စိတ်ဓါတ်တက်ကြွစွာနှင့် စိတ်ဓါတ်ကျစေမည့် စကားစုများ ရှာဖွေရေးရသည်က စိတ်ဓါတ်ကျခြင်းကို ဖြစ်စေသည်လားမသိ။ ကျွန်တော်လည်း ဖြစ်ချင်သည့် အကြောင်းအရာတွေ နှင့် ကြိုးစားလုပ်ဆောင်နေဆဲလေးတွေရှိသည်။ သို့ပေမယ့် စိတ်ဓါတ်ကျစေမည့် စကားစုများကိုဖော်ထုတ်ရင်း တကယ်ပဲ ကျွန်တော့်အိမ်မက်တွေ၊ ကြိုးစားချင်သည့်အရာတွေ ၊ လုပ်ဆောင်ဆဲတွေ ရပ်ထားသည်က ပို၍ အေးချမ်းခြင်း အရသာ ရသည်ဟုတွေးမိသည်။
၁)
လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "အိမ်မက်ကြီးကြိးမက်စမ်းပါ .. ကျရှုံးလည်း ရဲရဲကြီးကျရှုံးလိုက်စမ်းပါ" ။
ကျွန်တော်ကတော့ ဒိလိုပဲပြောမယ် ... "အိမ်မက်သေးသေးလေးပဲ မက်စမ်းပါဗျ ..ရှုံးတော့လည်း အကျနာ သက်သာတာပေါ့"
၂)
လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "မင်းကိုမင်း ကြိုးစားစမ်းပါ .. ဘယ်သူမှ မင်းအောင်မြင်ဖို့လာလုပ်မပေးဘူး"
ကျွန်တာ်က ဒီလိုပဲပြောမယ် ... "ကြိုးစားမနေပါနဲ့ကွာ .. မင်းကြိုးစားလည်း မင်းကိုကျော်တတ်သွားကြမှာ .. အေးဆေး သူတို့ကို ပေးကျော်လိုက်ပါ"
၃)
လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "အောင်မြင်မှုက နောက်ဆုံးပန်းတိုင်မဟုတ်သလို .. ရှုံးနိမ့်မှူကြောင့်လည်း မင်းမသေသွားဘူး .. ပန်းတိုင်ရောက်ဖို့ စဉ်ဆက်မပြတ်လုပ်ဆောင်နေဖို့ပဲလိုတယ်"
ကျွန်တော်က ဒီလိုပဲပြောမယ် "စိတ်အားထက်သန်ခြင်း နှင့် အောင်မြင်မှုဆိုတာ ခဏတာပဲဗျ .. ကျရှုံးခြင်းဆိုတာလည်း ဘယ်သူမှ ရှောင်လွှဲလို့မ၇ဘူး .. အေးဆေးပဲနေပါ"
၄)
လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် " သားကြီး .. မင်းက မင်းကိုယ်မင်းထင်ထားတာထက် မင်းသန်မာပါတယ် . မင်းလုပ်နိုင်ပါတယ်"
ကျွန်တော်က ဒီလိုပြောမယ် ... ." သားကြီး .. သောက်၇ူးမထနဲ့ .. မင်းကိုမင်း သန်မာတယ်ထင်နေတာ စိတ်ကူးပဲ .. ရှုံးမှ ဒဏ်ရာတွေထပ်ရနေမယ်"
၅)
လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "လူတိုင်းက ... ကိုယ့်ကြံမ္မာကိုဖန်တီးရတာ .. ကို့သမိုင်းကိုရေးရတာ .. ဒါကြောင့်လှအောင်ရေးကြ"
ကျွန်တော်က ဒီလိုပြောမယ် ... "ကျွန်တော်တို့တွေက ဖန်တီးသူတွေဖန်တီးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ .. ဒီဇာတ်ကြောင်းမှာ ငါတို့တွေက ကွက်လပ်ဖြည့်ယုံလေးပဲ . သောက်ရူးထမနေနဲ့ .. ကံနဲ့ ကံကြမ္မာက လုပ်စရာရှိတာလုပ်သွားမှာ .. မင်းဘယ်လောက်အ၇ူးထပြီးအောင်မြင်အောင်လုပ်လုပ် ရှုံးနိမ့်မယ့်ကောင်က ရှုံးနိမ့်မှာပဲ"
၆)
လူတစ်ချို့က ခင်ဗျာကိုပြောလိမ့်မယ် "မိမိ၏ အနာဂတ်ကိုအကောင်းဆုံးဖြစ်ဖို့ အခုကတည်းက မိမိကိုယ်ကို ဖန်တီးပါတဲ့"
ကျွန်တော်က ဒီလိုပြောမယ် ... "အနာဂတ်ဆိုတာ ဘာမှ ကြိုမမြင်နိုင်တဲ့အရာ .. မင်းမကြိုးစားလည်း အောင်မြင်နိုင်တယ်.. မင်းကြိုးစားလည်း ကျရှုံးနိုင်တာပဲ .. သောက်ရူးခဏခဏ ထမနေနဲ့ .. အိပ်ရေး၀၀အိပ်"
No comments:
Post a Comment