Monday, August 19, 2024

~ တန်ဖိုး ~




ကလေးပဲဖြစ်စေ လူကြီးပဲဖြစ်စေ အသက်အရွယ်အပိုင်း အခြား ဘယ်လောက်ပင်ကြီးကြီးငယ်ငယ် လိုချင်သည့် အရာ ရသည့်အခါ ပျော်ရွင်သည့် ခံစားချက်က အတူတူဖြစ်သည်။ လိုချင်သည့် အရာမရသေးသည့်အချိန်ဆိုလျှင်လည်း လူကြီး၊ လူငယ် ဝမ်းနည်းခြင်းက အားလုံးတူတူပင်။ ထိုသို့ စကားစချည်လို့ ကျွန်တော့်အား ပျော်ရွင်နေသလား (သို့) ဝမ်းနည်းနေလား ဆိုပြီး အမျိုုးမျိုးသတ်မှတ် တွေးနေကြမည်။ 


"ပျော်နေတယ်မလား" လို့မေးကြမည့် သူတွေအား ကျွန်တော် ပျော်နေပါသည် ဟု ပြောပါမည်။ 

"ဝမ်းနည်းနေတာလား" လို့မေးမည့် သူများကိုလည်း ကျွန်တော် ဝမ်းနည်းနေတယ် လို့ ဖြေပါမည်။ 


ပျော်ရွင်ခြင်း နှင့် ဝမ်းနည်းခြင်း နယ်နိမိတ်ကို မျော်လင့်ချက်ဟု ခေါ်လျှင် နယ်နိမိတ် စည်းမျည်းများမရှိသည့် ဘက်မှာပဲ ကျွန်တော် နေချင်သည်။  ထိုနေရာက မျှော်လင့်ချက်မဲ့ခြင်းဟုသတ်မှတ်လျှင် ထိုနေရာသည် ကျွန်တော်နှင့်ထိုက်တန်လို့ပင်။ ထိုမျှော်လင့်ချက်မဲ့ခြင်းကို ပျော်ရွင်မှုတစ်ခုလို့ ဆိုခဲ့လျှင် ထိုပျှော်ရွင်မှု ကို အချစ်ဟု ခေါင်းစဉ်တပ်ချင်သည်။ ထိုအချစ်မည်သည် တစ်သက်လုံးထိုင်ကြည့်ခွင့်ရှိသည် ငေးမောခွင့်ရှိသည် အနားမှာနေခွင့်ရှိသည်။ ထိုမျှော်လင့်ချက်မဲ့သည့် ချစ်ခြင်းတစ်ခုမှာ ပျော်ရွင်ခြင်းကို ရှာဖွေရသည်က ကျွန်တော်သူမ အပေါ်ထားသော ချစ်ခြင်း၏ တန်ဖိုးပင်။ 


တန်ဖိုးဆိုသည်က တန်ဖိုးထားသူ၏ လက်ထဲတွင်ရှိမှသာ စစ်မှန်သော တန်ဖိုး တစ်ခုဖြစ်၏။ 


#တစ်ချိန်ကကျွန်တော်

No comments: