Saturday, November 30, 2024

**ပြည့်စုံသောတိုင်းပြည်**





 ဒီမိုကရေစီအမည်ခံ တိုင်းပြည်အောက်က 

ဖက်ဒရယ်ဒီမိုကရေစီ အပြည့်ကျင့်သုံးသည့် 

တိုင်းပြည်ငယ်လေးကို ကျွန်တော်ရောက်ခဲ့တယ် ။ 

ထိုတိုင်းပြည်လေးမှာ စားနပ်ရိက္ခာဖူလုံတယ် 

နေ့ရော ညပါ မီးလင်းတယ် ပြည်သူတွေပျော်ကြလေရဲ့။ 

ထိုတိုင်းပြည်လေးမှာ စစ်တပ်မရှိဘူး 

လုံခြုံရေးအနည်းငယ်ပဲ ထားရှိတယ်။

လွတ်လပ်သော မီဒီယာ အခွင့်အရေးရှိတယ် 

ဝါ .. စိမ်း .. နီ .. ပြာ

လွတ်လပ်စွာပြောဆို အားပေးနိုင်ကြတယ်။ 

တစ်ယောက်က အနီ အတွက်အော်ရင် 

အစိမ်းတွေက နှုတ်ဆိတ်ပေးတယ်

တစ်ယောက်က အစိမ်းအတွက် အော်ရင်

အနီတွေက နှုတ်ဆိတ်ပေးတယ်

အာဏာရှင်ကို မကျေနပ်ရင် အော်ဆဲနိုင်ကြတယ်

အုပ်ချူပ်မှုဥပဒေ မကြိုက်ရင် အော်ဆဲနိုင်ကြတယ်

သူတို့ကို ဖမ်းဆီးမယ့်သူ မရှိ ၊ 

ဝါ .. စိမ်း .. နီ .. ပြာ 

တစ်ယောက်ကို တစ်ယောက် လေးစား 

စစ်မှန်သော လွတ်လပ်စွာပြောဆိုခွင့်ရှိသော နိုင်ငံပေ။ 

ထိုတိုင်းပြည်ငယ်လေးမှာ 

တစ်ချို့နေရာက ဖက်ဒရယ် ကျင့်သုံးတယ်

တစ်ချို့နေရာက မိုနာခီ ဥပဒေသကို ယုံကြည်တယ်

တစ်ချို့နေရာက အော်တိုကရေစီ ကိုလက်ခံတယ်

တစ်ချို့နေရာက ကွန်မြူနစ်ကို ကြိုက်တယ်

တစ်ချို့နေရာက တိုက်ရိုက် ဒီမိုကရေစီစနစ် ကျင့်သုံးတယ်

တစ်ချို့နေရာက ဆိုရှယ်လစ် 

တစ်ချို့နေရာက ပါလီမန် 

တစ်ချို့နေရာက အာဏာရှင် စနစ်ဖြင့် အုပ်ချူပ်တယ်။ 

ထိုတိုင်းပြည်လေးမှာ နိုင်ငံဘာစနစ်ပဲ ကျင့်သုံးသုံး 

ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော် သိချင်းလာချိန်

အားလုံးမတ်တပ်ထ ပြီးဆုံးချိန်ထိ သံပြိုင်လိုက်ဆို 

အော်ဆိုကြတယ်။ 

ဝါ .. စိမ်း .. နီ .. ပြာ ရှိပေမယ့် 

သူတို့တွေ တစ်သွေးတည်းတစ်သားတည်း သံပြိုင် ဆိုကြတယ်။ 

ထိုတိုင်းပြည်လေးမှာ .. 

လူအခွင့်အရေး အပြည့်အ၀ ရကြတယ် 

လူမျိုးရေးခွဲခြားခြင်း မရှိ 

အဆင့်အတန်း ခွဲခြားခြင်းမရှိ  

စစ်ပွဲမရှိ 

လက်နက်ကိုင်မရှိ 

ဖို/မ ဝါ ဒီ တန်းတူ အခွင့်အရေးရတဲ့ 

လူကို လူလို့ မြင်တတ်ကြတဲ့ တိုင်းပြည်။

ထိုတိုင်းပြည်လေးမှာ .. 

ကျမ်းမာရေး စောင့်ရှောက်မှု အားကောင်းတယ်

လူမှုဖုံလုံးရေး ပြည့်၀စေတယ်

ပညာ မတတ်သေးသူကို 

ပညာရှိတွေက ဝိုင်းဝန်းထိန်းကျောင်း စောင့်ရှောက်ပေးတယ်။ 

ကဲ .. မိတ်ဆွေတို့ 

ကျွန်တော် ရောက်နေသည့် တိုင်းပြည်လေးကို သိချင်နေကြပြီမလား အဆွေ 

ဟိုး .. ရန်ကုန်မြို့၏ မြို့စွန်းနားလေးမှာရှိတဲ့ 

ရွာသာကြီးဆိုတဲ့ လူကိုလူလိုမြင်တတ်ကြတဲ့ နိုင်ငံငယ်လေးမှာပေါ့ဗျာ။ 


ဒီမိုကရေစီအမည်ခံ တိုင်းပြည်အောက်က ဖဒရယ်ဒီမိုကရေစီ အပြည့်ကျင့်သုံးသည့် တိုင်းပြည်ငယ်လေးကို ကျွန်တော်ရောက်ခဲ့တယ် ။ ထိုတိုင်းပြည်လေးမှာ စားနပ်ရိက္ခာဖူလုံတယ် နေ့ရော ညပါ မီးလင်းတယ် ပြည်သူတွေပျော်ကြလေရဲ့။  ထိုတိုင်းပြည်လေးမှာ စစ်တပ်မရှိဘူး လုံခြုံရေးအနည်းငယ်ပဲ ထားရှိတယ်။ လွတ်လပ်သော မီဒီယာ အခွင့်အရေးရှိတယ်။ ဝါ .. စိမ်း .. နီ .. ပြာ လွတ်လပ်စွာပြောဆို အားပေးနိုင်ကြတယ်။ တစ်ယောက်က အနီ အတွက်အော်ရင် အစိမ်းတွေက နှုတ်ဆိတ်ပေးတယ်။

တစ်ယောက်က အစိမ်းအတွက် အော်ရင် အနီတွေက နှုတ်ဆိတ်ပေးတယ်။ အာဏာရှင်ကို မကျေနပ်ရင် အော်ဆဲနိုင်ကြတယ်အုပ်ချူပ်မှုဥပဒေ မကြိုက်ရင် အော်ဆဲနိုင်ကြတယ်။ သူတို့ကို ဖမ်းဆီးမယ့်သူ မရှိ ။ 

ဝါ .. စိမ်း .. နီ .. ပြာ တစ်ယောက်ကို တစ်ယောက် လေးစား စစ်မှန်သော လွတ်လပ်စွာပြောဆိုခွင့်ရှိသော နိုင်ငံပေ။  ထိုတိုင်းပြည်ငယ်လေးမှာ တစ်ချို့နေရာက ဖဒရယ် ကျင့်သုံးတယ်၊ တစ်ချို့နေရာက မိုနာခီ ဥပဒေသကို ယုံကြည်တယ်၊

တစ်ချို့နေရာက အော်တိုကရေစီ ကိုလက်ခံတယ်၊ တစ်ချို့နေရာက ကွန်မြူနစ်ကို ကြိုက်တယ်၊ တစ်ချို့နေရာက တိုက်ရိုက် ဒီမိုကရေစီစနစ် ကျင့်သုံးတယ်၊ တစ်ချို့နေရာက ဆိုရှယ်လစ်၊ တစ်ချို့နေရာက ပါလီမန်၊ တစ်ချို့နေရာက အာဏာရှင် စနစ်ဖြင့် အုပ်ချူပ်တယ်။ ထိုတိုင်းပြည်လေးမှာ နိုင်ငံဘာစနစ်ပဲ ကျင့်သုံးသုံး ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော် သိချင်းလာချိန် အားလုံးမတ်တပ်ထ ပြီးဆုံးချိန်ထိ သံပြိုင်လိုက်ဆို အော်ဆိုကြတယ်။ 

ဝါ .. စိမ်း .. နီ .. ပြာ ရှိပေမယ့် သူတို့တွေ တစ်သွေးတည်းတစ်သားတည်း သံပြိုင် ဆိုကြတယ်။ ထိုတိုင်းပြည်လေးမှာ လူအခွင့်အရေး အပြည့်အ၀ ရကြတယ်။ လူမျိုးရေးခွဲခြားခြင်း မရှိ၊ အဆင့်အတန်း ခွဲခြားခြင်းမရှိ၊  စစ်ပွဲမရှိ၊ လက်နက်ကိုင်မရှိ၊ ဖို/မ ဝါ ဒီ တန်းတူ အခွင့်အရေးရတဲ့ လူကို လူလို့ မြင်တတ်ကြတဲ့ တိုင်းပြည်။ထိုတိုင်းပြည်လေးမှာ ကျမ်းမာရေး စောင့်ရှောက်မှု အားကောင်းတယ်၊လူမှုဖုံလုံးရေး ပြည့်၀စေတယ်၊ပညာ မတတ်သေးသူကို ပညာရှိတွေက ဝိုင်းဝန်းထိန်းကျောင်း စောင့်ရှောက်ပေးတယ်။ ကဲ .. မိတ်ဆွေတို့ ကျွန်တော် ရောက်နေသည့် တိုင်းပြည်လေးကို သိချင်နေကြပြီမလား အဆွေ။ ဟိုး .. ရန်ကုန်မြို့၏ မြို့စွန်းနားလေးမှာရှိတဲ့ ရွာသာကြီးဆိုတဲ့ လူကိုလူလိုမြင်တတ်ကြတဲ့ နိုင်ငံငယ်လေးမှာပေါ့ဗျာ။ 



တစ်ချိန်ကကျွန်တော်




 








Friday, November 22, 2024

**ကျွန်တော် အဆင်ပြေပါတယ်**




ကျွန်တော့်ဘ၀ကြီးက လေးလံထိုင်းမှိုင်းနေတယ်လို့ တစ်ခါတစ်လေ ခံစားမိပါတယ် ။ ပြတ်ဆဲခြင်း ၊ မရှိခြင်း ၊ ကျွန်တော့်လက်ထဲ ဘာမှ ဆုတ်ကိုင်ထားခြင်း မရှိရင်တောင် ကျွန်တော် တစ်ယောက်တည်းနေရတာလည်း အဆင်ပြေပါတယ်။ ကျွန်တော့်ဘ၀ထဲ တစ်စုံတစ်ယောက် စူးစူးနစ်နစ်ဝင်ရောက်လာတဲ့အခါမှာ မရှိခြင်းများစွာနှင့် ပျော်နေသည့် ကျွန်တော့် ကမ္ဘာကြီး အစစအရာရာ ပြောင်းလဲသွားပါတော့တယ်။ မိတ်ဆွေတို့ကို ကျွန်တော့်ရဲ့ အချစ်၊ ငွေကြေး နဲ့ ၎င်းတို့နဲ့ ဆက်စပ်ပြီးရသည့် စိတ်ဖိစီးမှုအကြောင်းတွေကို ဝေမျှပေးချင်ပါတယ်။ 


ကျွန်တော့် ဘ၀က သာမာန်ပါပဲလေ ကျွန်တော့် ဘ၀ထဲ သူမ မဝင်လာခင်ထိပေါ့။ ပုံမှန်ထတယ်၊ လုပ်စရာရှိတာလုပ်တယ်၊ အလုပ်သွားစရာရှိတာ လုပ်တယ်၊ ပိုက်ဆံ ရခြင်းမရခြင်းလည်း ဂရုမစိုက်အားပါ။ အရာရာအားလုံးပျက်ယွင်း ပျက်စီးနေသည့်သူမို့ အိမ်က ကျွေးထားတာနှင့်ပင် အသက်ဆက်ရှင်သန်လို့ရနေတာပေါ့။ ဘာမှမရှိသည့် စိတ်ပျက်စရာကောင်းတဲ့ ကျွန်တော်လို လူတစ်ယောက်က နောက်တစ်ယောက်ဆိုတာ မလိုအပ်ပါဘူးလေ။ နောက်တစ်ယောက်ရှိလာခြင်းကလည်း သုခထက် ဒုက္ခတွေတာ များလိမ့်မယ်လို့ ကျွန်တော်ယူဆ တွေးထားခဲ့သည်လေ။ ဒါကြောင့် တပြားမှ မရှိလည်း ကျွန်တော် ရှင်သန်နေရတာ ပျော်နေတယ်။ ပိုက်ဆံရှာခြင်း မရှာခြင်းအတွက်လည်း လိုက်ပြောနေတဲ့သူမရှိဘူးပေါ့လေ။ ပိုက်ဆံဆိုတာ ပိုက်ဆံစက္ကူသာသာလို့ပဲ ကျွန်တော် တွေးထားလိုက်တော့တာပေါ့။ နည်းနည်းပါးပါး ပိုက်ဆံဝင်လာတဲ့အခါလည်း သုံးစရာရှိတာ သုံးလိုက်တာပါပဲ။ ပိုက်ဆံကို တကူးတက လိုက်မရှာတော့တာမို့ လိုချင်တပ်မှုဆိုတာလည်း အလိုလိုပျောက်ဆုံးကုန်တာပေါ့။ ဘ၀ကြီးမှာ ဘာမှမရှိခြင်းက တော်တော် အေးချမ်းတာပေါ့ဗျာ။ 


