.
မိုးကို ဒူးနဲ့ တိုက်မရလို့
မတတ်နိုင်၍ ထိုငိကြည့်နေရခြင်းက
အရှုံးသမား၏ ဒုက္ခ ။
.
လေထုက ဖိထားလို့
မြေမှာ ပြားပြားဝပ်
လေတံခွန်တွေက ရယ်တယ်
ငှက်တွေကလည်း ရယ်တယ်
လေယျာဥ်ပျံ ပေါ်က မယ်တင့် ကလည်း ရယ်တယ်။
.
ပျော်ရွင်ခြင်းက စျေးကြီးလို့
ဒုက္ခတွေကို ခပ်ပေါပေါ ရောင်းချ
ပျော်ရွင်ခြင်းကို ၁ ပြားဖိုး ၂ ပြားဖိုး ၀ယ်စုတယ်။
ပြီးတော့ ..
စျေးတင် ရောင်းတယ်။
.
ပေါ့ပေါ့ပါးပါး ဖတ်ဖို့
ပေါပါပဲပဲ ကဗျာတွေ ရေးတယ်
စျေးကြီးကြီး ကဗျာဖတ်ချင်ရင်တော့
တန်ရာတန်ကြေးတော့ ပေးဝယ်ပေါ့။
ဗျည်း ၃၃ လုံး မှန်အောင် မရေးတတ်တဲ့ ကောင်က
မင်းတို့ ဖတ်ဖို့ ကဗျာတွေရေးတယ် ..
ရယ်တော့ရယ်ရသား ...
ငါတို့ အားလုံးက စာတတ်ပေတတ်လိုလို
ဟန်ဆောင်နေကြတဲ့ မျက်ကန်း နားပင်းတွေပေါ့။
.
A to Z တော့ မှန်အောင် ရေးနိုင်တယ်
အဂ်လိပ်စာတော့ မတတ်ဘူး
က မှ အ အထိ မရေးတတ်ဘူး
စာတော့ ဖတ်နိုင်တယ်
အော် ... အံ့ဖွယ်လောက ။
.
မင်း ကိုချစ်တယ် လို့ ပြောတာက
မင်း နဲ့ လိင်ဆက်ဆံချင်တယ်လို့ ပြောချင်တာ ။
ငါ ချစ်တယ် ဒါကြောင့် လိင်ဆက်ဆံချင်တယ်။
ငါ လိင်ဆက်ဆံချင်တယ် ဒါကြောင့် ငါချစ်တယ် ။
အဓိပ္ပာယ် မတူ သယောင်နဲ့
အဓိကက လိင်ဆက်ဆံဖို့ပဲလေ။
.
ဒီမယ် ဒီမယ် ... ငါ ဖိတ်စာပို့လိုက်တယ်
မင်း ဘာကောင်ကြီးပဲဖြစ်ဖြစ်
မင်း နဲ့ အပြိုင် ငါ လိင်ဆက်ဆံနိုင်တယ် ။
.
တစ်ချိန်ကကျွန်တော်

No comments:
Post a Comment