Sunday, March 23, 2008

~ အကြင်နာ အနမ်းခါးခါး ~




ခရေ ပင်တွေ ပတ်လည် ဝိုင်းနေတဲ့ ခရေ ပင်လမ်းထဲမှာ ဖြေးညင်းလေးတွဲ စွားလျှောက်လာတဲ့ လူနှစ်ယောက် … တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောကျ်ားလေး .. ။ နှစ်ယောက်လုံး ရဲ့ မျက်ဝန်းတွေထဲမှာ အဓိပ္ပာယ် ရှိပြီး လက်ရှိဆန္ဒတွေ ပြည့် စုံ နေတဲ့ မျက်ဝန်း နက်နက်လေးတွေကိုယ်စစီနဲ့ ညနေခင်းလေး ဟာ အလိုလို အထီးကျန်မဆန်ပဲ လှပနေသည် ။


မိန်းကလေး ။ နင်ငါ့ကို တကယ်ချစ်လားဟင် ။

ကောင်လေး ။ သိပ်ချစ်တာပေါ့ကွာ။


အရာရာဟာဆွတ်ပြန့် ကြည်နူးစွာ အပြည့်နှင့် လေတိုးသံ အစ ဖုန်မှုန့်လေးတွေ လေထဲ လွှင့်နေသည့် အဆုံး သိပ်ကို ခမ်းနား ကြီးကျယ်လှပနေသည်။ 


မိန်းကလေး ။ ကောင်လေးရယ် ဒီစကားတွေဟာ နင့်ဆီက အကြားချင်ဆုံး စကားတွေပေါ့ ။ ငါသိပ်ပျော်တယ်သိလား ။


ကောင်လေး ။ ငါတော့ ဒီစကားတွေ ကို နင့်ဆီ ကမကြားချင်ဘူးကွာ ။


ကောင်မလေး ။ ဟမ် ! ဘာကြောင့်လည်း .. ။ ဘာကြောင့်လည်းဟင် ။


ကောင်လေး ။ ဘာကြောင့်လည်းဆိုရင် …………………


ကောင်မလေး ။ ငါကတော့ တကယ်ပဲ နင့်ဆီ ကဒီစကား အမြဲကြားချင်ခဲ့တာပါဟာ ။


ကောင်လေး ။ ငါကတော့ မကြားချင်ဘူးဟာ … ။ ကောင်မလေး မျက်နှာမှာ မျက်ရည် ကြည်တွေ ဥလာသည် ။ နောက်ပါးပြင်ထက်မှာ မျက်ရည်သောက်မြစ်ဘက်မှ မြစ်ဖျားခံ ပြီး စီးဆင်းလာသည့် ဆွေးခြင်း မျက်ရည်တွေနယ် ။


ကောင်မလေ ။ နင်ငါ့ကိုတကယ် မချစ်ဘူးပေါ့နော် ။ လွမ်းဆွတ်ငိုရှိုက်သံ နှင့် အတူ နှလုံးသားဆီ မှ တဆတ်ဆတ်နာကျင် တုန်ခိုက်သံ သည် တိတ်ဆိတ်နေတဲ့ ခရေ ပင်လမ်းတစ်လျှောက် အကာအကွယ်မဲ့ စွာ ပျံလွင့်ကုန်သည် ။ နောက်တိတ်ဆိတ်စွာ လေညင်းတိုးသံ နှင့်အတူ ဝိဉာဏ် ကင်းမဲ့နေသည့်အလား တစ်လှမ်းချင်းတစ်လှမ်း ချင်းနဲ့ ကောင်မလေး အိမ်နားသို့ ရောက်လာသည် ။


ကောင်မလေး ။ ဘာကြောင့်လည်း ။ ဘာကြောင့်လည်းဟင် သိခွင့်မရှိဘူးလားကွာ။


ကောင်လေး ။ နင်တစ်ကယ်ကို ပဲ သိချင်တာလားကွာ ။


ကောင်မလေး ။ အေးပေါ့ ။ နင်မချစ်ဘူးဆိုရင် ဘာကြောင့်လည်းဆိုတဲ့ အကြောင်းပြချက်တော့ သိချင်တာပေါ့ဟာ ။


ကောင်လေး ။ သူကောင်မလေး ကိုပွေ့ဖက်လိုက်သည် ။ နောက်အနမ်းချို ခါးလေး တစ်ချက် သူမ၏ နှာတံ ကြားလေးထဲသို့ ဝင်ခွေ့လိုက်သည် ။ နောက် သူမနားနားသို့ ကပ်ပြီး ။ ဘာကြောင့်လည်း ဆိုရင် နင့်ဆီက စကားလုံး သုံးလုံးလောက် တည်းနဲ့ငါ့အတွက် မလုံလောက်လို့ပေါ့ဟာ ။



ခရေပင်လမ်းတစ်လျှောက် ခရေပန်း များ ဝေဖြာပွင့်လန်းကုန်ကြလေပြီ ။ သိပ်ချစ်တယ် ဆိုတဲ့ ပင်စည်ကြီး ကို ခိုင်မြဲအောင် ကုပ်တွယ်ပေးထားတဲ့ အမြစ်က ပြုံးပြီး ကြည့်နေသလို ပင်ဖျားမှ အကြင်နာ ပန်းတွေသည် ပွင့်လန်းလို့ ဝေဆာနေပေသည် ။


တစ်ချိန်ကကျွန်တော်

1 comment:

Anonymous said...

မိုက္တယ္ကြာ.........