သို့ပေမယ့် .. ကျွန်တော့်ဆီကို အချစ်ဆိုသည့် အရာ ရောက်လာခဲ့ပါတော့တယ် ... ။ 


ကျွန်တော် နှင့် သူမ တွေ့ဆုံခြင်းက ထူးဆန်းသည့် ရေစက်လို့လည်း‌ သတ်မှတ်ချင်သတ်မှတ်လို့ရသည်လေ။ သူမ နှင့် စကားပြောနေတာကိုက ကမ္ဘာသစ်တစ်ခုက ကျွန်တော့်ကို လှမ်းခေါ်နေသလိုပဲ။ အဲ့ကမ္ဘာက အရမ်းကို စိမ်းလန်းစိုပြေပြီး အသစ်စက်စက် အပျိုစင် ကဗ္ဘာလေးပေ့ါဗျာ။ ကျွန်တော်တို့ စကားတွေပြောကြတယ် ၊ တူတူရယ်စရာရှိတာ ရယ်တယ်။ စကားလုံးတိုင်း၊ အထိအတွေ့အတိုင်း၊ အနမ်းတွေတိုင်းက အရမ်းကို လှပခမ်းနားတယ်လေ။ ဘာမှမရှိ ဘာမှမလုပ်နေခြင်းကို ကျေကျေနပ်နပ် လက်ခံပြီး ကျွန်တော့်ဆီ တန်းတန်းမတ်မတ် ရောက်လာခဲ့ခြင်းကိုက ကျွန်တော့်အတွက် ဘုရားပေးတဲ့ ဆုလဒ်ဆိုပေမယ့် သူမအတွက်တော့ ဘုရားပေးတဲ့ ဒုက္ခ တစ်ခုလို သတ်မှတ်ရမလိုပါပဲ။ အစမှာတော့ ချစ်ခြင်းတွေဟာ နူးညံ့ပြီး အရမ်းကိုဖြူစင် လှပတာပေါ့။ သို့ပေမယ့် အချစ်တစ်ခုမြဲအောင် တည်ဆောက်နိုင်ဖို့ဆိုတာတော့ အလကားထိုင်နေရင်းတော့ ရမှာမဟုတ်ခဲ့ဘူးလေ။ ကြိုးစားပေးဆပ်ခြင်းတွေ ရှိမှတာ ခိုင်မြဲတဲ့ အချစ်တစ်ခု တည်ဆောက်နိုင်မယ် မဟုတ်ပေဘူးလား။  


တကယ်ချစ်ရင် ငွေကြေးက သောက်ရေးမပါပါဘူးလို့ ပြောရင်တော့ ချစ်ခြင်းတွေ၏ အစမှာတော့ ဟုတ်မှာပေါ့လေ။ သို့ပေမယ့် ကာလရှည်ကြာတည်ဆောက်မယ့် ချစ်ခြင်းနန်းတော် အတွက်တော့ ငွေကြေးက အဓိကအရေးပါတဲ့ အခန်းကနေပဲ ကပြရတာပါပဲ။ ချစ်တဲ့သူဆီ သွားတွေ့ဖို့ ၊ သူလိုချင်တာ ဖြည့်ဆည်းပေးနိုင်ဖို့၊ တူတူတန်ဖိုးရှိတဲ့အချိန်တွေ ဖြတ်သန်းနိုင်ဖို့သည် ငွေကြေးကအဓိကပဲလေ။ ချစ်ခြင်းကို ခိုင်မြဲအောင်တည်ဆောက်ဖို့ ငွေကြေးက လိုကိုလိုအပ်တာပေါ့။ တစ်ယောက်ကို တစ်ယောက်ချစ်နေယုံ နဲ့ ဘ၀ကြီးကပြီးပြည့်စုံတယ်လို့ ခံစားရတဲ့ ခံစားချက်က သက်တမ်းရှိတာပေါ့ဗျ။ ဒီသက်တမ်းက ပျှမ်းမျှ အကြာဆုံးတစ်နှစ်ပေါ့။ အချို့ဆို ၂ လလောက်ဆို သက်တမ်းကုန်ဆုံးသွားတတ်ကြတယ်။ အချစ်တွေပေးလို့ အချစ်ပြန်ရရင် ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အဲ့ပျော်စရာကောင်းတာကို ဆွဲဆန့်နိုင်ဖို့ ငွေကြေးကပဲ ဆက်ဖန်တီးပေးနိုင်တယ်။ ဒိုးလုံးသီချင်းထဲကလို "ဘ၀ကဘ၀ပဲ .. အချစ်ကအချစ်ပဲ" ဆိုပေမယ့် ။ အချစ်တစ်ခုတည်းနဲ့ ဘ၀ကို တည်ဆောက်လို့မှ မရတာဗျာ။ ဒါကြောင့် ပိုက်ဆံ ဆိုတဲ့ စိတ်တွင်းဖိအားတစ်ခုက ပျော်ရွင်မှုတွေကို ဆိတ်သုန်းသွားစေခဲ့တာပေါ့။ ကောင်းမွန်စွာလျှောက်လှမ်းနေတဲ့ ချစ်ခြင်းတစ်ခုမှာတောင် ငွေမရှိတော့တဲ့အခါ အချစ်ဆိုတာ အလုပ်တစ်ခုလိုပဲ ခံစားမိလာ တော့တာပေါ့။ 


တစ်စုံတစ်ယောက်ကို ကျွန်တော်တို့ ချစ်မိသွားတဲ့အခါမှာ သူတို့ ပျော်ရွင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားကြတယ်မဟုတ်လား။ သူတို့ စိတ်ပျော်ဖို့၊ စိတ်အဆင်ပြေဖို့၊ စားချင်တာတွေစားရဖို့၊ သူတို့မပြောပဲနဲ့ အလိုက်သတိ လိုအပ်တာတွေ ဖြည့်ပေးနိုင်ဖို့ ဘယ်သူမှ ခိုင်းစေခြင်းမရှိပဲ တစ်ဖက်လူ ပျော်ရွင်ဖို့ စိတ်ချမ်းသာဖို့ ကြိုးစားကြတယ်မဟုတ်လား။ သို့ပေမယ့် အဲ့လိုကြိုးစားရင်းနဲ့ပဲ ကျွန်တော်တို့ မသိလိုက်ခင်ပဲ မနိုင်ဝန်တွေထမ်းမိလာတယ်။ ကျွန်တော်တို့ အကျင့်၊ အတွေး၊ ပုံမှန်လုပ်နေကျ အလုပ်တွေ ပျက်ယွင်းလာတယ်၊ အချိန်တွေပေးဆပ်လာရပြီး မိမိကိုယ်ကိုလည်း မသိလိုက်မသိခင်ပဲ ပျောက်ကွယ်သွားသလိုခံစားလာရတယ်။ ကျွန်တော်ဒီလိုပြောတာက ငွေကြေးအဆင်မပြေတဲ့ သူတွေအတွက်ပဲ မှန်ပါလိမ့်မယ်။ ခင်ဗျာတို့သာ အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုက ကောင်တွေ ဆိုလျှင်တော့ ဆင်ခြေဆင်လက် ပေးတဲ့ အသုံးမကျတဲ့ကောင်တွေလို့ ခေါင်းစဉ်တပ်မှာသေချာတာပေါ့။ ခင်ဗျာတို့ တွေးသလို ကြိုးစားသမျှ မဖြစ်သေးတဲ့အခါ ၊ အရာမထင်တဲ့အခါ ကျွန်တော်လည်းပဲ အသုံးမကျတဲ့ကောင်လို့ပဲ ခံယူထားပါတယ်။ ဒီလို အသုံးမကျတဲ့ကောင်လို့ ခံစားမိလာတဲ့အခါ တစ်ယောက်တည်းရှင်သန် နေရတာ ပိုအဆင်ပြေတယ်လို့ပဲ ထပ်ခါထပ်ခါ အတွေးတွေက နှိပ်စက်လာတာပေါ့ဗျာ။ လက်လျော့ခြင်းမဟုတ်ပေမယ့် ဘာမျှမလုပ်နိုင်တဲ့အခါ လွတ်ချလိုက်ခြင်းကလည်း ကောင်းမွန်တဲ့ အဖြေတစ်ခုပဲမဟုတ်လား။ ဝန်တွေကို လွတ်ချခြင်းက မနိုင်တာကို ထမ်းပြီးသွားနေရတာထက်စာရင် သာ၍ကောင်းတယ်လေ။ ခင်ဗျာတို့ ကျွန်တော်ပြောတာနှင့် တိုက်ဆိုင်မှုရှိတဲ့ သူတွေဆိုရင်တော့ ဒီခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ တိုက်ဆိုင်မှုမရှိတဲ့ကောင်ဆိုလျှင်တော့ ကျွန်တော့်က "သောက်ပျင်းကြီး" ပေါ့ဗျာ။ 


ချစ်ခြင်းဆိုတာ ဘယ်အချစ်မှ အမြဲသာယာလှပ နေတာမှမဟုတ်တာ။ အချိန်တစ်ခု ဖြတ်သန်းပြီတဲ့အခါမှာ တစ်ခုက ပိုက်ဆံအတွက်၊ နောက်တစ်ခုက အချိန်အတွက် စကားများလာကြရလိမ့်မယ်။ အချိန်လည်း ပေးနိုင်၊ ငွေကြေးကလည်း အဆင်ပြေတဲ့သူတွေအတွက်ကတော့ အခြားပြဿနာတွေ ရှိကောင်းရှိမှာပေါ့။ ဒါကြောင့် ချစ်ခြင်းဆိုတာ အမြဲသာယာလှပ‌နေတာ မဟုတ်ဘူးလို့ ကျွန်တော်ပြောရခြင်းဖြစ်တယ်။ ငွေနောက်ကိုလိုက်ရင်း အချိန်တွေပါဖဲ့ပေးရတဲ့အခါ အလိုလိုနေရင်း အချစ်တွေပါ လမ်းပျောက်ကုန်ကြတာပေါ့။ ဒါကြောင့် ကျွန်တော်တို့တွေဟာ အဓိပ္ပာယ်ရှိသယောင်ယောင်နဲ့ မိမိကိုယ်ကို ပျောက်ဆုံးကုန်ကြတယ်လေ။ 


ဒါကြောင့် မိမိကိုယ်ကို အဆင်ပြေလုံလောက်အောင် အရင်ကြိုးစားပြီးမှ ချစ်ခြင်းကို လိုက်ရှာသင့်တယ်ဗျ။ မိမိကိုယ်တိုင်တောင် မဖူလုံရင် အချစ်နဲ့ ခပ်ဝေးဝေးနေခြင်းက ကျွန်တော်တို့အတွက်ကော တစ်ဖက်လူအတွက်ပါ သောကတွေ ဖိအားတွေ ကင်းဝေစေတာပေါ့ဗျာ။ အချစ်တစ်ခုမှ ငွေကြေးကြောင့်မျက်နှာငယ်ရခြင်းက ရှက်ဖို့တော်တော်ကောင်းတယ်လေဗျာ။ ကျွန်တော့်ဘ၀မှာ အဆင်မပြေတဲ့ ချစ်ခြင်းတွေဆီကနေ ရခဲ့တဲ့ သင်ခန်းစာ တွေရှိတယ်။ 


အချစ်ဆိုတာ ခံစားရတာ မိုက်တာပေါ့။ ဒါပေမယ့် အဲ့ဒီအချစ်ဆိုတာကြီးကြောင့် စိတ်ဖိစီးလာတယ်ဆိုရင်တော့ မဖြစ်သင့်ဘူးလေ။ ဒါကြောင့် အချစ်က မိုက်ပါတယ် သို့ပေမယ့် အချစ်က ဘ၀ကြီးမဟုတ်ဘူးလို့ပြောကြတာပေါ့ဗျာ။ 


ပိုက်ဆံဆိုတာလည်း ကျွန်တော်တို့ရဲ့ ရန်သူ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုက်ဆံဆိုတာကို ရန်သူတစ်ယောက်လို လိုက်ရှာပြီး ပြဿနာရှာနေတယ်ဆိုခြင်းထက် ကျွန်တော်တို့ လိုချင်စိတ်တွေကို သတ်လိုက်ခြင်းက ပိုက်ဆံဆိုတဲ့ကောင်က ပြန်လိုက်ရှာလိမ့်မယ်ဗျ။ ဒါကြောင့် ပိုက်ဆံဆိုတာ အရေးကြီးပေမယ့် ကျွန်တော်တို့တွေ ကိုယ်ဘာဆိုတာ မမေ့လျော့ဖို့တော့လိုတာပေါ့ဗျာ။ 


တစ်ယောက်တည်း ရှင်သန်ခြင်းက မိမိစိတ်ကို ပိုပြီး နားလည်းလာစေနိုင်တယ် ဒါကြောင့် တစ်ယောက်တည်းဖြစ်နေခြင်းကလည်း ကောင်းတယ်ဗျ။ 


တကယ်တော့ ဘာမျှမရှိပဲ နေထိုင်ရှင်သန်ရတာ ပိုကောင်းပါတယ်ဗျ။ လူတိုင်းအတွက်ဘ၀ဆိုတာ မတူညီတဲ့ကြိုးစားမှုတွေနဲ့ ဟန်ချက်ညီဖို့လိုတယ် ဒါကြောင့် ကြေမွှပျက်စီးသွားတဲ့ ချစ်ခြင်းတွေကလည်း ဘ၀ရဲ့သင်ခန်းစာတွေပေါ့‌။ မင်းဘာမှ မတတ်နိုင်သေးရင် တစ်ယောက်တည်းရှင်သန်ရတာ ပိုပျော်ဖို့ကောင်းပါတယ်။ တစ်ယောက်တည်းပဲရှင်သန်ဖို့ပဲ ကြိုးစားပါ။ အချစ်ဆိုတာ တကယ်တော့ ဘာမှ မဟုတ်ပါဘူး ။ သို့ပေမယ့် ချစ်ခြင်းက ထူးခြား ဆန်းပြားတယ်လေနော်။ ဒါကြောင့်ပဲ အချစ်နဲ့ပဲ ခပ်ဝေးဝေးနေချင်တော့တယ်။ ဆန်းပြားတာတွေကိုတော့ ကျွန်တော် ကြောက်နေပြီ။ 


တစ်ချိန်ကကျွန်တော်






Thursday, November 21, 2024

**မငြိမ်းသော ဝိဉာဉ်များ**




အခန်း (၁၃) - ပြန်လည်ဆုံစည်းခြင်း


မင်္ဂလာဒုံရှိ ကျော်ဘ၏ အိမ်ကြီး ပြာကျသွားပြီးနောက် သုံးနှစ်ခန့် ကြာခဲ့လေပြီ။ ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် မိုးရွာပြီးစ စိုထိုင်းဆများနှင့်အတူ ဘဝပေါင်းစုံသည် နာရီလက်တံများအတိုင်း တရွေ့ရွေ့ လည်ပတ်နေဆဲ။ ကျွန်မ မြတ်လေးသည် ယခုအခါ မြို့စွန်ရှိ ဘုန်းကြီးကျောင်းဟောင်းတစ်ခု၏ အရိပ်အောက်တွင် ခိုလှုံရင်း၊ စိတ်ဝေဒနာရှင်များ ဂေဟာတစ်ခု၌ အလုပ်လုပ်နေသည်။ "လူဆိုတာ ဘယ်လောက်ပဲ အမြင့်ရောက်ခဲ့ရောက်ခဲ့၊ နောက်ဆုံးတော့လည်း ကိုယ့်အတိတ်က အရိပ်တွေ ပြန်လိုက်လာတာကို မလွတ်နိုင်ကြဘူး" ဆိုတာ ကျွန်မ အခုမှ လက်တွေ့ကျကျ သိလာရသည်။

ကျွန်မ၏ နေ့ရက်များသည် တိတ်ဆိတ်လွန်းလှသည်။ သို့သော် ထိုတိတ်ဆိတ်ခြင်းနောက်ကွယ်တွင် ဆရာဂျိုဇော်၏ အရေးအသားထဲကလို "နာရီလက်တံတွေက တချက်ချက် မြည်နေပြီး၊ အတိတ်က အသံတွေကို တိုးတိုးလေး ပြန်လည် ရွတ်ဆိုနေသလိုမျိုး" ကျွန်မ ခံစားနေရဆဲ။ ညတိုင်း ကျွန်မ၏ အိပ်မက်ထဲတွင် မီးတောက်များကြားက ကျော်ဘ၏ မျက်နှာနှင့်၊ သွေးအိုင်ထဲက အောင်သူရ၏ လက်ချောင်းလေးများကို မြင်နေရမြဲ။

တစ်နေ့တွင် ဂေဟာသို့ လူနာသစ်တစ်ဦး ရောက်လာခဲ့သည်။ ထိုလူနာသည် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေပြီး၊ ဘာစကားမှ မပြောနိုင်ရှာပေ။ သူ၏ မျက်လုံးများမှာမူ တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ဂယောက်ဂယက် ဖြစ်နေ၏။

"ဒီလူနာက ဘယ်ကလာတာလဲ"

ကျွန်မ ဂေဟာမှူးကို မေးမိသည်။ ဂေဟာမှူးက သက်ပြင်းချရင်း—

"မင်္ဂလာဒုံဘက်က အိမ်ဟောင်းပျက်ကြီးထဲမှာ သွားတွေ့တာတဲ့။ သူက အဲဒီမှာ တစ်ယောက်တည်း နေနေတာ သုံးနှစ်ရှိပြီပြောတယ်။ ထူးဆန်းတာက... သူက တစ်ချိန်လုံး နာရီလက်တံတွေကိုပဲ ကြည့်ပြီး ရယ်နေတာပဲ"

ကျွန်မ၏ ရင်ထဲတွင် 'ဒိတ်' ခနဲ ဖြစ်သွားသည်။ မင်္ဂလာဒုံ... အိမ်ဟောင်းပျက်... နာရီလက်တံ။ ကျွန်မ ခြေလှမ်းတွေက တုန်ယင်လျက် ထိုလူနာရှိရာ အခန်းဆီသို့ ဦးတည်သွားမိသည်။ 

လူနာသည် ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်အောက်တွင် ကျောပေးထိုင်နေသည်။ သူ၏ ပခုံးသားများမှာ မီးလောင်ဒဏ်ရာကြောင့် တွန့်လိမ်နေ၏။ ကျွန်မ အနားသို့ တဖြည်းဖြည်း တိုးကပ်သွားစဉ်၊ သူက ဖြည်းညှင်းစွာ လှည့်ကြည့်လာသည်။

ထိုသူမှာ... ကျော်ဘ မဟုတ်ပါ။ သူသည် အောင်သူရ ဖြစ်နေသည်။ သို့သော် ကျွန်မ သိခဲ့သော အောင်သူရ၏ မျက်နှာမှာ ကျော်ဘ၏ မျက်နှာနှင့် တစ်ဝက်တစ်ပျက် ရောယှက်နေသကဲ့သို့ ထူးဆန်းသော ပုံသဏ္ဌာန် ဖြစ်နေသည်။

"မြတ်လေး... မင်း... ပြန်လာပြီလား"

သူ့အသံက ကျော်ဘ၏ အသံမျိုး ဖြစ်နေသည်။ ကျွန်မ ထိတ်လန့်တကြား နောက်သို့ ဆုတ်လိုက်မိသည်။ ဒါဟာ မဖြစ်နိုင်ဘူး။ အောင်သူရက ကျော်ဘရဲ့ အသံနဲ့ ဘယ်လို စကားပြောနေတာလဲ။

"နင်... နင် ဘယ်သူလဲ။ အောင်သူရလား... ဒါမှမဟုတ် ကျော်ဘလား"

သူက မဲ့ပြုံး ပြုံးလိုက်သည်။ ထိုအပြုံးက ကျော်ဘ၏ သရော်တော်တော် အပြုံးမျိုးပင်။

"ငါတို့က တစ်ယောက်တည်း ဖြစ်သွားပြီ မြတ်လေး။ မင်း အဲဒီညက မီးရှို့လိုက်တဲ့အခါ... ငါတို့ နှစ်ယောက်လုံးရဲ့ ဝိဉာဉ်တွေက ဒီခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းသွားခဲ့တာ။ မင်း သတ်ခဲ့တဲ့ ကျော်ဘက အခု အောင်သူရရဲ့ အတွင်းထဲမှာ ရှင်သန်နေတယ်"

လက်တွေ့နဲ့ အိပ်မက်ကြားမှာ ဘာမှ ခွဲခြားလို့ မရတော့သည့် အခြေအနေ။ အောင်သူရ၏ ခန္ဓာကိုယ်ထဲတွင် ကျော်ဘ၏ အတ္တနှင့် ထိန်းချုပ်လိုစိတ်များက ကပ်ပါးကောင်လို ခိုအောင်းနေခြင်း ဖြစ်သည်။

"မင်း ငါ့ကို သတ်လို့ မရဘူး မြတ်လေး။ ငါက မင်းရဲ့ အရှင်သခင်ပဲ။ မင်း ဘယ်ကို ပြေးပြေး... ငါက မင်းနဲ့အတူ ရှိနေမှာ"

သူက ကုတင်ပေါ်မှ ဆင်းလာပြီး ကျွန်မဆီသို့ တွားသွားလာသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် အရိုးကျိုးသံများ 'ဂျောက်... ဂျောက်...' ဟု ထွက်ပေါ် နေသည်။ "လူတစ်ယောက်ဟာ ကိုယ်မုန်းတဲ့လူနဲ့ ပြန်ဆုံရတာထက်၊ ကိုယ်မုန်းတဲ့လူက ကိုယ်ချစ်တဲ့လူရဲ့ ပုံစံနဲ့ ပြန်ပေါ်လာတာက ပိုပြီး ရင်နာဖို့ ကောင်းတယ်" ဆိုတာ ဒါပါပဲ။

ကျွန်မသည် အခန်းထောင့်သို့ ရောက်သွားသည်။ သူ၏ အေးစက်သော လက်များက ကျွန်မ၏ ခြေဖဝါးကို လာရောက် ထိတွေ့သည်။ ထိုခဏတွင် ကျွန်မ၏ ခေါင်းထဲ၌ မြေအောက်ခန်းထဲက မီးတောက်များ၊ အေးအေး၏ အော်ဟစ်သံများ၊ ကျော်ဘ၏ မာန်မာနများက တရစပ် ပြန်လည် မြင်ယောင်လာသည်။

"မမလေး... ပြေးတော့!"

ရုတ်တရက် အောင်သူရ၏ ကိုယ်ပိုင်အသံ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံး များမှာ ခဏတာ တည်ငြိမ်သွားပြီး ကျွန်မကို သနားစရာ မျက်လုံးများဖြင့် ကြည့်နေသည်။

"သူ့ကို... ကျွန်တော့်ထဲကနေ... ထုတ်ပေးပါ... မမလေး။ ကျွန်တော် မခံနိုင်တော့ဘူး!"

အောင်သူရသည် မိမိကိုယ်မိမိ ပြန်လည် တိုက်ခိုက်နေသကဲ့သို့ သူ၏ လက်သည်းများဖြင့် သူ၏ ရင်ဘတ်ကို ကုတ်ခြစ်နေသည်။ ကျော်ဘ၏ ဝိဉာဉ်နှင့် အောင်သူရ၏ ဝိဉာဉ်တို့မှာ ခန္ဓာကိုယ်တစ်ခုတည်းအတွင်း တိုက်ပွဲဖြစ်နေကြခြင်း ဖြစ်သည်။ 

ကျွန်မ ဘာလုပ်ရမည်နည်း။ အောင်သူရကို ကယ်ဖို့အတွက် ကျော်ဘကို ဘယ်လို နှင်ထုတ်ရမလဲ။

"မြတ်လေး... မင်း ငါ့ကိုပဲ ရွေးရမှာပါ။ အောင်သူရက သေပြီးသား လူပဲ။ ငါ့ရဲ့ အရှင်သခင် အုပ်ချုပ်မှုအောက်ကို ပြန်လာခဲ့စမ်း"

ကျော်ဘ၏ အသံက ထပ်မံ လွှမ်းမိုးလာပြန်သည်။ အောင်သူရ၏ မျက်နှာမှာ တစ်ချက် တစ်ချက် ကျော်ဘ၏ ရုပ်သွင်သို့ ပြောင်းသွားပြီး၊ တစ်ချက် တစ်ချက်တွင်မူ နာကျင်နေသော အောင်သူရ၏ ရုပ်သွင်သို့ ပြန်ပြောင်းသွားသည်။ ဤသည်မှာ ဝိဉာဉ်နှစ်ခု၏ ပြန်လည်ဆုံစည်းခြင်း ဖြစ်သလို၊ ကျွန်မအတွက်တော့ မပြီးဆုံးနိုင်သော ငရဲခန်းအသစ်တစ်ခု စတင်ခြင်းလည်း ဖြစ်သည်။

ကျွန်မသည် ဘေးနားရှိ ဆေးထိုးအပ် တစ်ခုကို ကောက်ကိုင်လိုက်သည်။ ဒါဟာ အဆုံးသတ် မဟုတ်ဘူး။ ဒါဟာ အစပဲ ရှိသေးသည်။ ကျွန်မ၏ လက်ထဲတွင် အောင်သူရ၏ အသက်နှင့် ကျော်ဘ၏ ကျိန်စာတို့ ရှိနေသည်။

