Monday, October 7, 2024

~ ငိုကြွေးခြင်း ဒုက္ခများ ~




ငိုချင်ရင်ငိုချလိုက်မအောင့်ထားနဲ့ .. ပေါ့သွားလိမ့်မယ်လို့ပြောတဲ့သူတွေကို ကျွန်တော်မေးချင်ပါသည်။ ဘာတွေများ ပေါ့သွားပါလဲလို့ ။ ကလေးလေးတွေမှာ သူတို့လိုချင်တဲ့အရာ  သူတို့လိုချင်တဲ့အဖြေကိုရှင်းပေးနိုင်တဲ့ တခုတည်းသောတွန်းအားနှင့် ခွန်အားတွေက ငိုကြွေးခြင်း မဟုတ်ပေဘူးလား။ အရွယ်ရောက်နေတဲ့ လူသားတွေအဖို့ ငိုကြွေးခြင်းက မှန်ကန်သည့် ပုစ္ဆာတစ်ပုဒ်မှ မဟုတ်တာလေ။ ဆာလောင်နေသည့် လူတစ်ယောက်၏ ငိုကြွေးခြင်းက ရေဓါတ်ခမ်းခြောက်ပြီး ပိုဆာလောင်ယုံပဲ အဖတ်တင်တာပေါ့။ ငိုကြွေးခြင်းသည် ပုခုံးပေါ်က ဝန်တွေ  ပြဿနာတွေ ဘာမျှမရှင်းပေးနိုင်ပါဘူး။ စိတ်ထဲရှိနေပြီး တင်းလေးနေသည့် အရာတွေလည်း ဘာမျှ လျော့ကျမသွားပါဘူး။ ဒါနဲ့များ ငိုရင် ပေါ့သွားလိမ့်မယ်လို့ ဘာကြောင့် ပြောကြတာလည်းဗျာ။ ကျွန်တော် နှစ်တွေတော်တော်ကြာကြာ ငိုကြွေးခဲ့ပြီးပါပြီ။ ဘယ်ဘုရားမျှလည်း မလာကယ်ပါ။ ဘယ်စွမ်းအားရှင်ကြီးမျှလည်း ရောက်မလာပါ။ ဘယ်ကယ်တင်ရှင်ကြီးမျှလည်း လာမရှာပါ။ တကယ်တော့ ဘ၀ဆိုတာ ငိုကြွေးခြင်းနဲ့ စပြီး ငိုကြွေးခြင်းနဲ့ သေလို့မရသည့် လောကကြီးပါဗျာ။ ကျွန်တော် ငိုနည်း အမျိုးမျိုးနဲ့ ကြိုးစား ငိုခဲ့ပြီးပါပြီ။ 


"ငိုမနေနဲ့ .. ဒါ မသာအိမ်မဟုတ်ဘူး"

"ခွေးသူတောင်းစား .. ငိုမနေနဲ့ ကျက်သရေတုံးတယ်"

"စောစော စီးစီး ငိုမနေနဲ့ .. လာဘ်တိတ်တယ် မအေဘေးရဲ့"

"ငိုငို .. သေအောင် ငို ကွာ" ဆိုပြီး စောက်ခွက်ကို ၂ ချက်ထပ်ရိုက်ခံလိုက်ရတဲ့ ငိုကြွေးခြင်းတွေ။ 

"ငါယိုးမသား .. နားညီးတယ် .. စောက်ပါးစပ်ပိတ်" လို့ပြောပြီး ပါးစပ်ကို အဝတ်စို့ ဝါးရင်းတုတ်နဲ့ ဆက်တိုက်ထပ်ဆော်ခံရတဲ့ ငိုကြွေးရခြင်းတွေ။ 

"ဒီမအေယိုးကတော့ .. ငိုကြီးငိုနေတယ် .. ရေထဲကြာကြာနှစ်ထားလိုက်" လို့ပြောပြီး ရေထဲခေါင်းနစ်ခံရပြီး မွန်းကြပ်ငိုကြွေးရခြင်းတွေ။ 


ခင်ဗျာတို့ ပြောကြပါဦး။ ငိုတာ ဘယ်နားပေါ့ သွားသလဲ။ ငိုကြွေးခြင်းက ပိုပိုပဲ နာကျင်ရတယ်၊ ပိုပိုပဲ ဒုက္ခရောက်စေတယ်။ ငိုကြွေးခြင်းက ပိုပြီး သောက်ပြဿနာကို ပိုကြီးထွားစေတယ်။ "ငိုရင် ပေါ့သွားတယ်တဲ့ .. ဟဟ .. ယီးကို ပေါ့ ယီးကို ပေါ့" လို့ပဲ ကျွန်တော် အော်ဆဲမိပါတယ်။ ငိုကြွေးခြင်းကိုတောင် အဆင့်အတန်း ခွဲခြားကြတဲ့ လောကကြီးပါဗျာ။ ဖို မဝါဒီ ခွဲခြားခံရတဲ့ ငိုကြွေးမှုပုံစံ။ ဆင်းရဲချမ်းသာ ခွဲခြားခံရတဲ့ ငိုကြွေးမှုပုံစံ။ အသားအရောင်ခွဲခြားခံရတဲ့ ငိုကြွေးခြင်းတွေ။ ရုပ်ချော ရုပ်ဆိုး ခွဲခြားခံရတဲ့ ငိုကြွေးခြင်းပုံစံတွေ။ ငိုကြွေးခြင်းတောင် အဆင့်တွေလိုက်သတ်မှတ်နေသည့် ကာလနာ ကမ္ဘာကြီးပါဗျာ။ 


ဒီကမ္ဘာက ရုပ်ချော၊ဂုဏ်ရှိ၊ နာမည်ကြီး၊ အဆင့်အတန်းရှိသည့် သူတွေ ငိုမှသာ ဂရုစိုက်သည့် ဖေယိုးမ တိုင်းပြည်ကြီးပါဗျာ။ ခင်ဗျာတို့လည်း ဘာကောင်မှ မဟုတ်ရင် ငိုဖို့ မကြိုးစားလေနဲ့ ။ 


တစ်ချိန်ကကျွန်တော် 


No comments: