လူတော်တော်များများ တစ်သက်မှာတစ်ခါ ဖောက်ပြန်ဖူးကြပေလိမ့်မည် (သို့) အနည်းဆုံးတစ်ခါ လောက်ဖောက်ပြန်ခြင်းခံရ လိမ့်မည်ဟုတ်ကျွန်တော်ထင်သည်။ ဖောက်ပြန်သူများသည် လူ့ဘောင်က သတ်မှတ်ထားသည့် စည်းကိုကျော်လွန်၍ မသိမသာ၊ သိသိသာသာ ကြီးကိုသိသော်လည်း အတ္တကိုရှေ့ထား၍ ဖောက်ပြန်တတ်ကြသည်။ ဖောက်ပြန်သည်ဆိုသည်မှာ ဆန္ဒတစ်ခုအား တစ်ဘက်စွန်းရောက်သည်အထိ ခံစားမှုကိုလိုက်၍ အခြေခံထားသော စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါသည်။ ကျွန်တော်သည် ထိုသို့သော ဆန္ဒတစ်ခုအား တစ်ဘက်စွန်းရောက်သည်အထိ ခံစားမှုကိုလိုက်၍ ဖောက်ပြန်သော စိတ်ဝေဒနာသည် အနည်းဆုံး ၃ ယောက်ထက်မနည်းသော ဖောက်ပြန်ခြင်းကိုခံခဲ့ရဘူးသည်။ ဖောက်ပြန်သူကြောင့် ဖောက်ပြန်ခြင်းခံရသူ၏ ဘက်တွင် စိတ်ဒဏ်ရာတစ်ခုခု (သို့) လုပ်ရက်လေခြင်းဆိုတဲ့ ခံပြင်းဒေါသထွက်မှုကို အများဆုံးတွေ့ရတတ်လေသည်။ လောကမှာ ဖောက်ပြန်မှုအများဆုံး ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ ပက်သက်နေသော ပတ်ဝန်းကျင်တွင်သာရှိသည်။ ဥပမာ - ကိုယ့်သူငယ်ချင်း၏ ဖောက်ပြန်မှု၊ ညီအကိုမောင်နှမချင်းချင်းဖောက်ပြန်မှု၊ မိဘတွေဖောက်ပြန်မှု၊ လင်မယားခြင်းဖောက်ပြန်မှု၊ သမီးရည်းစားဖောက်ပြန်မှု ၊ လုပ်ဖော်ကိုက်ဖက်ခြင်းဖောက်ပြန်မှု တော်တော်များများကို ကိုယ့်အနီးအနား (သို့) ကိုယ်ကိုတိုင်တွင်တွေ့နေရပေသည်။
မိတ်ဆွေ … ခင်ဗျာ အချစ်ဆုံး သူငယ်ချင်း တစ်ယောက်၏ ဖောက်ပြန်မှုကို ခံခဲ့ရဖူးပါသလား။
မိတ်ဆွေ … ခင်ဗျာ မိဘတွေရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကို ခံခဲ့ရဖူးပါသလား။
မိတ်ဆွေ … ခင်ဗျာ ကိုအချစ်ဆုံးသူ (သို့) ကို့ချစ်သူရဲ့ ဖောက်ပြန်မှုကို ခံခဲ့ရဖူးပါသလား။
ဖောက်ပြန်သူများ
ဖောက်ပြန်သူများသည် ကို့အပေါ် အရမ်းယုံကြည်သောသူများ၊ သူငယ်ချင်းများအပေါ် ဖောက်ပြန်တတ်ကြသည်။
ဖောက်ပြန်သူများသည် ကို့အပေါ် အရမ်းချစ်သောသူများအပေါ် အနွံတာခံသူများအပေါ် ဖောက်ပြန်တတ်ကြသည်။
ဖောက်ပြန်သူများသည် ဆင်းရဲခြင်းကို ကြောက်၍ ချမ်းသာသူများထံ ဖောက်ပြန်တတ်ကြသည်။
ဖောက်ပြန်သူများသည် ငါ မှန်သည် ၊ ငါ ရိုးသားသည် ဆိုသည့် စကားကို လက်ကိုင်ထား၍ဖောက်ပြန်တတ်ကြသည်။
ဖောက်ပြန်သူများသည် မာန်တစ်ခုကိုဟန်ဖို့၍ ဖောက်ပြန်မှုကို ကာကွယ်တတ်ကြသည်။
ဖောက်ပြန်သူများသည် ဒီဇင်ဘာ၊ ဖေဖော်ဝါရီ ၊ ဧပြီ ၁၂ ရာသီလုံးဖောက်ပြန်ကြသည်။
“ မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေ ကိုင်းကူးကိုင်းဆက်နည်းနဲ့
စံပယ်ပင်ပေါ် ခရေတွေပွင့်စေခဲ့တယ် ။
မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေက အမှန်နှစ်ခုကိုပေါင်းစပ်ဖို့
ကြက်ခြေခက်ပစ်တယ် ။
မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေက ဟီးရိုးရှီးမားမြို့ကို
အနုမြူဗုံးကြဲခဲ့တယ် ။
မဖောက်ပြန်သူတွေက မဖောက်ပြန်ပေမယ့်
ဖောက်ပြန်သူတွေက ရိုးသားခြင်းကိုရှာဖွေကြတယ်
ပြီးတော့ လူမမြင်အောင် ဖုံးဖိထားလိုက်တယ် ။”
(အကြည်တော်)
ဖောက်ပြန်ခံရသူများ
ဖောက်ပြန်ခြင်းခံရသူများသည် တစ်ဖက်သားအပေါ် အယုံကြည်လွယ်ပြီး ဖောက်ပြန်ခြင်းခံရသည်။
ဖောက်ပြန်ခြင်းခံရသူများသည် တစ်ဖက်သားအပေါ် အရမ်းချစ်၊ အနွံတာခံသောကြောင့် ဖောက်ပြန်ခြင်းခံ၇သည်။
ဖောက်ပြန်ခြင်းခံရသူများသည် တစ်ဖက်သား ကို့အပေါ် ဖောက်ပြန်မှန်းသိရက်နဲ့ ဖောက်ပြန်မှုခံရခြင်းကို ခံတတ်သည်။
ဖောက်ပြန်ခြင်းခံရသူများသည် တစ်ဖက်သား မုသားကို မှားမှန်း သိသော်လည်း အမှန်လုပ်၍ ဖောက်ပြန်ခြင်းခံရသည်။
ဖောက်ပြန်ခြင်းခံရသူများသည် ဒီဇင်ဘာ၊ ဖေဖော်ဝါရီ ၊ ဧပြီ ၁၂ ရာသီလုံး ဖောက်ပြန်ခြင်းခံရသည်။
ဖောက်ပြန်ခြင်းခံရသူများသည် ဖောက်ပြန်သူများကို ပူဇော်ပသ ထားတတ်ကြသည်။
ဖောက်ပြန်သူများသည် သူဖောက်ပြန်သူများအပေါ် တစ်သက်လုံးမမေ့သည့်အလျှာက်။ ဖောက်ပြန်ခံရသူများသည်လည်း ကို့အပေါ် ဖောက်ပြန်သူများအပေါ် တစ်သက်လုံးမမေ့နိုင်ကြပေ။ ထိုကြောင့် လူတစ်ယောက်ကိုတစ်ယောက် တစ်သက်လုံး မမေ့ကြဖို့၊ ဖောက်ပြန်ကြသည်။ ဖောက်ပြန်ခံရသည်။
ထိုကြောင့် ဖောက်ပြန်မှု သည် ဖောက်ပြန်မှု ဖြစ်ပြီး။ ဖောက်ပြန်ခြင်းခံရသူသည် ဖောက်ပြန်ခြင်း ခံရသူများသာဖြစ်သည်။
ဖောက်ပြန်မှုတရားကို ကောင်းကောင်းနားလည်သော သူတစ်ယောက်သည် ဖောက်ပြန်သူ နှင့် ဖောက်ပြန်ခြင်းခံရသူများ ကြားတွင်
ပြုံးပြုံးကြီးဖြင့် ထိုင်ကြည့်နေပါလိမ့်မည်။ ထိုသူသည် သည် ဟိုဘက်လည်းမပါ ဒီဘက်လည်းမပါသော သူတစ်ယောက်သာ ဖြစ်လိမ့်မည်။ ထိုသူသည် ကျွန်တော်မဟုတ်သော ကျွန်တော်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ တစ်ယောက်ယောက်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ ဖြစ်ချင်တဲ့လူလည်း ဖြစ်ချင်ဖြစ်လိမ့်မည်။
ပြောရင်းဆိုရင်း … ကျွန်တော့်ရေးသားခြင်းတွေ ဖောက်ပြန်နေပြီးးး ကျွန်တော့် စာရေးခြင်း လည်း ဖောက်ပြန်ခြင်းခံနေရပေသည်။
#တစ်ချိန်ကကျွန်တော်

No comments:
Post a Comment