Saturday, October 5, 2024

~ သုည တန်ဖိုး ~





 ငါက သုဘရာဇာ

သုည ကို ဆုပ်ကိုင်ချင်တဲ့လူ

ရှင်ခြင်းက သုည က စတယ် 

သေခြင်းက သုည နဲ့ ဆုံးတယ်

သုညတွေက ငါ့ဖဝါးအောက် 

ကျဆုံးတယ်။ 


ငါက ဇာတ်ဆရာတစ်ယောက်

သုည ကို ဆုပ်ကိုင်ချင်တဲ့လူ

ပျော်ခြင်းကို သုည နှင့် ဖန်တီးတယ်

ငိုခြင်းကို သုည နှင့် အဆုံးသတ်တယ်

သုညက အနားသပ်လည်း မပါဘူး

ရေးချလည်း မပါဘူး 

ခပ်ဝိုင်းဝိုင်းကွ။ 


ငါက ကဗျာဆရာတစ်ယောက်

သုည ကို ဆုပ်ကိုင်ချင်တဲ့လူ

ကဗျာရေးဖို့ သုည က စရေးတယ်

စာတွေဖတ်ဖို့ သုည က စကျက်တယ်  

သုည တွေကို ရွတ်လိုက်တော့ 

ထထ ၀၀ ဝိဝိ ဝွဝွ ထွထွ ထိထိ 

ထ၀ဝိဝွထွထိ ။ 



ငါက သူဌေးကြီးတစ်ယောက်

သုညတစ်လုံးမက ပိုင်ချင်တဲ့လူ

သုညကို ရင်းနှီးတယ် 

သုညတွေ မြတ်တယ် 

သုည ရောင်းလိုအား နှင့် သုည ဝယ်လိုအား

ထာ၀ရရှင်သန်ခြင်းကို လေလံတင်တယ်

အဖြေက ... 

ဘ၀က သုည နဲ့ပဲ နိဂုန်းချူပ်တယ်။ 



ငါလည်း သုည တစ်ယောက်

ဒါပေမယ့် ... 

သောက်သုံးမကျတဲ့ သုည တစ်လုံးနဲ့ကောင်။ 


တစ်ချိန်ကကျွန်တော်

No comments: