ဒီရက်ပိုင်း ကောင်းကောင်းကို စာမရေးဖြစ်ပေါ့။ အလုပ်မအားလို့လား ဆိုတော့လည်း ထိုသို့ မဟုတ်ပြန်ပါ။ အလုပ်က ရှိပါသော်လည်း စာမရေးရလောက်တဲ့အထိ မအားတာတော့ မဟုတ်ပေ။ စာရေးဖို့ အတွက် ခံစားမှုအားကောင်းဖို့ လိုတယ်မဟုတ်လား ။ ထိုခံစားမှု ပျောက်နေတယ်လို့ ပြောရင်လည်မှန်မည်။ စာမရေးပေမယ့် စာအုပ် အနည်းအကျဉ်းတော့ ဖတ်ဖြစ်ပါတယ်။ နာမည်ကြီးနေတဲ့ မယ်ညိုရဲ့ ငါကျူးလွန်မိတဲ့ ကံတစ်ပါးဟာ မင်းပဲ နဲ့ သုမောင် ရဲ့ ကျွန်တော်ခလုတ်တိုက်မိသော စရိုက်များ စာအုပ်ဖတ်ဖြစ်ပါတယ်။ ဆရာနေမျိုးရဲ့ ကဗျာတွေလည်း ဖတ်ဖြစ်တယ်။ social sceince နဲ့ပက်သက်ပြီး ပိုပြီး study လုပ်ဖြစ်တယ်။ ပျင်းပြီး လုပ်လက်စ biz proposal တွေ လက်စသပ်ဖြစ်တယ်။ ချမ်းသာချင်တဲ့ စိတ်မရှိတော့တဲ့ ကျွန်တော် ပိုက်ဆံရှာချင်တဲ့ စိတ်တွေ ပြန်ဖြစ်လာတယ်။ အလုပ်နဲ့ ပက်သက်တဲ့ ကျွမ်းကျင်မှု ဆိုင်ရာတွေကို ပိုလေ့လာ ဖြစ်တယ်။ ပိုက်ဆံအများကြီးရတဲ့ အလုပ်တွေ လုပ်မနေပေမယ့် နည်းနည်းပါးပါး သုံးဖို့ စွဲဖို့ အလုပ်လေးတွေ သက်တောင့်သက်သာ နဲ့လည်း လုပ်ဖြစ်ပါတယ်။ ချစ်တဲ့သူဆီက ချစ်စကားကြားရပြီးတဲ့နောက် အရာရာက အရင်ကလို အေးအေးဆေးဆေး နေလို့ မရတော့ဘူးပေါ့လေ။ ဘ၀ဆိုတာ ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ရှင်သန်လို့မှ မရတာကိုး။ လက်တွဲခြင်းဆိုတာကလည်း ချစ်ခြင်းက အစပျိုးတာမှန်ပေမယ့် ဇာတ်သိမ်းကောင်းအောင် ဖန်တီး နိုင်ဖို့က ပိုင်ဆိုင်လိုစိတ်၊ နီးကပ်ချင်စိတ်၊ ချစ်တဲ့သူအပေါ် တပ်မက်စိတ်တွေကို တစ်သက်လုံးရဖို့ဆိုတာ ခိုင်မာတဲ့ ဘ၀ အာမခံချက်ကို ချစ်တဲ့သူအပေါ် ပေးနိုင်ရမယ်လေ။
ခေတ်ပျက်ကြီးမှာ ချစ်ခြင်းကို ကိုးကွယ်မိတော့လည်း ကြိုးစားတိုင်းဖြစ်ဖို့ ရာခိုင်နှုန်းနည်းလို့ သတိထား စိတ်ရှည်ပြီး လုပ်ကိုင်နေရခြင်းကလည်း အနုပညာတစ်ရပ်ပဲ မဟုတ်လား။ တစ်ကွက်မှားရင် ထိုးကျွေးခံလိုက်ရ နိုင်သလို။ တဖြည်းဖြည်းချင်း လုံးပါးပါးနိုင်တဲ့ ခေတ်ပါလေ။ ရှုံးမှာ မြတ်မှာ 50% ကိုယ်စီနဲ့ အနာဂတ်အတွက် အဲ့ကြိုးတန်းပေါ် မရဲတရဲ လျှောက်နေရသလိုပါပဲ။ တကယ်တန်း အနာဂတ်ဆိုတာလည်း တစ်ခါတည်းသာ ခံစားခွင့်ရှိမယ်ဆိုရင်။ ၅၀ ရာခိုင်နှုန်းစီ ရှိတဲ့ ကစားပွဲကို ဆက်ကစားနေဖြစ်မှာ မဟုတ်ပါဘူး။ ၁၀၀ ရင်းရင် ၁၀၀ မြတ်နိုင်သလို ၁၀၀ လုံးလည်း နာရီပိုင်းအတွင်း ဆုံးရှုံးခံနိုင်တဲ့ အလောင်းစားမှာ ပုံအော လိုက်တော့မှာပေါ့။ ကံတရားရဲ့ အထောက်အပံက တစ်ဝက်စီသာ ရမယ်ဆို စိတ်ပန်း လူပန်းမဖြစ်တဲ့ အခြေအနေကို လူဆိုတာ ရွေးသင့်တယ်မလား။ မညီမမျှ တဲ့ ခေတ်အခြေအနေအရ ဆိုရှယ်လစ်စနစ်ကိုလည်း သဘောကျမိတယ်။ ကုန်သွယ်စနစ်မှာလည်း ဘာတာ စနစ်ကို ပြန်အသက်သွင်းသင့်တယ်။ လောကကြီးမှာ ခံနိုင်ရည်အားကောင်းတဲ့သူတွေက ကောင်းတဲ့အရာကို ပိုထိုက်တန်သင့်တယ်မဟုတ်လား ။ သို့ပေမယ့် ငါတို့က မအေဘေး လောကကြီးမှာ ရှင်သန်နေရခြင်းက ဒိုင်ဘာထဲ အီးပါချပြီး အရေးကြီးကိစ္စတွေ ဆွေးနွေးနေရသလိုပါပဲ။ အဆင်ကို ပြေမနေပါဘူးကွာ။
ကိုယ့်ဘာကို သတ်သေတဲ့ သတင်းတွေ ၊ စိတ်ဆင်းရဲမခံနိုင်တော့လို့ တစ်မိသားစုလုံး အဆိပ်သောက်လိုက်တဲ့ သတင်းတွေ ၊ သဘာ၀ဘေး၊ စစ်ဘေးကြောင့် ဆုံးရှုံးသွားရတဲ့ ပိုင်ဆိုင်မှုတွေ၊ ပျောက်ဆုံးကုန်တဲ့ မိသားစုတွေ သူတို့နဲ့ နှိုင်းယှဉ်ရင်တော့ ကိုယ့်ထမင်းကို နပ်မှန်အောင် စားနေတဲ့ ကျွန်တော်က ထမင်းဖြူပေါ်က ဆန်ကွဲလေး တစ်စိပဲလေ လို့လည်း တွေးမိတယ်။ ဗုဒ္ဓဘာသာ ဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းတယ် ဗုဒ္ဓဘာသာနိုင်ငံမှာ လူလာဖြစ်ရတာ မင်းတို့ အရမ်းကံကောင်းပါတယ်လို့ ပြောနေကြတဲ့ ဘာသာရေးစွဲဆောင်မှု ဂျင်းတွေမိခဲ့တဲ့ ကျွန်တော်တို့ပါပဲလေ။ ဘာသာကြီး ၄ ခုမှာ ဒုတိယပေါ်ပေါက်ခဲ့တဲ့ ကျွန်တော်တို့ဘာသာက မကြာခင် ပျောက်ကွယ်တော့မယ်လို့တောင် ထင်မြင်လာမိတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်ဆိုတဲ့ ဘာသာရေးခေါင်းဆောင်တွေကို မေးချင်ပါတယ်။ လက်တလော သိရိလက်ာကြီး ဘယ်လိုဖြစ်သွားလည်း ၊ ပါဏာတိပါတာ ရှောင်ရမယ်လို့ ဘုရားကလမ်းပြခဲ့ပေမယ့် ကမ္ဘောဒီယား နိုင်ငံက လူမျိုးတုန်း အချင်းချင်း သတ်ဖြတ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ တကယ့် ဗုဒ္ဒဘာသာ တိုင်းပြည်ကြီးပါ။ လူမိုက်တွေကိုရှောင်ဖယ်ဝေးလို့ မမှီဝဲနဲ့ ကင်းအောင် နေဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်ကတည်းကကြားခဲ့ သင်ခဲ့ရတဲ့ နိုင်ငံကြီးက လက်နက်ကိုင် အဖွဲ့အစည်း ရာကျော်ရှိတယ်။ နိဗ္ဗာန် တရားဟောကြားပို့ချရင် အရာရာဟာ နတ္ထိ သဘောတရားတွေကို တရားပြရင်း အာဏာ နဲ့ စည်းစိမ်တွေအတွက် အချင်းချင်း လူ့နတ္ထိပွဲတွေ ကြီးစိုးနေတဲ့ နိုင်ငံမှာ ရှင်သန်နေရတာပဲလေ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် နောင်ဘ၀ လူဖြစ်ရရင်တောင် မြေက်ကျွန်းနဲ့ အနောက်ကျွန်းသား သာဖြစ်လိုပါ၏ လို့သာ ဆုတောင်းပါတယ်။ ကျွန်တော်ဒီလိုပြောလို့ ဗုဒ္ဓဘာသာကို စော်ကားခြင်းလုံး၀ မဟုတ်ပါ။ ဗုဒ္ဓဘာသာက ကမ္ဘာမှာ အနူးညံဆုံးဘာသာတရာတရား ဖြစ်သလို လေ့လာရင် လေ့လာသလောက် ချို့ယွင်းချက်မရှိတဲ့ လောကကြီးရဲ့ အနှစ်တရားတွေ အပြည့်ပဲမဟုတ်ပါလား ။ ဒါပေမယ့် ဘာသာတရားက လိုက်နာရမယ့် လမ်းစဉ်တစ်ခုမဟုတ်ပဲ။ လက်နက်တစ်ခုလို ဖြစ်လာတဲ့အခါ ကျွန်တော့်အတွက် မျက်စိနားပိတ်ထားခြင်းက ပို၍သာ အဆင်ပြေတယ်။
အရာရာဟာ သဗ္ဗေ သတ္တာ ကမ္မသကာ မဟုတ်ပါလား ။
တစ်ချိန်ကျွန်တော်

No comments:
Post a Comment