Tuesday, August 20, 2024

~ နာရီလက်တံလို ရှင်သန်ခြင်း ~




 ရေမှာ ဆန် တက်တဲ့အချိန်ရှိတာပေါ့။ အသွားအပြန် ၊ အပေးအယူ ၊ အစုန် အဆန် ၊ အဆိုးအကောင်း စသည့် အရာအားလုံးဟာ ဆန့်ကျင်ဘက်တွေ နဲ့ ဒွန်တွဲနေသည်။ ဒွန်တွဲယှဥ်နေတဲ့ ကမ္ဘာကြီးမှာနေထိုင်ပြီးရှင်သန်နေရသည့် သင်တို့ ကံကောင်းပါသည်။


ကျွန်တော်က ကမ္ဘာကြီး နဲ့ နာရီလက်တံလို ပြောင်းပြန်မလည်တဲ့ ကမ္ဘာကြီးမှာ မှားပြီးရှင်သန်ရသည်။ ဒါက ကျိန်စာ တခုပါပဲ ။ ကမ္ဘာကြီးက နေကို ၂၃.၄ ဒီဂရီစောင်းပြီး ငေးကြည့် မခွာနိုင်သလို။ ကျွန်တော်လည်း ပူမှန်းလည်းသိသည် ပြာကျသွားနိုင်တာလည်းသိသည် သို့ပေမယ့် သူမ ရှိရာအရပ်ကို စောင်းငှဲ့ကြည့်ပြီး ရစ်ဝဲ နေသည်ပေါ့ ။

သူမ က နေရဲ့ ဆွဲအားလို၊ နေရဲ့ အနွေးဓါတ်လို ၊ နေရဲ့ အလင်းရောင်ခြည်လိုပင်။ တစ််ကယ်တော့ နေက ကမ္ဘာကို မလိုအပ်ပါဘူး ။ ကမ္ဘာကသာ နေ မရှိရင် အဓိပ္ပာယ်မရှိတဲ့ ဂြိုလ်တစ်ခုသာသာ။ ဒီတော့ ကျွန်တော်က နာရီလက်တံလို ရှင်သန်နေရသည့် လူတစ်ယောက်သာ ဖြစ်သည်။

တစ်ချိန်ကကျွန်တော်

No comments: