စိတ်ကောက်ခြင်း ဆိုတာ သိပ္ပံနည်းကျ ဖြေရှင်းလို့မရတဲ့ ပုစ္စာတွေထဲမှာပါတယ်ဗျ။ ပြုလုပ်သူ နှင့် ခံရသူ ၂ ယောက်တည်းရှိပေမယ့် တစ်ခါတစ်လေ ပြုလုပ်သူမမသိပဲ ခံရသူက သက်သက်ကောက်ခြင်းမျိုးတွေလည်း ရှိတာကြောင့် စိတ်ကောက်ခြင်း အနုပညာက ဆန်းကြယ်လွန်းပါတယ်ဗျာ။ တစ်ယောက်နှင့် တစ်ယောက် စိတ်ကောက်ကျလို့ ဘာအကျိုးတွေရသလည်း ကျွန်တော် တွေးကြည့်မိတယ်။ စိတ်ကောက်ခြင်းဆိုတာ မိမိကိုယ်ကို ကာကွယ်ခြင်းသပ်သပ်လားလို့ပဲ တွေးမိပါတယ်။ စိတ်ကောက်လို့ အကျိုးမဖြစ်တာတွေတော့ အများကြီးပါ။ တစ်ယောက်ယောက်နဲ့ ချစ်စရာအခိုက်အတန့်ပြောဆိုတာလေးတွေရပ်တန့်သွားမယ်။ တစ်ယောက်တည်း ဒေါသတွေ ထွက်ပြီး စိတ်တိုနေလိမ့်မယ်။ တစ်ယောက်ယောက်အပေါ် မကျေမနပ်တွေ ဖြစ်ပြီး ကို့ကိုကိုယ်အပြစ်ပေးနေရသလို (သို့) တစ်ယောက်ယောက်က ကို့ကိုယ် အကြောင်းအရင်း သေချာမသိပဲ ထိန်းချူပ်ထားသလိုမျိုးဖြစ်နေလိမ့်မယ်။ စိတ်ကောက်ခြင်းက ပြဿနာတွေ မဖြေရှင်းပေးနိုင်ပါဘူးဗျာ။ စိတ်ကောက်တာ အချိန်နည်းနည်းကြာသွားရင် တည်ဆောက်ထားတယ့် မည်သည့်ဆက်ဆံရေးမဆို ပျက်စီးသွားနိုင်တယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာခြင်းတွေကိုပဲ စိတ်ကောက်ခြင်းက ဖန်တီးပေးနိုင်ပါတယ်။
လိုချင်တာမရလို့ စိတ်ကောက်ခြင်း၊ ဂရုမစိုက်ခံရလို့ စိတ်ကောက်ခြင်း၊ မကြင်နာပေးလို့ စိတ်ကောက်ခြင်း၊ စကားအဓိပ္ပာယ်ကောက်လွဲမှားလို့ စိတ်ကောက်ခြင်း၊ သူ့ဘက်မပါ ကို့ဘက်မပါလို့ စိတ်ကောက်ခြင်း စသည့် စိတ်ကောက်ခြင်းဆိုတာ အကြောင်းအမျိုးမျိုးနဲ့ပါလားဗျာ။ အကြောင်းရှိလို့ အကျိုးဖြစ်ရတယ် ဆိုသလို ၊ အဲ့ဒီအကြောင်းတွေရပ်သွားတဲ့အခါ စိတ်ကောက်ခြင်းဆိုတာလည်း သေဆုံးသွားပါလိမ့်မယ်။ တစ်ယောက်ကို တစ်ယောက်ချစ်နေတာသေချာရင် နာရီပိုင်းလောက်ပဲ စိတ်ကောက်တာ အကောင်းဆုံးဖြစ်မှာပါ။
ကျွန်တော့်အမေ ကျွန်တော့်ကို ပြေပြဖူးတယ်။ ကျွန်တော်က အိမ်မှာ စိတ်အကောက်တတ်ဆုံး နဲ့ ငိုဗြဲ တဲ့။ သေးသေးလေးနဲ့ အလှအပကလည်း အရမ်းကြိုက်သေးတယ်။ မနက်မျက်လုံး၂ လုံးဖွင့်တာနဲ့ စိတ်ကောက်ဖို့ နဲ့ ငိုဖို့ဆို အမြဲကြံဖန် အကြောင်းရှာနေတတ်သူတဲ့လေ။ မနက်မိုးလင်း ကော်ဖီစားပွဲဝိုင်းမှာ အမေက အားလုံးပြည့်စုံအောင် လုပ်ထားပေမယ့် ဘာပြဿနာမှ ကြံဖန်ရှာမရရင် ကော်ဖီခွက်က ထွက်တဲ့ အငွေ့ကိုလက်ညှိုးထိုးပြီး "အမေ .. ကော်ဖီက အငွေ့တွေထွက်နေတယ်" ဆိုပြီး ကြံဖန် စိတ်ကောက် ငိုတတ်သေးတယ်တဲ့။ အိမ်သာတက်လို့ ချီးမထွက်ကျရင်လည်း စိတ်ကောက်တယ်။ ချီးထွက်ပြန်ရင်လည်း သားသား ဗိုက်ထဲကချီးလေး ကျသွားပြီ ပြန်ကောက်ပေးဆိုတာမျိုး ပေါက်ပေါက်ရှာရှာ ကြံကြံဖန်တွေကို ကောက်ပြီး ငိုတာတဲ့လေ ။ လမ်းလျှောက်ခိုင်းရင်လည်း ညောင်းလို့ကောက်တယ် ၊ ချီထားပြန်ရင်လည်း လမ်းလျှောက်ချင်လို့ ကောက်တယ်၊ တစ်ရက်မှာ ၁၀ နာရီလောက်ကြံဖန်ကောက်နေတော့ ငယ်နာမည်က "ကြံဖန်ကောက်" လို့တောင် ခေါ်ကြသေးတယ်ဗျာ။
အဲ့ဒီတော့ ကျွန်တော်ပြောချင်တာကဗျာ ။ ကျွန်တော်သည် မွေးကတည်းက စိတ်ကောက်ခြင်း ဗီဇပြင်းပြင်းထန်ထန် ပါလာတဲ့သူမို့ ခင်ဗျာတို့ ကျွန်တော့် အပေါ်စိတ်ကောက်ရင် ကျွန်တော့်ရဲ့ တိမ်မြုပ်နေသည့် စိတ်ကောက်ခြင်းဗီဇတွေ ပြန်လည်ရှင်သန်လာနေသလိုပဲ အပြိုင်ပြန်ကောက်ချင်စိတ်တွေ တဖွားဖွားပေါ်လာနေလို့ပါဗျာ။ ခုစာရေးနေရင်းတောင် ကျွန်တော်ဘာလို့ စာရေးနေတာလည်းဆိုပြီး စိတ်ကောက်နေတတ်ပြီ၊ အိပ်ယာနိုးလို့ မျက်လုံးလေး ၂ လုံးဖွင့်လိုက်ခြင်းကိုက ဒီသောက်မျက်လုံးက ဘာလို့ဖွင့်ရတာလည်းဆိုပီး ကြံဖန် စိတ်ပြန်ကောက်တတ်နေပြီ၊ ကော်ဖီဖျော်နေတုန်းလည်း ငါက ဘာလို့ ကော်ဖီသောက်ချင်၇တာတုန်းလို့ မိမိကိုကိုယ် စိတ်ကောက်နေရတယ်။ အဆင်တွေတကယ်ပြေမနေပါဘူး မမငြိမ်းရေ ။ မမငြိမ်း ဘာကောက်လို့ ကောက်မှန်းမသိတော့၊ ကျွန်တော်လည်း ဘစ်ကားမောင်းတဲ့သူကိုလည်း မျက်စောင်းကြီးထိုးပြီး ကောက်လိုက်တာပဲ၊ အလုပ်ထဲက လူကြီးတွေကိုလည်း မျက်စောင်းကြီးသထိုးထိုးနဲ့ ကောက်လိုက်ရတာပဲ၊ ပိုက်ဆံလိုက်တောင်းနေတဲ့ ကားဂိတ်က အရူးမကြီးကိုလည်း ကောက်တာပဲ နောက်ဆုံးဘယ်လောက်တောင် ကောက်နေသလည်းဆိုရင် မှန်ကြည့်ပြီး ပို့စ်အမျိုးမျိုးပေးပြီး မိမိကိုယ်ကို အပြိုင်ကောက်တတ်နေပြီ။
သိပ်မကြာခင်မှာ ကမ္ဘာစိတ်အကောက်တတ်ဆုံး ဂင်းနစ်မှတ်တမ်းမှာတောင် စိတ်အကောက်နိုင်ဆုံးလူသားအဖြစ်မှတ်တမ်းတောင် ဝင်သွားနိုင်တယ်ဗျာ။
ဒီစာဖတ်နေသည့် ခင်ဗျာတို့ကိုလည်း ကျွန်တော် ကြိုစိတ်ကောက်ထားပရစေဗျာ။
May You Be Feel Free From Sulking !
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment