Wednesday, August 21, 2024

~ မောင်ပါပီ မှ အတိတ်သို့ ~





 ပါပီယွန်၏ ဘလတ်ဒီးမေရီ ဖတ်ပြီး အတွေးများစွာဖြင့်ပေါ့။ မောင်ပါပီ နှင့် တိုက်ဆိုင်သော ဘ၀အတွေ့အကြုံတွေ အနည်းငယ် တူသလို မောင်ပါပီ ကတော့ ဘလတ်ဒီးမေရီ နှင့်တွေ့ဆုံခဲ့သည် ။ ကျွန်တော်ကတော့ တစ်ခါက တရုတ်ပြည် ချန်ဒူးမှာ ဆုံခဲ့ဖူးသည့် တရုတ်ဂိုဒ်မလေး အကြောင်းကို ပြန်တွေးရင်း စမြုံပြန်မိသည်လေ။ ၆ လ နေရင်ပြန်လာခဲ့မယ် ကတိပေးခဲ့ပြီး ပေါ်မလာခဲ့သည့် ကျွန်တော့်ကို မျှော်နေခဲ့သည်ပေါ့။ သူမ ကတော့ အကြိမ်ကြိမ် ကျွန်တော့်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့သည်လေ။


နောက်ဆုံး တရုတ်ကနေ UK မှာ သူမ အခြေချသည်အထိ ကျွန်တော့်ကို ဆက်သွယ်ခဲ့သေးသည်။ မဖြစ်နိုင်တဲ့ အခြေအနေကို သိနေခဲ့သည့်အတွက် နောက်ဆုံး We Chat acc နှင့် Whats app ပါဖျက်ခဲ့ပြီး သူမ ဆီက ရှောင်နေခဲ့လိုက်တယ်။ ခုတော့ သူမလည်း အခြေတကျ နဲ့ ဘလတ်ဒီးမေရီ လို ကလေးတွေရနေလောက်ပြီလို့တွေးပြီး ပြုံးမိလိုက်သေးသည်။

ဘလတ်ဒီမေရီက မောင်ပါပီ ကို နောက်ကနေ ခါးကိုတင်းကြပ်စွာ သိုင်းဖက်ပြီး "လှည့်မကြည့်နဲ့နော် .. ရှက်တယ်" လို့တိုးတိုးလေး ပြောခဲ့သလိုမျိုး။ သူမလည်း လာရှန်းရုပ်ပွားတော်ကို ကြည့်နေတဲ့အချိန် ကျွန်တော့် ညာဖက် ပခုံးလေးပေါ် နောက်ကနေ မေးလေးထောက် ခေါင်းလေးမှီတင်ပြီး ချစ်တယ်ဆိုသည့် ခံစားချက်မျိုးကို ဖော်ပြဖူးခဲ့သည်လေ။

သေချာသည် .. ပါပီယွန်၏ ဘလတ်ဒီမေရီက ကျွန်တော့် အကြိုက်စာအုပ်ထဲမှာတော့ တစ်အုပ် အပါအဝင်ဖြစ်သွားခဲ့သည်။ ထိုစာအုပ်လေးမှ ကျွန်တော်၏ မေ့လျော့ထားခဲ့သည့် အတိတ်များ နှင့် မေ့လျော့ထားခဲ့သော ကျွန်တော်၏ ဂိုဒ်မလေး ကိုပြန်လည် အောက်မေ့ သတိရသွားခြင်း ရသသည် စူးနစ်ဝင်နေသည့် ငါးမြှားချိတ်ကို ဆွဲထုတ်လိုက်သလိုပင်။

တစ်ချိန်ကကျွန်တော်

No comments: