Monday, August 19, 2024

~ သေနေတဲ့ စိတ် ~

 



အသံတွေ အသံတွေ

ဟုတ်သည် . . .

ငါ့ခန္ဒာကိုယ် နဲ့ စိတ်တွေကို

ခြောက်လှန့်နေတာ ဒီအသံ

ခြောက်ခြားနေသည့် ငါ့စိတ် ၊

တည်ငြိမ်ဖို့ ကိုယ့်တွင်းကိုတူးနေသည်။


ခရမ်းရောင် အပြုံးတွေရဲ့နောက်

ငြင်းသွဲ့လေပြေ ရှိုက်ဖိုတဲ့

အလွှာနှစ်ခုကြားက ထွက်လာသည့်

အသံတွေ အသံတွေ

ကဗျာဆန် ကာရံတွေနှင့်

ငါ့စိတ်တွေစည်းချက်ညီညီ

Rhythm မှန်/မမှန် က နေလားမသိပါ။


ဟုတ်သည် . .

ဒြပ်မဲ့တစ်ခုဆီက ထွက်လာမည့်

အသံ . .

ပျော်ရွင်ခြင်းလား ၊ ဝမ်းနည်းခြင်းလားမသိ

အဆုံးသတ်က ဒီဒြပ်မဲ့က

အဆိပ်တွေကို သယ်ဆောင်လာသည်ကို

ငါ အပြုံးမပျက် စောင့်မျှော်နေသည်။


ဟုတ်သည် . .နောက်ဆုံးတော့

ငါ . . ကိုယ့်တွင်းကိုတူးနေသည်

ငါ . . Rhythm မှန်/မမှန် ကနေသည်

ငါ . . အဆိပ်တွေကို သောက်နေသည်

သေချာပြီ . .

ငါသောက်ရင်း ရူးသွားပြီးထင်သည် .. ။


#တစ်ချိန်ကကျွန်တော်

No comments: