Monday, October 14, 2024

~ သိမ်ငယ်ခြင်း၏ နောက်ကွယ် ~



သိမ်ငယ်မှုဆိုတာ မိမိကိုယ်ကို အလိုမကျခြင်း အားငယ်ခြင်းလို့ ပြောရမည်ပေါ့။ မာမာထန်ထန် ယောကျ်ားကြီးတွေမှာလည်း သိမ်ငယ်စိတ်ရှိကြပါတယ်။ ကမ္ဘာကျော် သူဌေးကြီးတွေမှာလည်း သိမ်ငယ်စိတ်ရှိကြပါတယ်။ အချောဆုံး အလှဆုံးဆိုသူတွေမှာလည်း သိမ်ငယ်စိတ်ရှိကြပါတယ်။  မိမိတို့ စွမ်းသမျှနဲ့ မစွမ်းသာတော့တဲ့ အချိန်မှာ သိမ်ငယ်စိတ်က မဖိတ်ခေါ်ပဲ တံခါးဖွင့်ဝင်လာကြတော့တယ်။ အဆင်မပြေခြင်းတွေ အထပ်ထပ်ကြုံလာတဲ့အခါ ရင်ဆိုင်ဖြေရှင်းရင်း အားလျော့လာတတ်တယ်။ သိမ်ငယ်စိတ်တွေက အဲ့ဒီအချိန်အခါကို အခွင့်ကောင်းယူကြတယ်လေ။ ကျွန်တော်လည်း သိမ်ငယ်စိတ် ရှိတာပေါ့ဗျာ။


ကျွန်တော်၏ သိမ်ငယ်စိတ်က မိမိကိုယ်ကို အလိုမကျခြင်း အားငယ်မှုကြောင့် ဖြစ်လာသည့် သိမ်ငယ် စိတ်တော့ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတွေ အဆင်မပြေတဲ့အခါ၊ ကိုယ်ချစ်တဲ့သူတွေ အနားမှာရှိပေးစေချင်တဲ့ အချိန်တွေတောင် ဘာမျှ မကူပေးနိုင်ပဲ ထိုင်ကြည့်နေရတဲ့ သိမ်ငယ်စိတ်မျိုးပေါ့။ အဲ့ဒီ သိမ်ငယ်စိတ်က မျက်လုံးကရီဝေဝေသန်းပြီး နှလုံးသားက ငိုကြွေးနေရသည့် ခံစားချက်မျိုး။ နောက်သိမ်ငယ်စိတ် တစ်ခုလည်း ကျွန်တော့်မှာရှိသေးတယ်ဗျ။ ခင်ဗျာတို့လည်း တိုင်ဆိုင်မှုရှိရင် ခံစားဖူးကြမှာပါ။ မိမိ၏ အရင်းနှီးဆုံး တစ်စုံတစ်ယောက်က ကူညီပေးတဲ့အခါမျိုးမှာ ဝမ်းပန်တသာ လက်ခံ ခဲ့တယ်။ သို့ပေမယ့် သူ အဆင်မပြေလို့ ညည်းငြူနေသည့်အခါ မိမိက အပြစ်ရှိနေသလို ခံစားနေရခြင်းမျိုးပေါ့။ အဲ့အချိန် စိတ်ထဲပေါ်လာသည့် အတွေးတွေက "သူ ငါ့ဆီက အကူအညီပြန်လိုချင်နေလား (သို့) ငါ့ဆီက တခုခု ပြန်မျှော်လင့်နေတာဖြစ်မယ်" ဆိုသည့် အတွေးတွေပေါ်လို့နေခြင်းပင်။ ဒါပေမယ့် ကျွန်တော့်အနေဖြင့် ပြန်ပေးနိုင်ခြင်း၊ ပြန်ကူညီပေးနိုင်သည့် အခြေအနေမရှိသည့်အခါ အားငယ်သိမ်ဝင်ရပါတယ်။ တစ်ဘက်သူက ဘာမျှမပြောပေမယ့် ငွေကြေးနဲ့ပက်သက်သည့် စကားလုံးတွေ၊ အဆင်မပြေမှုတွေ သူ့ဆီကကြားရတဲ့အခါမျိုးတွေ၊ သူအကူအညီလိုအပ်နေကြောင်း ပြောသည့်အခါမျိုးတွေမှာ လွန်စွာသိမ်ငယ်ရပါတယ်။ ဒါကြောင့်ပင် ကျွန်တော်သည် မိမိဘယ်လောက်ပင် ခက်ခဲနေပါစေ အကူညီတောင်းခံခြင်းနှင့် ကူညီပေးမယ့်သူကို မျှော်လင့်ခြင်းမျိုးတွေ ဖြစ်မလာအောင် နေထိုင်တတ်ခြင်းကို ကျင့်ဆောင်လာခဲ့သည်ပေါ့။ သို့ပေမယ့် မတတ်သာလို့ ရင်းနှီးသူများထံ အကူအညီတောင်းခံပြီးသည့်နောက် သူတို့ အဆင်မပြေကြောင်း ညည်းငြူကြသည့်အခါ ငြိမ်ငြိမ်လေးမျက်နှာသေဖြင့် ထိုင်ကြည့်နေရခြင်းက "ကျွန်တော်ဘာမျှ မယူခဲ့လျှင်ကောင်းသား" လို့ပဲတွေးမိပြီး သိမ်ငယ်စိတ်ဝင်တော့တာပါပဲ။ ကျွန်တော် ငတ်ချင်ငတ်ပါစေ၊ ဒုက္ခရောက်ချင်လည်း ရောက်နေပါစေ ကျွန်တော့်ကို ကူညီပေးတဲ့သူတွေ အဆင်မပြေတဲ့အခါ ကျွန်တော့်စိတ်က ဒုက္ခပိုရောက်ရတော့သည်လေ။ ကျွန်တော်က မနေတတ်ဘူးလေ။ ဒါပေမယ့် ဘာမျှမတတ်နိုင်ဘူး။ ကျွန်တော်ပိုင်နေတာဆိုလို့ ဒီအငှားခန္ဒာကိုယ်ကြီးပဲရှိတော့တယ်လေ။ 


အချို့သူတွေက ကျွန်တော့်ကို ပြောကြတယ် "မင်းက .. ပညာတတ်တာပဲတဲ့ .. အဆင်ပြေအောင် ကြံဆောင်နိုင်မှာပါ" တဲ့လေ။ ကျွန်တော်လား အတန်းပညာ၊ ဘာသာရပ်ဆိုင်ရာ ပညာရပ်တွေ တတ်ဖူးသလောက် နားလည်ပါတယ်။ ဒါတွေကို နားလည်တိုင်း ပညာတတ်လို့ မခေါ်ဆိုထိုက်ဘူးဆိုတာ ကျွန်တော်ရှင်းပြချင်လိုက်တာဗျာ။ ကျွန်တော်တတ်သိခဲ့တာက သုတ လို့ခေါ်သည့် လူတိုင်းသင်ယူနိုင်သည့် သာမာန်ပညာရပ်ပါပဲဗျာ။  ကျွန်တော်က သာမာန်ဘွဲ့ရ တစ်ယောက်ပါပဲ။ ကျွန်တော်က ပညာတတ်မဟုတ်ရပါဘူး။ ပညာတတ်ဆိုသည်က သင်ယူဖူးသည့် သူတ နဲ့ ဘ၀အတွေ့အကြုံကို အကောင်းဆုံး အသုံးချနိုင်တဲ့သူကို ပညာတတ် လို့ခေါ်ဆိုရမည်၏။ ဒါကြောင့် ကျွန်တော်က ပညာတတ်တစ်ယောက်မဟုတ်ပါဗျာ။ ကျွန်တော်က ဘ၀အတွေ့အကြုံနှင့် သုတပညာကို အသုံးချပုံမတတ်ခဲ့တော့ ငွေရှာသည့် ပညာလည်း မတတ်ပါဘူး၊ လူမှုရေးပညာမှာလည်း ကျရှုံးပါတယ်။ ကျွန်တော်က ဘာမျှမသိတဲ့သူတွေထက် လေသံနည်းနည်းသာ ပိုကျယ်နိုင်သည့် အာကျယ် အာကျယ်  လူတစ်ယောက်သာဖြစ်၏။


"မလုပ်သင့်တာ လုပ်တဲ့သူ နဲ့ လုပ်သင့်တာကို မလုပ်တာက အကျိုးအပြစ် တူတူပဲ" 


 ပညာ၏စွမ်းရည်က ဒီလိုဆုံးဖြတ်ချက် ချတဲ့အခါတွေမှာ အဆုံးဖြတ် အကဲဖြတ်ပေးပါတယ်။ ကျွန်တော်က မလုပ်သင့်တာကို လုပ်ခဲ့သည့် သူပါ။ လုပ်သင့်တာကိုလည်း မလုပ်ခဲ့တဲ့သူပါ။ ဒါကြောင့် ကျွန်တော် ဘာပညာမျှ မတတ်သည့် သိမ်ငယ်စိတ် အကြီးကြီးရှိသည့် သာမာန် ခပ်ညံ့ညံ့ လူသားတစ်ယောက်ပါဗျာ။ ကျွန်တော် သိမ်ငယ်စိတ် ကင်းကင်း၊ အယူကင်းကင်း နှင့် ပေးဆပ်ခြင်းဖြင့်သာ ရှင်သန်ချင်ပါတယ်။ 


တစ်ချိန်ကကျွန်တော် 


No comments: