နေရီငြိမ်း နဲ့ ကျွန်တော်
ခရု ခွံထဲ ပြိုင်ဝင်တိုးမိတဲ့ ည ။
လမင်းကို မြိန်ယှက်စွာ စားသုံးတဲ့
ဝံပုလွေ ၂ ကောင်၏ သမိုင်းသစ်ပွဲ
မျော်လည်းမျော် ... သွားရည်လည်း တမျှမျှ
အမျှဝေရင်တောင် မကျွတ်မယ့်
ကာလ အမှား တစ်ခုမှာ
ငါတို့က နိဗ္ဗာန်မှာ ပျော်နေခဲ့တာ။
စုပ်တသပ်သပ်မဟုတ် .. တရှိုက်မက်မက်
ကိုယ့်ဖျာကို ခင်း ခဲ့ ..
ပွဲ က သူလည်း ငါတို့ပဲ ..
ပွဲ ကြည့်သူလည်း ငါတို့ပဲ ..
ကိုယ့်ဇာတ်ကို ရေးကြပြီး ...
ငါတို့ ၂ ယောက် အကယ်ဒမီရတဲ့ ည ။
ငါတို့ ...
တစ်ယောက်ကို တစ်ယောက် .. တင်းတင်းဖက်
ငို ခဲ့ကြ .. ပြုံးခဲ့ကြ .. ပျော်ခဲ့ကြ
အရေခွံခြင်း ဖလှယ်ခဲ့ကြ။
ရနံ့တွေက စိတ်စေရာ ဆို
အဲ့ကျော့ကွင်းထဲ ဂျွန်းထိုးဆင်းတဲ့
မြွေ ၂ ကောင် .. ခုန်ပေါက် က ကြ
တစ်ယောက်ကို တစ်ယောက်ရစ်ပတ်
အောင်လံထူခဲ့
အဲ့ည .. မိုးကြိုး ၃ ချက်ပစ်တယ်
ထန်းရွက်နဲ့ ကာလည်း
သေခဲ့တာပါပဲ ။
တစ်ချိန်ကကျွန်တော်
No comments:
Post a Comment