Friday, August 23, 2024

~ ကျွန်တော် ရေးခဲ့ဖူး သောပေါက်ကရ ကဗျာ များ (၂) ~




မင်္ဂလာပါ ပုရိသ သူတော်ကောင်း နှင့် လူယုတ်မာ အပေါင်းတို့ ။ လက်တလော အသည်းက လတ်လတ်ဆတ်ဆတ်ကွဲ မင်းကျန်စစ် ရဲ့ ညီတော် မင်းကျန်ရစ်လို ထင်ရပေမယ့် ဘ၀က လီယိုနာဒို နှင့် ကိတ်ဝင်းစလတ် ရဲ့ အဖြစ်အတိုင်းပေါ့ဗျာ။ သို့သော်ငြားလည်း အချိန်အခါက ကဗျာကို ဘာသာပြန်ရမယ့် ကာလ သို့ အခါတော်ရောက်လာသဖြင့် မည်သို့မည်ပုံရေးမိသွားသည် မသိသော ကဗျာများအား ခုခောတ်စားနေကြ စကားလုံးအဆိုအရ Reviewd လုပ်မည်ပေါ့ဗျာ။ 


** အော့ အော့ **


ရိုးရှင်းဖွယ် ပါးကွက်ကြား

ဆံကေသာ အလှသွင်မှ

မျက်လုံးတွင်ကာချယ် စိုးပါလို့

နှုတ်ခမ်းမှာ လိုင်နာ အလှတွေနှင့်

မျက်နှာဝယ်အိုကွယ် ဖုတ်ကာလူး

ကေသာမှာ လှိုင်းတွန့်ကာ

အကြေသားရယ်ဖြင့်

ရောင်ခြည်တွေ ကွက်ကာဆိုး ..

မြင်ရသူမောလောက်တယ် ..

အော့ …. အော့ .. ။


ဟိုအရင်ကွယ် .. ရင်ဖုံးလက်ရှည်မှ

ဘော်လီမပါ ဟိုကြိုးတစ်ချောင်းရယ်နှင့်

ချက်လေးကို ကွက်ကာဖော်လို့

ဂုဏ်တုကာ သူ့အလှပြိုင် စံရှား

မြင်ရသူစိုးထိတ်တယ်

အော့ .. အော့ … ။


တွေ့တိုင်းငေး ရှုတိုင်းယဉ်

မြန်မာဆန် သူ့အလှသွင်မှ

စကတ်ကို ထက်ကာတိုလို့

ပေါ်နှံနှံ သူ့အလှကြောကို

ဖော်ထုတ်ကာ ကြွားကာပြ

မြင်ရသူရင်မောတယ် ..

အော့ .. အော့ … ။


ကဗျာကို အစအဆုံးတစ်ခေါက်လောက် ဖတ်ရင်တော့ဖြင့် ဗိုက်ကြီးသည်လေနာ စွဲနေသည့်အလား ။ ကိလားသာကုန်ခမ်း တဲ့ အမောင်ဘိဝံသ တစ်ယောက်ယောက်များရေးထားသလိုတောင်ထင်ရသည်။ 



ရိုးရှင်းဖွယ် ပါးကွက်ကြား

ဆံကေသာ အလှသွင်မှ

မျက်လုံးတွင်ကာချယ် စိုးပါလို့

နှုတ်ခမ်းမှာ လိုင်နာ အလှတွေနှင့်

မျက်နှာဝယ်အိုကွယ် ဖုတ်ကာလူး

ကေသာမှာ လှိုင်းတွန့်ကာ

အကြေသားရယ်ဖြင့်

ရောင်ခြည်တွေ ကွက်ကာဆိုး ..

မြင်ရသူမောလောက်တယ် ..

