစ်ယောက် အဆိုးရွားဆုံး အခြေအနေကို ရင်ဖွင့်ကြသည်။ ရယ်ကြသည်။ ပြုံးကြသည်။ တစ်ယောက်ကိုတစ်ယောက် သဘောကျကြောင်း နှင့် ကြိုက်နှစ်သက်ကြောင်းလည်း ပြောကြသည်။ နေရီငြိမ်းက .. ကျွန်တော့်အား ဘဒိုကြီး၊ အကို၊ ခင်ဗျာတို့လိုကောင်တွေ၊ တစ်ခါတလေ မင်း နဲ့ ငါ တောင် သုံးတတ်သေးသည်။ ခုတော့ နေရီငြိမ်း တစ်ယောက်ပျောက်နေသည်။ 


"ပြတ်ကြမလား" လို့နေရီငြိမ်းမေးသည်။ ကျွန်တော် နှင့် နေရီငြိမ်း ယနေ့ မနက်ကပင် ချစ်သူဖြစ်ကြသည်လေ။ ချစ်သူသက်တမ်း နာရီပိုင်းသာရှိသေး၏။ 

 "အဲ့လို .. မစနဲ့ မကြိုက်ဘူး" ကျွန်တော်ပြန်ဖြေလိုက်ပါသည်။ 

"မစပါဘူး" 


နေရီငြိမ်း ပျောက်သွားလေပြီ ။ ကျွန်တော်သည် ကျိန်စာသင့်နေတဲ့လူသားပင်ဖြစ်လိမ့်မည်။ ခင်ဗျာတို့ နေရီငြိမ်းကို မတွေ့ တွေ့အောင် ရှာပေးကြပါဗျာ။ 


ထိုသည်ကား ကျွန်တော်စာရေးသူ၏ အမှာစာပင် ဖြစ်သည် ။ 



#တစ်ချိန်ကကျွန်တော် 


Sunday, September 8, 2024

~ ကျွန်တော်၏ ရယ်မောခြင်းများ ~





 တစ်ခါတလေ ဘ၀ က ရယ်စရာကောင်းတယ်ဗျ..... 


သွေးသွားလှူတဲ့အခါ လှူချင်တဲ့ ဆန္ဒအပြည့်နဲ့ လှူခဲ့သည်ပေါ့။ သို့ပေမယ့် သွေးလူနာရှင်က အိမ်အပြန် လမ်းစရိတ်လေး ၁ သောင်းလောက်အိတ်ကပ်ထဲပြန်ထည့်ပေးတဲ့အခါ။ ၂ ခါမငြင်းနိုင်ခဲ့ပါဘူး။ အိမ်အပြန်လမ်းက စို့နင့်စွာနဲ့ 'ငါ သွေးရောင်းစားခဲ့တာလား' ဆိုတဲ့ စိတ်တွေ မဝင်ဖို့ တိုက်ထုတ်ရတဲ့ စိတ်က ကြေကွဲစေတယ်။ 


Bus ကားစိးတဲ့ အချိန် ငွေ ၂၀၀ လိုသည့်အခါ ။ '၂၀၀ လိုတယ်ဗျ ' လို့ ယာဉ်မောင်း မျက်နှာကို မကြည့်ပဲ ရှက်စိတ်ကြောင့် ကား နောက်ဆုံးခုံအထိ ပြေးပြီး ခံစားချက်မရှိ အာရုံမရှိ ကားမှန်ပြတင်းပေါက်ကို အကြာကြီး ငေးမိ ခြင်းကလည်း ကြေကွဲစေတာပဲလေ။


မုန့်ဟင်းခါးစားသည့် အခါ ။ အကြော်မပါ အလွတ်တစ်ပွဲက ငွေ  ၁၀၀၀ ကျပ်လေ။ ကျွန်တော် စားပြီးသည့် အခါ လက်ကျန် ၁၀၀၀ ကျပ်ကို ထုတ်ပေးတဲ့အခါ .. 'အလွတ်တပွဲ ၁၃၀၀ ဖြစ်သွားပြီ အကို' ။ ကျွန်တော်အံဩကြီးစွာဖြင့် 'စျေးတက်သွားတာလား .. ဗျ' လို့လှမ်းမေးရင် စျေးသည်ဆီက အဖြေကိုမကြားချင်ခဲ့ပါ။ 'ဟုတ်တယ်အကို .. တစ်ပတ်လောက်ရှိပြီ' ။ ရှက်ရှက် နှင့် 'မသိလိုက်ဘူးဗျာ .. နောက်မှ ၃၀၀ ယူပါ' ဆိုပြီး ရှက်ရှက်နဲ့ ခေါင်းငုံပြီး ပိုက်ဆံပေးခဲ့ရသည့် အဖြစ်က စိတ်ကို ကြေကွဲစေတယ်။ 


Kpay ထုတ်တဲ့အခါ ။ 'အကို Kpay ထဲက ၂၀၀၀ ကျပ် လောက်ထုတ်ချင်လို့ပါ' ။ ကျွန်တော့်ကို ဆိုင်ရှင်မှ အံ့ဩစွာ ခေါင်းအစ ခြေအဆုံးကြည့်လျက် 'ငွေထုတ်တာ အနည်းဆုံး ၅၀၀၀ ကျပ်မှ ထုတ်ပေးတာအကို'  ။ 'ဟုတ်ကဲ့' ဆိုပြီး ရှက်ရှက် နဲ့ ကျမ်းမာရေး အရ လမ်းလျှောက်ပြီး ရုံးကို သွားရသည့်အဖြစ်က  စိတ်ကို ကြေကွဲစေတယ်။ 


ရေသန့်ဖိုး ပိုက်ဆံမရှိတဲ့အခါ ။ ဘုံဘိုင်ရေက ရေငံကို မီးသွေးနဲ့ အနည်ထိုင်အောင် ၁ ညလုံးသိပ် ။ မနက်ကျ ပြန်ကျိုပြီး သောက်ရေအတွက် ဝမ်းနည်းရတဲ့အဖြစ်က စိတ်ကို ကြေကွဲစေတယ်။ 


မီတာခ မပေးနိုင်ခဲ့လို့ မီဖြတ်ခံရပြီး .. ၁ လလုံး အမှောင်ထဲမှာနေ ။ လက်ဖက်ရည်ဆိုင်ကို နေ့တိုင်း တောင်းတောင်းပန်ပန်နဲ့ Power Bank နဲ့ ဖုန်း အားသွင်းခဲ့ရတဲ့ အဖြစ်ကလည်း စိတ်ကို ကြေကွဲစေတယ်။ 


ချွေတာရေး ခေါင်းစဉ်နဲ့ .. ဆန် (၁) ပြည်ကို ၁လစားခဲ့ပြီး Protein အတွက် ဆန်ပိုးကောင်တွေပါ ရောပြီး ချက်စားခဲ့တဲ့ အဖြစ်က စိတ်ကို ကြေကွဲစေတယ်။ 


'မင်း .. အသက် (၄၀) နားကပ်နေပြီ .. သောက်အလုပ် သေချာမလုပ်ဘူးလား' ဆိုသည့် စကားသံတွေက ကျွန်တော့်စိတ်ကို ကြေမွစေတယ်။ ဆက်ပြောရရင် ကျွန်တော့်စိတ်ကို ကြေမွ ထိခိုက်စေတာတွေက အများကြီးပါ ။ 


အဓိက ခုလို ခဏခဏကြေကွဲနေရသည့် အကြောင်းအရင်းက 'သန့်သန့်ပြန့်ပြန့် ခန့်ခန့်ကြီးက .. ရုပ်နဲ့ အပြုအမူနဲ့မလိုက် .. မွဲနေတာ ဟယ်' ဆိုပြီး ဂရုဏာသပ်တဲ့ အကြည့်တွေက ကျွန်တော့်စိတ်ကို ပိုကြေကွဲထိခိုက်စေပြီး ငိုချင်တာပဲ သိတော့တယ်ဗျာ ။ 



တစ်ချိန်ကကျွန်တော်

~ ကျွန်တော်၏ အတွေးစများ ~




ကျွန်တော် နေမကောင်းကြောင်း . အဆင်မပြေကြောင်းတွေ  မပြောချင်ပါဘူး။ မျှော်လင့်ချက် မဲ့မဲ့ သွားသည့် ထရောမာ အပိုင်းအစတွေက ကျွန်တော်၏ အခန်းထဲသို့ မကြာခဏ လာလာလည်တတ်သည်လေ။ စိတ်အဆင်မပြေသည့် အခါအတိုင်း အလိုက်သတိ နဲ့ 'နေကောင်းရဲ့လား ..ထမင်းစားပြီးပီလား " တကူးတက မေးမည့် သက်ရှိနာမ်တရားတွေက မတွေ့မမြင်ရတာကြာပြီပေါ့။ အခန်းကျဉ်းကျဉ်းလေးမှာ ကျွန်တော့်ကို အရိပ်တကြည့်ကြည့် စောင့်ရှောက်နေပေးသည့် ထိုင်ခုံ စိမ်းစိမ်းလေးက ကျွန်တော်၏ အဖော်ဖြစ်ပြီး အိပ်ယာထက်က ခေါင်းအုံး နှင့် ဖက်ခေါင်းအုံးတွေက ကျွန်တော်၏ စိတ်အတတ်အကျကို သည်းခံပေးသည့် ညီအကိုတွေပင်ဖြစ်သည်။  တစ်စုံတည်းရှိသော ဇွန်းခရင်း၊ တစ်လုံးတည်းရှိသော ကော်ဖီခွက် နှင့် တစ်ချပ်တည်းရှိသော ပန်းကန်ပြား တို့နှင့် တစ်ရက်တစ်ကြိမ်တော့  အဖော်မမဲ့စွာ ကျွန်တော်တို့အားလုံး အတူတူရှိကြသည်လေ။ 


အတွေးကမ္ဘာ ၊ အမှောင်ကမ္ဘာ မှာ နေ့နေ့ညည ကူးလူဖြတ်သန်းရင်း မကြာခဏ အကြည့်ချင်းဆုံမိတတ်သည့် နာရီ လေးတစ်လုံးလည်း ကျွန်တော့်မှာရှိသေးသည်။ အချိန်တွေခရီးသွားနေတာကို ကျွန်တော်သဘောကျသည်။ အချိန်တွေ ကုန်လွန်သွားတာလည်း ကျွန်တော် သဘောကျသည်။ ကျွန်တော်၏ မကောင်းတဲ့အချိန်၊ အဆင်မပြေတဲ့အချိန် ၊ ဝမ်းနည်းနေတဲ့အချိန် တွေ ဒီနာရီလက်တံလေးက ပြုံးပြုံးလေးဖြင့် သယ်ဆောင်သွားကြသည်လေ။ တစ်ခါတစ်ရံ ပင်ပန်းလို့ သူခဏနားနေရင် ကျွန်တော့်မှာ နေမသိထိုင်မသာ ရပ်တန့်နေသည့် သူ၏လက်တံကိုကြည့်ပြီး သူကိုကယ်ဆယ်ဖို့ တစ်အိမ်လုံးမွှေနှောက် ကြေးပြား အစွန်းအထွက် ရှာဖွေရသည်က ကိုလံဘတ်စ် အမေရိကားတိုက်ကို ရှာဖွေရသလိုပင်။ သူ့ကို ကျွန်တော် အားဆေးလေး ပြန်လည်တိုက်ကျွေးသည့်အချိန်ဆိုလျှင်လည်း ရင်တမမ နှင့် သူ ပြန်လည် နိုးမထလာတော့မှာကို ကျွန်တော်ကြောက်မိသည်လေ။ သူ၏ နှလုံးခုန်သံများ ၊ စက္ကန့်တံလေးများ တအိအိပုံမှန်လည်ပတ်သွားပုံကို ပြန်လည်မြင်တွေ့လိုက်ခြင်းဖြင့် ကျွန်တာ့်မှာ ၁၀ တန်းကို မောဒရေရှင်း ၆ ဘာသာနှင့် အောင်သည့်ကျောင်းသား တစ်ယောက်လို ပျော်မဆုံးပေါ့။ ဘီးတလ်ရဲ့ အိုလာဒီး .. အိုလာဒါး သိချင်းကို ဖွင့် သူနှင့် ကျွန်တော်တွဲ က ရသည့်ထိုအချိန်က ခဏတာ အပျော်ဆုံးချိန်လေး တစ်ခုတော့ ဖြစ်ခဲ့သည်လေ။ ကျွန်တော်သူ့ကို ကျေးဇူးအထူးတင်ရှိပါသည်။ အရာအားလုံး တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြားစရာ ကောင်းနေသည့်အချိန်တွေမှာ တချပ်ချပ် နှင့် အနားမှာ သူရှိကြောင်း အဖော်လုပ်ပေးနေကြောင်း အသိပေးသည်လေ။ 


ခုတော့ ဒရမ်မာတွေ ရပ်သင့်သည့်အချိန်ရောက်ပြီလေ။ လူတိုင်း နေ့စဉ်ရှင်သန်နေရသည့် Suffering Life ကို ကျွန်တော်လွှတ်ချထားသင့်ပြီ။ အကြောင်းပြချက်တွေနဲ့ ရှင်သန်ဖြတ်သန်းနေရတဲ့ ဘ၀ကိုလည်းစိတ်ကုန်သင့်ပြီ။ လူတွေရဲ့ စကားလုံးဝေါဟာရနောက်ကိုလိုက်ပြီး ဖြစ်လာတဲ့ Reaction နှင့် ညှိတွယ်မှုတွေကိုလည်း နားသင့်ပြီဖြစ်သည်။ ဘ၀ဆိုတာ သတ်မှတ်ထားသည့် Package တွေနှင့် လာကြတာမှမဟုတ်ပဲလေ။ လူတွေ၏ တခုတ်တရ အရေးတယူ ဂရုစိုက်ခြင်း အသိအမှတ်ပြုခြင်း များအား Give Up လုပ်ပြီး ဖန်ခွက်အလွတ်ထဲသို့ ကိုလိုချင်သည့်အရာများ ကိုယ်နှစ်သက်သည့်သူများအား ဂရုတစိုက်ပြန်ထည့်ပြီး အကြောင်းပြချက်နှင့် ရှင်သန်နေရသည့် လူတစ်ယောက်အဖြစ်မှ ရုန်းထွက်ရမည်လေ။



တစ်ချိန်ကကျွန်တော်

Saturday, September 7, 2024

~ ကျွန်တော်၏ လိပ်နင်ဂျာမလေး ~





"သမီးက အကိုတစ်ယောက်လည်းမလိုဘူး .. ဦးလေးတစ်ယောက်လည်း မလိုဘူး ... အပေါ်ယံဆက်ဆံတာလည်းမလိုချင်ဘူး ... အပေါ်ယံဆိုဘာမှလာမပေးနဲ့" လိပ်နင်ဂျာမလေးက ကျွန်တော့်အပေါ် စကားလုံးဓါးသွားတွေ ဆက်တိုက်ဆိုသလိုပစ်ချလို့နေ၏။ ကျွန်တော်သူမ၏ ဖြစ်တည်နေသည့် ခံစားချက်တွေကိုနားလည်ပါသည်။ ဖြစ်ချင်သည့်အရာ လိုအပ်ချင်သည့်ပစ္စည်းကို အပြည့်အ၀မရသည့်အခါ ဂျီကျတတ်သည့် ကလေးလေးတစ်ယောက်ပုံစံပေ့ါလေ။ ကျွန်တော်၏ လိပ်နင်ဂျာမလေးသည် လိပ်နင်ဂျာအရုပ်လေးတစ်ရုပ်လို ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာအလွန်ကောင်းပါသည်။ ပြုံးနေသည့်လိပ်နင်ဂျာရုပ်လေးကို ဆံပင်ဂုတ်ဝဲအတို ဆင်မြန်းပြီး ထိုင်ကြည့်သည့်အခါ သူမ၏ အပြုံး နှင့်ထပ်တူကျသည်လေ။ ဒါကြောင့် ကျွန်တော် သူမကို လိပ်နင်ဂျာမလေးဟု ကင်ပွန်းတပ်ခေါ်ဆိုခြင်းဖြစ်သည်။ သို့ပေမယ့် ထိုအမည်ကို သူမ မကြိုက်ပေ။ 


"ကိုကို .. မီးမီးအိပ်ချင်ပြီ .. ချော့သိပ်" ဆိုသည့် သူမ၏ ပြစ်ချွဲချွဲ ချစ်စရာကောင်းသော အမူအရာများ။ 

"အာဘွားပေးမှ အိပ်မယ် .. ဦးကို .. အားဘွားပေးးးး" ဆိုပြီး အမြဲဂျီကျတတ်သော ကျွန်တော်၏ လိပ်နင်ဂျာမလေးပေါ့။  

"ဦးကို .. သမီးက .. သမီးထက် အသက်၂၀ လောက်ကွာမှ သဘောကျတာ .. ဦးကို နဲ့က ၁၄ နှစ်လောက်ပဲကွာသေးတယ် .. ၆ နှစ်လောက်အသက်ထက်ကြီးပေးလို့မရဘူးလား" ရယ်ကျဲကျဲ နှင့် သူမ သဘောကျဖို့အရေး ကျွန်တော်က အသက် ၆ နှစ်လောက်ထက်ကြီးပေးရမလိုပင်။ 

"ဦးကို .. သမီးက .. ကိုယ့်ထမင်းကိုစားပြီး ဦးကို ကိုသဘောကျရတာနော် .. နည်းနည်းလည်း အားနာပေးပါဦး" ကျွန်တော်၏ အေးစက်စက်အမူအယာ၊ အကျင့်တွေက သူမ၏ မာနကိုထိခိုက်စေမိပြီထင်သည်။ 

"ဦးကို .. ဖုန်းဆက်တာလည်းမကိုင်ဘူး .. စာပို့လည်းမပြန်ဘူး .. သမီးကို စကားမပြောချင်ဘူး ဆိုရင်လည်းရတယ် .. နောက်ဘယ်တော့မှ ဦးကို ကို မခေါ်တော့ဘူး စာလည်းမပို့တော့ဘူး .. သမီးကို အပေါ်ယံတွေ မျက်နှာဖုံးတွေနဲ့ မဆက်ဆံပါနဲ့ " ကျွန်တော် အားခြင်း မအားခြင်း မေးမြန်းခြင်းမရှိ။ စာပြန်မပို့ခြင်း နှင့် ဖုန်းဆက်တာမကိုင်ခြင်းကြောင့် လိပ်နင်ဂျာမလေး စိတ်ဆိုးသည်လေ။  


ကျွန်တော်စိတ်မကောင်းခြင်းများစွာဖြစ်ရပါ၏။ လိပ်နင်ဂျာမလေး၏ အမုန်းတရားက Tempo အမြင့်ဆုံးရောက်ရှိနေပြီလေ။ ကျွန်တော် ချော့ရမလား .. ဒါမှမဟုတ် .. လွှတ်ချလိုက်ရမလား ဆိုသည့် ဆုံးဖြတ်ချက် ၂ ခုက ရင်၀ သို့ ဆူးနင့်စေသည်လေ။ 


"ဦးကို .. သမီး ဦးကိုရဲ့ အကြည်ရောင်အချစ် ဖတ်ပြီး ခံစားရတယ်သိလား .. သမီး ဦးကို နဲ့ အကြာကြီး ခင်မင် ပက်သက်ချင်တယ် .. သိလား ဦးကို" လိပ်နင်ဂျာမလေး၏ ကျွန်တော့်အပေါ် ပြောထားသည့် သူမ၏ ခံစားချက် စကားသံများက နားထဲ ပဲ့တင်ထပ်လို့ပင်။ ကျွန်တော်သည်လည်း လိပ်နင်ဂျာမလေးနှင့် ဖြစ်နိုင်လျှင် အသက်သေသည်အထိ ခင်မင်ပက်သက်ချင်မိသည်က အမှန်ပင်။ သို့ပေမယ့် ကျွန်တော်၏ ပက်သက်ချင်မိသည့် စိတ်သည် အကို တစ်ယောက်လို ဦးလေး တစ်ယောက်လို ပက်သက်ခြင်းမျိုးပေါ့။ 


ယခုတော့ ... ဖြေးဖြေးမှန်မှန် နှင့် ကျောခိုင်းထွက်သွားသည့် လိပ်နင်ဂျာ တစ်ကောင်၏ပုံရိပ်အား မျက်စိထဲ မြင်ယောင်မိသလို ။ မတ်စိအသံတွေ သေဆုံးကုန်သည် ။ ဖုန်းသံလေးတွေ ကွယ်ပျောက်သွားခဲ့သည်။ ကျွန်တော် နှင့် ပက်သက်ဆက်နွယ်သည့် အရာအားလုံး သူမ၏ ကျောပိုးအိတ်ထဲသို့ ပြန်လည်သယ်ဆောင်ယူငင်သွားချေခဲ့ပြီ။ Theocracy ဝါဒကို ကိုင်ဆွဲထားသည့် ကျွန်တော်၏ လိပ်နင်ဂျာမလေးသည် တစ်ချိန်မှာ သူမ၏တိုင်းပြည် သူမ၏ စည်းမျဉ်းတွေအောက်မှာ ဝပ်တွားခစားနိုင်မည့် အမှုထမ်းများနှင့် သာယာပျော်ရွင်သော လိပ်နင်ဂျာ သီအိုကရေစီ နိုင်ငံတစ်ခုကို တည်ထောင်နိုင်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ 


တစ်ချိန်ကကျွန်တော် 


Friday, September 6, 2024

~ အူဆီဖောင်း ဒိုင်ယာရီ ~




တစ်ခါက လေအပြည့် နှင့် လွတ်လပ်စွာသွားလာနေသည့် ရာဘာပူစီဖောင်း (သို့) အူဆီဖောင်းလေးတစ်လုံးရှိတယ်ဗျ။ ဒီအူဆီဖောင်းလေးဟာ လေတွေကိုချစ်တယ် ၊ နေရာသစ်တွေကိုလေ့လာရတာမြတ်နိုးတယ် ။ လွတ်လွတ်လပ်လပ်ရှင်သန်ရတာကိုကြိုက်သည်ပေါ့။ ထိုအူဆီဖောင်းလေးက ကျွန်တော်လို့ ဆိုကြပါဆို့။ 


တစ်နေ့မှာတော့ ... ကျွန်တော်သည် လေတံခွန်မလေး တစ်ယောက်နှင့် ဆုံစည်းဖြစ်ခဲ့သည်။ လေတံခွန်မလေးက သန်မာတယ် လေ၏ အကူအညီနှင့် ကောင်းကင်အထက်မှာ လွတ်လပ်စွာ ပျံဝဲနေသည်လေ။ လေတံခွန်မလေးကို သူမလို့ပဲ ခေါ်ပါရစေ။ ကျွန်တော် သည် သူမ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင် နဲ့ စိတ်ကူးထဲကအတိုင်း လွတ်လပ်စွာပျံဝဲနေသည်ကို သိပ်သဘောကျသည်လေ။ ဒါကြောင့် သူမ၏ အနီးအနားပဲ နေ့နေ့ညည အတူတူရှိရင်း ပျံသန်းနေရခြင်းက ကျွန်တော် အူဆီဖောင်းအတွက် သိပ်ကိုသာယာလှပါ့သည့် နေ့ရက်တွေပင်။ 


ဒီလိုနဲ့ရက်တွေကြာလာတော့ .. အူဆီဖောင်းလေးဟာ စိုးရိမ်စိတ်လေးတွေဝင်ခဲ့သည်။ ကျွန်တော်က လွယ်ကူစွာပေါက်ကွဲသွားနိုင်သည့် အူဆီဖောင်းတစ်လုံးဆိုသည်ကို ပိုပိုနားလည်လာလို့ပင်ဖြစ်သည်။ တစ်နေ့မှာ လေပြင်းဒဏ်ကြောင့် (သို့) ချွန်ထက်သည့်အရာရာတစ်ခုကများ ထိုးဖောက်ဝင်ရောက် ပျောက်ကွယ်သွားနိုင်သည်ကိုလည်း မိမိကိုယ်ကို စိုးရိမ်မိလာသည်။ သူမ ကတော့ ထိုသို့မဟုတ် သန်မာပြီး လေပြင်းဒဏ် ခံနိုင်သည့် မာမာထန်ထန် ကောင်မလေးတစ်ယောက်ပင်။ ဆူးဒဏ်ဝင်ရောက်သွားလျှင်တောင်မှ ဆက်လက်ရှင်သန်နိုင်သည့် လေတံခွန်မလေး ပေါ့ဗျာ။ 


သူမ က ကျွန်တော့်ကိုပြောတယ် ။ 'ကျွန်မ ဘ၀က တစ်ယောက်ထဲ ကောင်းကင်ပေါ်ရှင်သန်နေရတာကိုကြိုက်ပေမယ့် .. ရှင်နဲ့အတူ ပျံသန်းနေရခြင်းက ကျွန်မဘ၀ ကိုပိုအဓိပ္ပာယ်ရှိစေတယ် .. ချစ်ခြင်းမေတ္တာအကြောင်း နဲ့ တန်ဖိုးထားရှိရမယ့် မေတ္တာတရားတွေကိုလည်း နားလည်လာတယ်' 


ဒီလိုနဲ့ တစ်ရက်တော့ .. အူဆီဖောင်းလေးဟာ သစ်ကိုင်းတခုမှာ သွားညှိနေလေရဲ့ ။ လေတံခွန်မလေးက သူ့ဘ၀ကို အနာခံပြီး အူဆီဖောင်းလေးကို ကယ်တင်ခဲ့တယ်။ ထို့နောက် သူတို့ ၂ ယောက် ပျော်ရွင်စွာအတူနေထိုင်သွားကြလေသတည်းပေါ့ဗျာ။ 


ကဲ .. ခင်ဗျာတို့ ကြားဖူးတဲ့ .. ဖန်တရာတေ နေတဲ့ အလားတူဇာတ်လမ်းမျိုး ပုံပြင်မျိုးတွေက အများကြီးပါ။ ဒါပေမယ့် ခင်ဗျာတို့‌တွေ နက်နက်နဲနဲ မတွေးပဲ အပေါ်ယံတင် ပုံပြင်တွေကို ဖတ်ခဲ့ကြသည်ဆိုခြင်းကို ဝန်ခံစေချင်သည်။ ဒီအူဆီဖောင်းလေး နှင့် စွန်မလေး ဇာတ်လမ်းမှာလည်း သာမာန် ဖတ်နေကြလို စွန့်စားခန်း အကျဉ်းနဲ့ ချစ်စရာ ဇာတ်သိမ်းမျိုးလို့ပဲ မြင်ကြတယ်မလား။ ခင်ဗျာတို့ ဒီဇာတ်လမ်းမှာ ဘာတွေ ရလိုက်ကြလည်း ။ နောက်တစ်ခါ သေချာလိုက်ဖတ် မ‌နေပါနဲ့ဗျာ ။ ဒီဇာတ်လမ်းဆီက ခင်ဗျာတို့ ဘာမှ မရမှာသေချာတယ် ။ ဘာကြောင့်လည်းဆိုလျှင် ဒီဇာတ်လမ်းက အူဆီဖောင်း ၏ ချစ်ခြင်း ရသ နှင့် လေတံခွန်မလေး၏ မေတ္တာတရား ရသအကြောင်းတွေပဲ ထုံမွှန်းနေလို့ပါ။ 


ဒီရသ ကို .. အူဆီဖောင်းလည်း သိသလို .. လေတံခွန်မလေးလည်း သိတာပေါ့ ။ ခင်ဗျာတို့သာ အူကြောင်ကြောင်နဲ့ ဇာတ်လမ်းတာပြီးသွားသည့်အပြင် ကျွန်တော်ငေါက်တာပါခံလိုက်ရတဲ့အတွက် တစ်ချက်လောက်တော့ ကျွန်တော့်ကို ဆဲ ခဲ့ကြပါဦးဗျာ။ 


တစ်ချိန်ကကျွန်တော်


Wednesday, September 4, 2024

~ ရှင်သန်ခြင်း အစ ~

 



ဘေးတိုက်သွားတဲ့ ဂဏန်းက 

လက်ချင်း ချိတ်သွားလို့ရတယ် ။ 

ဘ၀ ဆိုတာ ဒီလိုပဲပေါ့ဗျာ .. 

ဝါသနာတူ .. အကြိုက်တူ 

မွေးလတူ .. နာမည်တူ 

အကျင့်တူ .. စိတ်ပရဲ့လည်းတူ 

အားလုံးတူမှတော့ . . . 

ကျွန်တော် နှင့် နေရီငြိမ်း 

ချစ်သူတွေဖြစ်ကြလေသည်ပေါ့ . . . ။ 


တစ်ချိန်ကကျွန်တာ် 


~ ကြိုးပြတ်နေခြင်း ~


 


ဘ၀တွေအကြိမ်ကြိမ်သေနေတဲ့သူတစ်ယောက်က ဘ၀တွေထပ်ထပ်သေတာ ဘာထူးဆန်းမှာမို့လည်း ။ သေဆုံးခြင်းကို အမှတ်တရတွေစိုက်ထူခဲ့မယ်ဆိုရင် ဒီကမ္ဘာမှာ အခြားပန်းတွေ ပွင့်ဖို့ နေရာမရှိပါဘူးလေ။ အရေထူနေသည့် ကျရှုံးမှု နှင့် မထူးဆန်းတော့သည့် စွန့်ခွာ စွန့်လွှတ်မှုတို့က ထမင်းစားရေသောက်သလို နှလုံးသားက ခံနိုင်ရည်ရှိနေပါပြီ။ 


'အပ်လေး တစ်ချောင်း မင်းရင်၀မှာစိုက်ကြည့်စမ်းပါတဲ့' ... ဘက်ဘက်ရင်အုံတည့်တည့် ထိုးစိုက်ချလိုက်တယ်။ ကျော်ထင်အနော်ရထာ က သူရဲကောင်းရွေးချယ်သလိုပဲ .. ကျွန်တော် တစ်ချက်လေးမျှတွန့်မသွားခဲ့ပါ။ 


'ဓါးလေး တစ်ချောင်း ထပ်စိုက်ကြည့်မယ်တဲ့' ... ကျွန်တော့်ဘက်ဘယ်ရင်အုံ ထုတ်ချင်းပေါက်သွားတယ်။ အမေရိကန်တွေ နာဂါစာကီကို အနုမြူကြဲချသလိုပေါ့။ ဂျပန်ပြည်သူတွေ အမေရိကန်လေယာဉ်ကို မြင်တယ် .. ကြဲချလိုက်တာလည်းမြင်တယ် .. အချိန်က ၄၃ စက္ကန့်ပါပဲ။ မျက်လုံးထဲမှာ အလင်းတန်းတစ်ခုမြင်ပြီး အားလုံးနိဂုန်းချူပ်သွားကြတယ်။ ကျွန်တော်ကတော့ ထိုမြင်ကွင်းကို အစအဆုံးထိုင်ကြည့်နေသည့် လူသေ တစ်ကောင်လိုပါပဲ။   


နာကျင်စရာတွေက ပန်းနဲ့ ပေါက်သလို .. ဂွမ်းစလေးနဲ့ ထိလိုက်သလိုပါပဲ ။ နှလုံးသား နဲ့ ဦးနှောက်က အချိတ်အဆက်မမိတာကြာခဲ့ပြီ ။ ဒါကြောင့် နာကျင်တဲ့ဝေဒနာလည်း မသိသလို ၊ ကြင်နာခြင်းတွေလည်း မေ့လျော့နေခဲ့ပေါ့ ။ ကျွန်တော်က လူသားဆန်တဲ့ စက်ရုပ်တစ်ရုပ်ပါ။ စိတ်တွေကတော့ ပျော်ပွဲစားထွက်နေလေ၏။


တစ်ချိန်ကကျွန်တော်


Tuesday, September 3, 2024

~ ကျွန်တော် နေမကောင်းဘူး အမေ ~





ကျွန်တော် နေမကောင်းဘူး အမေ

မိုးပေါက်ကျသံတွေက ကျွန်တော့် နှလုံးသားကို
တစစ်စစ် နာတယ် အမေ ။

ကျွန်တော် နေမကောင်းဘူး အမေ
သကြားဗူးပေါ်က ပုရွက်ဆိတ်တွေက
သားကို .. ရယ်နေကြတယ် အမေ .. ။

ကျွန်တော် နေမကောင်းဘူး အမေ
လိပ်နင်ဂျာ တစ်ကောင်က ခပ်ရွဲ့ရွဲ့ပြုံး
ရင်၀ကို ဆူးနဲ့ အကြိမ်ကြိမ်ထိုးတယ် အမေ .. ။

ကျွန်တော် နေမကောင်းဘူး အမေ
ယူကရိန်း နှင့် ရုရှား စစ်ပွဲတွေရပ်ပြီလား
အစ္စရေး နဲ့ အီရန်ကော တည့်သွားကြပြီလား
မြန်မာပြည်ကြီး နေပြန်ကောင်းပြီလား
သားကြောက်တယ် အမေ ..
သိခြင်းတွေက တံခါးပေါက်ထိပ် ပိတ်ရပ်နေကြတယ်
မသိခြင်းတွေက နှုတ်ဆက်ထွက်ခွာသွားကြတယ် .. အမေ။



တစ်ချိန်ကကျွန်တော်

~ စိတ်ဓါတ်ကျစေမည့် စကားစုများ (၂) ~





စိတ်ဓါတ်တက်ကြွစွာနှင့် စိတ်ဓါတ်ကျစေမည့် စကားစုများ ရှာဖွေရေးရသည်က စိတ်ဓါတ်ကျခြင်းကို ဖြစ်စေသည်လားမသိ။ ကျွန်တော်လည်း ဖြစ်ချင်သည့် အကြောင်းအရာတွေ နှင့် ကြိုးစားလုပ်ဆောင်နေဆဲလေးတွေရှိသည်။ သို့ပေမယ့် စိတ်ဓါတ်ကျစေမည့် စကားစုများကိုဖော်ထုတ်ရင်း တကယ်ပဲ ကျွန်တော့်အိမ်မက်တွေ၊ ကြိုးစားချင်သည့်အရာတွေ ၊ လုပ်ဆောင်ဆဲတွေ ရပ်ထားသည်က ပို၍ အေးချမ်းခြင်း အရသာ ရသည်ဟုတွေးမိသည်။ 


၁) 

လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ်  "အိမ်မက်ကြီးကြိးမက်စမ်းပါ .. ကျရှုံးလည်း ရဲရဲကြီးကျရှုံးလိုက်စမ်းပါ" ။ 

ကျွန်တော်ကတော့ ဒိလိုပဲပြောမယ် ... "အိမ်မက်သေးသေးလေးပဲ မက်စမ်းပါဗျ ..ရှုံးတော့လည်း အကျနာ သက်သာတာပေါ့" 


၂)

လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "မင်းကိုမင်း ကြိုးစားစမ်းပါ ..  ဘယ်သူမှ မင်းအောင်မြင်ဖို့လာလုပ်မပေးဘူး"

ကျွန်တာ်က ဒီလိုပဲပြောမယ် ... "ကြိုးစားမနေပါနဲ့ကွာ .. မင်းကြိုးစားလည်း မင်းကိုကျော်တတ်သွားကြမှာ .. အေးဆေး သူတို့ကို ပေးကျော်လိုက်ပါ" 


၃) 

လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "အောင်မြင်မှုက နောက်ဆုံးပန်းတိုင်မဟုတ်သလို .. ရှုံးနိမ့်မှူကြောင့်လည်း မင်းမသေသွားဘူး .. ပန်းတိုင်ရောက်ဖို့ စဉ်ဆက်မပြတ်လုပ်ဆောင်နေဖို့ပဲလိုတယ်"

ကျွန်တော်က ဒီလိုပဲပြောမယ် "စိတ်အားထက်သန်ခြင်း နှင့် အောင်မြင်မှုဆိုတာ ခဏတာပဲဗျ .. ကျရှုံးခြင်းဆိုတာလည်း ဘယ်သူမှ ရှောင်လွှဲလို့မ၇ဘူး .. အေးဆေးပဲနေပါ" 


၄) 

လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် " သားကြီး .. မင်းက မင်းကိုယ်မင်းထင်ထားတာထက် မင်းသန်မာပါတယ် . မင်းလုပ်နိုင်ပါတယ်"

ကျွန်တော်က ဒီလိုပြောမယ် ... ." သားကြီး .. သောက်၇ူးမထနဲ့ .. မင်းကိုမင်း သန်မာတယ်ထင်နေတာ စိတ်ကူးပဲ .. ရှုံးမှ ဒဏ်ရာတွေထပ်ရနေမယ်"


၅) 

လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "လူတိုင်းက ... ကိုယ့်ကြံမ္မာကိုဖန်တီးရတာ .. ကို့သမိုင်းကိုရေးရတာ .. ဒါကြောင့်လှအောင်ရေးကြ"

ကျွန်တော်က ဒီလိုပြောမယ် ... "ကျွန်တော်တို့တွေက ဖန်တီးသူတွေဖန်တီးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ .. ဒီဇာတ်ကြောင်းမှာ ငါတို့တွေက ကွက်လပ်ဖြည့်ယုံလေးပဲ . သောက်ရူးထမနေနဲ့ .. ကံနဲ့ ကံကြမ္မာက လုပ်စရာရှိတာလုပ်သွားမှာ .. မင်းဘယ်လောက်အ၇ူးထပြီးအောင်မြင်အောင်လုပ်လုပ် ရှုံးနိမ့်မယ့်ကောင်က ရှုံးနိမ့်မှာပဲ" 


၆)

လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "မိမိ၏ အနာဂတ်ကိုအကောင်းဆုံးဖြစ်ဖို့ အခုကတည်းက မိမိကိုယ်ကို ဖန်တီးပါတဲ့"

ကျွန်တော်‌က ဒီလိုပြောမယ် ... "အနာဂတ်ဆိုတာ ဘာမှ ကြိုမမြင်နိုင်တဲ့အရာ .. မင်းမကြိုးစားလည်း အောင်မြင်နိုင်တယ်.. မင်းကြိုးစားလည်း ကျရှုံးနိုင်တာပဲ .. သောက်ရူးခဏခဏ ထမနေနဲ့ .. အိပ်ရေး၀၀အိပ်" 


တစ်ချိန်ကကျွန်တော် 

Monday, September 2, 2024

~ နေရီငြိမ်း ~





 နေရီငြိမ်းရေ .. 

မနေ့ကမှ သိလိုက်ရတယ် 

ကျွန်တော်က မနက်ခင်းမှာလင်း တဲ့နေ 

နေရီက ညနေခင်းမှာ ငြိမ်းတဲ့ နေ.. ။ 


အိမ်ရှေ့ခေါင်းမိုးထက်စီက မိုးပေါက်သံတွေကြားတယ် 

ခန်းစီးစ အဖွင့်မှာ ခိုလေးတွေ ပျံတက်သွား 

ငြိမ်းကပြောတယ် .. 

သူမ အတွက် ခန်းစီး အမြဲပိတ်ထားပေး တဲ့ .. ။ 


တခါတလေတော့လည်း မျှော်ရခြင်းက 

အပ်တဖျားစာမျှ။ 

စစ်တောင်းမြစ်ရယ် .. သံလွင်မြစ်ရယ် 

တောင်တွေကလည်း အထပ်ထပ်ကာထားပေါ့ .. 

ချောင်းလေးခြားယုံ နဲ့ သောက်ပို လုပ်တဲ့ ကိန္နရီ မောင်နှံ

ကျွန်တော် .. လက်ခလယ် ထောင်ပြခဲ့တယ်လေ။ 


အယူသီးတဲ့ ဘာသာရေး ဂျင်းတွေမှာ 

ငြိမ်းနဲ့ ကျွန်တော် .. ပြုံးမိပေါ့ 

သိပ္ပံခေတ်မှာ အယူလွဲခြင်းဝါဒကို 

ကျွန်တာ် နှင့် ငြိမ်း .. အတူရေစက်ချခဲ့တယ်။ 


နေရီငြိမ်းရေ ... 

ရန်ကုန်မြို့ရဲ့ .. ဓါတ်ကြိုးတွေမှာ 

ခိုလေးတွေ အုပ်လိုက် .. ဓါတ်စီးနေကျတယ် 

ကျွန်မက .. အမ ကြိုးမှာ နေတယ်တဲ့ 

ဒါဆို .. 

ကျွန်တော်က .. အဖို ကြိုးမှာ နေတဲ့ ငှက်။ 

တစ်ကိုင်းထဲနားတဲ့ ငှက်က အတူကြည်နူးရတယ် .. 

ကျွန်တော်နဲ့ ငြိမ်း .. လက်ချင်းထိယုံမျှဖြင့် 

ရန်ကုန် တစ်မြို့လုံး မိးတွေပျက်ခဲ့၏။ 


တစ်ကယ်ချစ်ရင် စွပိုတွေ နောက်မှာလည်း 

စိတ်ရင်းတွေရှိပါတယ်။

ငါကလည်း အဲ့စိတ်ရင်းကိုပဲလိုချင်တာ ။ (အငြိမ်း)  


နေရီငြိမ်းရေ .. 

စွပို တစ်ပွဲပေး .. စိတ်ရင်းများများထည့် 

မေတ္တာလည်းမနည်းစေနဲ့ ။ 

အတ္တ နဲ့ မာနတော့ မထည့်နဲ့ .. 

ကျွန်တော်မကြိုက်ဘူး ။ 

 

အစိထုတ် .. အခွံနွှာထားတဲ့ 

ထောပတ်သီး တစ်ပွဲလာချပေးတယ်လေ။ 


နေရီငြိမ်းက .. 

ကျွန်တော် ထမင်းတစ်နပ်ပဲ စားတာ မကြိုက်ဘူး 

ကျွန်‌တော် ရေမချိုးတာလည်း မကြိုက်ဘူး 

ကျွန်တော် မုတ်ဆိတ်မရိတ်တာလည်း မကြိုက်ဘူး 

ကျွန်တော် ဆံပင်ရှည်ထားတာလည်း မကြိုက်ဘူး 

နေရီငြိမ်းရေ .. 

ကျွန်တော် ချစ်တာကော မကြိုက်ဘူး မလား ။


နေရီငြိမ်းက ...

မိုးသစ်တော နဲ့ တူတယ် .. 

သဘာ၀ ပေါက်ပင်တွေကို ချစ်တယ် 

သဘာ၀ နဲ့ နေထိုင်တယ် 

ညိုပြာပြာတောင်တန်းတွေပေါ်မှာ .. စိမ်းလန်းစွာရှင်သန်တယ်။ 

ကျွန်တော်က ခပ်လှမ်းလှမ်းက လွမ်းနေတဲ့ 

ပင်လယ်ပြာ။ 


နေရီငြိမ်းရေ ... နေရီငြိမ်း .. ။ 


တစ်ချိန်ကကျွန်တော်