Why Always me ? လို့ပဲ ကျွန်တော်ရဲ့ ဖြစ်တည်နေမှု ကံတရားကြီးကို မေးလိုက်ချင်ပါတယ်။ ကျွန်တော့် အတွက် သာယာဖြောင့်ဖြူးတဲ့ ချစ်ခရီးလမ်းဆိုတာ ရှိပါဦးမလားလို့ ။ အင်း မေးရတာလည်း ခက်သားပါဗျာ .. ကျွန်တော်က ရဲရင့်နှင်းဆီတို့အကြားက ဒုတိယလူပါ။ ဒုတိယလူတို့ရဲ့ အဆုံးသတ်က ဘယ်နှယ့်လှလိမ့်မလည်းလေ။ အခုများ .. သူမ ခဏခဏ ပြောနေကျ 'လစ်' ဆိုတဲ့ စကားလုံးက တကယ်ပဲ အသက်ဝင်လာခဲ့ပြီလား ကျွန်တော် မသိတော့ပါ။
'သည်းတုန်ရယ် .. အသည်းယားလိုက်တာ အဲ့ပါးလေးကို နမ်းချင်တယ်" လို့ပြောတဲ့အခါတိုင်း
'လစ်' ဆိုတဲ့ စကားကို အမြဲပြောတတ်သူက ရဲရင့်နှင်းဆီပါ။
'သည်းတုန်ရဲ့ .. ရင်ညွှန့်ပေါ်က မဲ့လေး ဖြစ်ချင်လိုက်တာလို့' ပြောတိုင်းလည်း
'လစ်' ဆိုတဲ့ စကားတစ်ခွန်းနဲ့သာ နမ်းချင်၊ ဖြစ်ချင် တဲ့ အကြောင်းအရာတွေက လစ်ဆိုတဲ့အတိုင်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတယ်။ အဲ့ဒီအခါ မဲ့သွားတဲ့ ကျွန်တော့်မျက်နှာလေးကို ကြည့်ပြီး 'ဘာလည်း .. မကျေနပ်ဘူးလားကွ'လို့လည်း ခပ်ဆပ်ဆပ် ဆက်မေးတတ်သေးတယ်။
ရဲရင့်နှင်းဆီ ရဲ့ ကျောင်းစာတွေ နဲ့ ပက်သက်လို့ (သို့) သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ တခုခုပက်သက်လို့ 'ကိုယ့် သည်းတုန်လေးက တော်လိုက်တာလို့'ကျွန်တော်ချီးကျူးတိုင်း 'Who I am ?' လို့ ခပ်ထေ့ထေ့ ပြန်ဖြေတတ်သေးတယ်။ 'ကိုယ့်ရဲ့ သည်းတုန် .. ကိုယ့်ရဲ့ နံရိုးလေးလေ' လို့ ကျွန်တော် ပြန်နောက်တဲ့အခါ 'အားကြီးကြီး .. ဟုတ်မယ်' လို့ ပြန်ပြောတတ်သော ကျွန်တော်၏ ရဲရင့်နှင်းဆီပါ။ တရားဝင် ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ ဒုတိယလူတစ်ယောက်ဖြစ်နေရခြင်းရဲ့ သိမ်ငယ်စိတ်ဆိုတာ ပိုးကိုက်ထားတဲ့ ပန်းသီးစိတ်လေးလိုပါပဲလေ။ ပိုးရှိတဲ့အပိုင်းက လှီးထုတ်ခံရမလား (ဒါမှမဟုတ်) ကျွန်တော်ပဲ တစ်လုံးလုံး ကုန်အောင် စားလိုက်နိုင်မလားဆိုတာကတော့ အချိန်ရယ် .. ကျွန်တော့်ရဲ့ စစ်မှန်တဲ့ချစ်ခြင်းတရားတွေကသာ ဆုံးဖြတ်သွားပါလိမ့်မယ်။
သူမ သူငယ်ချင်းတွေနဲ့ ဆုံနေတုန်း ကျွန်တာ် နဲ့လည်း V-Call ပြောနေတဲ့အချိန်ဆို ... အသည်းယားလာလို့ ကျွန်တော်မေ့ပြီး အနမ်းပေးတဲ့အခါတိုင်း 'mind your behaviour' လို့လည်း သတိပေးတတ်သေးတယ်။ အဲ့အချိန် မျက်ထောက်နီကြီးနဲ့ ဘုရှိုးရှိုးပြီး 'လစ် .. အဖိုးကြီး .. လစ်' လို့လည်း ထပ်ပြောသေးတယ်လေ။ ကျွန်တော့်မှာ ရယ်ကျဲကျဲနဲ့ သူမရဲ့ အကြည့်နဲ့ ပြောဟန်လေးကို ချစ်နေရတာပါပဲဗျာ။ ကျွန်တော် အလုပ်မီတင်ခန်းထဲရောက်နေပေမယ့် လွမ်းသွားတဲ့အခါ 'သည်းတုန်ရေ .. လွမ်းလိုက်တာလို့' စာလှမ်းပို့ရင် 'mind your own biz' လို့ ချက်ချင်းပြန်ဖြေတတ်သေးတယ် ။ ကျွန်တော်က 'all my biz is minding yours' လို့ ပြန်ပြောတဲ့အခါ။ 'i'm limited edition and high maintaince client' လို့ ခပ်ချေချေ ပြန်ဖြေတတ် တဲ့ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီပါ။ ကျွန်တော် ဘာမေးမေး သူမဆီမှာ ခပ်ချေချေ အဖြေအမြဲရှိတတ်တဲ့ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီပါ။ ကျွန်တော်က ဆက်ပြီး 'သည်းတုန်ရယ် .. ချစ်လိုက်တာ' လို့ထပ်ပြောတဲ့အခါ 'who's care' လို့လည်း ထပ်သုံးနှုန်းတတ်သေးတယ်။ တစ်ခါတစ်လေ ရဲရင့်နှင်းဆီ စိတ်ကောင်းလေး ဝင်နေတဲ့အခါဆိုရင်တော့ 'ချစ်ပေါ့ .. ချစ်ပေါ့ .. ဒါမှ နှိပ်စက်လို့ရမှာ' လို့ လေသံအေးအေး နဲ့ ပြန်ပြောတတ်သေးသော ရဲရင့်နှင်းဆီပါလေ။
ကျွန်တော် သူ့ကို စနောက်တဲ့အခါ သူမ ခံလိုက်ရတိုင်း 'လပြွတ်' လို့ ဆဲတယ်လေ။ ပထမဆုံး သူမဆီက အဲ့လိုဆဲသံလေး ကြားလိုက်တဲ့အခါ အံ့ဩသွားခဲ့တယ်။ ဘာလို့ လည်း ဆိုရင် ကျွန်တော်လည်း ဆဲရင် 'လပြွတ်' လို့ပဲ ဆဲတတ်တာကိုး။ ဒါကြောင့် တစ်ခါတစ်လေ တစ်ယောက်ကို တစ်ယောက် အပြိုင်အဆိုင် လပြွတ် ကြရင်း လ သံပျောက်ပြီး 'ပြွတ် .. ပြွတ် .. ပြွတ် .. ပြွတ်' လို့သာ အသံထွက်တော့တယ်။ မသိရင် အနားမှာရှိတဲ့သူတွေကတော့ နမ်းနေကြတယ် .. ချစ်နေကြတယ်လို့ ထင်နေမှာ ။ အမှန်တော့ ရဲရင့်နှင်းဆီနဲ့ ကျွန်တော် 'လပြွတ်'နေကြခြင်းသာ။
'တောင်စွယ် နေကွယ်တဲ့အခါ
ကျွန်တော် နဲ့ ငယ်
လပြွတ်ကြတယ် ။
တောင်ချွန်း နေထွက်တဲ့အခါလည်း
ကျွန်တော် နဲ့ ငယ်
လပြွတ်ကြရပြန်တယ်။'
ကျွန်တော့်အလုပ် ကိစ္စနဲ့ပက်သက်ပြီး အလွဲတွေနဲ့ အချို့ ဆုံးဖြတ်ချက်တွေကို မည်သို့ မည်ပုံ အခုလို ချလိုက်ရတယ်ဆိုတာမျိုး ပြောပြတဲ့အခါမျိုးဆိုရင် 'တော်တယ် .. တော်တယ် အဖိုးကြီး' လို့လည်း ရံဖန်ရံခါ ချီးကျူးတတ်သေးတယ်။ ရဲရင့်နှင်းဆီ ပြောလေ့ပြောထ စကားတစ်ခုရှိသေးတယ်။ 'ကျွန်မ က .. ချီးကျူးခဲတယ်တဲ့ .. ကျွန်မ ချီးကျူးရင် တကယ် အဲ့လူက တော်လို့ပဲ' ဆိုပဲ။ ဘာပဲဖြစ်ဖြစ် ကိုချစ်တဲ့သူဆီက ချီးကျူးစကားသံကတော့ တကယ်ပင် ခွန်အားဖြစ်စေတယ်မလား။ တစ်ခါတစ်လေ ပေါက်ပေါက်ရှာရှာ မေးခွန်းတွေ မေးပြီး ၊ ကျွန်တော်က အချက်ကျလက်ကျ ပြန်ဖြေပေးတဲ့အခါ 'make sense' လို့ ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ လုပ်တတ်သေးတယ်။ ရဲရင့်နှင်းဆီ ရဲ့ အဲ့လိုလုပ်ပြနေတဲ့ အမူအရာကို သူမ ဘေးနားမှာ ကျွန်တော် ရှိနေရင်တော့ ဖက်ပြီး အားရပါးရ နမ်းပလိုက်ချင်ပါတယ်။ ကျွန်တော်ရဲ့ ရဲရင့်နှင်းဆီက အဲ့လောက်ထိတောင် မည်သို့ပင်နေနေ ချစ်စရာကို အလွန်ကောင်းပါတယ်။
မည်သို့ပင် ဆိုစေကာမူ .. ကျွန်တော်က ရဲရင့်နှင်းဆီ ရဲ့ ဒုတိယလူ တစ်ယောက်အဖြစ်နဲ့သာ ချစ်နေရတာပါ ။ တစ်ခါတစ်လေများ ရဲရင့်နှင်းဆီကို 'ကိုယ့်သည်းတုန် လေးက .. တော်လိုက်တာကွာ' လို့ပြောတဲ့အခါ 'အဖိုးကြီးရဲ့ ကောင်မလေး မဟုတ်ပါဘူး .. လူကြီးရဲ့ ကောင်မလေးပါ'တဲ့ ။
'ဟုတ်ပါတယ် .. ကိုက ကြာကူလီကောင်' ပါလို့ ကျွန်တော်ပြောရင် ရဲရင့်နှင်းဆီ စိတ်မကောင်းဖြစ်သွားဟန် တူပါရဲ့ ။ ကျွန်တော့်ကို ခေါင်းလေးပွတ်ပြီး နှစ်သိမ့်ပေးတဲ့ စတစ်ကာလေး ပို့ပေးပြီး နှစ်သိမ့်ရှာတယ်။
ဘာပဲဖြစ်ဖြစ်ပါ .. ရဲရင့်နှင်းဆီ ကျွန်တော့်ကို လက်ထပ်ပါ့မယ်ဆိုတဲ့ ဆုတောင်း ပေးခဲ့တဲ့ စကားလေး တည်စေချင်ပါတယ် ။
သေတဲ့အထိ မချစ်ဘူးပြောပြီး နှိပ်စက်မယ်ဆိုတဲ့ စကားလေးကိုလည်း တည်စေချင်တယ်။
သေတဲ့အထိ တစ်နှစ်တစ်ခါ ကျွန်တော့်အတွက် သူမ ကိုယ်တိုင် လက်နဲ့ မာဖလာလေး ထိုးပြီး ပေးမယ်ဆိုတဲ့ စကားကို တည်စေချင်တယ်။
ကျွန်တော် နဲ့ ခရီးတွေ အများကြီး ထွင်္က်မယ်ဆိုတဲ့ စကားလည်း တည်စေချင်တယ်။
ကျွန်တော့် အနားမှာ တစ်သက်လုံးရှိနေပေးမယ် ဆိုတဲ့ စကားကိုလည်း တည်စေချင်တယ်။
အရာရာတိုင်းက အဖိုးကြီးပေါ်ပဲ မူတည်ဆိုတဲ့စကားကို ရင်ဝယ်ပိုင်ရင်း ရဲရင့်နှင်းဆီ ဆီပုံမှန်လေး ကျွန်တော်ရောက်အောင်လာခဲ့ပါမယ်။ အဲ့နေ့က သိပ်မကြာခင် ရက်ပိုင်းအတွင်းပေါ့ ရဲရင့်နှင်းဆီ ။
တစ်ချိန်ကကျွန်တော်

No comments:
Post a Comment