"ငါ နင်တို့ နှစ်ယောက်လုံးကို လွတ်မြောက်အောင် လုပ်ပေးမယ်"

ကျွန်မ အံကြိတ်ကာ ပြောလိုက်သည်။ အခန်းတွင်းရှိ နာရီလက်တံကတော့ ဆယ်နှစ်နာရီ တိတိကို ညွှန်ပြနေသည်။ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွား သော်လည်း၊ ကျွန်မ၏ ရင်ထဲတွင်တော့ အမုန်းတရားနှင့် သနားစရာ ကောင်းသော အချစ်တို့မှာ ပေါင်းစပ်လျက်ရှိနေတော့သည်။

ကျွန်မသည် အောင်သူရ (သို့မဟုတ် ကျော်ဘ) ၏ ရှေ့တွင် ဒူးထောက် ထိုင်လိုက်ပြီး၊ သူ၏ မျက်နှာကို တယုတယ ကိုင်လိုက်သည်။ သူက ကျွန်မကို ကြည့်ပြီး ပြုံးသည်။ အဲဒီအပြုံးမှာ ဘယ်သူ့အပြုံးလဲဆိုတာ ကျွန်မ မခွဲခြားနိုင်တော့ပါ။

"ကျွန်မတို့... ပြန်ဆုံကြပြီနော်... အရှင်သခင်"

ကျွန်မ၏ စကားအဆုံးတွင် အခန်းတွင်းမှ မီးချောင်းမှာ ဝင်းခနဲ ဖြစ်ကာ မှောင်အတိ ကျသွားခဲ့ပါတော့သည်။

အခန်း (၁၄) - ထာဝရကျိန်စာ


ဂေဟာအတွင်းရှိ မီးချောင်းများ ပြန်လည်လင်းထိုင်လာချိန်တွင် အခန်းတွင်း၌ ကျွန်မတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ အောင်သူရ (သို့မဟုတ်) ကျော်ဘ၏ ခန္ဓာကိုယ်မှာ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေ၏။ ကျွန်မ၏လက်ထဲမှ ဆေးထိုးအပ်မှာတော့ ဗလာဖြစ်နေချေပြီ။ 

ကျွန်မသည် အောင်သူရ၏ မျက်နှာကို ငေးကြည့်နေမိသည်။ သူ သေဆုံးသွားခဲ့ပြီလား။ မဟုတ်ပါ။ သူ၏ ရင်ဘတ်မှာ အသက်ရှူနေဆဲ။ သို့သော် သူ၏ မျက်ဝန်းများကို ဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့် အကြည့်များမှာ ကျွန်မကို ကျောချမ်းသွားစေသည်။ ထိုအကြည့်များမှာ အောင်သူရ၏ ရိုးသားမှုလည်း မဟုတ်၊ ကျော်ဘ၏ မာန်မာနလည်း မဟုတ်ဘဲ... အမုန်းတရား သက်သက်သာ စုဝေးနေသည့် 'နတ်ဆိုး' တစ်ကောင်၏ အကြည့်မျိုးပင်။

"မင်း ငါ့ကို သတ်လို့မရဘူး မြတ်လေး... ငါတို့က မင်းရဲ့ စိတ်ထဲမှာ ထာဝရ အခြေချနေထိုင်သွားကြတော့မှာ"

အသံက အခန်းနံရံတွေဆီက ထွက်ပေါ်လာသလိုပင်။ 

ကျွန်မသည် ဂေဟာထဲမှ ထွက်ပြေးခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းနေသည့် လမ်းမများပေါ်တွင် ကျွန်မ တစ်ယောက်တည်း ရူးသွပ်စွာ ပြေးလွှားနေမိသည်။ ကျွန်မ ဘယ်ကိုသွားရမလဲ။ ဘယ်နေရာမှာ ကျော်ဘရဲ့ အရိပ်က လွတ်မှာလဲ။ ကျွန်မ နောက်သို့ လှည့်ကြည့်လိုက်တိုင်း၊ အမှောင်ထဲတွင် ကျော်ဘက အောင်သူရ၏ ပုံသဏ္ဍာန်ဖြင့် ကျွန်မကို လှောင်ပြုံးပြုံးကာ လိုက်လာနေသလို ခံစားရသည်။

နောက်ဆုံးတွင် ကျွန်မသည် မင်္ဂလာဒုံရှိ ပြာကျနေသော အိမ်ကြီးဟောင်းဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုနေရာမှာပဲ အရာရာ စတင်ခဲ့သလို၊ ထိုနေရာမှာပဲ အရာရာ အဆုံးသတ်ရမည်။ အိမ်ပျက်ကြီး၏ အကြွင်းအကျန်များ မှာ လရောင်အောက်တွင် အရိုးစုတစ်ခုလို ထီးထီးကြီး ရှိနေ၏။

ကျွန်မသည် မြေအောက်ခန်းဟောင်းထဲသို့ ဆင်းသွားခဲ့သည်။ ထိုနေရာတွင် နာရီဟောင်းကြီးတစ်ခုမှာ မီးလောင်ကျွမ်းထားသော်လည်း 'တချက်... တချက်...' နှင့် မြည်နေဆဲ။ 

ကျွန်မသည် မြေအောက်ခန်းထဲက မှန်ကွဲစတစ်ခုကို ကောက်ယူလိုက်ပြီး နံရံပေါ်တွင် စာသားတစ်ခုကို သွေးဖြင့် ရေးလိုက်သည်။

"ဒီမှာ အရှင်သခင် မရှိတော့ဘူး... အမုန်းတရားတွေပဲ ရှိတော့တယ်"

ထိုခဏတွင် အခန်းတွင်း၌ ကျော်ဘ၊ အောင်သူရနှင့် အေးအေးတို့၏ ဝိဉာဉ်ပုံရိပ်များက ကျွန်မကို ဝိုင်းရံလာကြသည်။ သူတို့အားလုံးသည် တစ်ဦးကိုတစ်ဦး ကျိန်စာသင့်နေသည့်အလား အမုန်းတရားများဖြင့် ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

"နင်လည်း ငါ့ကိုနိုင်ပြီး ဝဋ်ကျွတ်သွားမှာ မဟုတ်ဘူး... ငါတို့နှစ်ယောက်လုံး အမုန်းတရားတွေရဲ့ ကျိန်စာမှာ ပိတ်မိနေကြပြီ" ဟု ကျော်ဘ၏ ဝိဉာဉ်က ကျွန်မကို ကပ်၍ ပြောလိုက်သည်။

ကျွန်မသည် ဟားတိုက်၍ ရယ်မောလိုက်မိသည်။ ထိုရယ်သံမှာ ကျော်ဘ၏ ရယ်သံနှင့် တစ်ထပ်တည်း ကျနေ၏။

အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ထိုအိမ်ကြီးသည် ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးလွှမ်းလာကာ လူသူမနီးသည့် သရဲခြောက်သော အိမ်ကြီးအဖြစ် နာမည်ကျော်ကြားလာခဲ့သည်။ ပတ်ဝန်းကျင်မှ လူများသည် ထိုအိမ်ကြီးရှေ့မှ ဖြတ်လျှောက်ရန်ပင် ကြောက်ရွံ့နေကြပြီး၊ ညဘက်တွင် ပြတင်းပေါက်မှနေ၍ မျက်လုံးဟောင်းလောင်းပေါက်ဖြင့် စိုက်ကြည့်နေသော အမျိုးသမီးတစ်ဦးနှင့်၊ မျက်လုံးမှ မီးတောက်များ ထွက်နေသည့် ယောက်ျားကြီးတစ်ဦးကို မြင်တွေ့ရကြောင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတော့သည်။

ကျွန်မတို့၏ ဝိဉာဉ်တိုက်ပွဲမှာ အဆုံးမသတ်နိုင်သေးဘဲ ထိုအိမ်ကြီးအတွင်းမှာပင် ထာဝရ ပိတ်လှောင်ထားရဆဲ ဖြစ်သည်။ အချစ်မှ အမုန်းသို့၊ ဂရုစိုက်မှုမှ ထိန်းချုပ်မှုသို့ ပြောင်းလဲသွားခဲ့သည့် 'အရှင်သခင်' ၏ ဇာတ်လမ်းသည် ဤနေရာတွင် အဆုံးသတ်သွားသော်လည်း၊ ကျိန်စာကတော့ နာရီလက်တံများ အတိုင်း ထာဝရ လည်ပတ်နေပါတော့သည်။


အနှစ် ၂၀ ကြာပြီးနောက် …

မင်္ဂလာဒုံဘက်က အိမ်ကြီး မီးလောင်ပြာကျခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ဆိုသည့် အချိန်ကာလသည် ရန်ကုန်မြို့၏ ဖုန်တောထဲတွင် တရွေ့ရွေ့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီ။ တစ်ချိန်က ကျော်ဘ၏ အာဏာစက်အောက်မှာ ဝင်းပခဲ့သော ထိုမြေကွက်ကြီးသည် ယခုအခါ ချုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်ကြီးများ၏ ဝါးမြိုခြင်းကို ခံထားရသည်။ ခြံစည်းရိုးသံတိုင်များမှာ သံချေးတက်ကာ တစ်စစီ ကျိုးပြတ်နေပြီး၊ အိမ်ပျက်ကြီး၏ အရိုးစုမှာ လရောင်အောက်တွင် ခြောက်ခြားဖွယ်ရာ ထီးထီးကြီး ကျန်ရစ်သည်။

ထိုနေ့ညနေက ကောင်းကင်တစ်ခုလုံး သွေးရောင်လွှမ်းနေသည်။ ခြံဝင်းရှေ့တွင် နောက်ဆုံးပေါ် ကားအဖြူလေးတစ်စီး ထိုးရပ်လိုက်၏။ ကားပေါ်မှ လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှင့် ၁၀ နှစ်အရွယ် သမီးငယ်လေးတစ်ဦး ဆင်းလာကြသည်။ ၎င်းတို့သည် မြို့ပြ၏ ဆူညံမှုမှ ကင်းဝေးလို၍ မြေဈေးချိုချိုနှင့် ခြံကျယ်ကျယ်ကို ရှာဖွေရင်း ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

"ဖေဖေ... ဒီအိမ်ကြီးက ကြောက်စရာကြီးနော်"

ကလေးမလေးက သူမ၏ ဖခင်လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။ အမျိုးသားက ပြုံးကာ သမီး၏ ခေါင်းကို ပုတ်လိုက်သည်။

"မကြောက်ပါနဲ့ သမီးရဲ့၊ ဒါက အိမ်ဟောင်းကြီးမို့လို့ပါ။ ဖေဖေတို့ အကုန်ဖြိုချပြီး အသစ်ပြန်ဆောက်လိုက်ရင် သိပ်လှသွားမှာပေါ့"

၎င်းတို့ မိသားစုသည် ခြံဝင်းအတွင်းရှိ မီးလောင်ကျွမ်းထားသော အဆောက်အဦးပျက်ကြီးထဲသို့ လှမ်းဝင်လိုက်ကြသည်။ ခြေလှမ်းတိုင်းတွင် အတိတ်၏ ဖုန်မှုန့်များက လွင့်တက်လာပြီး လေထုထဲတွင် တစ်စုံတစ်ယောက်က စောင့်ကြည့်နေသကဲ့သို့ စိမ့်ခနဲ ခံစားရသည်။ မြေအောက်ခန်းဝသို့ ရောက်သောအခါ၊ ထူးဆန်းစွာပင် မီးလောင်ကျွမ်းထားသော နာရီဟောင်းကြီး တစ်ခုမှာ နံရံတွင် ကပ်လျက်ရှိနေသေးသည်။ ထိုနာရီသည် အလုပ်မလုပ်တော့ သည်မှာ ကြာပြီဖြစ်သော်လည်း ကလေးမလေးက ထိုနာရီနားသို့ တိုးသွားသည်။

"ဖေဖေ... နာရီကြီးက အသံမြည်နေတယ်"

အမျိုးသားက နားစွင့်ကြည့်သော်လည်း ဘာမှမကြားရပေ။ သို့သော် ကလေးမလေး၏ နားထဲတွင်မူ 'တချက်... တချက်... တချက်...' နှင့် မြည်နေသော နာရီလက်တံသံမှာ ပဲ့တင်ထပ်နေသည်။

ထိုစဉ် အမျိုးသမီးဖြစ်သူက နံရံပေါ်တွင် ဖုန်များဖုံးနေသော သွေးညိုရောင် စာသားအဟောင်းကြီးကို တွေ့လိုက်ရသည်။

"ဒီမှာ အရှင်သခင် မရှိတော့ဘူး... အမုန်းတရားတွေပဲ ရှိတော့တယ်"

"ဟင်... ဒါ ဘာစာတွေလဲ မသိဘူး။ ကြောက်စရာကြီး"

အမျိုးသမီးက စာသားကို လက်နှင့် ပွတ်ကြည့်လိုက်စဉ်၊ အခန်းတွင်းရှိ လေထုမှာ ရုတ်တရက် အေးစိမ့်သွားသည်။ ပြတင်းပေါက်မှ ဝင်လာသော နေရောင်မှာလည်း ကွယ်ပျောက်သွားပြီး မှောင်ရိပ်များက တဖြည်းဖြည်း ကြီးထွားလာသည်။ အမှောင်ထဲမှနေ၍ ကျော်ဘ၏ ခပ်သဲ့သဲ့ ရယ်သံနှင့် မြတ်လေး၏ ငိုရှိုက်သံတို့မှာ ရောပြွမ်းလျက် ထွက်ပေါ်လာသည်။

"ဖေဖေ... ဟိုမှာ... ဟိုမှာ ဘွားဘွားကြီးတစ်ယောက်"

ကလေးမလေးက အခန်းထောင့်ကို လက်ညှိုးညွှန်လိုက်သည်။ အမှောင်ထဲတွင် မျက်လုံးဟောင်းလောင်းပေါက်နှင့် အမျိုးသမီးတစ်ဦးက ၎င်းတို့ မိသားစုကို စိုက်ကြည့်နေသည်။ သူမ၏ နောက်ကွယ်တွင်တော့ ကျော်ဘ၏ ဝိဉာဉ်ပုံရိပ်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးကာ ရပ်နေ၏။

"ဒီမှာ ဘာမှမရှိပါဘူး သမီးရဲ့... လာ၊ အပြင်ထွက်ရအောင်"

အမျိုးသားက ကလေးကို ဆွဲကာ အမြန်ထွက်ရန် ကြိုးစားသည်။ သို့သော် မြေအောက်ခန်း တံခါးမှာ 'ဒုန်း' ခနဲ အလိုအလျောက် ပိတ်သွားခဲ့ပြီ။ နာရီလက်တံက ပို၍ ကျယ်လောင်စွာ မြည်လာသည်။

ကျော်ဘ၏ ဝိဉာဉ်က ကလေးမလေး၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ကြိုဆိုပါတယ်... ငါ့ရဲ့ 'အရှင်သခင်' ကမ္ဘာသစ်ထဲကို..."

မိသားစုသစ်၏ အော်ဟစ်သံမှာ မင်္ဂလာဒုံ၏ ညနေခင်း လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ နှစ်ပေါင်း ၂၀ ကြာသော်လည်း ကျိန်စာကတော့ မကုန်ဆုံးသေးပါ။ အရှင်သခင်၏ ထိန်းချုပ်မှုအောက်သို့ နောက်ထပ် သားကောင်သစ်များ ရောက်ရှိလာခဲ့ပြန်ပါပြီ။ နာရီလက်တံသည် ၁၂ နာရီ တိတိသို့ ရောက်ရှိသွားကာ၊ အတိတ်နှင့် ပစ္စုပ္ပန်ကို သွေးစွန်းသော ကြိုးတစ်စဖြင့် ထာဝရ ချိတ်ဆက်လိုက်ပါတော့သည်။

- ပြီးပါပြီ -


Sunday, November 17, 2024

** ဘ၀တစ်ပါးသို့ **




အခန်း (၁၁) - လက်စားချေခြင်း


မင်္ဂလာဒုံရှိ ကျော်ဘ၏ မြေအောက်ခန်းသည် အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေသော ငရဲခန်းတစ်ခုနှင့် တူလှသည်။ နံရံများတွင် စွဲကပ်နေသော စိုထိုင်းဆနံ့နှင့် သံချေးနံ့များက နှာခေါင်းကို ဒုက္ခပေးနေ၏။ ကျွန်မ မြတ်လေးသည် သံတိုင်များကြားတွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေမိသည်။ ကျော်ဘသည် ရှေ့တွင်ထိုင်ကာ ဝိုင်ကို အရသာခံသောက်ရင်း ကျွန်မကို စိုက်ကြည့်နေသည်။ သူ၏ မျက်နှာမှာ ခါတိုင်းလို 'စေတနာရှင်' မျက်နှာဖုံး မဟုတ်တော့ဘဲ၊ အတ္တ၏ သားကောင်ဖြစ်နေသော နတ်ဆိုးတစ်ကောင်၏ မျက်နှာမျိုးပင်။

"ဘယ်လိုလဲ မြတ်လေး... ငါ့ရဲ့ 'လုပ်ဇာတ်' ထဲမှာ မင်း တော်တော်လေး ကခုန်ခဲ့ရတယ် မဟုတ်လား။ အခုတော့ လက်တွေ့ဘဝကို ပြန်ရောက်ပြီ"

ကျော်ဘ၏ အသံက မြေအောက်ခန်း၏ တိတ်ဆိတ်မှုကို ဖြတ်သန်းကာ ပဲ့တင်ထပ်နေသည်။ 

"နင် ငါ့ကို ဘာလုပ်ဦးမလဲ ကျော်ဘ။ နင် ငါ့ရဲ့ ခန္ဓာကိုယ်ကိုပဲ ချုပ်နှောင်နိုင်မယ်၊ ငါ့ရဲ့ စိတ်ကိုတော့ နင် ဘယ်တော့မှ မရစေရဘူး"

ကျွန်မ အားယူကာ ပြန်ပြောလိုက်သည်။ ကျော်ဘက ဟားတိုက်၍ ရယ်လိုက် သည်။ 

"စိတ်? မင်းရဲ့ စိတ်က ငါ့လက်ထဲမှာ ရှိနေတာ ကြာပြီ မြတ်လေး။ အောင်သူရကို မင်း မြင်ခဲ့ရတဲ့ ပုံစံကို မှတ်မိလား။ အဲဒါ မင်းရဲ့ စိတ်ထဲမှာ ငါ စိုက်ပျိုးထားတဲ့ အမှောင်ထုပဲ။ တကယ်တော့... အောင်သူရက မသေသေးဘူး"

ကျွန်မ မျက်လုံးများ ပြူးကျသွားသည်။ အောင်သူရ မသေသေးဘူးလား။ ဒါဆို ဟိုတယ်ခန်းထဲက မြင်ကွင်းတွေက...။

"ဟုတ်တယ်... အဲဒါတွေက မင်းကို ရူးသွားအောင် ငါလုပ်ခဲ့တဲ့ ဆေးဝါးတွေရဲ့ အာနိသင်ပဲ။ ဒါပေမဲ့ အခု... အောင်သူရက ဒီမှာ ရှိနေတယ်"

ကျော်ဘက လက်ခုပ်တစ်ချက် တီးလိုက်သောအခါ၊ မြေအောက်ခန်း တံခါးပွင့်လာပြီး အစောင့်နှစ်ယောက်က လူတစ်ယောက်ကို တွန်းထုတ်လာသည်။ ထိုလူမှာ အောင်သူရပင် ဖြစ်သည်။ သို့သော် သူသည် ကျွန်မ သိခဲ့သော ရိုးသားသည့် ပန်းစိုက်သမားလေး မဟုတ်တော့ပါ။ သူ၏ မျက်လုံးများမှာ အရူးတစ်ယောက်လို လည်နေပြီး၊ ပါးစပ်မှလည်း အမြှုပ်များ ထွက်နေသည်။

"သူ့ကို ငါက 'အရှင်သခင်' ရဲ့ လက်ဆောင်အဖြစ် ဆေးမျိုးစုံ ကျွေးထားတာ။ အခု သူက မင်းကို သိမှာ မဟုတ်တော့ဘူး"

ကျော်ဘက ရက်စက်စွာ ပြောလိုက်သည်။ ကျွန်မ ရင်ထဲမှာ ဒေါသတွေက မီးလျှံတွေလို တောက်လောင်လာသည်။ ဒါဟာ လက်စားချေခြင်းရဲ့ အစပဲ ဖြစ်ရမယ်။

"ကျော်ဘ... နင် မှားသွားပြီ"

ကျွန်မ အသံက ခါတိုင်းထက် တည်ငြိမ်နေသည်။ ကျွန်မ၏ လက်ထဲတွင် မြေအောက်ခန်းထဲက ဖန်ကွဲစတစ်ခုကို တိတ်တဆိတ် ဆုပ်ကိုင်ထားသည်။ ကျော်ဘက ကျွန်မဆီကို တိုးကပ်လာသည်။ သူသည် ကျွန်မ၏ အားနည်းမှုကို အရသာခံချင်နေဆဲ။

"ငါ ဘာမှားတာလဲ မြတ်လေး... ပြောစမ်းပါဦး"

"နင် မှားတာက... ငါ့ကို တကယ် ရူးသွားပြီလို့ ထင်နေတာပဲ"

ကျွန်မ ရုတ်တရက် ကျော်ဘ၏ လည်ပင်းကို ဖန်ကွဲစနှင့် ထိုးစိုက်လိုက်သည်။ သွေးများက ပန်းထွက်လာပြီး ကျော်ဘ၏ မျက်နှာပေါ်မှာ အံ့အားသင့်မှုတွေ ပြည့်သွားသည်။ သူသည် လည်ပင်းကို လက်နှင့်အုပ်ကာ နောက်သို့ လဲကျသွားသည်။ ထိုစဉ်မှာပင်... မြေအောက်ခန်းအတွင်းရှိ မီးများက ဝင်းခနဲ၊ မှိန်ခနဲ ဖြစ်လာသည်။

ထူးဆန်းသည်မှာ... လဲကျနေသော ကျော်ဘ၏ အလောင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ ကျွန်မ၏ ရှေ့တွင် မြင်နေရသည်မှာ ကျော်ဘ မဟုတ်ဘဲ... အိမ်ဖော်မလေး အေးအေး ဖြစ်နေခြင်းပင်။

"အေး... အေးအေး!"

ကျွန်မ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ အေးအေး၏ လည်ပင်းမှ သွေးများ စီးကျနေပြီး ကျွန်မကို သနားစရာ မျက်လုံးများဖြင့် ကြည့်နေသည်။

"ဟား... ဟား... ဟား..."

ကျော်ဘ၏ ရယ်သံက နံရံတွေထဲက ထွက်လာပြန်သည်။ သူသည် မြေအောက်ခန်း၏ အပေါ်ထပ်ကနေ ကင်မရာမှတစ်ဆင့် ကျွန်မကို ကြည့်နေခြင်း ဖြစ်သည်။

"ကြည့်စမ်း မြတ်လေး... မင်း လက်စားချေချင်တဲ့ စိတ်ကြောင့်၊ မင်းကို ကူညီချင်တဲ့ အေးအေးကို မင်းကိုယ်တိုင် သတ်လိုက်ပြီ။ ဒါဟာ ငါ့ရဲ့ နောက်ထပ် 'လုပ်ဇာတ်' တစ်ခုပဲ"

ကျွန်မ၏ ကမ္ဘာကြီး တစ်ခုလုံး ပြိုလဲသွားသလို ခံစားလိုက်ရသည်။ အေးအေး၏ ဝိဉာဉ်က ကျွန်မ၏ ပတ်ပတ်လည်မှာ ဝဲပျံနေသလို ခံစားရပြီး၊ သူမ၏ သွေးစွန်းနေသော လက်များက ကျွန်မ၏ ခြေထောက်ကို ဆွဲထားသလို ထင်ယောင် ထင်မှား ဖြစ်လာသည်။

မြေအောက်ခန်းရှိ နာရီလက်တံကတော့ တစ်ချက်ချင်း မြည်နေဆဲ။ 'တချက်... တချက်... တချက်...'

ကျော်ဘသည် အပေါ်ထပ်မှ ဆင်းလာသည်။ သူသည် အောင်နိုင်သူ တစ်ယောက်လို ကျွန်မ၏ ရှေ့တွင် ရပ်လိုက်သည်။

"အခု မင်းမှာ ဘယ်သူမှ မရှိတော့ဘူး မြတ်လေး။ မင်းဟာ လူသတ်သမား ဖြစ်သွားပြီ။ ငါကလွဲရင် မင်းကို ဘယ်သူက ကာကွယ်ပေးဦးမှာလဲ"

ကျွန်မ ငိုရမလို၊ ရယ်ရမလို ဖြစ်နေသည်။ ဒါပေမဲ့ ကျွန်မ၏ အတွင်းစိတ်ထဲမှာ တစ်ခုခုက ရုတ်တရက် ပြောင်းလဲသွားသည်။ 

"ဟုတ်တယ် ကျော်ဘ... ငါ လူသတ်သမား ဖြစ်သွားပြီ။ ဒါပေမဲ့ အဲဒီ လူသတ်သမားက... အခု နင့်ကို တကယ် သတ်တော့မှာ"

ကျွန်မသည် အေးအေး၏ အလောင်းနားက သံချောင်းတစ်ခုကို ကောက်ကိုင် လိုက်သည်။ ကျွန်မ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး၊ မျက်နှာမှာမူ သေမင်း၏ အပြုံးမျိုး ပေါ်နေသည်။ ကျော်ဘက ပထမတော့ လှောင်ပြုံး ပြုံးနေသော်လည်း၊ ကျွန်မ၏ အကြည့်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုရိပ်များ စတင် ဖုံးလွှမ်းလာသည်။

"မြတ်လေး... စိတ်အေးအေးထား... မင်း ရူးနေပြီ"

"ဟုတ်တယ်... ငါ့ကို နင်ကိုယ်တိုင် ရူးအောင် လုပ်ခဲ့တာပဲ ကျော်ဘ။ အခုတော့ အဲဒီ အရူးက နင့်ရဲ့ 'အရှင်သခင်' ဘဝကို အဆုံးသတ်ပေးတော့မယ်"

ကျွန်မသည် ကျော်ဘဆီသို့ တိုးကပ်သွားသည်။ အခန်းတွင်းရှိ လေထုမှာ အေးစိမ့်လာပြီး၊ အေးအေးနှင့် အောင်သူရတို့၏ ဝိဉာဉ်ပုံရိပ်များက ကျွန်မ၏ နောက်ကွယ်မှာ ရှိနေသလိုမျိုး ကျော်ဘ မြင်နေရသည်။ သူသည် အနောက်သို့ ဆုတ်ရင်း နံရံနှင့် ကပ်သွားသည်။

နာရီလက်တံက ရုတ်တရက် ရပ်တန့်သွားသည်။ 

ကျွန်မသည် သံချောင်းနှင့် ကျော်ဘ၏ ရင်ဘတ်ကို အားကုန် လွှဲရိုက်လိုက်သည်။ ကျော်ဘ၏ အော်ဟစ်သံမှာ မြေအောက်ခန်းအတွင်း၌ ပဲ့တင်ထပ်သွားသည်။ ဒါဟာ စစ်မှန်တဲ့ လက်စားချေခြင်းပါပဲ။ သို့သော် အဲဒီ လက်စားချေခြင်းရဲ့ တန်ဖိုးကတော့... ကျွန်မကိုယ်တိုင်လည်း ကျော်ဘလို 'အရှင်သခင်' စိတ်ဓာတ်မျိုး ဝင်သွားခဲ့ပြီ ဆိုတာပါပဲ။

ကျွန်မသည် သွေးစွန်းနေသော လက်များကို ကြည့်ရင်း ဟားတိုက်၍ ရယ်မောလိုက်သည်။ မြေအောက်ခန်းထဲမှာ မြတ်လေး မဟုတ်တော့ဘဲ... ကျော်ဘထက် ပို၍ ရက်စက်သော 'အရှင်သခင်မ' အသစ်တစ်ယောက် မွေးဖွားလာခဲ့ပါတော့သည်။


အခန်း (၁၂) - ကံကြမ္မာ၏အဆုံးသတ်


မြေအောက်ခန်းအတွင်း၌ သွေးနံ့များက ပို၍ စူးရှလာသည်။ ကျွန်မ မြတ်လေး၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော သံချောင်းမှာ ကျော်ဘ၏ သွေးများဖြင့် စေးကပ်နေ၏။ 

ကျွန်မ၏ ရှေ့တွင် ကျော်ဘသည် ရင်ဘတ်ကို လက်နှင့်အုပ်ကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသည်။ သူ၏ မျက်နှာတွင် ခါတိုင်းလို အရှိန်အဝါများ မရှိတော့ဘဲ၊ သေဘေးကို ကြောက်လန့်နေသော သာမန်သတ္တဝါတစ်ယောက်၏ ရုပ်သွင်သာ ကျန်တော့သည်။ "လူဆိုတာ အာဏာရှိတုန်းကတော့ အရှင်သခင်၊ အသက်ဘေးနဲ့ တွေ့တဲ့အခါကျတော့လည်း ခွေးကလေးတစ်ကောင်လို တွန့်လိမ်နေတာပဲ" ဆိုသည့် စကားမှာ သိပ်မှန်လှသည်။

"မြတ်လေး... မင်း... မင်း တကယ် လုပ်ရက်တယ်လား"

ကျော်ဘ၏ အသံက လည်ချောင်းထဲတွင် သွေးများတစ်ဆို့နေသဖြင့် ဗတ်ဗတ်နှင့် ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများမှာမူ ကျွန်မကို မယုံကြည်နိုင်စွာ စိုက်ကြည့် နေဆဲ။

"ငါ လုပ်ရက်တာ မဟုတ်ဘူး ကျော်ဘ။ နင်ကိုယ်တိုင်က ငါ့ကို ဒီလမ်းကို ရွေးခိုင်းခဲ့တာပဲ။ နင်က ငါ့ရဲ့ အရှင်သခင် ဖြစ်ချင်ခဲ့တာမလား။ အခုတော့ နင့်ရဲ့ အုပ်ချုပ်မှုက ဒီမှာတင် ဆုံးခန်းတိုင်ပြီ"

ကျွန်မသည် ကျော်ဘကို ကျော်ဖြတ်ကာ မြေအောက်ခန်း တံခါးဆီသို့ လျှောက်သွားမိသည်။ ထိုစဉ်... နောက်ကွယ်မှ ခြောက်ခြားဖွယ်ရာ ရယ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ ကျော်ဘ မဟုတ်။ အောင်သူရ၏ ရယ်သံ။

ကျွန်မ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ၊ သွေးအိုင်ထဲတွင် လဲနေသော ကျော်ဘ၏ အလောင်းဘေးတွင် အောင်သူရ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် အောင်သူရ၏ မျက်နှာမှာ ကျွန်မ သိခဲ့သော အောင်သူရ မဟုတ်တော့ပါ။ သူ၏ မျက်နှာသည် ကျော်ဘ၏ ရုပ်သွင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး၊ ကျော်ဘ၏ အလောင်းမှာမူ အောင်သူရ၏ ရုပ်သွင်အဖြစ် ပြောင်းလဲသွားသည်။

"ဘယ်လိုလဲ မြတ်လေး... မင်း ဘယ်သူ့ကို သတ်လိုက်တာလဲ သိရဲ့လား"

ကျော်ဘ၏ အသံက အောင်သူရ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာသည်။ ကျွန်မ၏ ခေါင်းထဲတွင် မီးတောင်တစ်ခု ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ 

ကျွန်မ သတ်လိုက်မိတာ အောင်သူရလား။ ကျော်ဘက ကျွန်မကို ဆေးခတ်ပြီး အောင်သူရကို ကျော်ဘအဖြစ် မြင်အောင် လုပ်ခဲ့တာလား။ ဒါမှမဟုတ် ဒါတွေအားလုံးက ကျွန်မရဲ့ ရူးသွပ်နေတဲ့ စိတ်က ဖန်တီးလိုက်တဲ့ 'လုပ်ဇာတ်' တွေလား။

"နင်ဟာ နတ်ဆိုးပဲ ကျော်ဘ! နင်ဟာ နတ်ဆိုးပဲ!"

"ငါက နတ်ဆိုးဆိုရင်... မင်းက ဘာလဲ မြတ်လေး။ မင်းရဲ့ လက်မှာ ပေနေတဲ့ သွေးတွေကို ကြည့်စမ်း။ မင်း ချစ်တဲ့လူကို မင်းကိုယ်တိုင် သတ်လိုက်တာပဲ။ အခုတော့... ငါတို့နှစ်ယောက်စလုံးမှာ အတူတူပဲ။ ငါတို့ဟာ အမုန်းတရားရဲ့ အရှင်သခင်တွေပဲ"

ကျော်ဘ၏ ဝိဉာဉ်ပုံရိပ် (သို့မဟုတ်) သူ၏ ကိုယ်ပွားသည် ကျွန်မဆီသို့ တဖြည်းဖြည်း တိုးကပ်လာသည်။ မြေအောက်ခန်း၏ နံရံများမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ခံစားရပြီး၊ ကျွန်မကို ဝါးမြိုတော့မည့်အလား။ အပြင်ဘက်တွင် မိုးကြိုးပစ်သံက 'ဝုန်း' ခနဲ ဟိန်းထွက်သွားသည်။

ထိုစဉ်... အေးအေး၏ ဝိဉာဉ်က အမှောင်ထဲမှ ထွက်ပေါ်လာသည်။ သူမ၏ လက်ထဲတွင် ရေနံဆီပုလင်းတစ်လုံး ပါလာ၏။ အေးအေးသည် သူမ၏ သစ္စာဖောက်မှုအတွက် နောင်တတရားဖြင့် နောက်ဆုံး လက်စားချေခြင်းကို လုပ်ဆောင်တော့မည်။

"မမလေး... ပြေးတော့! ဒီအိမ်ကြီးကို ကျွန်မ မီးရှို့ပစ်မယ်။ အားလုံး ပြာကျသွားမှ ဒီကျိန်စာက ပြတ်မှာ!"

အေးအေးသည် ရေနံဆီများကို မြေအောက်ခန်းတစ်ပြင်လုံး ပက်ဖြန်းလိုက်သည်။ ကျော်ဘက အော်ဟစ်ကာ အေးအေးကို တားရန် ကြိုးစားသော်လည်း၊ သူသည် ဝိဉာဉ်တစ်ခု (သို့မဟုတ်) စိတ်ကူးယဉ်ပုံရိပ်တစ်ခုမျှသာ ဖြစ်သဖြင့် ဘာမှ မတတ် နိုင်ပေ။

"မလုပ်နဲ့! ငါ့ရဲ့ အင်ပါယာကြီးကို မဖျက်ဆီးနဲ့!"

ကျော်ဘ၏ အော်ဟစ်သံမှာ နာကျင်ခြင်းထက် အတ္တပျက်စီးသွားသည့်အတွက် နှမြောတသခြင်း ဖြစ်နေသည်။ ကျွန်မသည် နောက်ဆုံးလက်ကျန် အားအင်ကို စုစည်းကာ မြေအောက်ခန်း လှေကားထစ်များဆီသို့ ပြေးတက်ခဲ့သည်။ နောက်ကွယ်တွင်တော့ အေးအေးက မီးခြစ်ကို ခြစ်လိုက်သည်။

'ဖုန်း...'

မီးလျှံများက ဟုန်းခနဲ တောက်လောင်လာသည်။ ကျော်ဘ၏ အော်ဟစ်သံ၊ အောင်သူရ၏ ငိုကြွေးသံနှင့် အေးအေး၏ နောင်တတရားများမှာ ထိုမီးလျှံများကြားတွင် ရောပြွမ်းသွားကြသည်။ 

ကျွန်မ အပြင်ဘက်သို့ ရောက်သည့်အခါ မိုးက သည်းထန်စွာ ရွာနေဆဲ။ ကျွန်မ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ မင်္ဂလာဒုံရှိ ကျော်ဘ၏ ခမ်းနားလှသော အိမ်ကြီးမှာ မီးတောက်များကြားတွင် ပြိုကျပျက်စီးနေချေပြီ။ ကျွန်မ၏ လက်ထဲတွင်တော့ သွေးစွန်းနေသော သံချောင်းလေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ဒါဟာ ကံကြမ္မာရဲ့ အဆုံးသတ်လား။ ဒါမှမဟုတ် ပိုပြီး ကြောက်စရာကောင်းတဲ့ ကျိန်စာရဲ့ အစလား။

ကျွန်မသည် မိုးရေထဲတွင် လမ်းလျှောက်လာရင်း၊ နာရီလက်တံများ၏ အသံကို နားထဲတွင် ဆက်လက် ကြားနေရဆဲ။ ကျော်ဘ သေသွားသော်လည်း၊ သူ၏ အတ္တနှင့် ထိန်းချုပ်လိုစိတ်များက ကျွန်မ၏ ဝိဉာဉ်ထဲမှာ အမြစ်တွယ် သွားခဲ့ပြီလား။

ကျွန်မသည် အမှောင်ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားရင်း... ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိပါတော့သည်။ "ငါဟာ မြတ်လေးလား... ဒါမှမဟုတ် ကျော်ဘရဲ့ အမွေကို ဆက်ခံမယ့် နောက်ထပ် 'အရှင်သခင်' တစ်ယောက်လား" ဆိုတာကိုပေါ့။


Friday, November 15, 2024

**အဆုံးသတ် ဆုတောင်း**




ငါတို့အချစ်တွေအမြဲရှိမယ် ထင်ခဲ့တယ်

အေးချမ်းသောကမ်းစပ် နဲ့ ငြိမ်းချမ်းသောပင်လယ်ပြာလိုပေါ့

မင်းက ငါ့နှလုံးသားကို နီးနီးကပ်ကပ် ဖမ်းဆုပ်ထားခဲ့တာ အမှန်ပဲ၊

မင်းကို ငါဆုံးရှုံးတဲ့နေ့အထိလေ။ 


ရယ်မောသံတွေ မှုန်ဝါးလာတယ် ၊

ခရုခွံအလွတ်က နွေးထွေးလုံခြုံမှုရှိသလို

ငါက ခရုခွံထဲဝင်နေတယ် 

မင်းက ကြယ်တွေဆီကို သွားတယ်

ဒီလိုနည်းနဲ့ ငါငိုကြွေးပြီး နှလုံးသားတွေ ကြေကွဲရတယ်။


ကတိဆိုတာ နီးကပ်နေမှ တည်ရခြင်းလား၊

ကြယ်တွေဆီကို သွားတဲ့မင်း 

ကတိတွေ သယ်သွားခဲ့လေသလား 

ကတိဆိုတာ လိမ်ညာခြင်းတစ်မျိုးလို့ ခံစားမိနေတဲ့ ငါ ပေါ့။

ငါ မြဲဖို့ ဆုပ်ကိုင်တယ် ၊ မင်းက လွတ်ချတယ်လေ

လွတ်ချခဲ့တာ အချစ်တွေပါ ပါသွားလေရော့။ 


ဖုန်မှုန့်တွေလိုပါပဲလေ .. 

အမှတ်တရပဲကျန်ခဲ့တယ် .. ကိုင်တွယ် မြင်ခွင့်အားလုံး 

လွှင့်ပါသွားခဲ့တယ်။ 

ဇာတ်သိမ်းခန်းရောက်တော့လည်း အဆုံးသတ်ရမည်ပေါ့ 

လူကြိုက်မများသည့် ဇာတ်လမ်းဆိုတော့ 

အခန်းဆက်က ဆက်ရန်မရှိ။ 

နောက်ဇာတ်လမ်းမှာ .. ခေါင်းဆောင် မင်းသမီးဖြစ်ပါစေကြောင်း 

ဆုတောင်းပေးယုံမျှသာ။ 


အချစ်ဆိုတာ သက်တမ်း တိုတိုလေးပဲ တောက်လောင်ခဲ့ပေမယ့်၊

မငြိမ်းသော မီးစာ လိုပဲပေါ့။ 

နောက်လူ ငါ့ထက် ပိုဒုက္ခ ပေးနိုင်ပါစေ။ 


တစ်ချိန်ကကျွန်တော် 


Sunday, November 10, 2024

** အထီးကျန်ခြင်း **





အထီးကျန်မှုတွေက ဘေးမှာထိုင် 

တိတ်ဆိတ်နေတဲ့ စိတ်အခန်းငယ် 

အလင်းရောင်တွေဖြာကျ  အနွေးဓါတ်မရခဲ့ 

ရောင်စဉ်တွေက အရိပ်တွေပဲလေ။ 


ကျွန်တော် မော့ကြည့်တယ် 

သူစိမ်းတစ်ယောက်ရဲ့ အပြုံးမျက်နှာ

ရယ်မောသံတွေက .. ပဲ့တင်ထပ်လို့ 

ထိတွေ့ချင်လို့ အနားတိုးကြည့်တယ် ကိုင်ကြည့်တယ်

လက်တွေက လေဟာနယ်ကိုပဲ ထိုးခွင်းခဲ့။ 

ကျွန်တော်က .. ဒီလိုပဲရှင်သန်ရတယ်။ 


ပြင်ပလောက မှာတော့ ဆူညံနေလေရဲ့ 

ရင်ခုန်သံတွေက စည်းချက်ညီညီ လိုက်သွား 

သို့ပေမယ့် .. တည်တည်ငြိမ်ငြိမ်။ 


ကျွန်တော် ... 

ပြတင်းပေါက်မှာ ရပ်လို့ကြည့်တယ် 

လူတွေက ဥက္ကာခဲများလို လွှင့်မျောနေပေါ့ 

အလင်းနစ်များ၏ အဝေးဆုံးကိုလား။ 


ကျွန်တော် ဆက်သွယ်ကြည့်တယ် 

မြူးခိုးငွေ့တွေလိုပဲ ကျော်သွား၊ ဖြတ်သွားကြ 

ပြေးလိုက်ကြည့်တယ် .. မမှီပါ 

နာကျင်ခြင်းတွေကိုသာ ဖမ်းဆုတ်မိခဲ့။ 


ကျွန်တော် ဒီမှာပါ .. တစ်ယောက်တည်းပါ 

ပိုးချည်မျှင်တွေနဲ့ ချည်နှောင်ထားရဲ့ 

တိုးတိုးလေး လှမ်းလို့အော်မိတယ် 

တစ်ယောက်ယောက်များ ရှိသေးရဲ့လား ။ 

 


တစ်ချိန်ကကျွန်တော် 


Friday, November 8, 2024

** အချစ်လား .. စစ်လား **



အခန်း (၉) - သွေးစွန်းသောဟိုတယ်ခန်း


မိုးသည်းထန်စွာ ရွာသွန်းနေသည့် ညတစ်ည၏ အမှောင်ထုသည် ရန်ကုန်မြို့ပြ၏ မီးရောင်စုံများအောက်တွင် ပုန်းကွယ်နေသည်။ ကျော်ဘသည် ကျွန်မကို မင်္ဂလာဒုံအိမ်ကြီးမှ ခပ်လှမ်းလှမ်းတွင်ရှိသော၊ သူကိုယ်တိုင် ရှယ်ယာဝင်ထားသည့် ဟိုတယ်ဟောင်းတစ်ခု၏ သီးသန့်အခန်းဆီသို့ ခေါ်ဆောင် လာခဲ့သည်။ ထိုဟိုတယ်သည် လူသူအရောက်အပေါက် နည်းလှပြီး၊ အဆောက် အဦးကြီး၏ ဟောင်းနွမ်းနေသော အငွေ့အသက်များက "အချိန်တွေ ရပ်တန့်နေပြီး သေခြင်းတရားက နံရံတွေထဲမှာ ကပ်ငြိနေသလိုမျိုး" ခြောက်ခြားဖွယ် ကောင်းလှ သည်။

ကျော်ဘသည် ကျွန်မ၏လက်ကို အားပါပါ ဆွဲခေါ်လာရင်း ဓာတ်လှေကားထဲသို့ တွန်းထည့်လိုက်သည်။ ဓာတ်လှေကား တံခါးပိတ်သွားသည့် အသံမှာ ကျွန်မ၏ ဘဝတံခါး ပိတ်သွားသလိုပင်။ သူ၏ မျက်နှာသည် မီးချောင်းရောင်အောက်တွင် ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး၊ မျက်လုံးအိမ်များမှာမူ အမုန်းတရားနှင့် အတ္တကြောင့် နက်မှောင်နေ၏။

"မင်းက ငါ့ကို စိန်ခေါ်ခဲ့တာပဲ မြတ်လေး... အခုတော့ ငါတို့နှစ်ယောက်တည်း ရှိမယ့် ကမ္ဘာသစ်ကို ရောက်ပြီ"

သူ့အသံက အက်ရှရှနှင့် လည်ချောင်းထဲက ထွက်လာသည့် အသံမျိုး။ ဓာတ်လှေကား နံရံရှိ မှန်ထဲတွင် မြင်နေရသည့် ကျော်ဘ၏ ပုံရိပ်သည် လူနှင့်မတူဘဲ သွေးစုပ်ဖုတ်ကောင် တစ်ကောင်နှင့် ပိုတူနေသည်။ "လူကြီးလူကောင်း မျက်နှာဖုံး ကွာကျသွားတဲ့အခါ၊ အတွင်းထဲက တိရစ္ဆာန်စိတ်က ဟိန်းခနဲ ထွက်လာတာမျိုး" ပေါ့။

ဓာတ်လှေကား ဖွင့်လှစ်လိုက်သည့်အခါ  (၄ လွှာ) ၏ စင်္ကြံလမ်းမှာ မှောင်အတိ ကျနေသည်။ ခြေလှမ်းတိုင်းတွင် ကော်ဇောဟောင်းများပေါ်က ဖုန်နံ့နှင့် စိုစွတ်ထိုင်းမှိုင်းသော အနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ကျော်ဘသည် အခန်းအမှတ် (၄၀၄) တံခါးကို ဖွင့်လိုက်သည်။ အခန်းတွင်းသို့ ရောက်သည်နှင့် သူက ကျွန်မကို ကုတင်ပေါ်သို့ ဆောင့်တွန်းလိုက်၏။

"အောင်သူရ... အောင်သူရကို ဘာလုပ်လိုက်ပြီလဲ"

ကျွန်မ တုန်ရီနေသော အသံဖြင့် မေးမိသည်။ ကျော်ဘက ဟားတိုက်၍ ရယ်လိုက်သည်။ ထိုရယ်သံမှာ ဆောက်တည်ရာမရနိုင်လောက်အောင် ခြောက်ခြားဖို့ ကောင်းလှသည်။ သူက အိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ကာ ကျွန်မ၏ မျက်နှာရှေ့သို့ ပစ်ချလိုက်သည်။ ဓာတ်ပုံထဲတွင် အောင်သူရ၏ လက်ချောင်းလေးများ သွေးအိုင်ထဲတွင် ပြန့်ကျဲနေသည်ကို မြင်လိုက်ရသောအခါ ကျွန်မ ရင်ဘတ်ထဲက အလုံးကြီး တစ်ခုလုံး ပြုတ်ကျသွားသလို ခံစား လိုက်ရသည်။

"ဒါ... ဒါ... လူသတ်သမား! နင်ဟာ လူသတ်သမားပဲ ကျော်ဘ!"

"ငါက လူသတ်သမား မဟုတ်ဘူး မြတ်လေး... ငါက 'အရှင်သခင်' ပါ။ ငါ့ပစ္စည်းကို လာထိတဲ့သူကို ငါက အပြစ်ပေးရုံသက်သက်ပဲ။ အခု... မင်းရဲ့ အလှည့် ရောက်ပြီ"

သူသည် အခန်းမီးကို ပိတ်လိုက်သည်။ အပြင်ဘက်မှ လျှပ်စီးလက်သံနှင့်အတူ အခန်းတွင်းရှိ နာရီလက်တံ၏ တချက်ချက် မြည်သံမှာ ပို၍ ကျယ်လောင် လာသည်။ 

မှောင်ရိပ်ထဲတွင် ကျော်ဘ၏ ပုံရိပ်မှာ တဖြည်းဖြည်း ကြီးထွားလာသည်။ သူသည် ကျွန်မ၏ အပေါ်သို့ အုပ်မိုးလိုက်ပြီး အေးစက်သော လက်များဖြင့် ကျွန်မ၏ လည်ပင်းကို ထိတွေ့လိုက်သည်။ အဲဒီ အထိအတွေ့က လူတစ်ယောက်ရဲ့ အထိအတွေ့ မဟုတ်တော့ဘဲ၊ ရေခဲတုံးတစ်ခုက ကျွန်မကို ဝါးမြိုနေသလိုမျိုး။

"မြတ်လေး... မင်း ငါ့ကို ချစ်လား"

သူ့အသံက ကျွန်မ၏ နားနားတွင် ကပ်၍ မေးလိုက်ခြင်း ဖြစ်သည်။ ကျွန်မ ဘာမှ ပြန်မဖြေနိုင်ဘဲ တုန်ယင်နေမိသည်။

"မင်း မဖြေလည်း ရပါတယ်။ ငါကတော့ မင်းကို သေအောင် ချစ်တာ။ အဲဒါကြောင့်... မင်းကို ငါ့ဘေးနားမှာ အမြဲတမ်း ရှိနေအောင် လုပ်ရတော့မယ်။ မင်းရဲ့ ခန္ဓာကိုယ်ကြီး ရှိနေရုံနဲ့ ငါ မကျေနပ်တော့ဘူး။ မင်းရဲ့ ဝိဉာဉ်ကိုပါ ငါက သိမ်းပိုက်ရမယ်"

ထိုစဉ် အခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်သလို အသံမျိုး ကြားလိုက်ရသည်။

'ဒေါက်... ဒေါက်... ဒေါက်...'

ကျော်ဘက မျက်မှောင်ကြုတ်ကာ တံခါးဆီသို့ ကြည့်လိုက်သည်။ အပြင်တွင် မည်သူမှ မရှိနိုင်ပေ။ ဤအဆင့်ကို သူက သီးသန့် ပိတ်ထားသည် မဟုတ်လား။ သို့သော် အသံက ပို၍ ကျယ်လောင်လာသည်။ တံခါးကြားမှ သွေးရောင် အဖြူဖတ်ဖြူလျော် အရည်များ စိမ့်ဝင်လာသည်ကို ကျွန်မ လျှပ်စီးအလင်းရောင် အောက်တွင် မြင်လိုက်ရသည်။

"အောင်သူရလား... အောင်သူရ နင်လား"

ကျွန်မ အော်ဟစ်လိုက်မိသည်။ ကျော်ဘက ဒေါသတကြီးနှင့် တံခါးဆီသို့ ပြေးသွားပြီး ဖွင့်လိုက်သည်။ အပြင်တွင် ဘာမှ မရှိ။ ဟာလာဟင်းလင်း စင်္ကြံလမ်းကြီးသာ ရှိသည်။ သို့သော် ကျော်ဘက ရုတ်တရက် အနောက်သို့ လန်ကျသွားသည်။ သူ၏ လည်ပင်းတွင် တစ်စုံတစ်ယောက်က ညှစ်ထားသကဲ့သို့ အမှတ်အသားများ ပေါ်လာပြီး၊ သူသည် အသက်ရှူရ ခက်ခဲကာ လူးလိမ့်နေတော့သည်။

"မင်း... မင်းတို့... ငါ့ကို... မနိုင်ဘူး... ငါက အရှင်သခင်..."

သူသည် လေထဲတွင် လက်များကို ဝှေ့ယမ်းရင်း အော်ဟစ်နေသည်။ ကျော်ဘသည် အခန်းတွင်းရှိ မှန်တင်ခုံပေါ်ရှိ မှန်ကို သူ၏ ဦးခေါင်းနှင့် ဆောင့် လိုက်သည်။

'ခွမ်း...'

မှန်စများက သူ၏ မျက်နှာပေါ်သို့ စိုက်ဝင်သွားသည်။ သွေးများက ဝိုင်နီရောင်များအလား ကြမ်းပြင်ပေါ်တွင် စီးကျလာ၏။ သူသည် သွေးအိုင်ထဲတွင် လဲလျောင်းနေရင်း ကျွန်မကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။ အဲဒီအပြုံးက သေခြင်းတရားထက် ပို၍ ကြောက်စရာ ကောင်းလှသည်။

"မြတ်လေး... ငါ သေသွားရင်တောင်... မင်း ငါ့လက်ထဲက မလွတ်ဘူး။ ငါတို့... ဒီဟိုတယ်ခန်းထဲမှာ... ထာဝရ ရှိနေကြမယ်..."

သူ၏ အသက်ရှူသံမှာ ရပ်တန့်သွားသည်။ သို့သော် အခန်းတွင်းရှိ နာရီလက်တံ ကတော့ မရပ်တန့်ပါ။ 'တချက်ချက်' နှင့် မြည်နေဆဲ။ ကျွန်မသည် အခန်းထောင့် တွင် ကုတ်ကပ်နေရင်း၊ ကျော်ဘ၏ အလောင်းဆီမှ ထွက်လာသော မည်းမှောင်သော အရိပ်တစ်ခုက ကျွန်မဆီသို့ တဖြည်းဖြည်း တိုးကပ်လာသည်ကို မြင်နေရသည်။

ဒါဟာ အဆုံးသတ် မဟုတ်သေးပါ။ 'အရှင်သခင်' ၏ ကျိန်စာက ယခုမှ စတင်ခြင်းသာ ဖြစ်သည်။ ကျွန်မသည် သွေးစွန်းသော ဟိုတယ်ခန်းထဲတွင်၊ မမြင်ရသော အရှင်သခင်၏ ထိန်းချုပ်မှုအောက်သို့ တစ်ဖန် ပြန်လည် ကျရောက်သွားခဲ့ပါတော့သည်။

အခန်း (၁၀) - လုပ်ဇာတ်


ဟိုတယ်အခန်း (၄၀၄) အတွင်းရှိ လေထုမှာ သေခြင်းတရား၏ အေးစက်မှုနှင့်အတူ ပုပ်စော်နံလှသော အနံ့အသက်များ ဖုံးလွှမ်းနေသည်။ ကျော်ဘ၏ အလောင်းမှာ မှန်ကွဲစများကြားတွင် သွေးအိုင်ထဲ၌ လဲလျောင်း နေသော်လည်း၊ အခန်းတွင်းရှိ ဝိဉာဉ်ထုထည်မှာ ပျောက်ကွယ်မသွားဘဲ ပို၍ပင် လေးလံလာခဲ့သည်။ 

ကျွန်မ မြတ်လေးသည် ကြောက်လန့်တကြားနှင့် အခန်းတံခါးဆီသို့ ပြေးသွား သော်လည်း တံခါးမှာ ပွင့်မလာတော့ပါ။ အပြင်ဘက်မှ လျှပ်စီးအလင်းရောင် များက ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ခဏခဏ ဖြတ်စီးဝင်လာပြီး၊ လဲလျောင်းနေသော ကျော်ဘ၏ ပုံရိပ်ကို ပို၍ ထင်ရှားစေသည်။ သို့သော် ထူးဆန်းသည်မှာ... သွေးအိုင်ထဲတွင် ရှိနေသော ကျော်ဘ၏ လက်ချောင်းများက တဖြည်းဖြည်း လှုပ်ရှားလာခြင်းပင်။

"ဒေါက်... ဒေါက်... ဒေါက်..."

တံခါးခေါက်သံက ထပ်မံ ထွက်ပေါ်လာသည်။ အပြင်တွင် မည်သူမှ မရှိနိုင်မှန်း သိသော်လည်း အသံက ပို၍ ပြင်းထန်လာသည်။

"မမလေး... တံခါးဖွင့်ပါဦး... ကျွန်မ အေးအေးပါ"

အေးအေး၏ အသံ။ သို့သော် ထိုအသံမှာ လူတစ်ယောက်၏ အသံထက် ပို၍ အက်ရှနေပြီး၊ လည်ချောင်းထဲတွင် သွေးများ ပြည့်နေသကဲ့သို့ ဗတ်ဗတ်နှင့် အသံမျိုး ထွက်နေသည်။ ဆရာသုမောင် ပြောသလို "လူတွေက အကျပ်အတည်းထဲ ရောက်တဲ့အခါ၊ ကိုယ်သိတဲ့ အသံကိုပဲ အားကိုးရာ ရှာတတ်ကြတာမျိုး" ပေါ့။ ဒါပေမဲ့ ဒီအခြေအနေမှာ အေးအေးက ဒီကို ဘယ်လို ရောက်လာမှာလဲ။

"အေးအေး... နင်လား... ကျော်ဘ... ကျော်ဘ သေသွားပြီ... ငါ့ကို ကယ်ပါဦး"

ကျွန်မ အော်ဟစ်လိုက်စဉ်မှာပင် တံခါးအောက်ခြေမှ သွေးညိုရောင် အရည်များက အိုင်ထွန်း၍ စီးဝင်လာသည်။ ထိုသွေးအိုင်ထဲတွင် အောင်သူရ၏ ဖြတ်တောက်ခံထားရသော လက်ချောင်းလေးများက ကင်းခြေများများလို တွားသွားပြီး ကျွန်မ၏ ခြေထောက်ဆီသို့ ဦးတည်လာကြသည်။

"အားးးးးးးးး!"

ကျွန်မ အသံကုန် အော်ဟစ်လိုက်သော်လည်း အခန်းတွင်း၌သာ ပဲ့တင်ထပ် နေသည်။ ကျော်ဘ၏ အလောင်းက ရုတ်တရက် ထထိုင်လိုက်သည်။ သူ၏ မျက်နှာမှာ မှန်စများ စိုက်ဝင်နေဆဲဖြစ်ပြီး၊ မျက်လုံးတစ်ဖက်မှာ ကျွတ်ကျလုနီးပါး ဖြစ်နေသော်လည်း ကျန်ရှိသော မျက်လုံးတစ်ဖက်က ကျွန်မကို စိုက်ကြည့်ကာ မဲ့ပြုံး ပြုံးနေသည်။

"ဒါတွေအားလုံးက... လုပ်ဇာတ်တွေပါ မြတ်လေး... မင်း လွတ်မြောက် ပြီလို့ ထင်နေတာလား"

သူ့အသံက အခန်းထောင့်တိုင်းမှ ထွက်ပေါ်လာသလိုပင်။ သူသည် တဖြည်းဖြည်း ထရပ်လိုက်ပြီး ကျွန်မဆီသို့ ခြေတစ်လှမ်းချင်း လှမ်းလာသည်။ ခြေလှမ်းတိုင်းတွင် အရိုးကျိုးသံများ 'ဂျောက်... ဂျောက်...' ဟု ထွက်ပေါ်နေသည်။ 

"နင် သေသွားပြီ ကျော်ဘ! နင် သေသွားပြီ!"

"ငါက အရှင်သခင်ပါ မြတ်လေး... အရှင်သခင်ဆိုတာ သေခွင့်မရှိဘူး။ မင်းကို ငါက ဒီဟိုတယ်ခန်းထဲမှာ လုပ်ဇာတ်တစ်ခုနဲ့ ပိတ်လှောင်ထားတာ။ အခု... မင်း မြင်နေရတဲ့ သွေးတွေ၊ ငါ့ရဲ့ အလောင်းတွေ... ဒါတွေအားလုံးက မင်းရဲ့ စိတ်ထဲမှာ ငါ ဖန်တီးထားတဲ့ လှောင်အိမ်တွေပဲ"

သူက ကျွန်မ၏ မေးစေ့ကို အေးစက်သော လက်များဖြင့် ဆွဲမလိုက်သည်။ သူ၏ မျက်နှာမှ သွေးစက်များက ကျွန်မ၏ ပါးပေါ်သို့ အေးစိမ့်စွာ ကျဆင်းလာသည်။ ကျွန်မ သိလိုက်ပြီ။ ကျော်ဘသည် လူသားတစ်ယောက်အနေနှင့် ကျွန်မကို မထိန်းချုပ်နိုင်တော့သည့်အခါ၊ နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲကာ ကျွန်မ၏ စိတ်ဝိဉာဉ်ကို သိမ်းပိုက်လိုက်ခြင်းပင်။

"မင်း အပြင်ထွက်ချင်လား မြတ်လေး... ကောင်းပြီ... ငါ တံခါးဖွင့် ပေးမယ်"

သူက တံခါးကို လက်ညှိုးညွှန်လိုက်သောအခါ တံခါးမှာ ဝုန်းခနဲ ပွင့်သွားသည်။ သို့သော် တံခါးအပြင်ဘက်တွင် ဟိုတယ်စင်္ကြံလမ်း မရှိတော့ဘဲ၊ အဆုံးမရှိသော ဟာလာဟင်းလင်း အမှောင်ထုကြီးသာ ရှိတော့သည်။ ထိုအမှောင်ထုထဲမှ အောင်သူရ၏ ဝိဉာဉ်က သွေးအိုင်ထဲတွင် လူးလိမ့်ကာ ကျွန်မကို လှမ်းခေါ်နေသည်။

"မမလေး... လာပါ... ကျွန်တော့်ဆီ လာပါ..."

ကျွန်မ အောင်သူရဆီသို့ ပြေးသွားရန် ပြင်လိုက်စဉ်မှာပင်၊ ကျော်ဘက ကျွန်မကို နောက်ကနေ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ရေခဲတုံးကြီးကဲ့သို့ အေးစက်လှပြီး၊ သူ၏ အသက်ရှူသံက ကျွန်မ၏ လည်ဂုတ်ကို ရိုက်ခတ်နေသည်။

"သူ့ဆီသွားရင်... မင်းလည်း သေရလိမ့်မယ် မြတ်လေး။ ငါ့ဆီမှာပဲ နေပါ... ငါက မင်းကို ထာဝရ အရှင်သခင်မအဖြစ် ထားပေးမယ်"

ကျွန်မ ရုန်းကန်နေမိသည်။ ဒါဟာ ကျော်ဘ ဖန်တီးထားတဲ့ (လုပ်ဇာတ်) တစ်ခုဆိုတာ ကျွန်မ သိသည်။ သူက ကျွန်မကို ကြောက်စိတ်နဲ့ ချုပ်ကိုင်ထားတာ

"ငါ နင့်ကို မကြောက်ဘူး ကျော်ဘ! နင်က ငါ့အတွက် ဘာမှ မဟုတ်တော့ဘူး!"

ကျွန်မ အော်ဟစ်လိုက်သောအခါ အခန်းတွင်းရှိ မှန်များအားလုံး ကွဲအက်သွားပြီး၊ ကျော်ဘ၏ ပုံရိပ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော်... ကျွန်မ မျက်လုံးဖွင့်လိုက်သည့်အခါ၊ ကျွန်မသည် ဟိုတယ်ခန်းထဲမှာ မဟုတ်တော့ဘဲ မင်္ဂလာဒုံအိမ်ကြီး၏ မြေအောက်ခန်းထဲတွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရသည်။

ရှေ့တွင်တော့ ကျော်ဘက ဝိုင်ခွက်ကို ကိုင်ကာ ပြုံးလျက်သား ထိုင်နေသည်။ သူ သေမသွားပါ။ ဟိုတယ်ခန်းထဲက ဖြစ်ရပ်အားလုံးမှာ သူက ကျွန်မကို ဆေးခတ်ကာ ဖန်တီးထားသည့် 'လုပ်ဇာတ်' တစ်ခုသာ ဖြစ်သည်။

"ဘယ်လိုလဲ မြတ်လေး... ငါ့ရဲ့ ကမ္ဘာသစ်က ပျော်စရာကောင်းရဲ့လား။ မင်းရဲ့ စိတ်က ငါ့လက်ထဲမှာ ရှိနေသရွေ့... မင်း ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး"

သူက ကျွန်မ၏ ပါးကို အသာအယာ ပုတ်လိုက်သည်။ ကျွန်မ ရင်ထဲမှာတော့ လူသတ်သရဲကား ဇာတ်လမ်းထက် ပို၍ ကြောက်စရာကောင်းသော လက်တွေ့ဘဝ၏ ကျိန်စာကို ခံစားလိုက်ရပါတော့သည်။