အော့ …. အော့ .. ။


အမယ် .. ကဗျာရဲ့ အဓိပ္ပာယ်ကိုက ကောင်မလေးတစ်ယောက်ကို ကြိတ် Crush နေတဲ့ပုံ။ သို့ပေမယ့် ထိုကောင်မလေးက ရိုးရိုးသားသား ပါးကွက်ကြားကနေ ခေတ်ဆန်ဆန် ပုံစံပြောင်းလေတော့ အမောင်စာရေးသူက ကြေကွဲခံစားနေရဟန်သူရဲ့ ။ ဘယ်လောက်တောင် ကြေကွဲခံစားနေရသလည်းဆို 'မင်းကိုချစ်ပေမယ့် မြင်ရတာ အော့နှလုံး နာလိုက်တာ အချစ်ရာ' ဆိုသည့် ခံစားချက်မျိုးဖြစ်မယ်။ 


ဟိုအရင်ကွယ် .. ရင်ဖုံးလက်ရှည်မှ

ဘော်လီမပါ ဟိုကြိုးတစ်ချောင်းရယ်နှင့်

ချက်လေးကို ကွက်ကာဖော်လို့

ဂုဏ်တုကာ သူ့အလှပြိုင် စံရှား

မြင်ရသူစိုးထိတ်တယ်

အော့ .. အော့ … ။


ကဗျာရေးသူ အမောင်လုလင်က သူ့ကောင်မလေးရဲ့ မျက်နှာတော်တင် မဟုတ် ခန္ဒာကိုယ် အစိတ်အပိုင်း ဖော်လစ်ထားပုံ နဲ့ ဝတ်စားပုံလည်း ကြိုက်ပုံမရဘူးလေ။  သူ့အနေ့နဲ့ ပြောခွင့်လည်းမသာ၊ ပြောရေးဆိုခွင့်လည်း ရှိပုံမရ။  ဒီလိုဝတ်စားတာ မကြိုက်ဘူး ဆိုပြန်ရင်လည်း ဟိုက 'နင့် သောက်ကြောင်းပါလား' ဆိုခက်ပေဦးမယ်။ ဒါကြောင့် မကြိုက်တာကို ကဗျာအဖြစ်ရေး ခံစားချက်ကိုဖော်ထုတ်ခြင်းဖြစ်ရမယ်။ သို့သော်ငြား .. တ အော့ အော့ ဖြစ်နေတာကတော့ တော်တော်ဆိုးဗျာ။


တွေ့တိုင်းငေး ရှုတိုင်းယဉ်

မြန်မာဆန် သူ့အလှသွင်မှ

စကတ်ကို ထက်ကာတိုလို့

ပေါ်နှံနှံ သူ့အလှကြောကို

ဖော်ထုတ်ကာ ကြွားကာပြ

မြင်ရသူရင်မောတယ် ..

အော့ .. အော့ … ။


အမောင်လုလင် က ခေါင်းအစအခြေအဆုံး အသေးစိတ်ကအစ ကောင်မလေးကိုကြည့်ပြီးရေးထားပုံများ မသိရင် 'ငါ့ အပိုင် .. ငါ့အပိုင်' ဆိုသည့်ပုံနယ်။ ကောင်မလေးက သူ့မှာရှိတာ သူကြွားတာ 'နင့် သောက်ပူ' ပါတာကြနေ။ ကဗျာရေးသူ အမောင်လုလင် မခံစားနိုင်ရင် မကြည့်နိုင်ရင် မကြည့်နဲ့ပေါ့ .. ကောင်မလေးက ဒီလောက် ကာလ ရူပ  ဒါန လုပ်နေတာကို ဖျက်လိုဖျက်စီး လုပ်တဲ့ကောင်ပင်။ ဒီအမောင်လုလင်က ၉၆၉ ဂိုဏ်းဝင် တစ်ယောက်ပဲဖြစ်ရမယ်။ အခွင့်အရေးရမယ်ဆိုရင် အလယ်တန်းသင်ရိုးမှာတောင် ထည့်ချင်မယ့် ပုံစံဗျ။ ကဲ .. ဒီအမောင်လုလင်က ၉၆၉ ပဲဖြစ်ဖြစ် ၉၆၇ ပဲဝင်ဝင် . ကဗျာ တစ်ပိုဒ်ဆုံးတိုင်း တအော့အော့ နဲ့ ဆိုတော့ ရေးတဲ့အချိန် ရေချိန်များကိုက်နေသရော့လား (သို့မဟုတ်) မစင်တွင်းထဲပြုတ်ကျပြီး တက်လာ ရေးထားသလားတောင်ထင်ရတယ် ။ 


ကဲ .. ခင်ဗျာတို့လည်း  ဖတ်ပြီး .. တအော့ အော့ တော့ဖြစ်နေကြပြီမဟုတ်လား ?


တစ်ချိန်ကကျွန်တော် 

No comments: