ကျွန်တော်က ...
ကန်ရေပြင်အောက်မှာ ငြိမ်သက်နေတဲ့
'ခဲ' တစ်လုံးလေးပဲဖြစ်ချင်ပါတယ်။
နေ နဲ့ လေ ကို
ကျွန်တော် ကြောက်တယ်။
ကျွန်တော်ကြောက်နေပါတယ်။ စိတ်မလုံခြုံတဲ့ ခံစားမှုမျိုး ၊ ငါလည်းနာကျင်သလို မင်းလည်း နာကျင်ပါစေဆိုသည့် လစ်လျူရှုမှုမျိုးတွေ ခံစားနေရတာကို ကြောက်ပါတယ်။ တစ်ယောက်တည်း ရှိနေရတာထက် ၂ ယောက်ဖြစ်လာတာကို ကြောက်ပါတယ်။ ၂ ယောက်ကနေပေါင်းပြီး တစ်ယောက်တည်းဖြစ်သွားခြင်းမျိုး ကျွန်တော်လိုလားပါတယ်။ ကျွန်တော် နာကျင်ရမှာ ကြောက်ပါတယ် ။ ကျွန်တော် ကျန်ခဲ့မှာလည်း ကြောက်ပါတယ်။ ကျွန်တော် သေဆုံးခြင်းကိုလည်း ကြောက်ပါတယ်။ အပြစ်တင်ခံရမှာကိုလည်း ကြောက်ပါတယ်။ အပြစ်လုပ်မိမှာလည်း ကြောက်ပါတယ်။ လှုပ်လှုပ်ရှားရှားနေရတာကိုလည်း ကြောက်ပါတယ်။ ငြိမ်ငြိမ်လေး နေရတာကိုလည်း ကြောက်လာပါတယ်။ အသံတိတ်ခြောက်လန့်ခြင်းတွေကို ကြောက်ပါတယ်။ လင်းထိန်နေတာကိုလည်း ကြောက်ပါတယ်။ စကားတွေအများကြီး ပြောရမှာ ကြောက်ပါတယ်။ စကားတွေ မပြောလိုက်ရမှာကိုလည်းကြောက်ပါတယ်။
ကျွန်တော် ဂရုစိုက်ပေးနိုင်ပါတယ်။ ဒါပေမယ့် ... ပြန်မျှော်လင့်မိတဲ့စိတ်ကို ကြောက်ပါတယ်။
ကျွန်တော် သစ္စာရှိပေးနိုင်ပါတယ်။ ဒါပေမယ့် ... ဖောက်ပြန်ခံရမှာကို ကြောက်ပါတယ် ။
ကျွန်တော် ချစ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် ... အချစ်မခံရမှာကိုလည်း ကြောက်ပါတယ်။
ကျွန်တော် အရမ်း ကြောက်နေပါတယ် ။ လက်ရှိ ဖြစ်တည်နေမှုတွေကို ကြောက်ပါတယ်။ ကျွန်တော်ရှင်သန်နေရတာကိုလည်း ကြောက်ပါတယ်။ ဒီလိုပဲ .. အချိန်တွေ တရွေ့ရွေ့နဲ့ နောက်ဆုံးထွက်သက်ထိ ကျွန်တော် ကြောက်နေရဦးမယ်ထင်ပါတယ် .. ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment