သူမ ၏ စကားတွေသည် လွန်စွာမှ ခက်ထန်တင်းမာနေ၏ ။ တစ်ခါမျှ မစဥ်းစား မကြားဖူးသော ဆဲနည်းပေါင်းစုံနှင့် အဓိပ္ပာယ်ရှိလှပြီး ပြောင်မြောက်လွန်းလှသည့် သူမ၏ စကားလုံးတွေကြား ကျွန်တော် အစိတ်စိတ်အမွှာမွှာ ကွဲကြေနေပြီးဖြစ်သည်။
"ရှင်ကလေ ကြက်သွန်နီ လိုယောကျ်ားမျိုး ၊ အပြင်ပိုင်းအခွံကလည်း သုံးစားမရသလို အတွင်းထဲထိ တစ်လွှာခြင်းစီ ချွတ်ပြီး နားလည်ပေးနိုင်အောင်ကြိုးစားလည်း နောက်ဆုံးအထိ ကျွန်မ ရခဲ့တာ ပူလောင်မှုတွေနဲ့ မျက်ရည်တွေပဲ ၊ ရှင် ဘယ်နေရာမှာများ သုံးစားရလည်းပြောကြည့် ၊ ကျွန်မကို စိတ်ဒုက္ခနဲ့ အပူမျက်ရည်တွေပဲ ပေးတယ်၊ ဒီဘဝ ဒီမျှနဲ့ပဲ တော်ပါတော့'
ကျွန်တော် ခေါင်းလေးငုံ့ပြီး ငြိမ်ခံနေယုံသာ။
ဟုတ်ပါသည် ကျွန်တော်က သူမအတွက် အသုံးမကျသည့် ကြက်သွန်နီ တစ်လုံးပါ။ ကျွန်တော့်ကို ထိထားရင်တောင် ထိထားသူကို အပူတွေ ကူးစက်စေသည်။ အခွံနွှာ ချွတ် တစ်လွှာခြင်း ထဲထဲဝင်ဝင် ကြည့်ချင်ရင်တော့ ကြည့်မိသူတိုင်း သူမ ပြောသလို မျက်ရည်နဲ့ မျက်ခွက်ဆိုသည်မျိုး ။
သူမ အားလုံးမှန်ပါသည်။ သူမသာ စားဖိုမှူးဆိုလျှင် ကျွန်တော်က သူမထံမှားယွင်းစွာ ရောက်ရှိသွားသည့် ကြက်သွန်နီလေး တစ်လုံးပင်ဖြစ်သည်။
မိတ်ဆွေ သင်လည်း ကျွန်တော့်အား နွှာမည်ဆိုလျှင် ဆားဗူးဖွင့်ဘေးမှာထား၊ ဒါမှမဟုတ် အအေးခန်းထဲ ခဏထည့်ပြီးမှ နွှာပါလေ ။ ကြက်သွန်နီ နှင့် တူသော ဂုဏ်သတ္တိတွေပါဝင်သည့် ကျွန်တော်ကြောင့် မျက်ရည်တွေနဲ့ ဘဝမျိုး ကျွန်တော်မည်သူကိုမျှ မရောက်စေချင်တော့ပေ။

No comments:
Post a Comment