တစ်ခါက လေအပြည့် နှင့် လွတ်လပ်စွာသွားလာနေသည့် ရာဘာပူစီဖောင်း (သို့) အူဆီဖောင်းလေးတစ်လုံးရှိတယ်ဗျ။ ဒီအူဆီဖောင်းလေးဟာ လေတွေကိုချစ်တယ် ၊ နေရာသစ်တွေကိုလေ့လာရတာမြတ်နိုးတယ် ။ လွတ်လွတ်လပ်လပ်ရှင်သန်ရတာကိုကြိုက်သည်ပေါ့။ ထိုအူဆီဖောင်းလေးက ကျွန်တော်လို့ ဆိုကြပါဆို့။
တစ်နေ့မှာတော့ ... ကျွန်တော်သည် လေတံခွန်မလေး တစ်ယောက်နှင့် ဆုံစည်းဖြစ်ခဲ့သည်။ လေတံခွန်မလေးက သန်မာတယ် လေ၏ အကူအညီနှင့် ကောင်းကင်အထက်မှာ လွတ်လပ်စွာ ပျံဝဲနေသည်လေ။ လေတံခွန်မလေးကို သူမလို့ပဲ ခေါ်ပါရစေ။ ကျွန်တော် သည် သူမ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွင်ရွင် နဲ့ စိတ်ကူးထဲကအတိုင်း လွတ်လပ်စွာပျံဝဲနေသည်ကို သိပ်သဘောကျသည်လေ။ ဒါကြောင့် သူမ၏ အနီးအနားပဲ နေ့နေ့ညည အတူတူရှိရင်း ပျံသန်းနေရခြင်းက ကျွန်တော် အူဆီဖောင်းအတွက် သိပ်ကိုသာယာလှပါ့သည့် နေ့ရက်တွေပင်။
ဒီလိုနဲ့ရက်တွေကြာလာတော့ .. အူဆီဖောင်းလေးဟာ စိုးရိမ်စိတ်လေးတွေဝင်ခဲ့သည်။ ကျွန်တော်က လွယ်ကူစွာပေါက်ကွဲသွားနိုင်သည့် အူဆီဖောင်းတစ်လုံးဆိုသည်ကို ပိုပိုနားလည်လာလို့ပင်ဖြစ်သည်။ တစ်နေ့မှာ လေပြင်းဒဏ်ကြောင့် (သို့) ချွန်ထက်သည့်အရာရာတစ်ခုကများ ထိုးဖောက်ဝင်ရောက် ပျောက်ကွယ်သွားနိုင်သည်ကိုလည်း မိမိကိုယ်ကို စိုးရိမ်မိလာသည်။ သူမ ကတော့ ထိုသို့မဟုတ် သန်မာပြီး လေပြင်းဒဏ် ခံနိုင်သည့် မာမာထန်ထန် ကောင်မလေးတစ်ယောက်ပင်။ ဆူးဒဏ်ဝင်ရောက်သွားလျှင်တောင်မှ ဆက်လက်ရှင်သန်နိုင်သည့် လေတံခွန်မလေး ပေါ့ဗျာ။
သူမ က ကျွန်တော့်ကိုပြောတယ် ။ 'ကျွန်မ ဘ၀က တစ်ယောက်ထဲ ကောင်းကင်ပေါ်ရှင်သန်နေရတာကိုကြိုက်ပေမယ့် .. ရှင်နဲ့အတူ ပျံသန်းနေရခြင်းက ကျွန်မဘ၀ ကိုပိုအဓိပ္ပာယ်ရှိစေတယ် .. ချစ်ခြင်းမေတ္တာအကြောင်း နဲ့ တန်ဖိုးထားရှိရမယ့် မေတ္တာတရားတွေကိုလည်း နားလည်လာတယ်'
ဒီလိုနဲ့ တစ်ရက်တော့ .. အူဆီဖောင်းလေးဟာ သစ်ကိုင်းတခုမှာ သွားညှိနေလေရဲ့ ။ လေတံခွန်မလေးက သူ့ဘ၀ကို အနာခံပြီး အူဆီဖောင်းလေးကို ကယ်တင်ခဲ့တယ်။ ထို့နောက် သူတို့ ၂ ယောက် ပျော်ရွင်စွာအတူနေထိုင်သွားကြလေသတည်းပေါ့ဗျာ။
ကဲ .. ခင်ဗျာတို့ ကြားဖူးတဲ့ .. ဖန်တရာတေ နေတဲ့ အလားတူဇာတ်လမ်းမျိုး ပုံပြင်မျိုးတွေက အများကြီးပါ။ ဒါပေမယ့် ခင်ဗျာတို့တွေ နက်နက်နဲနဲ မတွေးပဲ အပေါ်ယံတင် ပုံပြင်တွေကို ဖတ်ခဲ့ကြသည်ဆိုခြင်းကို ဝန်ခံစေချင်သည်။ ဒီအူဆီဖောင်းလေး နှင့် စွန်မလေး ဇာတ်လမ်းမှာလည်း သာမာန် ဖတ်နေကြလို စွန့်စားခန်း အကျဉ်းနဲ့ ချစ်စရာ ဇာတ်သိမ်းမျိုးလို့ပဲ မြင်ကြတယ်မလား။ ခင်ဗျာတို့ ဒီဇာတ်လမ်းမှာ ဘာတွေ ရလိုက်ကြလည်း ။ နောက်တစ်ခါ သေချာလိုက်ဖတ် မနေပါနဲ့ဗျာ ။ ဒီဇာတ်လမ်းဆီက ခင်ဗျာတို့ ဘာမှ မရမှာသေချာတယ် ။ ဘာကြောင့်လည်းဆိုလျှင် ဒီဇာတ်လမ်းက အူဆီဖောင်း ၏ ချစ်ခြင်း ရသ နှင့် လေတံခွန်မလေး၏ မေတ္တာတရား ရသအကြောင်းတွေပဲ ထုံမွှန်းနေလို့ပါ။
ဒီရသ ကို .. အူဆီဖောင်းလည်း သိသလို .. လေတံခွန်မလေးလည်း သိတာပေါ့ ။ ခင်ဗျာတို့သာ အူကြောင်ကြောင်နဲ့ ဇာတ်လမ်းတာပြီးသွားသည့်အပြင် ကျွန်တော်ငေါက်တာပါခံလိုက်ရတဲ့အတွက် တစ်ချက်လောက်တော့ ကျွန်တော့်ကို ဆဲ ခဲ့ကြပါဦးဗျာ။
တစ်ချိန်ကကျွန်တော်

No comments:
Post a Comment