ကိုယ်ထွက်သွားရင်လည်း ဘာစကားမှမပြောပဲ မျက်ဝန်းတွေနဲ့သာ လွမ်းနေကြောင်း ကျန်ခဲ့မယ့် အကြောင်းကို ကြေကွဲမျက်လုံးနဲ့ ကြည့်ပြီး နှုတ်ဆက်တတ်သည်။ ကိုယ် အနားမှာ ရှိနေရင်လည်း မျက်စိအောက်က အပျောက်မခံ တစ်ချိန်လုံး ဂရုတစိုက်နဲ့ အနားမှာလာချွဲလိုက် လက်မောင်းလေးပေါ် မှေးအိပ်လိုက်ဖြင့် ချစ်ကြောင်းကို အကြည့်စူးစူးတွေနဲ့ ဖော်ပြတတ်သေးသည် ။ ကိုယ် ဘယ်လောက်ဆူဆူ ဘယ်လောက်အော်အော် သည်းခံခြင်း တရားနှင့် အနားကနေ ဘယ်မှ ထွက်မသွားပါဘူးဆိုသည့် ကတိကို မျက်ဝန်းတွေကတဆင့် အကြိမ်ကြိမ်လည်း ပေးတတ်သေးသည်။
သူ့ရဲ့ အချစ်က ပေးဆပ်ခြင်းသက်သက်သာ၊ ဘာတောင်းဆိုမှုမှမရှိ ၊ သူ့ အနား ကျွန်တော်ရောက်လာသည့် အခါတိုင်းလည်း မညည်းငြူ အမြဲ နွေးထွေးစွာ ဖက်လဲတကင်းကြိုဆိုတတ်သေးသည်။ သူ ပေးတဲ့ ချစ်ခြင်းမေတ္တာကို ကျွန်တော် သတိထားမိချိန် အံ့သြစွံ့အ သွားယုံမျှ တပါး မရှိပေ ။
အတ္တကြီးလွန်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှန်းနေတဲ့ ကျွန်တော်က ပေးဆပ်ခြင်းသက်သက်သာ ရှိသည့် သူ့ရဲ့မေတ္တာတရား ချစ်ခြင်းတွေ အောက်မှာ အသိတရား များစွာဖြင့်ပေါ့လေ။ ကျွန်တော် သူ့ကို မျက်ဝန်းထဲက မျက်ရည်တချို့ နဲ့ ကြည့်ပြီး တီးတိုးစွာဖြင့် "ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်ပါသည်။ သူကတော့ ကျွန်တော့်ကို ပြန်လည်ငေးမောစွာဖြင့် စိုက်ကြည့်နေတုန်းပင် ။
#တစ်ချိန်ကကျွန်တော်

No comments:
Post a Comment