Wednesday, August 28, 2024

~ မယ်ရုပ်ဆိုး ~


 



တစ်ခါကရွာတစ်ရွာ မှာအလွန်ရုပ်ဆိုးတဲ့ မယ်ရုပ်ဆိုးဆိုသည့် အမျိုးသမီးတစ်ယောက် ရှိသည် ။ သူ့ရုပ်ဆိုးလိုက်ပုံကို ပြောပြရရင် လမ်းကခွေးတွေက အစ ရွာမှာ မိုက်ပါတယ်ဆိုတဲ့ လူမိုက်တွေတောင် သူ့ကိုတွေ့တာနဲ့ ဝှောင်ဝှောင်ရှေးကြသည် ။ ဒါပေမယ့် ..မယ်ရုပ်ဆိုး ဟာ သူ့ကို လူတွေက ရှောင်ဖယ်ရှောင်ဖယ် လုပ်တာကိုသိပေမယ့်လည်း အားမငယ်ပဲ ကြိုးစားပြီး လူတွေနဲ့ တည့်အောင်နေသည် ။ တစ်နေ့ တော့ မြန်မာတို့ရဲ့ ရိုးရာ မဟာ သင်္ကြန်ပွဲချိန် ရောက်ရှိလာပြီ ။ တစ်ရွာလုံးကလည်းမိန်းကလေးတွေ လည်း သူသူ ငါငါ အလှဆုံးပြင်ပြီး ရေပက်ခံ ထွက်ကြသည်ပေါ့ ။ အဲ့ဒီထဲမှာ မယ်ရုပ်ဆိုးလေးလည်းအပါအဝင် သူ့ရုပ်ကို အလှဆုံး ကာချယ်တွေ ပေါင်ဒါတွေ ဖွေးနေအောင်လိမ်း ၊ ခေါင်းမှာလည်း ပိတောက်ပန်း ခက်ကြီးတွေကို ပန်ပြီး သူလည်း ရေပက်ခံထွက်သည်ပေါ့ ၊ ဒါပေမယ့် ရေပက်တဲ့လူတွေဟာ ၊ သူ့ကိုတွေ့ရင် ကလေးက အစ လူကြီးအဆုံး ပက်ဖို့နေနေသာသာ၊ အားလုံးကြက်သေသေပြီး ရေပက်တာတွေတောင်ရပ်ပြီး နီးစပ်ရာအိမ်ထဲကို ဝင်ပြေးကြသည် ။


တစ်ချို့ ကာလသားတွေဆိုရင် မယ်ရုပ်ဆိုးရေအပက်ခံ ရနိုင် မခံရနိုင် ဆိုပြီးလောင်းကြေးတွေ ဖွင့်ပြီး လောင်းကြတဲ့အထိ မယ်ရုပ်ဆိုးက နာမည်ကြီးသည်ပင် ။ ဒီလိုနဲ့ သင်္ကြန်အတတ်နေ့ တာရောက်သွားတယ် . မယ်ရုပ်ဆိုးလေးခင်ဗျာ သူ့ကို တစ်ယောက်မှ ရေမပက်ခြင်းကြောင့် . စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာပြီး ၊ စင်အောက်မှာ ခဏ ဝင်ပြီးနားလိုက်သည် ။ 


ခဏကြာတော့ .. သူ့အိမ်ဘက်ကနေ .. အသံကျယ်ကျယ်နဲ့ မယ်ရုပ်ဆိုးကို ရေလိုက်ပက်၍ မယ်ရုပ်ဆိုး အတင်းငြင်းနေအသံက ဟိန်းထွက်လို့လာသည် ။ ရွာသားတွေလည်း သူ့ရဲ့ အော်သံ ငြင်းသံကို ကြားရပြီး ၊ တစ်အိမ်ပြီး တစ်အိမ် ထွက်ပြီး မယ်ရုပ်ဆိုး အိမ်ကိုစုပြီး လာခဲ့ကြသည်။ တစ်ဆင့်စကား ဘယ်လောက်မြန်သည်မသိ ရွာလယ်လမ်းမကြီးသည် သင်္ကြန်ရေပတ်ဖြန်း စိုနေပေမယ့် ရှိသမျှရွာကလူတွေ ထွက်လာသောကြောင့် ဖုန်လုံးကြီး ဆိုသည်မှာ အနုမြုဗုံးကြဲ ခံထားရသလို တစ်ယောက်နှင့် တစ်ယောက်တောင် ကောင်းစွာ မြင်နိုင်ခြင်းမရှိသော အခြေအနေ။ အားလုံးက မယ်ရုပ်ဆိုးကို ဘယ်သူရေလာပက်တာလည်းဆိုပြီး စူးစမ်းချင်တဲ့ စိတ်နဲ့ လာကြည့်ကြခြင်းသာ ဖြစ်သည်။  မယ်ရုပ်ဆိုး အိမ်ရှေ့ အားလုံးရောက်ရှိချိန်မှာတော့ ရွာသူ ရွာသား အားလုံး ကြက်သေသေ ကုန်ကျသည်။


 မယ်ရုပ်ဆိုးသည် ဘူးစင်အောက်မှာ .... 


“ ကိုဘူးရေ .. တော်ပြီ .. တော်တော့လေ .. ဒီမှာချမ်းလို့သေတော့မယ် .. ”


“ဟာ . တော်ပါပြီဆို .. ကိုဘူးကလည်းကွာ … တော်တော် ကဲတာပဲ ..ခစ် ခစ် ခစ် ” ဆိုပြီး အပြီကို အိုက်တင် အမျိုးအမျိုး နဲ့ သူ့ကိုရေလာပက်တဲ့ သူကိုအပြီငြင်းနေတဲ့ ပုံစံမျိုးနဲ့ ကို ကိုဘူး နဲ့ကဲ နေတာ ဗျာ … ။


“ ဟာ .. ကိုဘူး .. တော်ပြီလေကွာ .. ”


`ကိုဘူး .. တော်တော့ ဆိုကွာ .. ကိုဘူး တော်တော်ဆိုးနေ' ။ မယ်ရုပ်ဆိုးသည် ဘူးသီးခြောက်ကို အပေါက်ဖောက် ရေထည့်ပြီး ဗူးစင်ပေါ်တင်ပြီး ကိုဘူး နှင့်ကဲနေခြင်းသာ။ 


ခင်ဗျာတို့လည်း ... တစ်ယောက်တည်းရှင်သန် ဖြတ်သန်းနေရသည်ကို အားမငယ်နှင့် ။ ယောကျ်ားပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မယ်ရုပ်ဆိုးထုံး နှလုံးမူ၍ ဘူးတစ်လုံးဆောင် အို တောင်မဆင်းရဲ ဆိုသည့်အတိုင်း ကိုဘူး ကိုသာ ဆောင်ထားရန်သာလိုပါသည်။ 


မှတ်ချက် ။  ။ ဘူးသီးခြောက်များရောင်းရန်ရှိသည်။ 



တစ်ချိန်ကကျွန်တော် 


No comments: